271 ကြိမ် ကြည့်ရှု့ပြီး

ပါမစ်အကြောင်းသိချင်ပါတယ်ရှင့်၊ အရပ်ကတိစာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသော ပါမစ်မြေကို မြေငှားစာချုပ် (ဂရန်) လျှောက်ရင်ဘာတွေလိုအပ်မလဲရှင့်၊ ဘယ်လိုဆောင်ရွက်ရမလဲရှင့်၊ အကယ်၍ မြေငှား စာချုပ် (ဂရန်) လျှောက်လို့ရရှိလာရင် အဆိုပါမြေငှားစာချုပ်(ဂရန်) ပေါ်တွင် ကပ်ရမည့် ကျသင့်တံဆိပ်ခေါင်းခွန် အထူးကပ်၏ နှုန်းထားမှာ ဘယ်လောက်လဲရှင့် ၂% လား၊ ၂+၂= ၄% လား၊ ဒါမှမဟုတ် အငှားစာချုပ်ဖြစ် သည့်အတွက် ငှားရမ်းခနှုန်းအပေါ်မှာပဲ ဆောင်ရမှာလားရှင့် ဖြေပေးစေလိုပါတယ် ဆရာ

မေးသူ - Daw Zin Hnin Oo

 

[Unicode]

 ပါမစ်မြေအား ဂရန်လျှောက်မည်ဆိုပါက

- မြေပိုင်ဆိုင်မှုအထောက်အထားစာချုပ်စာတမ်း(သို့) ပါမစ်မူရင်း၊

- အခုနောက်ပိုင်း ပါမစ်မူရင်းမရှိတော့ရင် တရားရုံးအမိန့်ပါ လိုအပ်ပါတယ်။

- မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း နောက်ဆုံးမြေငှားခ ပြေစာ ပေးဆောင်ကြောင်း မူရင်းတို့လိုအပ်ပါတယ်။

ဌာနမှ ကောက်ခံသည့် ဝန်ဆောင်ခ (မြေငှားခအားလဲ မြေကွက်တည်နေရာပေါ် မူတည်၍ ကွာခြားမှုရှိကာ အခွန်စည်းကြပ်ခွဲပုံစာရင်းတွင် ရေးသွင်းပြီး ဌာနမှ မြေငှားခစည်းကြပ် ကောက်ခံခြင်း ဖြစ်ပါတယ်။)

- မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ် တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။(၂%)

- မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ (မြေခွန်) ပေးဆောင်ရမည်။

- သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရန်လဲ လိုအပ်ပါသည်။

 

 

 

[Zawgyi]

ပါမစ္အေၾကာင္းသိခ်င္ပါတယ္႐ွင့္၊ အရပ္ကတိစာခ်ဳပ္အဆက္ဆက္ျဖင့္ ဝယ္ယူထားေသာ ပါမစ္ေျမကို ေျမငွားစာခ်ဳပ္ (ဂရန္) ေလွ်ာက္ရင္ဘာေတြလိုအပ္မလဲ႐ွင့္၊ ဘယ္လိုေဆာင္႐ြက္ရမလဲ႐ွင့္၊ အကယ္၍ ေျမငွား စာခ်ဳပ္ (ဂရန္) ေလွ်ာက္လို႔ရ႐ွိလာရင္ အဆိုပါေျမငွားစာခ်ဳပ္(ဂရန္) ေပၚတြင္ ကပ္ရမည့္ က်သင့္တံဆိပ္ေခါင္းခြန္ အထူးကပ္၏ ႏႈန္းထားမွာ ဘယ္ေလာက္လဲ႐ွင့္ ၂% လား၊ ၂+၂= ၄% လား၊ ဒါမွမဟုတ္ အငွားစာခ်ဳပ္ျဖစ္ သည့္အတြက္ ငွားရမ္းခႏႈန္းအေပၚမွာပဲ ေဆာင္ရမွာလား႐ွင့္ ေျဖေပးေစလိုပါတယ္ ဆရာ

 
ပါမစ္ေျမအား ဂရန္ေလွ်ာက္မည္ဆိုပါက

- ေျမပိုင္ဆိုင္မႈအေထာက္အထားစာခ်ဳပ္စာတမ္း(သို႔) ပါမစ္မူရင္း၊

- အခုေနာက္ပိုင္း ပါမစ္မူရင္းမ႐ွိေတာ့ရင္ တရား႐ုံးအမိန္႔ပါ လိုအပ္ပါတယ္။

- ေျမငွားခေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေနာက္ဆုံးေျမငွားခ ေျပစာ ေပးေဆာင္ေၾကာင္း မူရင္းတို႔လိုအပ္ပါတယ္။

ဌာနမွ ေကာက္ခံသည့္ ဝန္ေဆာင္ခ (ေျမငွားခအားလဲ ေျမကြက္တည္ေနရာေပၚ မူတည္၍ ကြာျခားမႈ႐ွိကာ အခြန္စည္းၾကပ္ခြဲပုံစာရင္းတြင္ ေရးသြင္းၿပီး ဌာနမွ ေျမငွားခစည္းၾကပ္ ေကာက္ခံျခင္း ျဖစ္ပါတယ္။)

- ေျမငွားစာခ်ဳပ္(ဂရန္)တြင္ အခြန္႐ုံးမွ ျမန္မာႏိုင္ငံတံဆိပ္ေခါင္းအခြန္ဥပေဒအရ သတ္မွတ္ႏႈန္းအတိုင္း အထူးကပ္ တံဆိပ္ေခါင္း သြားေရာက္ကပ္ရပါမည္။(၂%)

- ေျမငွားစာခ်ဳပ္(ဂရန္) ထုတ္ေပးခံရသူအမည္ျဖင့္ ၃လတစ္ႀကိမ္၊ ၁ႏွစ္ (၄)ႀကိမ္ စည္းၾကပ္ေသာေျမငွားခ (ေျမခြန္) ေပးေဆာင္ရမည္။

- သတ္မွတ္သက္တမ္းကာလ ကုန္ဆုံးေသာအခါ ဂရန္စာခ်ဳပ္သက္တမ္းတိုးေလွ်ာက္ထားရန္လဲ လိုအပ္ပါသည္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)