အိမ်ဆိုတာ ယုံကြည်မှု နွေးထွေးမှုတွေနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ သရုပ်ဆောင် ထူးမြတ် - Celebrity Interview on Property from iMyanmarHouse.com
2359 ကြိမ် ကြည့်ရှု့ပြီး

အိမ်ဆိုတာ ယုံကြည်မှု နွေးထွေးမှုတွေနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ သရုပ်ဆောင် ထူးမြတ်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ ပြုလုပ်သည့် သရုပ်ဆောင်သင်တန်း တွင် ပထမဆုရရှိမှုကနေ အနုပညာ လောကထဲ ၀င်ရောက်လာပြီး၊ ၂၀၁၀ ခုနှစ်တွင် မော်ဒယ်လုပ်ဆောင်နေရာ မှ သရုပ်ဆောင်ဘက်ကို ကူးပြောင်း လာပြီး၊ အိမ်ဆိုတာ ယုံကြည်မှုတွေနွေး ထွေးမှုတွေနဲ့ တည်ဆောက်ထားတယ် လို့ဆိုတဲ့ မော်ဒယ်သရုပ်ဆောင်ထူးမြတ် နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ် . . .


လတ်တလောအနုပညာလှုပ်ရှားမှုက ဦးကျော်သူရယ် ကိုမြင့်မြတ်တို့နဲ့ ကားကြီး ရိုက်နေတယ်။ မဂ္ဂဇင်းတွေ၊ြွှဠ ရိုက်နေ တယ်။ ကားကြီးနာမည်က ““ကျောမှာဂဠုန် ရင်မှာနဂါး”” ဆိုတဲ့ ကားပါ။ ဒါပါနဲ့ဆို သုံးကားမြောက်ရှိပါပြီ။ သရုပ်ဆောင်ဘက် ကူးတာ နှစ်နှစ်ခွဲလောက်ပဲ ရှိပါသေးတယ်။





အခုစိတ်ထဲမှာတော့ ဒီနှစ်ဆောင်း တွင်းကနေလို့ကောင်းတယ်။ အေးစိမ့်စိမ့် လေး၊ အအေးကြိုက်တဲ့သူမို့လားတော့မသိ ဘူး။ ကျွန်တော်က ဒီဇင်ဘာမှာ မွေးတာဆို တော့ အေးလေကောင်းလေပဲ၊ ဒဏ်ခံနိုင်တယ်။ ဇာတိကတော့ မန္တလေးကပါ မိဘ တွေကတော့ အခုမုံရွာမှာနေပါတယ်။ အနုပညာ အလုပ်တွေကြောင့် ရန်ကုန်မြို့ကို ရောက်နေတာ သုံးနှစ်လောက် တော့ရှိပြီ။ ရန်ကုန်မှာက ခြံဝင်းနဲ့စာရင် ကွန်ဒိုတိုက်ခန်း တွေကို ပိုကြိုက်တယ်။ ကားထားဖို့နေရာက အတော်ရှာရတယ်။ မရှိတာက များတယ်။ ခြံဝင်းကို သန့်ရှင်း ရေးလုပ်ဖို့လူလိုအုံးမယ်။ ကွန်ဒိုဈေးကတော့ အဆင်ပြေမယ်လို့ ယူဆပါတယ်။





ဧည့်ခန်း


ဧည့်ခန်းအကြောင်းပြောရမယ်ဆို သူငယ်ချင်းတွေပေးတဲ့ အမှတ်တရလက် ဆောင်ပစ်္စည်းတွေကို ထားတယ်။ အနု ပညာနဲ့ ပတ်သက်လို့ ပြိုင်ပွဲအမှတ်တရ ဓာတ်ပုံတွေ ရှိတယ်။ အပြင်အဆင်ပိုင်းနဲ့ ပတ်သက်လို့ကတော့ အိအိစက်စက်လေး တွေကြိုက်တယ်။ ဆိုဖာတွေကြတော့ မိဘတွေနဲ့က အကြိုက်ကွာဟတယ်။ သူတို့ က မာတာကိုကြိုက်တယ် ကျွန်းတွေ ကို အလှဆင်တာ ကြိုက်တယ်။ ကျွန်တော် ကတော့ မော်ဒန်ပုံစံကို ကြိုက်တယ်။ အရောင်ဆိုလည်း လွင်လွင်လေး၊ အကြိုက် ဆုံးက အပြာရောင်ပေါ့။ အခုရန်ကုန်မှာ ကွန်ဒို ၀ယ်ဖို့ကြည့်နေတယ်။ အဲဒီတော့ မှ ကိုယ့်စိတ်ကြိုက် ပြင်တော့မယ်။





ဘုရားခန်း


ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ပါ တယ်။ ဘုရားတော့ရှိခိုးတယ်။ တစိုက် မတ်မတ်တော့ သိပ်မလုပ်ဖြစ်ဘူး။ နေ့စဉ် တော့ ပဋ္ဌာန်းရွတ်ဖြစ်တယ်။ တစ်ပတ်တစ် ခါတော့ရွှေတိဂုံဘုရားသွားဖြစ်တယ်။ ဘယ် ဘာသာကို ကိုးကွယ်မှရယ်လို့ မရှိပါ ဘူး။ ယုံကြည်သက်ဝင်မှုက အရေးကြီးဆုံး လို့ ခံယူထားပါတယ်။





အိပ်ခန်း


အိပ်ခန်းက သိပ်ပြောစရာမရှိပါဘူး။ အိပ်စက်လို့ရမယ့်နေရာရယ်၊ွှဠ ကြည့်တယ်၊ အင်တာနက်သုံးတယ်။ လွတ်လွတ်လပ်လပ်နေချင် ရင် အိပ်ခန်းထဲသွားလိုက်တယ်။ ပင်ပန်းတဲ့ နေ့ဆို ပိုပြီးအသုံးဝင်တဲ့နေရာလေးပေါ့။


အိမ်ကို အဓိပ္ပာယ်ဖွင့်ရရင် နွေးထွေး တဲ့နေရာတစ်ခုပေါ့။ မိသားစုနဲ့ ယုံကြည်မှု ရှိရှိနေရတာလောက် စိတ်ချမ်းမြေ့တဲ့အရ သာက မရှိတော့ပါဘူး။ ၊









နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
အိမ်ဆိုတာ ယုံကြည်မှု နွေးထွေးမှုတွေနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ သရုပ်ဆောင် ထူးမြတ် - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာ ယုံကြည်မှု နွေးထွေးမှုတွေနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ သရုပ်ဆောင် ထူးမြတ် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)