100 ကြိမ် ကြည့်ရှု့ပြီး

3B မြေဆိုတာ ဘာလဲ ဝယ်လို့ရလား ဂရံလျှောက်လို့ရလား အဆောက်အဦးဆောက်လို့ ရပါသလား။

မေးသူ - Victor Lwin

 

[Unicode]

လယ်ယာမြေ၊ ယာမြေတို့နှင့် ကင်းလွတ်ကြောင်း အထောက်အထား ခိုင်လုံရန်၊ ပိုင်ဆိုင်မှု ခိုင်မာစေရန် ဂရန်ပေးစီမံချက် မရှိသေးသော ကျေးရွာ၊ မြို့နှင့်နီးသော မြေကွက်များအား ယခင်က 3 B Certificate လျှောက်ထားနိုင်ပါသည်။

(၂၀၁၂) လယ်ယာမြေဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ ယခု 3 A Certificate သာ လယ်ယာမြေနဲ့ ကင်းလွတ်ရင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးပါတယ်။ အဆောက်အဦး ဆောက်လို့ရပါတယ်။

3A လျှောက်ထားနိုင်သော မြေအမျိုးအစားမှာ B၊ ရွာမြေ၊ G-ဥယျာဉ်ခြံမြေနှင့် မြေပိုင်မြေ (R1,R2, R3) မြေတို့ဖြစ်ပါတယ်။ အိမ်ရာမြေအဖြစ် သတ်မှတ်ပေးခြင်းသာဖြစ်၍ မူလမြေပိုင်ရှင် အမည်အတိုင်း သာ 3B (သို့) 3A Certificate ထုတ်ပေးပြီး လယ်ယာမြေနှင့်လွတ်ကင်းတဲ့ မြေအမျိုးအစားများဟာ ဂရန်လျှောက်ထားလို့ရပါတယ်။

ရွာမြေနဲ့ နီးတဲ့ 3B (သို့) 3A မြေဖြစ်ရင်တော့ မြေတိုင်းတာရတာခက်လို့ ဂရန်ပေးစီမံချက်မရှိရင် ဂရန် လျှောက်ထားလို့ မလွယ်ပါဘူး။

 

 

[Zawgyi]


 






 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)