အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

လှည်းကူးဘက်တွင်အစိုးရမှ ဝန်ထမ်းများကိုချပေးထားသော စလစ်မြေကို အရပ်စာချုပ် အ‌ဆင့်ဆင့်ဖြင့် ဝယ်ယူထားခဲ့ပါသည်၊ ၎င်းကို အမည်ပေါက် ဘယ်လိုလုပ်ရမလဲသိချင်ပါတယ် ခင်ဗျာ။

မေးသူ - U Aung Min

[Unicode] အိုးအိမ်ရုံးမှ ဝန်ထမ်းများအတွက် ထုတ်ပေးထားသော စလစ်မြေဆိုလျှင် ပါမစ်မြေအဖြစ် ပြောင်းလဲလျှောက်ထားလို့ ရပါတယ်။ စလစ်မြေရဲ့ အားသာချက်မှာ အရပ်ကတိစာချုပ်များပြသ၍လဲ ပါမစ်မြေပြေစာ လျှောက်ထားနိုင်ခြင်းပဲ ဖြစ်ပါသည်။ အိုးအိမ်ရုံးတွင်...

RH မြေ အကြောင်းလေးရှင်းပြပေးပါ။ RH ကို ရွာမြေလို့ပြောနေကြလို့ပါ။ဟုတ်ပါသလား။ အိမ်ဆောက်ခွင့်ရော ရပါသလား။

မေးသူ - Nay Zaw

[Unicode] ရွာမြေများကို မြေစာရင်းဌာနမှာ ရွာမြေအဖြစ် ဧကအလိုက် သီးသန့် ဆေးခြယ် ဖော်ပြထားတယ်။ မြေစာရင်းဌာနမှ လယ်မြေအမျိုးအစားကို R မြေအဖြစ်သတ်မှတ်ဖော်ပြတယ်။ RH ဆိုတာ လယ်စောင့်တဲပဲ ဆောက်လုပ်ခွင့်ပြုတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ လယ်ယာမြေများကို...

မိဘ (၂) ပါးမှာ ပေ၂၀ မြေကွက်ရှိတယ်။ မပေါင်းကြတော့ အမေက ၁၀ပေတောင်းလို့ အိမ်တခြမ်းရောင်းပေးလိုက်တယ် ။ကျန်တဲ့ အဖေ ၁၀ပေပိုင်တာကို အဖေသေတော့ အမေကသူပိုင်ပါတယ်ဆိုပြီး နောက် ၁၀ထပ် ယူချင်တယ်။ အဖေနဲ့မပေါင်းတော့ဘဲ အဖေ့ရဲ့၁၀ပေ မြေကွက်ကို အမေကထပ်ပိုင်ဆိုင်ပါသလား။ သားသမီး ၂ယောက် ကျန်တာကော အဖေ ၁၀ပေ ရထိုက်ပါသလား။

မေးသူ - Daw Mya Mya Nyunt

[Unicode] မိဘနှစ်ပါးမှာ တရားဝင်ကွာရှင်းခြင်းမပြုသော်လည်း လွန်ခဲ့သော(၁၀)နှစ်က သက်သေများဖြင့် မြေကွက် ခွဲခြမ်းယူကြခြင်းဖြစ်ပါသည်။ တရားဝင်ကွာရှင်းမှု အထောက်အထားမရှိသောကြောင့် ယခုကျန် (၁၀)ပေ မြေကွက်မှာ မိခင်နှင့် သက်ဆိုင်တော့ကြောင့် ပြောဆိုရန် ဥပဒေအရ...

မင်္ဂလာပါ။ ဖခင်အမည်ပေါက်သော အိမ်ဂရန်ကို သက်တမ်းတိုးချင်တာပါ။ ဖခင်က ကွယ်လွန်သွားပါပြီ။ မိခင်ဖြစ်သူ သက်ရှိထင်ရှားနေထိုင်ပါသည်။ ဤအခြေအနေတွင် ဂရန်သက်တမ်းတိုးမည်ဆိုပါက မိခင်အမည်နှင့် သက်တမ်းတိုး၍ရနိုင်ပါသလား။ မည်သည့်အရာများလိုအပ်ပါသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

မေးသူ - Aung Naing

[Unicode] ဂရန်သက်တမ်းမကျော်လွန်ခင် (၃)လအလိုတွင် ဂရန်သက်တမ်းတိုးလျှောက်ထားရပြီး ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။ အမည်ပေါက်မဟုတ်ပါက လွှဲပြောင်းဆက်ခံသူဖြစ်ရန် လိုအပ်ပါသည်။ သေဆုံးသူ၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ သေစာရင်း၊...

မိဘနှစ်ဦး (ကွယ်လွန်) အမည်ပေါက် အိမ်နှင့်ခြံ (ရန်ကုန်တိုင်း) အားရောင်းချရန်အတွက် မြေပုံ မြေရာဇဝင်လျှောက်ထားလိုပါ၍ ကျန်ရစ်ခဲ့သော သားသမီးများမှ လျှောက်ထားလို့ရပါသလားရှင်။

မေးသူ - Swe Swe Min

[Unicode] ကွယ်လွန်သူ၏ အမည်ပေါက်မြေကွက်အား မြေပုံကူးလိုပါက သာမာန်တွင် ဌာနမှ မြေပုံကူးပိုင်ခွင့်ရှိကြောင်း တရားရုံးအမိန့်ဒီကရီ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပြုလုပ်ထားသော မှတ်ပုံတင်စာချုပ်များတင်ပြနိုင်မှ မြေပုံကူးခွင့်ပြုသည်။...