မိမိနေထိုင်မှုကအနုစိတ်ဆန်တယ်လို့ပြောတဲ့ Miss မန္တလာမြင့်ဆုရ မေသုခသော် - Celebrity Interview on Property from iMyanmarHouse.com
1808 ကြိမ် ကြည့်ရှု့ပြီး

မိမိနေထိုင်မှုကအနုစိတ်ဆန်တယ်လို့ပြောတဲ့ Miss မန္တလာမြင့်ဆုရ မေသုခသော်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အနုပညာလောကတွင်အသစ်အသစ်သော အနုပည်ာရှင်ကြယ်ပွင့်များထွက်ပေါ်လျက်ရှိသည်။ ယင်းကမှမြန်မာပြည်၏ အထွဋ်အမြတ်ထားရာ တန်ဆောင်တိုင်မီးထွန်းပွဲတွ Miss မန္တလာမြင့်ဆုကိုရရှိခဲ့ပြီး အနုပညာနဲ့ပတ်သက်ရင်ဘယ်လိုအလုပ်မျိုးကိုမဆိုလုပ်နေရရင် ကျေနပ်ပါတယ်လို့ပြောလာသည့်မေသုခသော်နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။





အနုပညာလောကထဲ ၀င်ရောက်လာပုံ


အနုပညာကိုငယ်ငယ်တည်းက စိတ်ဝင်စားတာပါ။ အခုဒီလောကထဲကို ၀င်ဖို့အတွက် ဆရာဂျွန်ဆီမှာသင်တန်းတက်တယ်။ ပြီးတေှာ့သတ တွေလျှောက်တယ်။ အလှဓာတ်ပုံတွေ၊ ကြော်ငြာတွေ ရိုက်ဖြစ်ပါတယ်။ သီချင်းဆိုတာကိုပိုပြီး ၀ါသနာပါတယ်။ သရုပ်ဆောင်လုပ်ရတာထက်စာရင် သီချင်းဆိုတာကို ပိုပြီးဝါသနာပါတယ်။ နောက်နှစ်နှစ်လောက်ဆိုရင်သီချင်းခွေထွက်နိုင်အောင်ကြိုးစားနေပါတယ်။





ဧည့်ခန်း


ညီမလေးရဲ့ နေထိုင်မှုကအဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့နည်းနည်းအနုစိတ်ဆန်မလားတော့မသိဘူး။ အိမ်ကို ၀င်လိုက်ပြီဆိုတာနဲ့ အပြင်ကပင်ပန်းလာမှုတွေကိုပြေပျောက်အောင်တော့နည်းနည်းပြင်ဆင်ထားတယ်။ ညီမကမှန်တွေနဲ့အလှဆင်ထားတာကိုကြိုက်တယ်။ နောက်ပြီး ကျွန်းတွေနဲ့လုပ်ထားတဲ့ ပန်းပုရုပ်တွေ၊ ဆက်တီခုံတွေကိုကြိုက်လို့ ဧည့်ခန်းမှာထားထားတယ်။ ဇာတိက ဧရာဝတီတိုင်းကလာတာဆိုတော့ ခြံဝန်းနဲ့ မြေစိုက်အိမ်ကလေးကိုပိုကြိုက်တယ်။ ဒီမှာကတိုက်ခန်းနဲ့ဆိုပေမယ့်ကိုယ်ချစ်တဲ့အနုပညာကိုလုပ်နေရတဲ့အတွက်အဆင်ပြေပါတယ်။





ဘုရားခန်း


ဘုရားခန်းကိုအပေါ်ထပ်ထပ်ခိုးလေးမှာထားပါတယ်။ မနက်အိပ်ယာနိုးလို့ကိုယ်လက်သန့်စင်ပြီးတာနဲ့ဘုရားခန်းကို သန့်ရှင်းရေးလုပ်ပြီး ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပါတယ်။ ဘုရားခန်းကိုနည်းနည်းကျယ်ကျယ်ထားတယ်။ နတ်ကိုးကွယ်မှုတွေ ရှိပေမယ့် ဘုရားရှိခိုးပြီးမှ လုပ်စရာရှိတာ လုပ်တဲ့အတွက်တစ်နေကုန်စိတ်ကြည်လင်ပြီး ယုံကြည်မှုလည်း ရှိသလိုခံစားရတယ်။ သူများတွေကိုယ့်အပေါ် ဘယ်လိုပဲစိတ်ထားထား ကိုယ်ကမေတ္တာနဲ့ပဲတုန့်ပြန်နိုင်တဲ့အင်အားတွေရသလိုခံစားရတယ်။





အိပ်ခန်း


ညီမကပန်းရောင်ကိုအရမ်းနှစ်သက်တယ်။ ပန်းရောင်လေးဆိုဘာပစ္စည်းမဆိုကြိုက်တယ်။ အိပ်ခန်းထဲမှာ အရုပ်တွေ အများကြီးထားတာမကြိုက်ဘူး။ ဒါပေမဲ့ ၀က်ဝံရုပ်တစ်ရုပ်တော့ ရှိတယ်။ စာကြည့်စားပွဲကညီမလိုအပ်တဲ့ပစ္စည်းပါပဲ။ အိပ်ယာခင်းတွေ၊ ခေါင်းအုံးတွေနဲ့တစ်ခန်းလုံးကိုပန်းရောင်တွေပဲလုပ်ထားဖြစ်တယ်။ ကိုယ့်ရဲ့တစ်ဦးတည်းပိုင်အခန်းဖြစ်လို့အရမ်း ကြိုက်တယ်။





စိတ်ကူးအိပ်မက်ထဲကအိမ်အကြောင်း


စိတ်ကူးအိပ်မက်ဆိုရင်တော့ငယ်ငယ်တည်းကစိတ်ကူး ထားတဲ့အိမ်ကလေးကကမ်းခြေတစ်ခုရဲ့အလယ်ကျွန်းလေးမှာသစ်သားနဲ့လုပ်ထားတဲ့အိမ်လေးမှာ ဘေးပတ်ဝန်းကျင်အားလုံးက ရေပြာပြာလေးတွေ၊ ရေသတ္တ၀ါလေးတွေမွေးပြီးနေချင်တယ်။ သစ်ပင်တွေအများကြီးမဟုတ်ဘဲစိမ်းစိုနေတဲ့မြက်ခင်းလေးရယ်၊ ထပ်ခိုးပါတဲ့အိမ်လေးရယ်ဆိုပြီးတော့စိတ်ကူးကြည့်မိဖူးတယ်။


ပရိသတ်ကြီးလည်း ကိုယ်ချစ်တဲ့မိသားစုနဲ့အတူတကွနေထိုင်ပြီး ကျန်းမာချမ်းသာတဲ့ဘ၀လေးနဲ့ လှပတဲ့အိမ်လေး တစ်လုံးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။









နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
မိမိနေထိုင်မှုကအနုစိတ်ဆန်တယ်လို့ပြောတဲ့ Miss မန္တလာမြင့်ဆုရ မေသုခသော် - Celebrity Interview on Property from iMyanmarHouse.com
မိမိနေထိုင်မှုကအနုစိတ်ဆန်တယ်လို့ပြောတဲ့ Miss မန္တလာမြင့်ဆုရ မေသုခသော် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)