3939 ကြိမ် ကြည့်ရှု့ပြီး
ကျွန်မရဲ့ခင်ပွန်းက ကျွန်မတို့အိမ်ကို ဘဏ်မှာ အပေါင်ထားပါတယ်။ မြောက်ဒဂုံမှာပါ ၄၀-၆၀ ဂရမ်မြေ ဖြစ်ပါတယ်။ အခု လုပ်ငန်းတွေ အဆင်မပြေတဲ့အတွက် ဘဏ်အတိုးငွေလဲ မပေးနိုင်ပါ၊အတိုးက အရင်းနီးပါး ဖြစ်လာပါပြီ၊ ဘဏ်နဲ့တိုင်ပင်တဲ့အခါ အထပ်မြင့်တိုက်ခန်း ဆောက်ပြီးရောင်းရငွေနဲ့ ပြန်ဆပ်နိုင်‌ရန် ပြောပါတယ်၊ တိုက်ခန်း ဆောက်လုပ်ဖို့ဆိုတာလဲ အခုကာလမှာခက်ခဲပါတယ်၊ ဘဏ်တိုးကလဲ လစဉ်တက်နေမှာဖြစ်လို့ ဘာလုပ်သင့်ပါသလဲ။ မြောက်ဒဂုံမြေဈေးကတော့ အခုကာလမှာ အတက်မရှိပါဘူး။ နောင်တစ်နှစ်နှစ်နှစ်ဆက်စောင့်သင့်ပါသလား။ အကြံပေးစေလိုပါတယ်။
မေးသူ - Nyein Nyein
[Unicode]
ဘဏ်မှာအပေါင်ခံထားတယ်ဆိုပါက အတိုးအရင်းပေးဆပ်ခြင်းမရှိပဲ သတ်မှတ်ကာလ ကုန်ဆုံးသွားမည်ဆိုပါက ဘဏ်မှတရားစွဲလျှင် အထောက်အထားအပြည့်အစုံနှင့် ဖြစ်စေအိမ်နှင့်မြေကိုပါ လေလံတင်၍ ရောင်းချကာ အတိုးအရင်းငွေမှန်သမျှ နှုတ်ယူသွားမည်ဖြစ်သည့်အတွက် အိမ်နှင့်မြေ ဆုံးရှုံးရနိုင်ပါတယ်။ အကြံပေးချင်တာကတော့ ဘဏ်ကချမှတ်ပေးတဲ့ နည်းလမ်းက ဆုံးရှုံးမှုမရှိသည့်အပြင် မြေရှင်ဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေနှင့် အမည်ပြောင်းခပါ ရရှိနိုင်ကြောင်း အကြံပြုလိုက်ရပါသည်။
[Zawgyi]
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။
အခြား အိမ်ခြံမြေ အမေးအဖြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)