အနုပညာအလုပ်တွေအပြင်အိမ်ခြံမြေကို စိတ်ဝင်စားတဲ့ Wai လျံ - Celebrity Interview on Property from iMyanmarHouse.com
1559 ကြိမ် ကြည့်ရှု့ပြီး

အနုပညာအလုပ်တွေအပြင်အိမ်ခြံမြေကို စိတ်ဝင်စားတဲ့ Wai လျံ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

ဆယ်ကျော်သက်နှုတ်ခမ်းနီမလေး တွေရဲ့အသည်းစွဲလူအများရဲ့ ချစ်ခင်မြတ်နိုးမှုကို အသက်ငယ်ငယ်နဲ့ရထားတဲ့ သရုပ် ဆောင်၊ အဆိုတော်အနုပညာ အလုပ်တွေအပြင် အိမ်ခြံမြေနဲ့ပတ်သက်လာရင် ရောင်းဝယ်ငှားအပြင် Construction ပါလုပ်ချင်တယ်ဆိုတဲ့ ၀ီလျံနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။





မောင်လေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု အကြောင်း လေးပြောပြပေးပါအုံး။


ရေဘေးရန်ပုံငွေပွဲ အတွက်အနုပညာရှင်လေးသင်း ပတ်လည်ဘောလုံးကန်တယ်။ Music အသင်းအနေနဲ့ပါတယ်။ ဒါပေမဲ့ ရှုံးသွားတယ်။ ကြိုးစားခဲ့ပါတယ်။ အမြဲလေ့ကျင့်နေတဲ့သူ မဟုတ်တော့ပေါ့နော်။ နယ်ရှိုးတွေမှာ လိုက်ဆိုဖြစ်တယ်။ အခုလတ်တလောမှာတော့ ရုပ်ရှင်ကားတစ်ကား ရိုက်နေတယ်။ နာမည်က ““ရိုက်လိုက်ပါအုံး”” သင်္ကြန်ကားလေးပါ။





အနုပညာအလုပ်မဟုတ်ဘဲနောက်ထပ်မောင်လေး စိတ်ဝင် စားတဲ့အလုပ်ရှိရင်ပရိသတ်ကြီးကိုပြောပြပေးပါအုံး။


အနုပညာအလုပ်ကတော့ကိုယ်ဝါသနာ အပါဆုံးနဲ့ ရွေးချယ်ထားတဲ့အလုပ်မို့လို့ ဇောက်ချလုပ်သွားဖို့တော့ရှိတယ်။ အခြား စိတ်ဝင်စားတာက အိမ်ခြံမြေကို ၀ယ်ရောင်းလုပ်တာရယ် Construction ဆောက်လုပ်တဲ့အပိုင်းကိုလည်း အတော်ကိုစိတ် ၀င်စားပါတယ်။





လက်ရှိနေထိုင်မှုအိမ်ပုံစံကိုရောသဘောကျနှစ်သက်ရဲ့လား။


လက်ရှိနေထိုင် နေရတဲ့နေထိုင်မှုကိုသဘောကျတယ်။ ပြီးတော့မိသားစုတွေ ပျော်ရွှင်နေရတာလည်းကြိုက်တယ်။ ခြံနည်းနည်းကျယ်ကျယ်ထဲမှာ တစ်ထပ်ခွဲတိုက်လေးရယ်၊ ကျွန်တော်အရမ်းချစ်တဲ့ခွေးလေး ၁၀ ကောင်ရယ်၊ ခွေးမွေးရတာလည်း ၀ါသနာပါတယ်လေ။ ခြံအကျယ်ကြီးတိုက်အကြီးကြီးတွေတော့မကြိုက်ဘူး။ ဘိုဆန်ဆန်လေးကြိုက်တယ်။ Master Bed Room နှစ်ခန်း၊ Singal သုံးခန်းလောက်နဲ့ မကြီးမကျယ်အိမ်လေးကိုပဲကြိုက်တယ်။ ကျွန်တော်အိပ်ခန်း ကိုတော့ပိုသဘောကျနှစ်သက်တယ်။





အိပ်ခန်းလေးကိုဘာကြောင့်ပိုသဘောကျတာလဲရှင့်


ကျွန်တော်အိပ်ခန်းက အများဆုံးနေဖြစ်တဲ့နေရာ လို့လည်း ပြောလို့ရတယ်။ အလုပ်လုပ်တဲ့အခန်းလည်းဖြစ်တယ်။ Studio လည်း တွဲထားတယ်။ အရမ်းသဘောကျတယ်။ စိတ်ကူးထဲကအိမ်ကတော့ လုံးဝအမိုက်စားဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကလည်း အမိုက်စားလို့ဖြစ်နေမှာ အခုလောက်ကိုပဲသဘောကျနှစ်သက်နေပါပြီ။





အိမ်ဆိုတာကိုရောဘယ်လိုအဓိပ္ပာယ်သတ်မှတ်လဲ။


ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ အိမ်ကိုပိုပြီး အဓိပ္ပာယ်ရှိတယ်လို့တွေးကြပါတယ်။ အိမ်ဆိုတာအနွေးထွေးဆုံးနဲ့ အလုံခြုံဆုံးမိသားစုတွေ ပျော်ရွှင်စရာ ဗိမာန်လေးတစ်ခုလို့သတ်မှတ်တယ်။





ရှေ့ဆက်အနုပညာခရီးလမ်းလေးနဲ့ပတ်သက်ပြီး ပြောပြပေးပါရှင့်။


ဟုတ်ကဲ့ကျွန်တော် ရုပ်ရှင်ကားတွေလည်းရိုက်ထားပါ တယ်။ ကျွန်တော်တစ်ကိုယ်တော်ခွေဖြစ်တဲ့အချစ်ကလက်ပစ်ဗုံး အခွေထွက်ဖို့ကြိုးစားနေတယ်။ ပရိသတ်ကြီးက ဝေဖန် အကြံပြုပေးပါလို့ပြီးတော့ သရုပ်ဆောင်နဲ့ ဂီတလမ်းခရီးဆိုရင် ဂီတကိုပိုပြီး လုပ်ဆောင်သွားမှာပါ။ အခွင့်ရေးရရမရရလျှောက်လမ်းသွား မယ့်လမ်းတစ်လမ်းပါ။






နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
အနုပညာအလုပ်တွေအပြင်အိမ်ခြံမြေကို စိတ်ဝင်စားတဲ့ Wai လျံ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)