“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com
2463 ကြိမ် ကြည့်ရှု့ပြီး

“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း

Posted by ဖူးဖူး (iMyanmarHouse.com)

မေး - မိသားစုနဲ့နေထိုင်နေတဲ့ အိမ်ပုံစံလေးကို ပြောပြပေးပါဦး။

အခုနေတဲ့ အိမ်ပုံစံလေးက တော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ နွေးနွေးထွေးထွေးလေး ၊ စုစုရုံးရုံးလေး ကိုယ့်ဆီက ဝန်ထမ်းတွေနဲ့ ရုံးနဲ့ အိမ်နဲ့ အလုပ်အတွက် လည်း အဆင်ပြေအောင် ပူးပေါင်းပြီးနေနေတဲ့ အခါကျတော့ စုစုစည်းစည်း ကြပ်ကြပ်သိပ်သိပ် နွေးနွေးထွေးထွေးပုံစံလေးပါ။

မေး- ဒီအိမ်ကို စဆောက်တုန်း က ထက်ထက်ထွန်းရဲ့ အိုင်ဒီယာလေးတွေရော ပါသေးလား။

မဟုတ်ဘူး။ ထက် က ကိုယ့်စိတ်ကူးထဲက အိမ်ကိုဆောက်ဖို့က အခုမှ Plan ချနေတုန်း ပါပဲ။ အခုနေတဲ့ အိမ်ကတော့ ကိုယ့်စိတ်တိုင်းကျ အိမ်မဟုတ်ပါဘူး။ စောနကပြောသလိုပဲလေ ရှိပြီးသား တိုက်ခန်း မြေညီထပ်လေးမှာပဲ အလုပ်အတွက် ရုံးခန်းလေးနဲ့ အိပ်ခန်းလေးနဲ့ အဲဒီလိုမျိုး တွဲထားတဲ့ အိမ်မျိုးပါပဲ။

မေး- ထက်ထက်ထွန်းရဲ့ စိတ်ကူးထဲက အိမ်လေးကရော ဘယ်လိုပုံစံလေးလဲ။

စိတ်ကူးထဲက အိမ်လေးကတော့ ကွန်ဒိုလေးပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် လုံးချင်းလေးပဲဖြစ်ဖြစ် သီးသီးသန့်သန့်လေးနဲ့ ကိုယ့်ဘာသာလေးကိုယ် မိန်းကလေးတွေဆိုတော့ အဝတ်လဲခန်းလေးက သပ်သပ် ၊ အဝတ်အစားခန်းလေး၊ ဘုရားခန်းလေး တင့်တင့်တယ်တယ်လေးနဲ့ ဘုရားခန်းကို အကြီးကြီးလုပ်ချင်တယ်။ အေးအေးချမ်းချမ်းလေးနဲ့ စိတ်ငြိမ်တဲ့ပုံစံမျိုးလေးဖြစ်ချင်တယ်။ ပြီးသွားရင် အဝတ်လဲခန်းတွေဘာတွေ စနစ်တကျ နဲ့ မိန်းကလေးတွေရဲ့ အိပ်မက်ထဲက အိမ်ပုံစံလေးပါပဲ။

မေး- အထပ်မြင့်နဲ့ လုံးချင်းမှာ ဘယ်လိုပုံစံကို နေရတာ သဘောကျလဲ။

တစ်ယောက်နဲ့ တစ်ယောက်ကတော့ ခံစားချက်ချင်းတူမှာမဟုတ်ဘူး။ အထပ်မြင့်မှာ နေတာကျတော့ အပြင်ရှုခင်းတွေကို ကြည့်ချင်တဲ့ အချိန်မျိုးကျရင် အရမ်းကို အဆင်ပြေတယ်။ ဒါပေမယ့် ထက်က တစ်ခု ရှိတာက အရမ်းကြောက်တတ်တော့ ဓာတ်လှေကား စီးရမှာ အရမ်းကြောက်တယ်။ ဓာတ်လှေကား စီးတိုင်း ဓာတ်လှေကားတိုင်း ဝင်တိုင်း ဘုရားစာက အော်တိုရွတ်ပြီးသားပဲ ဆိုတော့ ဓာတ်လှေကားစီးရမှာကြောက်တဲ့အတွက် ကွန်ဒိုအမြင့် တွေဆိုရင် မနေရဲဘူးပေါ့နော်။ ဒါက ငယ်ငယ်ကတည်းက အတွေးပေါ့။ အခုကတော့ ဓာတ်လှေကားတွေက ကောင်းလာတော့ မြန်တော့မြန်လာတယ်။ အခုစီးလိုက်ရင် အထပ် ၂၀ ကို ခဏ လေးနဲ့ တော့ ရောက်သွားတာပဲလေ။ ဒါပေမယ့် ကြောက်တဲ့ စိတ်နဲ့တော့နေရမှာကြောက်တယ်။

မေး- အိမ်ဒီဇိုင်လေးတွေရော အခုကတည်းက ကြိုစဉ်းစားထားတာမျိုးရှိလား။

ဖေ့ဘွတ်ခ်မှာပုံတွေ တက်လာတာ တွေ့ရင်တော့ ဒီလိုလေးဆောက်ချင်တယ်။ ဟိုလိုလေး ဆောက်ချင်တယ် အဲဒီလိုမျိုး ကြည့်တာပေါ့နော်။ ထက် တကယ်နေချင်တာဆိုရင်တော့ ခြံနဲ့ဝင်းနဲ့ အေးအေးချမ်းချမ်းလေး လုံးချင်းလေး ပြီးရင် အိမ်ထဲမှာမှ စမ်းချောင်းလေးတွေ စီးနေတာမျိုး၊ သဘာဝတောတောင် ပုံစံလေးတွေနဲ့ ပြီးရင် အကောင်လေးတွေ မွေးမယ်ပေါ့။ တွေးထားတဲ့ အထဲမှာတော့ တိရစ္ဆာန်လေးတွေ မွေးမယ့် နေရာလေးတွေလည်း ပါမယ်။ ပြီးရင် ဒီဘက်က ရေကူးကန်လေး ပါမယ်။ စမ်းချောင်းလေးပါမယ်။ အစုံပေါ့နော် အဲဒီလိုမျိုးလေးတွေတော့ တွေးထားတယ်။

မေး- Decoration အပိုင်းကိုရော ဘယ်လိုမျိုး ပြင်ဆင်ချင်လဲ။

ထက်ကတော့ ရှင်းရှင်းလင်းလင်း အေးချမ်းတဲ့ အရောင်လေးတွေ ရှင်းတဲ့ အရောင်လေးတွေ၊ ဘိုဆန်တဲ့ အရောင်လေးတွေတော့ သဘောကျတယ်။ Decoration မှာတော့ heavy ကြီးတွေ မကြိုက်တတ်ဘူး။

မေး- ငယ်ငယ်တုန်းက မိသားစုနဲ့ နေခဲ့ဖူးတဲ့ အိမ်လေးနဲ့ ပတ်သက်ပြီး အမှတ်တရ တစ်ခုခုရှိခဲ့ဖူးလား။

မိသားစုနဲ့ အိမ်က အခုထိရှိတယ်။ ထက်ကတော့ ဒီဘက်နဲ့ ဟိုဘက် ခွနေတာပေါ့နော်။ မိသားစုနဲ့ အိမ်ကျတော့လည်း တရုတ်တန်းမှာဆိုတော့ တိုက်ခန်းနဲ့ ပြီးတော့ တိုက်ခန်းထဲမှာ အခန်းတစ်ခန်းထဲမှာပဲ စည်းစည်းရုံးရုံးနေကြတဲ့ ပုံစံမျိုး၊ စုပြီးတော့ တန်းစီပြီးတော့ အိပ်ကြတဲ့ ပုံစံမျိုးပေါ့။ အမှတ်တရကတော့ မောင်နှမလေးယောက်က တန်းစီပြီး အိပ်နေရင်းချာလပတ်လည် နေတာပေါ့။ သူ့ခြေထောက်နဲ့ ကိုယ့်ခေါင်းနဲ့ ဖြစ်သွားလိုက်၊ ကိုယ့်ခြေထောက်နဲ့ သူ့ခေါင်းနဲ့ ဖြစ်သွားလိုက် အဲဒီလိုမျိုးလည်နေတာကတော့ အမှတ်တရလေးပါပဲ။

မေး- အိမ်လေးတစ်လုံး ပိုင်ဆိုင်ရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားရတဲ့ အပိုင်းလေးတွေရော ရှိခဲ့သေးလား။

ရှိပါတယ်။ စောနကပြောတဲ့ မိသားစုနဲ့ နေတဲ့ အိမ်လေးကနေ အခု အလုပ်နဲ့ တွဲထားတယ်ဆိုတဲ့ အိမ်လေးအတွက်ကို ကြိုးစားပြီးတော့အိမ်နဲ့ ရုံးခန်းနဲ့ ဂိုဒေါင်တွေ နဲ့ သပ်သပ်ခွဲပြီးတော့ အလုပ်လုပ်အတွက် လုပ်ရတာပေါ့။ အဲဒီအိမ်တွေ ဂိုဒေါင်တွေ ကကျတော့ ငှါးပြီး တော့ ထက်ကနေနေတာပေါ့။ အဲဒီမှာဆိုရင် တိုက်ခန်းလေး ခန်းကို ဆက်ပြီးတော့ ငှါးပြီးတော့ အခု အလုပ်လုပ်နေတာပေါ့။ အဲဒီကနေမှ တဆင့် ဝင်ငွေတွေ ရလာပြီဆိုရင်ကိုယ်ပိုင်လေးတစ်ခုဖြစ်ဖို့ ပိုက်ဆံတွေ စုစုပြီးတော့ အထပ်မြင့်တစ်ခု တစ်ခုမှာ ဝယ်ထားတယ်။ တိုက်ခန်းတစ်ခု ဝယ်ထားတယ်။ အဲဒါကလည်း ကိုယ့်ဘာသာကိုယ် အချိန်ကြာကြာ စုဆောင်းခြစ်ကုပ်ပြီးတော့ပဲ စုပြီး မိဘတွေဆီက ပိုက်ဆံမပါပဲ ဝယ်နိုင်ခဲ့တာပေါ့။ ဘဝမှာ ရုန်းကန်းခဲ့ရတဲ့အပိုင်းတွေ ပြောရမယ်ဆိုရင်တော့ ပြီးမှ မဟုတ်တော့ဘူးပေါ့။ အခု စဝယ်ထားတဲ့ အိမ်လေးကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အနုပညာရှင်ဖြစ်လို့ ဝယ်နိုင်တာမဟုတ်ဘူး။ ထက် အခုစီးပွားရေးလုပ်နေတော့ အဲဒီကနေ တဆင့် ပိုက်ဆံတွေစု၊ အနုပညာကြေးတွေနဲ့ စီးပွားရေး ထဲကို ထည့်ရင်းထည့်ရင်းနဲ့ စီးပွားရေး ကြီးလာတော့ စီးပွားရေးက ရတဲ့ ပိုက်ဆံနဲ့ အိမ်ဝယ်လာနိုင်တာပေါ့။ အနုပညာကြေးကတော့ အခုပါတီလာ ပါတီသွား၊ ရသလောက် ပြန်ကုန်နေတာချည်းပဲ များပါတယ်။ ထက်က နံပါတ် တစ် မင်းသား၊ မင်းသမီး လည်းမဟုတ်သေးဘူး အငယ်တွေ ပဲရှိသေးတယ်ဆိုတော့ အိမ်ဝယ်နိုင်လောက်တဲ့ အထိ မရှိဘူးပေါ့နော်။ အဲဒီအတွက် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ဖို့အတွက် လုပ်သင့်တဲ့ အလုပ်ကို လက်တွဲလုပ်ရမယ်လို့ စဉ်းစားပြီး စီးပွားရေး တစ်ခုကို ထူထောင်ပြီးတော့မှ အခုလို အိမ်တွေ ကားတွေကို မိဘအထောက်အပံ့မပါဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဝယ်နိုင်လာတာပါ။

မေး- အခု မိဘတွေကိုလည်း နေဖို့အတွက် အိမ်ဝယ်ပေးနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ပီတိကရော ။

အရမ်းဝမ်းသာတယ်။ အခု မောင်နှမလေးယောက်ရှိတယ်။ မောင်နှမလေးယောက်ထဲမှာ ကိုယ်က အနုပညာအလုပ်လည်း လုပ်ရင်းနဲ့ နိုင်ငံဂုဏ်ဆောင်တဲ့ Miss တစ်ယောက်အနေနဲ့လည်း မိဘကို ဂုဏ်တက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ အခု စီးပွားရေး လုပ်တော့လည်း မိဘတွေကတော့ စိတ်ပူတာပေါ့။ ဖြစ်ပါ့မလားဆိုတဲ့ စိတ်ပူမှုတွေ ကြားထဲကနေမှ သက်သေပြလိုက်ပြီး အောင်မြင်တဲ့ စီးပွားရေး တစ်ခုကိုတည်ထောင်ထားတဲ့ သူတစ်ယောက်အဖြစ်နဲ့ မိဘတွေကို ဂုဏ်ယူစေနိုင်ခဲ့တယ်။ အဲဒီကနေမှတဆင့် ကိုယ်က မောင်နှမ လေးယောက်ထဲမှာမှ စီးပွားရေးအဆင်ပြေနေတော့ မိဘရဲ့ စားဝတ်နေရေး၊ မိသားစုတစ်စုလုံးရဲ့ စားဝတ်နေရေး ၊ အနာဂတ်အားလုံးက ကိုယ့်ရဲ့ ဦးဆောင်မှု၊ ပံ့ပိုးမှု အောက်မှာ ရောက်နေတဲ့ အခါမှာ အရမ်းကို ဝမ်းသာတယ်။ ပီတိဖြစ်တယ်။ ကျေးဇူးဆပ်နိုင်တယ်လို့လည်း ယုံကြည်တယ်။ တစ်ခုခု သွားတယ်ဆိုရင်လည်း ကိုယ့်မိဘကို မျက်နှာမငယ်စေရဘူးဆိုတဲ့ စိတ်မျိုးနဲ့ လုပ်တော့  ကိုယ့်ကိုကိုယ် လည်း ယုံကြည်မှုတွေ တိုးလာသလို အဲဒီယုံကြည်စိတ်ကြောင့်လည်းဆက်ပြီးတော့ ကြိုးစားချင်စိတ်တွေ အများကြီးတိုးလာပါတယ်။

မေး- အခုဝယ်ထားတဲ့ အိမ်လေးကိုရော အခန်းလေးတွေ ဘယ်လိုဖွဲ့မယ်လို့ စဉ်းစားထားသေးလဲ။

စဉ်းစားထားတာတော့ရှိတယ်။ အခုကကတော့ စိတ်ကူးထားတဲ့ အိမ်လောက် အကြီးကြီး မဝယ်နိုင်သေးဘူး ဆိုပေမယ့်လည်း တိုက်ခန်းလေး ဝယ်ထားတဲ့ အခါကျတော့ တိုက်ခန်းလေးကို သေချာ Decoration လုပ်မယ်လို့ စဉ်းစားထားတယ်။ စောနကပြောတဲ့ ဘိုဆန်ဆန် လေးတွေ စဉ်းစားထားတယ်။ ဒီဇိုင်နာတွေ အပ်ပြီးတော့ သေချာလေး လုပ်မယ်လို့ စဉ်းစားထားတော့ အဲဒီအတွက် ပိုက်ဆံစုနေတယ်။ ဖြည်းဖြည်းချင်းချင်းနဲ့ ကိုယ်လိုချင်တဲ့ ပုံစံလေး ထွက်သွားအောင် လုပ်သွားမှာပါ။

မေး- ရန်ကုန်မဟုတ်ရင် ဘယ်နေရာဒေသမှာ နေချင်မိလဲ။

အဲဒါလည်း အရမ်းတွေးတယ်။ အရင်တုန်းက ရွာငံဘက်လေးမှာလည်း သွားလည်ရင်းနဲ့ သဘောကျမိတယ်။ အဲဒီဘက်လေးက သဘာဝလေးတွေက အရမ်းလှတော့ ရွာငံဘက်မှာ နေချင်တယ်လို့ တွေးတယ်။ ပြီးရင် သံတောင် ဘက်မှာ နေချင်တယ်လို့ တွေးမိတယ်။

မေး- အိမ်ဆိုတဲ့ စကားလုံးတစ်လုံးနဲ့ ဖော်ကျူးမယ်ဆိုရင်ဘယ်လိုဖော်ကျူးချင်လဲ။

အိမ်ကို အိမ်လို့ ပြောလိုက်တာနဲ့ လူတိုင်းရဲ့ ရင်ထဲမှာ အလိုလို အဓိပ္ပာယ်တွေ ပေါ်လာမယ်လို့ ထင်တယ်။ ဒီထက်ပိုပြီးတော့ လေးနက်တဲ့ စကားလုံး ဆိုရင်တော့ နွေးထွေးမှုလို့ ပြောမလား၊ နွေးထွေးမှု တစ်ခု တည်းလည်း မဟုတ်ဘူး ကိုယ့်ကိုကိုယ် ပိုင်တဲ့ နေရာတစ်ခုပေါ့။ အဓိပ္ပာယ်ဖွင့်ရင်တော့ အများကြီး ပဲ ပေါ့။ တစ်လုံးတည်း ပြောလိုက်ရင် အိမ်ကို အိမ်လို့ ပြောလိုက်တာ အကောင်းဆုံးပဲ ။ အိမ်ဆိုရင်ကို အလိုလို Heart ထိတယ်။

မေး- အနုပညာရှင်တွေ ကတော့ အိမ်က သူတို့ရဲ့ Relax နေရာတစ်ခုပေါ့။ ဘယ်နေရာဖြစ်ဖြစ် အိမ်မှာနေရတာလောက် အဆင်မပြေဘူးလို့ ပြောကြတယ်။ ထက်ထက်အတွက်ကရော ။

ဟုတ်တယ်။ ကိုယ်နေနေကျ ငယ်ဘဝတုန်းက အိမ်ကိုရောက်ရင် ပိုဖြစ်တယ်။ အိမ်ဆိုတဲ့ အရာက အရမ်းကြီး ကောင်းနေမှ မဟုတ်ဘူး ကွန်ဒိုတွေ ခြံဝင်းနဲ့ ဖြစ်နေမှမဟုတ်ဘူး ။ ဆယ်ပေ ပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ။ ဘယ်လိုကြီးမားတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ရှိတာက တစ်ပိုင်း၊ ကိုယ့်အိမ်ကိုတော့ လူတိုင်းက တန်ဖိုးထားကြတာပဲလေ။ အိမ်ရောက်လို့ရှိရင် အပန်းပြေတယ်။ လွတ်လပ်တယ်။ ကိုယ့်ကိုကိုယ် ပိုင်တယ်လို့ ကိုယ်ပြန်ခံစားရတယ်။ ထက်လည်းအိမ်ရောက်ရင် အဲ့လိုခံစားရတယ် ။ ကိုယ်ကလည်း လွတ်လပ်စွာ နေတတ်တဲ့ အခါကျတော့ အိမ်ရောက်ရင် လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတယ်။

မေး- အခုဝယ်ထားတဲ့ အိမ်လေးမှာရော ထက်နေမယ့် အခန်းလေးကို ဘယ်လိုပြင်ဆင်မယ်လို့ စဉ်းစားထားသေးလဲ။

ထက်က အခုဆိုလည်း အိမ်ကို ညအိပ်တဲ့ အချိန်လောက်ပဲ ပြန်ဖြစ်တာများတော့ အခန်းကိုဆေးသုတ်တာက အစ အိပ်စက်လို့ ကောင်းမယ့် အရောင်လေးတွေ၊ relax ဖြစ်စေမယ့် အရောင်မှိုင်းမှိုင်းမျိုးကို ထက်ထက် ရွေးသုတ်တယ်။ ခဲရောင်လေးကို ထက်အခုလက်ရှိ သုတ်ထားတယ်။ ရှင်းရှင်းလင်းလင်းလေးနဲ့ စာဖတ်လို့ ကောင်းမယ့် အရောင်မျိုးလေးတွေ၊ မီးလေးတွေ အဲဒီလိုမျိုးလေး ပုံစံမျိုးလေး ပြင်ဆင်မယ်လို့တော့ ထက်က စဉ်းစားထားတယ်။ ပစ္စည်းတွေက တော့ ထက်က အရမ်းမကြိုက်ဘူး။ ပန်းချီကားလေးတွေ အခန်းထဲမှာ ထည့်တာမကြိုက်ဘူး.။ အရုပ်တွေလည်း မကြိုက်ဘူး ဆိုတော့ ရှင်းရှင်းလင်းလင်းလေးပဲ မိန်းမ ဆန်ဆန်လေး တည်တည်ငြိမ်ငြိမ် အရောင်လေးတွေနဲ့ ရှင်းရှင်းလေး မှန်တင်ခုံလေးရှိရင်ရှိမယ်။ ဘီဒိုလေး၊ စာဖတ် စားပွဲလေးနဲ့ တီဗီလေးနဲ့ အဲဒီလိုမျိုးလေး စဉ်းစားထားတယ်။

မေး - အားပေးတဲ့ ပရိသတ်တွေကိုရော ဒီကနေတဆင့် ဘာများပြောချင်သေးလဲ။

ထက်ကို အားပေးတဲ့ ပရိသတ်တွေကိုတော့ ထက်အမြဲတမ်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်၊ ချစ်ပါတယ်ဆိုတဲ့ စကားထက် အသက်လည်း ကြီးလာတော့ ချစ်ခြင်းဆိုတာထက် မေတ္တာကို ပိုပြီးတော့ နားလည်လာတယ်။ အဲ့လို အေးချမ်းတဲ့ မေတ္တာမျိုးတွေနဲ့ ပရိသတ်ကို ကိုယ်ဝါသနာပါတဲ့ အလုပ်တွေ လုပ်နေရင်းနဲ့ ပေးဆပ်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်။


ဖူးဖူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com
“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com
“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com
“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com
“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com
“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com
“ ဆယ်ပေပတ်လည် အခန်းလေးပဲဖြစ်ဖြစ်၊ ကြမ်းလေး နှစ်ချောင်းကြားမှာ နေရတဲ့ အိမ်လေးပဲဖြစ်ဖြစ် ကိုယ့်အိမ်က ကိုယ့်ရဲ့ လောကနိဗ္ဗာန်ပဲ” ဆိုတဲ့ မော်ဒယ်ထက်ထက်ထွန်း - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)