218 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအကျိုဆောင်ကတ်ဘယ်မှ လုပ်ရသလဲ ဘယ်လောက်ကြာလဲ ဘာများလိုအပ်လဲ ငွေဘယ်လောက်ကုန်မလဲ ကျေးဇူးပြု၍ ဖြေပေးပါ။
မေးသူ - Zu Zu Hlaing
[Unicode]
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) MRESA တွင် အသင်းဝင်ကတ်ပြားလျှောက်ထားပြီး မြို့နယ်အဆင့်မှတ်ပုံတင်အဖွဲ့ထံ အကျိုးဆောင် လိုင်စင်ကို ဆက်လက်လျှောက်ထားမှာဖြစ်ပါတယ်။
၁။ မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များအသင်း
၂။ ခရိုင်အိမ်ခြံမြေအကျိုးဆောင်များအသင်း
၃။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အိမ်ခြံမြေအကျိုးဆောင်များအသင်း
၄။ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အိမ်ခြံမြေ အကျိုးဆောင်များအသင်း
၅။ မြန်မာနိုင်ငံအိမ်ခြံမြေ အကျိုးဆောင်များအသင်းဟူ၍ ဖွဲ့စည်းထားကြသည်များ ရှိပါသည်။
မှတ်ပုံတင်လက်မှတ် ဆက်လက်လျှောက်ထားခြင်းမှာ အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါတယ်။
၁။ အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်
၂။ မှတ်ပုံတင်၊လိုင်စင်ဓာတ်ပုံ (၂) ပုံ
၃။ သက်ဆိုင်ရာဌာနမှ ထုတ်ပေးသော လုပ်ငန်းအထောက်အထား
၄။ နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ကိုင်ပါက ရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုချက်
၅။ ကိုယ်ရေးရာဇဝင်အချက်အလက်များနှင့် လိပ်စာ
၆။ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း၊အုပ်ချုပ်ရေးမှူးထောက်ခံချက်
၇။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သင်တန်းသို့ တက်ရောက်မည်ဖြစ်ကြောင်း (သို့) တက်ရောက်မည်ဖြစ်ကြောင်း အထောက်အထားထောက်ခံချက်
၈။ အကျိုးဆောင်လုပ်ငန်းအတွက် ဖွင့်လှစ်ထားသော ဘဏ်စာရင်းအကောင့်
MRESA Office အမှတ်-173 175 ပန်းဆိုးတန်းလမ်း, ရန်ကုန်တွင် ဆက်လက်စုံစမ်းနိုင်ပါတယ်။
[Zawgyi]
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။
အခြား အိမ်ခြံမြေ အမေးအဖြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)