အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

ကျွန်တော်အမေသည် 2008 ခုနှစ်ကမြေကွက်တစ်ကွက်ဝယ်ခဲ့ပါသည်။ထိုမြေ၏တန်ဖိုးမှာ 120 ဖြစ်ပြီးစလစ်ဖြင့်အရပ်ခေါ်စာချုပ်ချုပ်ရျ်ဝယ်ခဲ့ပါသည်။ ထိုမြေကိုယခုအခါ အမည်ဖောက် ဂရံဖောက်မည်ဆိုပါကမည်မျှကုန်ကျနိုင်ပါသနည်းထိုမြေ၏ယခုအခါတန်ဖိုးမှာသိန်း 2600 ဖြစ်သည့်အတွက် မည်မျှကျသင်နိုင်ပါသနည်း

မေးသူ - ဘုန်းမြတ်နိုင်

[Unicode] စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှစ်ယောက်ပဲ ပြောင်းသွားပါစေ နောက်ဆုံး ဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မူလ စလစ် ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက...

ကျနော် တို့ ယခုလက် ရှိနေထိုင်သောမြေနေရာသည် ဘိုးဘွားလက် ထက် ကတဲ့ က နေထိုင် ခဲ့ သော မြေဖြစ် ပါ တယ်။ အထောက်အထားစာရွက် စာတမ်းအနေကတော့ အဘိုးအဘွားအမည်ပါ၊ မြေပုံထုတ်ထားစာတရွက် ပဲရှိ ပါ တယ်။ ကျန် တာတော့ မ ရှိတော့ ပါ ဘူး။ တိုင်းထားတဲ့ နှစ် က 29/12/1949..ဖြစ် ပါ တယ်။ မြေအမျိုးအစား R2 ,R3 လို့ ရေး ပါ ထားတယ်။ကျနော် သိချင် တာ က ။၂၀၁၈ YCDC ဥပဒေ ။ မြေတိုင်းအခန်းမှာမြေပိုင် မြေ (R1,R2,R3) ရေးထား ၍ကျနော့် မြေသည် မြေပိုင် မြေအမျိုးအစားဟုတ် ပါ သလား။ လက် ရှိ တရား၀င် Update ဖြစ် အောင်မည်သို့ ဆောင် ရွက် ရ မည် ကိုသိလို ပါ တယ် ခင် ဗျား။

မေးသူ - Myint Oo

[Unicode] မြေစာရင်းပုံစံ ၁၀၅ တွင် ရေးသားထားသော မြေအမျိုးအတန်းအစား နေရာမှာရှိတဲ့ = R2 ဆိုတာ ဒု အတန်းစား မိုးကောင်းလယ်မြေ ကိုဆိုလိုတာဖြစ်ပြီးR-3 ဆိုတာ ၊ တတိယတန်းစားပိုကောင်းတဲ့မြေ (အထွက်နူန်း စပါးတင်း ၃၀ လောက် )ထွက်သောမြေမျိုးကို ဆိုလိုတာပါ ။ R-3...

ကျွန်တော်တို့အဘိုးပိုင်တဲ့ယာမြေကိုအစိုးရကသိမ်းသွားပါတယ်အမေစုလက်ထပ်ကြပြန်ပေးပါတယ်။ ဒါပေမဲ့အဲဒီမြေကွက်ကိုကျွန်တော်တို့ပြန်မရပါဘူး ရွာဘုံမြေဆိုပြီးရွာလူကြီးကသိမ်းထားပါတယ်ပြန်ရချင်ပါတယ်။ ဘာတွေများလိုအပ်မလဲသိချင်ပါတယ်ခင်ဗျာ။

မေးသူ - Zaw Min Htay

[Unicode] ယခင်ဘိုးဘွားလက်ထက်ကတည်းက နှစ်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြောင်းခိုင်လုံသော အထောက်အထားများနှင့်တကွ ယခုအစိုးရမှပြန်ချပေးထားသည့် မြေအမည်ပေါက်မည်သည့်နာမည်ဖြင့် ပြန်လည်ချမှတ်ပေးထားလဲဆိုတာ မြေတည်ရှိရာမြေစာရင်းဌာနများတွင်...

အိမ်ကိုအရပ်စာချုပ် ဖြင့်ဝယ်ယူပြီးနောက် မူရင်းပိုင်ရှင်ကတောင်းဆိုသည့်အတွက် အိမ်ငှားစာချုပ်ဖြင့်မူရင်းပိုင်ရှင်အားပြန်လည်အငှါးထားလျှင်ရပါသလား။ပြဿနာတစ်စုံတစ်ရာရှိလာနိင်ပါသလား။

မေးသူ - Aung Myo

[Unicode] အိမ်ကိုအရပ်စာချုပ်ဖြင့် ဝယ်ယူပြီးနောက် မူရင်းပိုင်ရှင်ကတောင်းဆိုသည့်အတွက် အိမ်ငှားစာချုပ်ဖြင့် မူရင်းပိုင်ရှင်အား ပြန်လည်အငှားချထားလျှင် အိမ်ရှင်ထံမှ အိမ်ပိုင်ဆိုင်မှုစာချုပ်စာတမ်း အထောက်အထားများသာ ဝယ်သူက ရရှိပြီး အိမ်နှင့်ေြ့မကို...

မင်္ဂလာပါဆရာ ကျွန်တော်ပိုင်ဆိုင်သောမြေမှာ(20×60) ပေ ဂရန်မြေအမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့်တိုင်းကြည့်တော့ (2)ပေကျော်လျော့နေပါတယ်အခု့ကပ်လျက်မြေကွက်ကအိမ်ပြန်ဆောက်ဖို့permit တင်နေပါတယ်ကပ်လျက်မြေကွက်အဆောက်အဦးအခိုင်အမာဆောက်ပြီးမှကိုယ်ပိုင်သောမြေထဲမှာသူ့ရဲ့အဆောက်အဦးပါနေရင်ဖယ်ခိုင်ဖို့ခက်တယ်လို့သိရပါတယ် ကျွန်တော့်ရဲ့မြေပိုင်ဆိုင်မှုမနစ်နာအောင်ဘယ်လိုဆောင်ရွက်ရမလဲဆရာဖြေကြားပေးပါ။

မေးသူ - U Aung Hein

[Unicode] မေးမြန်းသူ၏မြေ (သို့)ဘေးကပ်လျှက် ခြံကမြေလားဆိုတာ မိမိပိုင်ဆိုင်သည့်မြေကို မြေငှားဂရန် စာချုပ်ထုတ်ပေးထားသည့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးးကော်မတီ၊ မြေယာဌာနတွင်ဖြစ်စေ၊...