အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

ကျွန်တော့်အိမ်က (20x60) ဂရန်အမည်ပေါက်အိမ်ပါဆရာ။ ဝယ်တုန်းကကျွန်တော့်အမည်နဲ့ဝယ်ထားတာပါ။လင်မယားလက်ထက်ပွားပါ ဆရာ။မိန်းမကဂရန်ပေါင်လိုက်ပြီးအတိုးပေါ်အတိုးဆင့်နဲ့ဆုံးရှုံးမဲ့အခြေအနေဖြစ်နေပါတယ်ဆရာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကလင်မယားစကားများပြီးအရောင်းအဝယ်/စရန်ပေးစာချုပ်အလွတ်တွေမှာလက်မှတ်ထိုးပေးဘူးတယ်ဆရာ။အဲဒီစာချုပ်တွေအသုံးချပြီးရောင်းသွားတယ် ဆရာ။ကျွန်တော့်အနေနဲ့ဥပဒေအရ ဘာဆက်လုပ်ရမလဲအကြံပေးပါ ဆရာ။

မေးသူ - Ko Kyaw Zin

[Unicode]လင်မယားနှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းကို လင်ဖြစ်သူကထက်ဝက်တိတိ ပိုင်ဆိုင်သလို မယားဖြစ်သူ မှလည်း ထက်ဝက်တိတိပိုင်ဆိုင်ကြပါတယ်။ ထို့အတူ နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချ၊ပေါင်နှံရာ တွင်လည်း နှစ်ဦးသဘောတူ ဆောင်ရွက်မှ ဥပဒေနှင့်ညီပါတယ်။...

ကျေးဇူးပြု၍ အကြံပေးပါအုံး ဆရာ။ လင်မယားလက်ထက်ပွားအိမ်ကို မယားကအပေါင်ထား ရောင်းချလို့ရပါသလား၊ ဥပဒေအရဘယ်လုပ်လို့ရမလဲ။

မေးသူ - Ko Myat Thu

[Unicode]လင်မယားနှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းကို လင်ဖြစ်သူကထက်ဝက်တိတိ ပိုင်ဆိုင်သလို မယားဖြစ်သူမှလည်း ထက်ဝက်တိတိပိုင်ဆိုင်ကြပါတယ်။ ထို့အတူ နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချ၊ပေါင်နှံရာတွင်လည်း နှစ်ဦးသဘောတူ ဆောင်ရွက်မှ ဥပဒေနှင့်ညီပါတယ်။...

Home loan လျှောက်ရန်အတွက် အိုးအိမ်မြေ နှင့် စည်ပင်မြေဆိုတာ ဘယ်လိုမြေအမျိုးအစားဆိုတာ သိချင်ပါတယ်ခင်ဗျာ။

မေးသူ - Nay Thu Aung

[Unicode] အိုးအိမ်မြေ၊ စည်ပင်မြေအမျိုးအစားဟူ၍ သီးသန့်မရှိပါ။Home Loan လျှောက်ရာတွင် တိုက်ခန်းဖြစ်ပါက အိုးအိမ်ဦးစီးမှ စီမံခွင့်ရှိသောမြေနှင့် စည်ပင်သာယာရေးကော်မတီမှ စီမံခွင့်ရှိသောမြေပေါ်တွင် ဆောက်လုပ်ထားသော တိုက်ခန်းများသာ ဖြစ်ပါသည်။ မြေကွက်ကို Home Loan...

ဘိုးဘွားပိုင်မြေကို အရပ်စာချုပ်ဖြင့်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဝယ်ရန်သင့်/မသင့် သိလိုပါတယ်။ ဝယ်ခဲ့မယ်ဆိုလျှင် ဘယ်လိုစာရွက်စာတမ်းတွေတောင်းဆိုပြီး စာချုပ်မည်သို့ချုပ်ဆိုရမည်ကို သိလိုပါတယ်ရှင်။

မေးသူ - Phyu Phyu Htun

[Unicode] အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေတွင်လည်း ဘိုးဘွား ပိုင်မြေနှင့် ပက်သက်၍ ယခင် ဘိုးဘွားမိဘလက်ထက် အဆင့်ဆင့် ဓားမ ဦးချ ပိုင်လာရာမှ အမွေဆက်ခံရရှိသည့် မြေအမျိုးအစား ဖြစ်သည်။ ဘိုးဘွားပိုင်မြေကို ပိုင် ဆိုင်သူသည် ရောင်းချခြင်း၊...

ကျမမှာ နှစ်၉၀ ဂရန် ၎င်းမြေအပေါ် ၆ထပ်တိုက် ဆောက်ထားပါတယ်။၂လွှာခန်းကိုမြေနှင့်အတူပိုင်ပါတယ်။ ၂၀၁၄ ခုနှစ် ကတည်းက ဂရန်သက်တမ်းကုန်ဆုံးသွားပါတယ်။ မူရင်းဂရန်ကကျမဆီမှာယ်။ တိုက်ခန်းမှာနေနေသောအမျိုးများနှင့်ပြဿနာရှိပါသောကြောင့် သက်တမ်းမတိုးဖြစ်ပါ။ စည်ပင်တွင်ဂရန် ရောင်းဝယ်အမည်ပြောင်းအားလုံးကို တားမြစ်ထားပါသည်။ တချို့က၂၀၁၄ မှ ၃နှစ်ကြာပြီးလျှင်နေထိုင်သူ(အမျိုးများ)ကဂရန်ကို သက်တမ်းတိုးသွားခွင့်ရှိသည်ပြောပါတယ်။ ဟုတ်ပါသလားရှင့်။

မေးသူ - Mar Lar Myint

[Unicode] မေးမြန်းသူဒေါ်မာလာမြင့်၏ ပိုင်ဆိုင်မှုမြေအမည်ပေါက် ဟုတ်မှန်ပါက၎င်း၊ သို့မဟုတ် အမည်ပေါက်ဆီမှ အဆင့်ဆင့်ဝယ်ယူထားပါကလည်းကောင်း၊ လက်ရောက်ရရှိဝယ်ယူပိုင်ဆိုင် ထားသည့်အထောက်အထားဖြစ်သည့် အရောင်းအဝယ်စာချုပ်တွင်ပါရှိသော ဝယ်ယူထားသူ ကသာလျှင်...