အသုံးပြုနည်း လမ်းညွှန်

ကြော်ငြာကို ဘယ်လို တင်မလဲ?

ရောင်းရန်ကြော်ငြာ ၊ ငှါးရန်ကြော်ငြာများကို အခမဲ့တင်နိုင်ပါသည်။ ကြော်ငြာတင်ရန်အတွက် အကောင့်တစ်ခု ဖွင့်ရန် လိုအပ်ပါသည်။

အကောင့်ဖွင့်ရန်...
(၁) အပေါ်ညာဖက်ထောင့်ရှိ အကောင့်ဖွင့်ရန် ကို နှိပ်ပါ။
(၂) သာမာန် (သို့) အကျိုးဆောင်ကုမ္ပဏီ အကောင့် ကို ရွေးချယ်ပါ။
(၃) အချက်အလက်များကို ဖြည့်စွက်၍ SIGN UP ကို နှိပ်ပါ။

ကြော်ငြာတင်ရန်...
(၁) သင်၏ အကောင့်ထဲသို့ ဝင်၍ Dashboard သို့ သွားပါ။
(၂) ကြော်ငြာတင်ရန် ကို နှိပ်ပါ။
(၃) ရောင်းရန် (သို့) ငှါးရန်ကို ရွေးချယ်၍ သင်စိတ်တိုင်းကျ ကြော်ငြာတင်နိုင်ပါသည်။

သာမာန်အကောင့်နှင့် အကျိုးဆောင်ကုမ္ပဏီ အကောင့် မှာ ဘာကွာသလဲ?

iMyanmarHouse.com တွင် အကောင့်ဖွင့်ခြင်းမှာ နှစ်မျိုးနှစ်စား ရှိပါသည်။
(၁) သာမာန်အကောင့် ဖွင့်နိုင်ပါသည်။
(၂) အကျိုးဆောင်ကုမ္ပဏီ အကောင့် ဖွင့်နိုင်ပါသည်။

အကောင့် အမျိုးအစား နှစ်ခုစလုံးမှာ အခမဲ့ (FREE) ဖြစ်ပါသည်။ ကြော်ငြာများကို အခမဲ့ တင်ခွင့်ရှိပါသည်။ သို့သော် အကျိုးဆောင်ကုမ္ပဏီ အကောင့်မှာ လုပ်ဆောင်ချက်များ ပိုမိုပါဝင်ပါသည်။

ပိုမိုပါဝင်သော လုပ်ဆောင်ချက်များမှာ
(က) အကျိုးဆောင်ကုမ္ပဏီ အကောင့်မှ တင်ထားသော ကြော်ငြာများ၏ ညာဖက်ခြမ်းတွင် အကျိုးဆောင်ကုမ္ပဏီ၏ အချက်အလက်များ (ဆက်သွယ်ရန်ဖုန်း ၊ လိပ်စာ အစရှိသည်တို့) ကို ဖော်ပြထားပါသည်။
(ခ) အကျိုးဆောင်ကုမ္ပဏီ အကောင့်များကို အကျိုးဆောင်များ ဟူသော Menu အောက်တွင် ဖော်ပြခြင်းခံရပါမည်။
(ဂ) အကျိုးဆောင်ကုမ္ပဏီ အကောင့်တိုင်းတွင် ကိုယ်ပိုင် သီးသန့် စာမျက်နှာ (Page) ရှိပါသည်။
(ဃ) အကျိုးဆောင်ကုမ္ပဏီ အကောင့်မှ တင်ထားသော ရောင်းရန် (သို့) ငှားရန် ကြော်ငြာများကို လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။

သာမာန်အကောင့်မှ အကျိုးဆောင်ကုမ္ပဏီ အကောင့်သို့ အဆင့်မြှင့် (Upgrade) ၍ ရပါသည်။

ကြော်ငြာတွင် ဓာတ်ပုံ ဘယ်လို ထည့်မလဲ?

ကြော်ငြာများတွင် ဓာတ်ပုံထည့်၍ ကြော်ငြာပါက စိတ်ဝင်စားစရာကောင်းပြီး လူအများ ပို၍ ကြည့်ကြပါသည်။

ကြော်ငြာတင်ချိန်တွင် ဓာတ်ပုံထည့်ရန်...
(၁) ကြော်ငြာတင်ချိန် တတိယမြောက်အဆင့်တွင် ဓာတ်ပုံထည့်နိုင်ပါသည်။ ဖော်ပြထားသော ညွှန်ကြားချက်များကို ဖတ်ရှု့ပါ။

တင်ထားပြီးသော ကြော်ငြာများတွင် ဓာတ်ပုံထည့်ရန်
(၁) သင်၏ အကောင့်ထဲသို့ ဝင်၍ Dashboard သို့ သွားပါ။
(၂) တင်ထားပြီးသော ကြော်ငြာများ ကို နှိပ်ပါ။
(၃) ရောင်းရန် (သို့) ငှါးရန်ကို ရွေးချယ်ပါ။
(၄) ဓာတ်ပုံတင်ရန် ကို နှိပ်ပါ။ သင်စိတ်တိုင်းကျ ဓာတ်ပုံတင်နိုင်ပါသည်။

တင်ထားပြီးသော ကြော်ငြာထဲရှိ ဓာတ်ပုံကို ဘယ်လို ဖျက်မလဲ?

သင်တင်ထားသော ကြော်ငြာထဲရှိ ဓာတ်ပုံမှာ မှားပြီးတင်လိုက်၍သော်လည်းကောင်း ၊ ပိုသွား၍သော်လည်းကောင်း ထိုဓာတ်ပုံကို ဖျက်နိုင်ပါသည်။

ဓာတ်ပုံဖျက်ရန်...
(၁) သင်၏ အကောင့်ထဲသို့ ဝင်၍ Dashboard သို့ သွားပါ။
(၂) တင်ထားပြီးသော ကြော်ငြာများ ကို နှိပ်ပါ။
(၃) ရောင်းရန် (သို့) ငှါးရန်ကို ရွေးချယ်ပါ။
(၄) ဓာတ်ပုံဖျက်ရန် ကို နှိပ်ပါ။ သင်စိတ်တိုင်းကျ ကြော်ငြာထဲရှိ ဓာတ်ပုံကို ဖျက်နိုင်ပါသည်။

တင်ထားပြီးသော ကြော်ငြာကို ဘယ်လို ပြင်မလဲ?

သင်တင်ထားသော ကြော်ငြာမှာ တစ်ခုခု မှားယွင်းသွားပါက (ဥပမာ ဈေးနှုန်းမှားယွင်းခြင်း ၊ အမျိုးအစားမှားယွင်းခြင်း) ကြော်ငြာကို ပြင်နိုင်ပါသည်။

ကြော်ငြာပြင်ရန်...
(၁) သင်၏ အကောင့်ထဲသို့ ဝင်၍ Dashboard သို့ သွားပါ။
(၂) တင်ထားပြီးသော ကြော်ငြာများ ကို နှိပ်ပါ။
(၃) ရောင်းရန် (သို့) ငှါးရန်ကို ရွေးချယ်ပါ။
(၄) ကြော်ငြာပြင်ရန် ကို နှိပ်ပါ။ သင်စိတ်တိုင်းကျ ကြော်ငြာကို ပြင်နိုင်ပါသည်။

တင်ထားပြီးသော ကြော်ငြာကို ဘယ်လို ဖျက်မလဲ?

သင်ကြော်ငြာထားသော အိမ်ခြံမြေတိုက်ခန်းများ ရောင်းထွက်သွား၍ကြောင့်လည်းကောင်း ၊ ငှါးထွက်သွား၍ကြောင့်လည်းကောင်း ကြော်ငြာကို ဖျက်နိုင်ပါသည်။

ကြော်ငြာဖျက်ရန်...
(၁) သင်၏ အကောင့်ထဲသို့ ဝင်၍ Dashboard သို့ သွားပါ။
(၂) တင်ထားပြီးသော ကြော်ငြာများ ကို နှိပ်ပါ။
(၃) ရောင်းရန် (သို့) ငှါးရန်ကို ရွေးချယ်ပါ။
(၄) ကြော်ငြာဖျက်ရန် ကို နှိပ်ပါ။ သင်စိတ်တိုင်းကျ ကြော်ငြာကို ဖျက်နိုင်ပါသည်။

ကြော်ငြာကို ဖျက်တာနှင့် ကြော်ငြာကို ရောင်းပြီး/ငှါးပြီးပြုလုပ်တာ ဘာကွာသလဲ?

တင်ထားသော ကြော်ငြာကို
(၁) ဖျက်နိုင်ပါသည်။
(၂) ရောင်းပြီး / ငှါးပြီး ပြုလုပ်နိုင်ပါသည်။

(၁) ကြော်ငြာကို ဖျက်လိုက်ပါက ကြော်ငြာထဲရှိ အသေးစိတ် အချက်အလက်များအားလုံးကို ကြော်ငြာကြည့်သူများမှ မမြင်ရတော့ပါ။ ကြော်ငြာဖျက်ထားသည် ဟုသာ ပြပါလိမ့်မည်။

(၂) ကြော်ငြာကို ရောင်းပြီး/ငှါးပြီး ပြုလုပ် ပါက ကြော်ငြာထဲရှိ အချက်အလက်များကို ကြော်ငြာကြည့်သူမှ မြင်ရပါသေးသည်။ ရောင်းပြီး/ငှါးပြီး ပြုလုပ်ခြင်း၏ အားသာချက်မှာ ကြော်ငြာကြည့်သူမှ ထိုကြော်ငြာနှင့်ဆင်တူ အိမ်ခြံမြေအကြောင်း သင့်ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဥပမာ... သင်၏ လမ်းမတော်တွင်ရှိသော တိုက်ခန်းကို ရောင်းပြီးပြုလုပ်ထားပါက ကြော်ငြာကြည့်သူမှ သင့်ထံသို့ လမ်းမတော်ရှိ အခြားရောင်းရန်ရှိသော တိုက်ခန်းများအကြောင်းကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

အကောင့်ထဲဝင်သည့် စကားဝှက် (Password) ကို မေ့သွားပါက ဘယ်လိုလုပ်မလဲ?

အကောင့်ထဲဝင်သည့် စကားဝှက် (Password) ကို မေ့သွားပါက ထိုစကားဝှက်ကို အသစ်ပြန်ပေး (Password Reset) နိုင်ပါသည်။

စကားဝှက် အသစ်ပေးရန်...
(၁) ဤနေရာ Password Reset သို့ သွားပါ။
(၂) သင်၏ အကောင့် အီးမေးလ် (gmail) ကို ရိုက်ထည့်၍ RESET ကို နှိပ်ပါ။ သင်၏ အီးမေးလ်သို့ စကားဝှက် အသစ်ကို ပို့ပေးမည်ဖြစ်ပါသည်။
(၃) သင်၏ အီးမေးလ်သို့ ဝင်၍ စကားဝှက်အသစ်ကို ယူနိုင်ပါသည်။

အကျိုးဆောင်ကုမ္ပဏီ အကောင့်၏ ကုမ္ပဏီအချက်အလက်များကို ဘယ်လို ပြင်မလဲ?

သင်ပိုင်ဆိုင်သော အကျိုးဆောင်ကုမ္ပဏီ အကောင့်၏ ကုမ္ပဏီအချက်အလက်များကို ပြင်နိုင်ပါသည်။

အချက်အလက်များကို ပြင်ရန်...
(၁) အကောင့်ထဲသို့ ဝင်၍ Dashboard သို့ သွားပါ။
(၂) အကျိုးဆောင်ကုမ္ပဏီအကောင့် ကို နှိပ်ပါ။
(၃) ကုမ္ပဏီအချက်အလက်များ ပြင်ရန် ကို နှိပ်ပါ။ သင်စိတ်တိုင်းကျ ပြင်နိုင်ပါသည်။

အကျိုးဆောင်ကုမ္ပဏီ အကောင့်၏ ကုမ္ပဏီအမှတ်တံဆိပ် (Logo) ကို ဘယ်လို တင်မလဲ?

သင်ပိုင်ဆိုင်သော အကျိုးဆောင်ကုမ္ပဏီ အကောင့်၏ ကုမ္ပဏီအမှတ်တံဆိပ် (Logo) ကို တင်နိုင်ပါသည်။

ကုမ္ပဏီအမှတ်တံဆိပ်ကို တင်ရန်...
(၁) အကောင့်ထဲသို့ ဝင်၍ Dashboard သို့ သွားပါ။
(၂) အကျိုးဆောင်ကုမ္ပဏီအကောင့် ကို နှိပ်ပါ။
(၃) ကုမ္ပဏီအမှတ်တံဆိပ် (Logo) တင်ရန် ကို နှိပ်ပါ။ သင်စိတ်တိုင်းကျ ကုမ္ပဏီအမှတ်တံဆိပ်ကို နိုင်ပါသည်။