125 ကြိမ် ကြည့်ရှု့ပြီး

သစ်တောမှ ချပေးထားသော သစ်မာမြေကွက်များတွင် လူနေအိမ်ဆောက်ခွင့်ရှိပါသလား သိချင်ပါတယ်။

မေးသူ - Wine

 

[Unicode]

သစ်တောနယ်မြေ (၅)မျိုးရှိရာ - စီးပွားရေးသစ်ထုတ် ကြိုးဝိုင်းတော၊ ဒေသန္တရ ထောက်ပံ့ရေး ကြိုးဝိုင်းတော၊ ရေဝေရေလဲ ထိန်းသိမ်းရေး ကြိုးဝိုင်းတော၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းရေး ကြိုးဝိုင်း တော၊ အခြားကြိုးဝိုင်းတော အမျိုးအစားများဖြစ်ပါတယ်။

သစ်တောမြေဆိုတာ လူနေထိုင်ခွင့်မြေအမျိုးအစား မဟုတ်တဲ့အတွက် မြေခွဲစိတ်ရောင်းချခြင်း၊ လူနေ အိမ်အဖြစ် ဆောက်လုပ်ခြင်း ပြုမရပါဘူး။ လုပ်ငန်းအတွက် အသုံးလိုပါက ဌာနရဲ့ ခွင့်ပြုချက်ရယူကာ ယာယီ လုပ်ငန်းသုံးတဲသာ ဆောက်လုပ်ခွင့်ပြုပါတယ်။

သစ်တောဦးစီးဌာနက စိုက်ပျိုးရေးလုပ်ငန်းအတွက် နှစ်ရှည်ပင် လုပ်ကိုင်ရန် ချပေးထားသော မြေဧက များအား ဥပဒေနှင့်မညီ လူနေထိုင်ရန် လွှဲပြောင်းရောင်းချခြင်းပြုပါက ဌာနမှ တည်ဆဲသစ်တောဥပဒေနှင့်အညီ ကွင်းဆင်း စစ်ဆေးအရေးယူခြင်းကို ခံရမည်ဖြစ်ပါတယ်။

 

 

[Zawgyi]


 





 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)