အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

လားရှိုးမှာ ခြံဝယ်ပြီး အိမ်ဆောက်ထားတာ လမ်းနဲ့မလွတ်ဘူး ပြောနေလို့ပါ ဘယ်လိုပြန်လုပ်ပေးရမလဲရှင်။

မေးသူ - Ma May Pyae Phyo

[Unicode] ပထမဦးစွာ မိမိပိုင်ဆိုင်သည့် မြေအမျိုးအစားကို သိရှိရန် လိုအပ်ပါတယ်။ အိမ်ဆောက်လုပ်ထားတာသည် တရားဝင် ဆောက်လုပ်ခြင်းဖြစ်ပါသလား။ တရားဝင်ဆောက်လုပ်ခြင်းဖြစ်ပါက ဆောက်လုပ်ရမည့်ဧရိယာ သတ်မှတ်ချက်ကို မြေစီမံခန့်ခွဲရာ မြေစာရင်းတွင် ပြန်လည်စစ်ဆေးပြီး...

ကျွန်တော်အခုနေတာ ပေ၂၀ ပေ၆၀ ဂရံအမည်ပေါက်မြေမှာ ၉ပေ ၅၅ပေ ကို အိမ်ဆောက်နေပါတယ်ဆရာ။အိမ်ဘေးမှာက ပိုနေတဲ့မြေကွက် ၁၀ပေ ပေ၆၀ ရှိပါတယ်ဆရာ။ အခုက အဲ့မြေလေးက်ို ၈ပေ ၁၅ပေ လောက်ရှိတဲ အခန်းလေးတစ်ခန်းဆောက်ချင်လို့ပါ အိမ်ဆောက်သလိုမျိုးခွင့်ပြုမိန့်တွေ ပါမစ်တွေယူရသေးလား ခင်ဗျာ။ ယူရရင်ကော ဘယ်လိုမျိုး လုပ်ဆောင်ရပါသလဲ သိလိုပါတယ်ဆရာ။

မေးသူ - Min Thu Khant

[Unicode] ဂရန်အမည်ပေါက်ထံတွင် ဝယ်ယူထားသည့်အတွက် ဝယ်ယူသူညွှန်ပြထားသည့် သူတစ်ဦးကို အထူးကိုယ်စား လှယ်လွှဲစာပေးအပ်ထားပါသလား။ အကယ်၍ ပါဝါရယူထားသူရှိပါက ၎င်းမှအိမ်ဆောက်လုပ်ခွင့် လျှောက်ထား ပေးရပါမယ်။ အစိုးရပိုင်မြေပေါ်တွင် မြေငှားဂရန်စာချုပ်ဖြင့်...

ကျွန်မရဲ့ခင်ပွန်းက ကျွန်မတို့အိမ်ကို ဘဏ်မှာ အပေါင်ထားပါတယ်။ မြောက်ဒဂုံမှာပါ ၄၀-၆၀ ဂရမ်မြေ ဖြစ်ပါတယ်။ အခု လုပ်ငန်းတွေ အဆင်မပြေတဲ့အတွက် ဘဏ်အတိုးငွေလဲ မပေးနိုင်ပါ၊အတိုးက အရင်းနီးပါး ဖြစ်လာပါပြီ၊ ဘဏ်နဲ့တိုင်ပင်တဲ့အခါ အထပ်မြင့်တိုက်ခန်း ဆောက်ပြီးရောင်းရငွေနဲ့ ပြန်ဆပ်နိုင်‌ရန် ပြောပါတယ်၊ တိုက်ခန်း ဆောက်လုပ်ဖို့ဆိုတာလဲ အခုကာလမှာခက်ခဲပါတယ်၊ ဘဏ်တိုးကလဲ လစဉ်တက်နေမှာဖြစ်လို့ ဘာလုပ်သင့်ပါသလဲ။ မြောက်ဒဂုံမြေဈေးကတော့ အခုကာလမှာ အတက်မရှိပါဘူး။ နောင်တစ်နှစ်နှစ်နှစ်ဆက်စောင့်သင့်ပါသလား။ အကြံပေးစေလိုပါတယ်။

မေးသူ - Nyein Nyein

[Unicode] ဘဏ်မှာအပေါင်ခံထားတယ်ဆိုပါက အတိုးအရင်းပေးဆပ်ခြင်းမရှိပဲ သတ်မှတ်ကာလ ကုန်ဆုံးသွားမည်ဆိုပါက ဘဏ်မှတရားစွဲလျှင် အထောက်အထားအပြည့်အစုံနှင့် ဖြစ်စေအိမ်နှင့်မြေကိုပါ လေလံတင်၍ ရောင်းချကာ အတိုးအရင်းငွေမှန်သမျှ နှုတ်ယူသွားမည်ဖြစ်သည့်အတွက်...

အိမ်အသစ်ဆောက်လျင် ...ပတ်လည်မြေပိုကို ဥပဒေအရ မည်မျှချန်ထားပေးရပါသလဲ... ဥပမာ - ဘေးကပ်ရက်အိမ်များ၏ ခြံစည်းရိုးနှင့် ၃ပေ သို့မဟုတ် ၄ပေ ထိုသို့တိုင်းရာတွင် ဘေးအိမ်ခြံစည်းရိုးမှ အိမ်မကြီး(သို့မဟုတ်) ခြံစည်းရိုးမှ တံစက်မိတ် အစရှိသည်ကို သိလိုပါသည်။

မေးသူ - Ko Naing

[Unicode] အိမ်ဆောက်လျှင် တစ်ဖက်လျှင် ၃ပေချန်ရမည်ဖြစ်ပြီး အထပ်မြင့်အဆောက်အဦးဆောက်လုပ်ပါက တစ်ဖက်လျှင် ၆ပေခန့်ချန်ရပါမည်။မြေတိုင်းတာရာတွင် ဘေးကပ်ရက် ခြံစည်းရိုးမှ အခြားဘေးတစ်ဖက်ခြံ၏ ခြံစည်းရိုးနယ်နမိတ်အထိ...