1732 ကြိမ် ကြည့်ရှု့ပြီး

အိမ်ရှင်နှင့် အိမ်ဌား ကိစ္စအတွက် မေးခွင့်ပြုပါခင်ဗျာ။ ၁။ အိမ်ရှင်အနေဖြင့် အိမ်ဌားတဦးအား ၃လ၊ ၆လ၊ ၁နှစ် အဌါးစာချုပ်ဖြင့် ၇ နှစ်ဆက်တိုက်ဌားရမ်းထားမိပါက ဥပဒေအရ ဖယ်ခိုင်း၍မရတော့ခြင်း ဆင်းခိုင်း၍မရတော့ခြင်းစသည့် ဥပဒေအရ တနည်းနည်းဖြင့် အကြပ်ကိုင် ခံရနိင်ပါသလား? ၂။ သိုမဟုတ် ဘယ်နှနှစ်ဆက်တိုက် အိမ်ဌားတဦးတည်းအား အဌားစာချုပ်ဖြင့် ဌားရမ်းထားမိပါက အထက်ပါ ပြဿနာမျိုး ဥပဒေအရ အကြပ်ကိုင်ခံရနိုင်ပါသလဲ? ၃။ ထိုသို့ပြသနာများမဖြစ်ပေါ်စေရန် အိမ်ရှင်အနေဖြင့် မည်သို့သောအကာအကွယ်ကို ဥပဒေကြောင်းအရ ပြုထားသင့်ပါသလဲ? ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။

မေးသူ - U Thar Htet

[Unicode]

အရပ်စကားအရ...အိမ်ငှားထားရင် ကိုယ့်အိမ်မှာ နှစ်ရှည်အငှားမထားနဲ့ နှင်လို့မရဖြစ်သွားမှာ စိုးရိမ်တယ်။ တချို့ကနှစ်ကြာသွားရင် အိမ်ပိုင်သွားတယ်.. အဲလိုတွေ စိတ်ပူတတ်ကြပါတယ်။
အိမ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ထားတဲ့သူက ဘယ်နှနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားထား အိမ်ငှားက အိမ်ငှားပါပဲ အိမ်ပိုင် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှားအနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားကအိမ်ပိုင်ရှင် ဖြစ်မလာနိုင်ပါဘူး။
ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိပါတယ်။ဥပမာ ခွင့်ပြုချက်နဲ့ထားတယ် ။

အဲဒီခွင့်ပြုချက်နဲ့ထားတဲ့သူကိုဖယ်ချင်ပြီဆိုရင် ဦးလေးရေ ဖယ်ပေးပါလို့ ပြောလိုက်လို့အေးဆေးဖယ်ပေးလို့ရှိရင် ပြဿနာမရှိပါဘူး။ အကယ်၍ မဖယ်ပေးဘူးဆိုရင် နို့တစ်စာထုတ်ရပါတယ်။
နို့တစ်စာ ထုတ်တယ်ဆိုတာကတော့ ခွင့်ပြုချက်နဲ့နေထိုင်ခွင့်ပြုထားတဲ့ဟာကို ရပ်စဲလိုက်ပါပြီလို့ ဆိုလိုတာပါ။

အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်နဲ့ရပ်စဲပြီးပြီးဆိုမှသာ တရားစွဲလို့ရတာပါ။ခွင့်ပြုချက်ကို မရုပ်သိမ်းပဲ နို့တစ်စာမပေးပဲနဲ့ တရားစွဲဆိုလို့မရဘူး။

တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်။ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲတဲ့အချိန် ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။ အဲ့ဒီလိုမစွဲဖြစ်ဘူး ဖြစ်သွားရင် ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုကစွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ် ဥပဒေကိုတော့ လူတိုင်းသိသင့်ပါတယ်။

ကာလစည်းကမ်းသတ်ဥပဒေက....ခွင့်ပြုချက်နဲ့ထားတာကို ရပ်စဲလိုက်ပြီး အိမ်ငှားကမဆင်းပေးဘူးဆိုရင် ၆နှစ်အတွင်း တရားစွဲလို့ရပါတယ်။

၆ နှစ်ကျော်သွားပြီးဆိုရင်တော့ ခွင့်ပြုချက်နဲ့ထားတဲ့သူ ကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒါက သတိထားရမဲ့ အချက်ပါ။

အဲလိုပဲ အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင်မဖြစ်လာနိုင် ဘူး။သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိိုရင်...

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ ဘယ်နေ့၊ ဘယ်ရက်မှာတော့ ဆင်းပေးပါ တော့ဆိုတာ ဒီနို့တစ်စာမှာ ပါရပါမည်။ ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ မှာနောက်ဆုံးထားပြီး အိမ်ကို ပိုင်ရှင်ထံသို့ လက်ရောက်ပေးအပ်ပါတော့.. ဆိုပြီး နို့တစ်စာ ထုတ်ရပါတယ်။

နောက်တနည်းကတော့ အိမ်ငှားစာချုပ်ထဲမှာ ချုပ်ဆိုထားတဲ့အတိုင်း ငှားရမ်းခြင်းမပြည့်မီ (၁)လကြိုတင် အကြောင်းကြားပေးရပါမယ်။ ဒါက ဥပဒေနှင့်အညီ အိမ်ငှားကို နေအိမ်မှ ဖယ်ရှားခိုင်းခြင်းဖြစ်ပါတယ်။

နို့တစ်စာထုတ်သည်ဖြစ်စေ၊ အကြောင်းကြားသည်ဖြစ်စေ ပိုင်ရှင်မှ ငှားရမ်းခဖြတ်တောက်ပြီး ကြည်ကြည်ဖြူဖြူ မဆင်းပေးရင် တရားစွဲရလို့ရပါတယ်လေ။ အဲ့ဒီလို တရားမစွဲပဲ နေပါစေ နောက်မှ ပြောမရတဲ့အဆုံးမှ တရားစွဲတဲ့အခါ အချိန်လွန်သွားမှ ဆိုရင် အမှုရှုံးနိုင်ကြောင်း ကာလစည်းကမ်းသတ်ဥပဒေမှာ ဖော်ပြထားတယ်။

ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း ပိုင်ရှင်က တရားစွဲရတာပါ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်ပိုင်း တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

အဲ့ဒီမှာသတိပြုဖို့ကတော့ - ဥပမာ မစွဲဖြစ်ဘူး ဆိုပါတော့ နို့တစ်ထုတ်လိုက်တယ်၊တရားမစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။
တရားဝင်ပြန်ရုပ်သိမ်းထားရတာပါနော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။

သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံးဝင်သွားလို့ ခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းတရားစွဲ ၊ မစွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။

အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင် ၁၂နှစ်အတွင်း တရားစွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ် တောက်ပြီးပြီးဆိုရင် တရားစွဲရင်စွဲ၊မစွဲဖြစ်ရင်လဲပြန်ရုပ်သိမ်းလိုက်ပါ ။ မရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲနှင်လို့မရတော့ပါဘူး။နှင်လို့မရဘူးလို့ပြောတာနော် အိမ်ပိုင်သွားတာတော့မဟုတ်ပါ

နှစ်ရှည်ငှားတဲ့သူများအတွက် သတိပြုစေလိုပါတယ်။ အကယ်၍ နှစ်ရှည်ငှားမယ်ဆိုရင် မှတ်ပုံတင်ရုံးမှာ register တင်ထားပြီး ငှားရင်တော့ ပိုစိတ်ချရပါတယ်နော် ။

 

 

 

 

[Zawgyi]

အိမ္႐ွင္ႏွင့္ အိမ္ဌား ကိစၥအတြက္ ေမးခြင့္ျပဳပါခင္ဗ်ာ။

၁။ အိမ္႐ွင္အေနျဖင့္ အိမ္ဌားတဦးအား ၃လ၊ ၆လ၊ ၁ႏွစ္ အဌါးစာခ်ဳပ္ျဖင့္ ၇ ႏွစ္ဆက္တိုက္ဌားရမ္းထားမိပါက ဥပေဒအရ ဖယ္ခိုင္း၍မရေတာ့ျခင္း ဆင္းခိုင္း၍မရေတာ့ျခင္းစသည့္ ဥပေဒအရ တနည္းနည္းျဖင့္ အၾကပ္ကိုင္ ခံရနိင္ပါသလား?

၂။ သိုမဟုတ္ ဘယ္ႏွႏွစ္ဆက္တိုက္ အိမ္ဌားတဦးတည္းအား အဌားစာခ်ဳပ္ျဖင့္ ဌားရမ္းထားမိပါက အထက္ပါ ျပႆနာမ်ိဳး ဥပေဒအရ အၾကပ္ကိုင္ခံရႏိုင္ပါသလဲ?

၃။ ထိုသို႔ျပသနာမ်ားမျဖစ္ေပၚေစရန္ အိမ္႐ွင္အေနျဖင့္ မည္သို႔ေသာအကာအကြယ္ကို ဥပေဒေၾကာင္းအရ ျပဳထားသင့္ပါသလဲ? ေက်းဇူးျပဳ၍ ေျဖျကားေပးေစခ်င္ပါတယ္ခင္ဗ်ာ။

 


အရပ္စကားအရ...အိမ္ငွားထားရင္ ကိုယ့္အိမ္မွာ ႏွစ္ရွည္အငွားမထားနဲ႔ ႏွင္လို႔မရျဖစ္သြားမွာ စိုးရိမ္တယ္။ တခ်ိဳ႕ကႏွစ္ၾကာသြားရင္ အိမ္ပိုင္သြားတယ္.. အဲလိုေတြ စိတ္ပူတတ္ၾကပါတယ္။
အိမ္ပိုင္ရွင္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ထားတဲ့သူက ဘယ္ႏွႏွစ္ပဲၾကာၾကာ ခြင့္ျပဳခ်က္နဲ႔ထားထား အိမ္ငွားက အိမ္ငွားပါပဲ အိမ္ပိုင္ ျဖစ္လာစရာ အေၾကာင္းမရွိပါဘူး။

ငွားထားတဲ့သူလည္း ဒီလိုပဲ အိမ္ငွားဆိုရင္လည္း သူ႔ကိုငွားထားတယ္။ ဘယ္နႏွစ္ ငွားငွား ဆယ္ႏွစ္ငွားငွားအႏွစ္ ႏွစ္ဆယ္ငွားငွား ၊ အိမ္ငွားကအိမ္ပိုင္ရွင္ ျဖစ္မလာႏိုင္ပါဘူး။
ဒါေပမဲ့ အမွားအယြင္းေလးတစ္ခု ျဖစ္သြားရင္ စိုးရိမ္စရာေလးတစ္ခု ရွိပါတယ္။ဥပမာ ခြင့္ျပဳခ်က္နဲ႔ထားတယ္ ။

အဲဒီခြင့္ျပဳခ်က္နဲ႔ထားတဲ့သူကိုဖယ္ခ်င္ၿပီဆိုရင္ ဦးေလးေရ ဖယ္ေပးပါလို႔ ေျပာလိုက္လို႔ေအးေဆးဖယ္ေပးလို႔ရွိရင္ ျပႆနာမရွိပါဘူး။ အကယ္၍ မဖယ္ေပးဘူးဆိုရင္ ႏို႔တစ္စာထုတ္ရပါတယ္။
ႏို႔တစ္စာ ထုတ္တယ္ဆိုတာကေတာ့ ခြင့္ျပဳခ်က္နဲ႔ေနထိုင္ခြင့္ျပဳထားတဲ့ဟာကို ရပ္စဲလိုက္ပါၿပီလို႔ ဆိုလိုတာပါ။

အဲ့ဒီလို ခြင့္ျပဳခ်က္နဲ႔ထားတာကို ခြင့္ျပဳခ်က္နဲ႔ရပ္စဲၿပီးၿပီးဆိုမွသာ တရားစြဲလို႔ရတာပါ။ခြင့္ျပဳခ်က္ကို မ႐ုပ္သိမ္းပဲ ႏို႔တစ္စာမေပးပဲနဲ႔ တရားစြဲဆိုလို႔မရဘူး။

တစ္ခ်ိဳ႕က ခြင့္ျပဳခ်က္ကို ႐ုပ္သိမ္းလိုက္တယ္။႐ုပ္သိမ္းလိုက္ၿပီးတဲ့အခါက်ေတာ့ အမႈစြဲတဲ့အခ်ိန္ က်ေတာ့မွ မစြဲျဖစ္ဘူးျဖစ္သြားတယ္။ အဲ့ဒီလိုမစြဲျဖစ္ဘူး ျဖစ္သြားရင္ ကာလစည္းကမ္းသတ္ ဥပေဒ ဆိုတာက ရွိေသးတယ္။ ဘယ္အခ်ိန္မွာ အမႈကစြဲရမယ္။ မစြဲလို႔ရွိရင္ အခြင့္အေရးက ဆုံးရႈံးတယ္ စသျဖင့္ ကာလစည္းကမ္းသတ္ ဥပေဒကိုေတာ့ လူတိုင္းသိသင့္ပါတယ္။

ကာလစည္းကမ္းသတ္ဥပေဒက....ခြင့္ျပဳခ်က္နဲ႔ထားတာကို ရပ္စဲလိုက္ၿပီး အိမ္ငွားကမဆင္းေပးဘူးဆိုရင္ ၆ႏွစ္အတြင္း တရားစြဲလို႔ရပါတယ္။

၆ ႏွစ္ေက်ာ္သြားၿပီးဆိုရင္ေတာ့ ခြင့္ျပဳခ်က္နဲ႔ထားတဲ့သူ ကို ႏွင္လို႔ မရေတာ့ဘူး။ တရားစြဲလို႔မရေတာ့ဘူး။ ဒါက သတိထားရမဲ့ အခ်က္ပါ။

အဲလိုပဲ အိမ္ငွားဆိုေတာ့လဲ အိမ္ငွားထားတယ္။ သူ႔ဘာသာသူ ဆယ္ႏွစ္လဲ အိမ္ငွားပဲ ၊ အိမ္ပိုင္မျဖစ္လာႏိုင္ ဘူး။သို႔ေသာ္ အိမ္ငွားတစ္ေယာက္ကို ႏွင္ေတာ့မယ္ဆိုိရင္...

ပစၥည္းလႊဲေျပာင္းျခင္းဥပေဒနဲ႔အညီ ႏို႔တစ္စာ ေပးရတာေပါ့ ။ ဘယ္ေန႔၊ ဘယ္ရက္မွာေတာ့ ဆင္းေပးပါ ေတာ့ဆိုတာ ဒီႏို႔တစ္စာမွာ ပါရပါမည္။ ဘယ္ေန႔မွာ ငွားရမ္းခကုန္ဆုံးတယ္။ အဲ့ဒီေန႔ မွာေနာက္ဆုံးထားၿပီး အိမ္ကို ပိုင္ရွင္ထံသို႔ လက္ေရာက္ေပးအပ္ပါေတာ့.. ဆိုၿပီး ႏို႔တစ္စာ ထုတ္ရပါတယ္။

ေနာက္တနည္းကေတာ့ အိမ္ငွားစာခ်ဳပ္ထဲမွာ ခ်ဳပ္ဆိုထားတဲ့အတိုင္း ငွားရမ္းျခင္းမျပည့္မီ (၁)လႀကိဳတင္ အေၾကာင္းၾကားေပးရပါမယ္။ ဒါက ဥပေဒႏွင့္အညီ အိမ္ငွားကို ေနအိမ္မွ ဖယ္ရွားခိုင္းျခင္းျဖစ္ပါတယ္။

ႏို႔တစ္စာထုတ္သည္ျဖစ္ေစ၊ အေၾကာင္းၾကားသည္ျဖစ္ေစ ပိုင္ရွင္မွ ငွားရမ္းချဖတ္ေတာက္ၿပီး ၾကည္ၾကည္ျဖဴျဖဴ မဆင္းေပးရင္ တရားစြဲရလို႔ရပါတယ္ေလ။ အဲ့ဒီလို တရားမစြဲပဲ ေနပါေစ ေနာက္မွ ေျပာမရတဲ့အဆုံးမွ တရားစြဲတဲ့အခါ အခ်ိန္လြန္သြားမွ ဆိုရင္ အမႈရႈံးႏိုင္ေၾကာင္း ကာလစည္းကမ္းသတ္ဥပေဒမွာ ေဖာ္ျပထားတယ္။

ငွားရမ္းမႈျဖတ္ေတာက္ၿပီး ၁၂ႏွစ္အတြင္း ပိုင္ရွင္က တရားစြဲရတာပါ။ ၁၂ႏွစ္အတြင္းမွ မစြဲရင္ အဲ့ဒီ အိမ္ငွားကို ေနာက္ပိုင္း တရားစြဲၿပီး ႏွင္ထုတ္ဖို႔ ခက္ခဲသြားပါလိမ့္မယ္။

အဲ့ဒီမွာသတိျပဳဖို႔ကေတာ့ - ဥပမာ မစြဲျဖစ္ဘူး ဆိုပါေတ့ာ ႏို႔တစ္ထုတ္လိုက္တယ္၊တရားမစြဲျဖစ္ဘူးဆိုရင္ အဲ့ဒီထုတ္ထားတဲ့ႏို႔တစ္ကို ျပန္႐ုပ္သိမ္းလိုက္လို႔ရတယ္။
တရားဝင္ျပန္႐ုပ္သိမ္းထားရတာပါေနာ္။ ဒါဆိုရင္ ကာလစည္းကမ္းသတ္နဲ႔ အက်ဳံး မဝင္ေတာ့ဘူး။

သို႔ေသာ္ အဲ့ဒီလို႐ုပ္သိမ္းရာမွာ ပ်က္ကြက္သြားရင္ေတာ့ ဒီကာလစည္းကမ္းဥပေဒနဲ႔ အက်ဳံးဝင္သြားလို႔ ခြင့္ျပဳခ်က္နဲ႔ ထားတဲ့သူဆိုရင္ ၆ႏွစ္အတြင္းတရားစြဲ ၊ မစြဲရင္ေနာက္ထပ္စြဲလို႔မရေတာ့ဘူး။ ႏွင္လို႔ မရေတာ့ဘူး ။

အိမ္ငွားဆိုလည္း ဒီလိုပဲ ႏို႔တစ္စာ ေပးၿပီးၿပီးဆိုရင္ ၁၂ႏွစ္အတြင္း တရားစြဲရင္ စြဲ ႏို႔တစ္ေပးၿပီး ျဖတ္ ေတာက္ၿပီးၿပီးဆိုရင္ တရားစြဲရင္စြဲ၊မစြဲျဖစ္ရင္လဲျပန္႐ုပ္သိမ္းလိုက္ပါ ။ မ႐ုပ္သိမ္းပဲထားရင္ေတာ့ ၁၂ ႏွစ္ ေက်ာ္ရင္ တရားစြဲႏွင္လို႔မရေတာ့ပါဘူး။ႏွင္လို႔မရဘူးလို႔ေျပာတာေနာ္ အိမ္ပိုင္သြားတာေတာ့မဟုတ္ပါ

ႏွစ္ရွည္ငွားတဲ့သူမ်ားအတြက္ သတိျပဳေစလိုပါတယ္။ အကယ္၍ ႏွစ္ရွည္ငွားမယ္ဆိုရင္ မွတ္ပုံတင္႐ုံးမွာ register တင္ထားၿပီး ငွားရင္ေတာ့ ပိုစိတ္ခ်ရပါတယ္ေနာ္ ။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)