အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

မိမိအိမ်အားကာယကံရှင်ခွင့်ပြုချက်မရှိပါပဲအခြားအိမ်မှကိုယ်ကျိုးအလို့ငှာ သတ်မှတ်ထားသောစည်းကိုကျော်၍မိမိပိုင်အိမ်အားကပ်၍ဆောက်ထားသည်မှာတရားဝင်ပါသလား။အကယ်၍ကာယကံရှင်မှသဘောအတိုင်းမဟုတ်ပဲယင်းတို့အကျိုးအတွက်ဆောက်ထားခြင်းကိုမည်သို့အရေးယူနိုင်သလဲ။

မေးသူ - Tun Aung Kyaw

[Unicode] မေးမြန်းသူပိုင်ဆိုင်ပြီးနေထိုင်သော နေရာဒေသမပါရှိသည့်အတွက် သက်ဆိုင်ရာ မြေယာဌာနတွင် မိမိပိုင်ဆိုင်သည့် မြေဧရိယာထဲတွင် ပါဝင်ဆောက်လုပ်ထားခြင်းရှိ/မရှိ အရင်စိစစ်ရပါမည်။ အကယ်၍ မိမိပိုင်အိမ်နားကပ်ပြီး ဆောက်လုပ်ထားခြင်းဖြစ်ပါက ယင်းအဆောက်အဦးကို...

ဆရာခင်ဗျား home lone နှင့်တိုက်ခန်းဝယ်ယူရာတွင် ဘဏ်မှသတ်မှတ်သည့် မြေပိုင်ဆိုင်မှုအထောက်အထားမှာဂရမ်မြေ/ စည်ပင်မြေ/ အိုးအိမ်မြေ/ ဘိုးဘွားပိုင်မြေတို့သတ်မှတ်ထားသည်ကိုသိရပါသည်။ မြေပိုင်ဆိုင်မှုအထောက်အထားတွင်ပါမစ်မြေတွင်ဆောက်လုပ်ထားသည့်တိုက်ခန်းသည် ဘဏ်မှသတ်မှတ်သည့်မြေပိုင်ဆိုင်မှုတွင် အကျုံးဝင်ခြင်းရှိမရှိ သိလိုပါသည်။

မေးသူ - Soe Khaing

[Unicode] ပါမစ်မြေမှ ဂရန်မြေအဖြစ်ပြောင်းလဲ လျှောက်ထားပေးရပါမည်။ ဘဏ်မှ သတ်မှတ်ချက်သည် ဂရန်မြေပေါ်တွင်ဆောက်လုပ်ထားသည့် တိုက်ခန်းများကိုသာ အကျုံးဝင်ပါသည်။ [Zawgyi] ဆရာခင်ဗျား home lone နှင့်တိုက်ခန်းဝယ်ယူရာတွင် ဘဏ်မှသတ်မှတ်သည့်...

မြောက်ဒဂုံ ၃၂ တိုးချဲ့ရပ်ကွက်ရှိ ကျွန်တော့်အိမ်မြေကွက်၏အနောက်ဖက်တွင်မြေအပို (၄၀x၄၀) ခန့်ရှိပြီး တရားဝင်အမည်ပေါက်ပိုင်ဆိုင်ခွင့်ရရန်မည်ကဲ့သို့ပြုလုပ်ရမည်ကိုသိလိုပါသည်။ ခန့်မှန်းကုန်ကျစရိတ်ကိုလဲ သိလိုပါသည်။

မေးသူ - U Aung Kyaw Moe+Daw San San Maw

[Unicode] မြေအပိုဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံဆောင်ရွက်ခွင့်ရှိပါသည်။ မြေအပိုကို မိမိအိမ်မြေကွက်၏ အနောက်ဖက်တွင်ရှိသည့်အတွက် တရားဝင်အမည်ပေါက်ပိုင်ဆိုင်ခွင့် ရှိမရှိ ဌာနသို့ ဦးစွာစုံစမ်းစိစစ်ပြီးမှသာ ခွင့်ပြုပါက...

ပြည်ထဲရေးဝန်ကြီးဌာနကဘယ်အချိန်သိမ်းလို့သိမ်းမှန်းမသိရတဲ့ လယ်ယာမြေကိုကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့လွဲပြောင်းပေးလိုက်တယ်ဆိုတဲ့ အမိန့်ကြော်ငြာစာလေးရှိရုံနဲ့ အဲ့ဒီလယ်မြေကိုတရားဝင်တပ်ပိုင်မြေအဖြင့် သတ်မှတ်လို့ရပါသလားသိချင်ပါတယ်ခင်ဗျာ?

မေးသူ - Man Soe Paing

[Unicode] အစိုးရဌာနဖြစ်စေ၊ တပ်မတော်ပိုင်ဖြစ်စေ၊ ပြန်လည်ရယူနိုင်ရန်မှာ ခက်ခဲ ကြန့်ကြာနိုင်ပါသည်။ (ရပ်ကွက်၊ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊တိုင်း သို့မဟုတ် ပြည်ထောင်စု အဆင့်) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ...

ပါမစ်မြေကအရောင်းဝယ်လုပ်ခွင့်မရှိဘူးဆိုတာ မှန်ပါသလားခင်ဗျာ။မရှိဘူးဆိုရင်ဂရန်လျှောက်တဲ့အခါဘာလို့"" ၃။ ပါမစ်မြေအမည်ပေါက် သို့မဟုတ် ဥပဒေနှင့်အညီဆက်ခံသူမှ တရားရုံးတွင်ပြုလုပ်ခဲ့သောကျမ်းကျိန်လွှာ ၄။ လွှဲပြောင်းထားခြင်းဖြစ်ပါကကတိစာချုပ်များ (ဥပမာ-အ ရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်းများ)""အဲ့ဒီအချက်ကပါဝင်နေရတာလဲဆိုတာရှင်းပြပေးလို့ရမလားခင်ဗျာ။

မေးသူ - Aung Kyi Min

[Unicode] ပါမစ်မြေ ''ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး...