အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

တည်ဆောက်ပြီးစီးတာ ၃ နှစ်လောက်ရှိပြီး လူတွေနေထိုင်နေတာ ၂ နှစ်ကျော်လောက်ရှိပေမယ့် လူနေထိုင်ခွင့် BCC မကျသေးတဲ့ တိုက်ခန်းကို ဝယ်ယူသင့်ပါသလား??? ဝယ်ယူခဲ့ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲ??? စရန်ချခံနီးမှာ BCC မရှိကြောင်းသိရတဲ့အတွက် ခဏရွှေ့ဆိုင်းထားပါတယ် ရှေ့ဆက်၍ ဝယ်ယူသင့် မသင့်လေး ဖြေကြားပေးပါဦး ခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

မေးသူ - U Thet Htun

[Unicode]ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားတဲ့ နည်းဥပဒေမှာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာဖြင့်တင်ပြလျှောက်ထားရမည်ဟု...

ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါရှင်။ အိမ်နဲ့ခြံ စဝယ်ယူတုန်းက စရံပေးစာချုပ်မှာ ညီမနာမည်နဲ့ချုပ်ခဲ့ပါတယ်၊ အပြီးဝယ်ယူတဲ့စာချုပ်မှာ ညီမအစ်ကိုအမည်နဲ့ဝယ်ယူလိုက်ပါတယ်။ ညီမအစ်ကိုက ပြည်ပမှာပါ။စာချုပ်စာတမ်းအပြည့်အစုံက ညီမဆီမှာပါ။ ဝယ်ယူသူနေရာမှာ ညီမအမည်ပြန်ပြောင်းလို့ရပါသလား။ပြောင်းရင်ဘာတွေလိုအပ်ပါသလဲ။အိမ်ခြံပိုင်ဆိုင်မှုကိုလည်း ညီမနာမည်နဲ့ဖြစ်အောင်ဘယ်လိုလုပ်သင့်ပါသလဲ။

မေးသူ - Ma Phyo

[Unicode] အိမ်ခြံမြေအရောင်းအဝယ်ပြုရာတွင် စရံပေးစာချုပ်၌ ဖြည့်သွင်းထားသည့် ဝယ်ယူသူအမည်ထက် အပြီးအပိုင်အရောင်းအဝယ်စာချုပ်တွင် ဖြည့်သွင်းထားသည့်ဝယ်ယူသူအမည်သည် အဓိက ပိုင်ဆိုင်မှုခိုင်မာသည့် အချက်တစ်ချက်ပင်ဖြစ်ပါသည်။ ငွေကြေးစိုက်ထုတ်ဝယ်ယူသူ၏...

ဆရာကျွန်တော့်အမည်ပေါက် ပေ၂၀ x ပေ၆၀ မြေပေါ်တွင်ကန်ထရိုက်တာနှင့်အခန်းပေးအခန်းယူ ၆ထပ်အဆောက်အဦးဆောက်လုပ်ထားပါသည်။ယခုအခါကန်ထရိုက်တာမှရောင်းခဲ့သောမြေညီထပ်အခန်းမှတိုက်ရှေ့မျက်နှာစာသံပန်းတွင်မြန်မာနက် WiFi Power System အများသုံးပုံးကိုအခကြေးတော်မြေရှင်မှသဘောမတူပဲလုပ်ခွင့်ရှိပါသလား၊ သဘောမတူလျှင်မည်သို့ဆောင်ရွက်ရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။လေးစားစွာဖြင့် ....

မေးသူ - U Zaw Htun

[Unicode] မေးမြန်းသူ၏ အမည်ပေါက်မြေကွက်ပေါ်တွင် တိုက်ဆောက်ပေးသူက ကန်ထရိုက်ဟုဆိုသော်လည်း ကန်ထရိုက်၏သဘောဆန္ဒတစ်ခုနှင့် မြေပိုင်ရှင်၏ခွင့်ပြုချက်မတောင်းခံပဲ ဆောင်ရွက်မရနိုင်ပါ။ မြေပိုင်ရှင်မှ တိုက်ပေါ်ရှိအခန်းများနှင့်ပက်သက်၍ လည်းကောင်း၊...

(၂၀× ၆၀) ခြံကွက်အားနှစ်ယောက်စပ်တူဝယ်ထားပါသည်။ တစ်ယောက်ကဂရန်အမည်ပေါက်/ကျန်တစ်ယောက်မှာမြေစာရင်းအမည်ပေါက်ဖြစ်နေပါသည်။ တစ်ယောက်တည်းရောင်းချလိုပါက မည်သို့လုပ်ရမလဲ ?

မေးသူ - Ye Min Tun

[Unicode] မြေပိုင်ဆိုင်မှုတွင် ဂရန်အမည်ပေါက်သည့်သူသာ နိုင်ငံတော်အစိုးရမှ မြေအငှားချစာချုပ်ချုပ်ဆိုခြင်း ခံရသူတစ်ဦးဖြစ်၍ တစ်ဦးထဲ ရောင်းချလိုပါက ၎င်းဂရန်အမည်ပေါက်သူကို ကျန်ရှိသူတစ်ဦးက တရားဝင်စွန့်လွှတ်စာချုပ်ချုပ်ဆိုပေးပြီး ရောင်းချနိုင်ပါသည်။...

မန္တလေးတိုင်းဒေသကြီးအောင်မြေသာဇံမြို့နယ် ဥယျာဉ်ကုန်း ၈လမ်း ၈၆ ၈၉လမ်းကြားရှိ အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။

မေးသူ - Tin Htoo Naing

[Unicode] ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ် ကြေးတိုင်နဲ့ မြေ စာရင်းဦးစီးဌာန မှာ မြေအမည်ပေါက်မှန်ကန်မှု ရှိ မရှိသွားရောက်စစ်ဆေးရပါတယ်။ မြေကွက်ရိုက်ရောင်းရင်လည်း...