အိမ်ခြံမြေလုပ်ငန်းကို စိတ်ဝင်စားတဲ့ ထွန်းပုလဲရတနာ - Celebrity Interview on Property from iMyanmarHouse.com
1909 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေလုပ်ငန်းကို စိတ်ဝင်စားတဲ့ ထွန်းပုလဲရတနာ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပသော Mister and Miss ရွေးချယ်ပြိုင်ပွဲတွင် ငျြဆုကို ရရှိခဲ့ပြီး ၀ါသနာပါသည့် အလုပ်နှစ်ခုကို တစ်ပြိုင်နက်လုပ်နိုင်သည့် ၀ါရင့်အနုပညာရှင်တွေကိုအားကျပြီး မိမိအနေဖြင့် ကြိုးစားသွားမယ်ဆိုတဲ့ မော်ဒယ် ထွန်းပုလဲရတနာနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။





အနုပညာသက်တမ်းကတော့ သိပ်မရှိသေးပါဘူး။ ဒါပေမဲ့ အခုလက်ရှိက Miss Myanmar Yangon 2015 ဆုရရှိထား ပါတယ်။ ညီမက ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ၊ ဒုတိယနှစ်ပါ။ ကျောင်း ပိတ်ထားတုန်း အနုပညာအလုပ်တွေကို လုပ်တာပါ။ ကိုယ့်ရှေ့က အစ်ကိုအစ်မတွေလို အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ် ချင်ပါတယ်။ သီချင်းဆိုတာကို ပိုပြီးဝါသနာပါပါတယ်။ အခြား စီးပွားရေးတစ်ခုအနေနဲ့ဆိုရင်တော့ အိမ်ခြံမြေကို စိတ်ဝင်စားပါ တယ်။ လူတိုင်းနဲ့လည်း ဆိုင်တယ်လို့ ထင်ပါတယ်။ စားဝတ်နေရေးဆိုတာ အရေးကြီးတဲ့အရာတွေဆိုတော့ နောက်ပြီး စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်တဲ့ အိမ်ခြံမြေကဏ္ဍတိုးတက်တာဟာ နိုင်ငံစီးပွားတိုးသလိုပါပဲ ညီမကနေထိုင်မှုကိုလည်း အလေးထားပါတယ်။





ဧည့်ခန်း


ညီမက အေးအေးနေထိုင်ရတာကို ကြိုက်တယ်။ အလုပ်နဲ့ ပတ်သက်ပြီးလည်း တာဝန်ကျေအောင်လုပ်တယ်။ အပြင်ကို အလုပ်မရှိဘဲသွားရတဲ့ကိစ်္စမျိုးတွေကို သိပ်မကြိုက်ဘူး၊ ချုပ်ချယ် မှုတွေကို သိပ်သဘောမကျဘူး။ သင်္ဃန်းကျွန်းမှာရှိတဲ့ ကွန်ဒို မှာနေတယ်။ ဧည့်ခန်းလေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ ဧည့်ခန်းဆိုတာက မိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ်၊ အရေးကြီးကိစ်္စတွေ၊ ရင်းနှီးမှုအရ ဆက်ဆံရတဲ့အပိုင်း ဖြစ်တဲ့အတွက် မြင်လိုက်ရင်ကို စိတ်ကြည်လင်တဲ့ ခံစားမှုဖြစ် အောင် ပြင်ဆင်ထားပါတယ်။ ဆိုဖာဆက်တီရှိတယ်။ ဓာတ်ပုံ တွေကို ချိတ်ထားပါတယ်။





ဘုရားခန်း


မိဘက ဗုဒ္ဓဘာသာမို့လို့ ကိုးကွယ်တာမျိုးမဟုတ်ဘဲ တကယ့် ကို ကြည်ညိုလေးစားလို့ ကိုးကွယ်တဲ့သဘောပါ။ ဘုရားကို မနက်တိုင်းသောက်တော်ရေ၊ ပန်း၊ ဆီမီးနဲ့ ပူဇော်တယ်ဘုရားခန်း ထဲမှာတော့ အမြင်ရှုပ်စေမယ့် အရာတွေ မထားဘူး၊ အေးချမ်းမှုကို ဖော်ဆောင်နိုင်အောင်လို့ ဘုရားတစ်ခုတည်းကိုပဲ ကိုးကွယ်ပါ တယ်။ နတ် မကိုးကွယ်ပါဘူး။





အိပ်ခန်း


ကိုယ့်အခန်းဖြစ်တဲ့အတွက်တော့ စိတ်ကြိုက်ပြင်ထားပါ တယ်။ မေမေလုပ်ပြီးသားအပေါ် ကိုယ်ကြိုက်မယ်ထင်တာလေး တွေ ပြန်လုပ်ထားတာပါ။ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်တော့၊ ခုတင်ကို အလှဆင်တယ်။ ပြီးတော့ အရုပ်ကြိုက်တယ်၊ နောက် တစ်ခုက အရေးကြီးတယ်။ စာကြည့်စားပွဲက မဖြစ်မနေလိုတယ်။ စာအုပ်တွေကို သိမ်းဆည်းဖို့ ဗီရိုတစ်လုံးလည်း ရှိပါတယ်။ အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြိုက်နှစ်သက် ဆုံးဖြစ်တဲ့ မှန်တင်ခုံကိုလည်း သေချာပြင်ဆင်ထားပါတယ်။ အကြိုက်ဆုံးအခန်းလို့လည်း ပြောလို့ရပါတယ်။






နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
အိမ်ခြံမြေလုပ်ငန်းကို စိတ်ဝင်စားတဲ့ ထွန်းပုလဲရတနာ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)