“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
3850 ကြိမ် ကြည့်ရှု့ပြီး

“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို

Posted by ဖူးဖူး (iMyanmarHouse.com)

မေး။ စိတ်ကူးထဲက အိမ်ပုံစံလေးကို သိချင်ပါတယ်။

စိတ်ကူးထဲက ပုံစံလေးက အိမ်အကြီးကြီး မလိုချင်ဘူး။ အနေတော်လေး လုံးချင်းအိမ်လေးမှာ ကိုယ့်ခြံကိုယ့်ဝန်းလေးနဲ့ အပင်တွေလည်း စိုက်လို့ ရတဲ့ အနေအထားမျိုးလေးပေါ့။ ဒန်းလေးတွေနဲ့ အဲဒီလိုလေးတွေ ရရင်တော်ပါပြီ။

မေး။ အခုမိသားစုနဲ့ အိမ်လေးကိုရော ပြန်ပြင်ဖို့အတွက် စဉ်းစားထားတာရှိလား။

အခုကတော့ တိုက်ခန်းပဲ ဆိုတော့ စောစောကပြောသလိုပေါ့။ လုံးချင်းပုံစံလေးနေချင်တယ်။ မိသားစုကို အဲဒီလိုလေးထားချင်တယ်လို့ စဉ်းစားထားတယ်။

မေး။ ခြံလေးကိုကျယ်ကျယ်လေးဖြစ်စေချင်တာကရော ဘယ်လိုမျိုးကြောင့်လဲ။

ခြံကျယ်တဲ့ အခါကျတော့ အပြင်တွေဘာတွေ လမ်းလျှောက်ထွက်စရာမလိုတော့ဘူး။ အဖေ့အတွက်လည်းအန္တရာယ်ကင်းတာပေါ့။ အဖေက အခု ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့ အမြဲတမ်းလမ်းလျှောက်ထွက်ဖြစ်တယ်ဆိုတော့ သူ့အတွက်လည်း ခြံကျယ်ကျယ်လေးမှာ လမ်းလျှောက်ပေါ့။ ပြီးတော့လည်း အပင်လေးတွေ စိုက်ထားတယ်ဆိုတော့ ပျော်ပျော်ရွှင်ရွှင်လေးမိသားစုတွေ ဖြတ်သန်းလို့ ရမှာပေါ့။

မေး။ Decoration အပြင်အဆင်ပိုင်းအတွက်ကိုရော ဘယ်လိုပုံစံမျိုးကို စိတ်ကူးထားလဲ။

အရမ်းရှုပ်ရှုပ်ယှက်ယှက်ကြီးတွေတော့ မကြိုက်ဘူး။ ရှင်းရှင်းလေးတွေ ပါကေးပုံစံမျိုးလေးတွေကို သဘောကျတယ်။

မေး။ ရန်ကုန်မဟုတ်ဘဲ တခြားနေရာမှာ နေရမယ်ဆိုရင် ဘယ်ဒေသကို ရွေးချယ်ချင်လဲ။

ပြင်ဦးလွင်မှာ နေချင်တယ်။ ဇာတိမြေမှာလည်း နေချင်တယ်။ ဒါပေမယ့် ဇာတိမြေကျတော့ အရမ်းဝေးသွားပြီပေါ့။ ပြင်ဦးလွင်ဆိုရင်တော့ ရန်ကုန်ဆင်းပြီးတော့ အလုပ်လုပ်လို့ ရသေးတယ်။ အဲဒါကြောင့် အဲ့ဘက်မှာတော့ နေကြည့်ချင်သေးတယ်။ပြင်ဦးလွင်ဘက်မှာလိုမျိုး အိမ်အကြီးကြီးတွေနဲ့ တော့မနေချင်ဘူး။ အဲဒီလောက်ကြီးလည်း မကြီးချင်ဘူး။း အနေတော်လုံးချင်းအိမ်တစ်ထပ်လေးပဲလိုချင်တာ၊ နှစ်ထပ်ဆိုရင်တောင် တော်တော်ကျယ်သွားပြီပေါ့နော်။
တစ်ထပ်အိမ်တိုက်ပုလေးကို လှလှပပလေး ဆောက်ပြီးနေချင်တယ်။

မေး။ ရန်ကုန်မှာရော နေချင်တဲ့စိတ်ကူးရော ရှိလား။

ရန်ကုန်မှာနေချင်တဲ့ စိတ်ကူးတော့ရှိပါတယ်။ ရန်ကုန်မှာကျတော့ အလုပ်လုပ်လို့ ကောင်းတာပေါ့။ အလုပ်ကလည်း ရန်ကုန်မှာပဲဆိုတော့ ရန်ကုန်မှာနေရတာလည်း ပျော်ပါတယ်။ ရန်ကုန်မှာ အထပ်မြင့်ကြီးတွေနဲ့ နေရတာကိုတော့ သဘောမကျဘူး။ ဒါပေမယ့် မေမီ အခုနေနေတဲ့ တိုက်ခန်းကတော့ အထပ်မြင့်ပဲ ပေါ့။ လှေကားတော်တော်တက်ရတယ်။

မေး။ ကိုယ့်အခန်းလေးကိုရော ဘယ်လိုပုံစံမျိုး စိတ်ကြိုက်ပြင်ဆင်ဖြစ်မလဲ။

ညီမက ရှုပ်ရှုပ်ယှက်ယှက်ပုံစံမျိုးကို မကြိုက်ဘူး။ စိတ်ရှင်းနေတဲ့ ပုံစံမျိုးပေါ့။ ကိုယ့်အခန်းထဲမှာ ကုတင်လေးရှိမယ်။ အဝတ်ဗီဒိုလေးရှိမယ်၊ မှန်တင်ခုံလေးရှိမယ် အဲ့လောက်ဆိုရင် ပြည့်စုံနေပါပြီ။

မေး။ အိမ်ကို ဆေးရောင်ခြယ်မယ်ဆိုရင်ရော ဘယ်ကာလာလေးကို သုံးမလဲ။

ညီမတို့ မိသားစုက ဟိုးအရင်ကတည်း စိမ်းပြာရောင်လေး၊ အစိမ်းရောင် အနုလေး ၊ မိုးပြာရောင် မကျတကျအရောင်လေး အဲဒါလေးကို သဘောကျတယ်ဆိုတော့ အဲဒီလို ကာလာလေးကို ကြိုက်တယ်။

မေး။ အိမ်လေးနဲ့ ပတ်သက်ပြီး ကိုယ်အဓိပ္ပာယ်ဖွင့် ဆိုထားတာက။

အိမ်ဆိုတာက မိသားစုနဲ့ တူတယ်။ မိသားစုဆိုတာလည်း အိမ်နဲ့တူတယ်။ ဘာလို့လည်း ဆိုတော့ ခေါင်မိုးဆိုရင် မိဘနှစ်ပါးပေါ့။ ကိုယ့်အတွက် အမိုးအကာလေးပေါ့။ ပြီးတော့ အကာအရံဆိုလည်း ဟုတ်တယ်။ မိုးတွေ မပက်အောင် ၊ လေမုန်တိုင်းတွေ မထန်အောင် ကိုယ့်ရဲ့ မိသားစုလေးက ကိုယ့်ကို ကာကွယ်ပေးတဲ့ အိမ်တစ်လုံးလိုပါပဲ။

မေး။ မေမီကအိမ်မှာနေရတာကို အရမ်းကြိုက်တဲ့သူတစ်ယောက်လား။

ဟုတ်တယ်။ ညီမ ခရီးတွေဘာတွေ ထွက်ရင် အိမ်ကိုအရမ်းလွမ်းတယ်။ အိမ်ပြန်ချင်တယ်။ ကိုယ့်အိမ်က အငွေ့အသက်ကို ခရီးကပြန်လာတဲ့ အခါကျရင် အရမ်းသိသာတယ်။ အိမ်ထဲကို ဝင်လိုက်တာနဲ့ စိတ်ထဲမှာ အရမ်းပျော်တယ်။ အဲဒီလိုမျိုးတောင်ဖြစ်မိတယ်။မေမီက မိသားစုကိုလည်း အရမ်းချစ်လို့ပါ။

မေး။ ရှေ့ဆက်မယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်သေးလဲ။

၂၀၁၉ထဲမှုာဆိုရင် တတိယမြောက်ဆုံမှတ်ဆိုတဲ့ အက်ရှင်ကားလေးမှာ ဒုရဲအုပ်မေပန်းချီ နေရာကနေ ရဲမေကာရိုက်တာလေး နဲ့ အမြင်ဆန်းဆန်းလေးတွေ့ရဦးမှာ ပါ။ လိပ်ပြာနှောင်ကြိုးဆိုတဲ့ ဇာတ်လမ်းတွဲမှာဆိုရင်လည်း သရဲမလေးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ အမြင်ဆန်းဖို့ ပဲရှိပါတယ်။ နောက်ထပ် ကာရိုက်တာတွေကလည်း မထပ်အောင် အတတ်နိုင်ဆုံး ကြိုးစားတယ်။ ရလာတဲ့ ကာရိုက်တာတွေကလည်း တကယ်မထပ်ဘူး။ အရမ်းခက်ခဲတဲ့ ကာရိုက်တာတွေကို မေမီပိုင်ဆိုင်ထားရတယ်။ လွယ်လွယ်ကူကူမရဘူး။ ဘယ်အရာမဆို နှစ်ခါနှစ်ခါ ကြိုးစားရတယ်။ အဲဒီမှာမှ အဆင်ပြေတာရှိသလို အဆင်မပြေတာတွေလည်းရှိတယ် သူများအတွက် လွယ်ကူတာတွေက ကိုယ်ကအမြဲတမ်း နှစ်ခါလောက် ကြိုးစားရတာမျိုးရှိခဲ့တယ်။ ပရိသတ်တွေအားပေးဖို့ အတွက်လည်းမျှော်လင့်တယ်။ ကြိုးစားထားတယ်။ အားပေးမှုက ကိုယ့်ရဲ့ စန်းအပေါ်မှာ မူတည်သလို ကြိုးစားအားထုတ်မှု၊ ပရိသတ်အားပေးမှု အပေါ်မှာလည်း မူတည်နေတာပေါ့။

မေး။ အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။

အရမ်းကျေးဇူးတင်ပါတယ်။ မေမီ ပိုပိုပြီး ကြိုးစားပါ့မယ်။ လုံးဝမလျော့ပါဘူးလို့ အဲဒီအတွက် မေမီ ရှေ့ဆက်ရမယ့် အချိန်မှာလည်း ပရိသတ်အင်အားတွေ အများကြီး လိုပါတယ်။ အဲဒါကြောင့် မေမီကို ချစ်ပေးကြပါ။ အားပေးကြပါလို့ ပြောချင်ပါတယ်။



ဖူးဖူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com
“ အိမ်ဆိုတာက မိသားစုနဲ့ တူတယ်” ဆိုတဲ့ သရုပ်ဆောင် မေမီကိုကို - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)