ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ နေထိုင်ပါစေ အကောင်းဆုံးပြုမူ နေထိုင်တာ အကောင်းဆုံးဆိုတဲ့ အစ္စဏီ - Celebrity Interview on Property from iMyanmarHouse.com
1538 ကြိမ် ကြည့်ရှု့ပြီး

ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ နေထိုင်ပါစေ အကောင်းဆုံးပြုမူ နေထိုင်တာ အကောင်းဆုံးဆိုတဲ့ အစ္စဏီ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အနုပညာသက်တမ်း ၁၀ နှစ်ရှိပြီဖြစ်တဲ့ ပရိသတ်တွေရဲ့ သံစဉ်အေးအေးလေးတွေနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ လူငယ်အဆိုတော် အစ္စဏီက သူရဲ့ နေထိုင်မှုပုံစံက ရိုးရှင်းပါတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက် ကိုယ်က အကောင်းဆုံး ပြုမှုနေထိုင်ဖို့က အရေးကြီးပါတယ်ဆိုပြီး၊ ပြောလာတဲ့ အပေါ် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။



အစ်ကိုလက်ရှိအနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါအုံး။

ပွင့်လင်းရာသီအမီ Singal အခွေထွက်ဖို့တော့ ရှိတယ်။ ကိုယ်တိုင်ရေးထားတာက တစ်ဝက်လောက်ရှိတယ်၊ အကောင်း ဆုံးတွေကိုပဲ ချပြသွားမှာပါ။ ဒီအခွေကို လုပ်နေတာ လေးလ လောက်ပဲရှိပါသေးတယ်။ အခွေ Title နာမည်လေးကိုတော့ ဘချလာလို အစမ်းအနေနဲ့ ခဏပေးထားတယ်။ တစ်ခွေလုံးပြီးရင်တော့ ပြောင်းပစ်မလားတော့ မပြောတတ်သေးဘူး။



ဒီအခွေလေးက သီချင်းဘယ်နှစ်ပုဒ်လောက်ပါမလဲ။

သီချင်းက ၁၀ ပုဒ်လောက်တော့ပါမယ်။ အခြားတေးရေး တွေလည်း ပါပါတယ်။ ၂၀၀၆ တုန်း ဒဂုံတက်္ကသိုလ်ကျောင်းတွေ မှာ ပေါက်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဆိုရင် ပရိသတ်ကြားထဲမှာ ဆိုခဲ့တဲ့အတိုင်း ရင်ထဲကဆိုဖြစ်သွားတာရှိတယ်။ အဲတုန်းထဲက ဆိုဖို့ သီချင်းနှစ်ပုဒ်ရှိခဲ့တယ်။ ပထမတော့ Facebook ပေါ်မှာ ရောင်း မလို့ပဲ။ ဒါပေမဲ့ အခု Sigal အခွေထဲမှာ ထည့်ထားတယ်။



အစ်ကိုရဲ့ နေထိုင်မှုပုံစံအပိုင်းလေးကိုလည်း သိချင်ပါတယ်ရှင့်။

ကျွန်တော်ရဲ့ နေထိုင်မှုပုံစံက ရိုးရှင်းစွာနေထိုင်တယ်။ အတတ်နိုင်ဆုံး စိတ်နှလုံးဖြူစင်စွာနေတယ်။ အခုလို သဘာဝဘေး တွေနဲ့ ကြုံတွေ့ရတော့ ပိုပြီး သံဝေဂရတယ်။ အဲ့အတွက် အတတ်နိုင်ဆုံး ပရဟိတအလုပ်ကိုလုပ်တယ်။ အလုပ်တွေကို ခဏနားထားတယ်။ ရန်ပုံငွေပွဲတွေဆိုရင်တော့ ဆိုဖြစ်ပါတယ်။



အစ်ကိုရဲ့ စိတ်ကူးထဲက နေချင်တဲ့ အိမ်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါအုံး။

အစ်ကိုရဲ့ စဉ်းစားထားတဲ့ အိမ်လေးက တောင်ကုန်းလေးတွေ ကြားမှာ အိမ်ဆောက်နေချင်တယ်။ ရှေ့မှာတော့ ကန်ရေပြင်ရှိရ မယ်။ ဘေးမှာ သစ်ပင်တွေရှိရမယ်ဆိုတဲ့ အိမ်မျိုးကို စိတ်ကူး ယဉ်နေပါတယ်။ တကယ်တမ်းဖြစ်နိုင်တဲ့ လက်တွေ့ဘ၀မှာဆိုရင် တော့ ကွန်ဒိုအမြင့်ဆုံးထပ်မှာ Location view ကောင်းကောင်းလေး မှာ နေချင်ပါတယ်။ စိတ်ကူးထဲက အိမ်ကတော့ မြေကွက်ဈေးတွေ အရမ်းတက်နေတော့ ကျွန်တော်လည်း မတတ်နိုင်သေးဘူး။

အစ်ကို စိတ်ကူးထဲကအိမ်လေးနဲ့ အခုလက်ရှိနေတဲ့ အိမ်လေးက ထပ်တူရှိရဲ့လားရှင်။

စိတ်ကူးထဲကနဲ့တော့ ထပ်တူကျမှု မရှိသေးဘူး။ ဒါပေမဲ့ လူနေခြုံကြား စိတ်နေဘုံဖျားပါပဲ။ ဘယ်မှာပဲနေနေ၊ ကိုယ်နေတဲ့ နေရာမှာ အသန့်ရှင်းဆုံးဖြစ်ဖို့ရယ်၊ စိတ်ဓာတ်၊ စည်းကမ်းလေးနဲ့ဆို အဆင်ပြေမှာပါ။



အိမ်ဆိုတာကိုရော ဘယ်လိုသတ်မှတ်ချက်တွေထားတာလဲ။

အိမ်ဆိုတာကိုတော့ ကိုယ်နေတဲ့ နေရာတစ်ခုဟာ ကိုယ့်ရဲ့ တန်ဖိုးပဲ။ အဲဒီနေရာတစ်ခုက ဈေးပေါတဲ့တိုက်ခန်းပဲဖြစ်ဖြစ်၊ ဈေးကြီးတဲ့ ကွန်ဒိုပဲဖြစ်ဖြစ်၊ အသပ်ရပ်ဆုံး၊ စည်းကမ်းတကျ နေမယ်ဆို တိုက်အိုတိုက်ဟောင်းပဲဖြစ်နေပါစေ ကိုယ့်တန်ဖိုးလို့ သတ်မှတ်တယ်။



အစ်ကို့အိမ်ရဲ့ အကြိုက်ဆုံးနေရာလေးလည်း ပြောပြပေးပါအုံး။

အစ်ကိုက အိမ်ထဲမှာဆိုရင် အိပ်ခန်းကို ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်က စက်ဘီးစီးရင်းနဲ့ လိမ့်ကျတာ မြီးညှောင့်ရိုးကြိုးသွားပြီး၊ အိပ်ရင်ပဲဖြစ်ဖြစ်၊ ထိုင်ရင်ပဲဖြစ်ဖြစ် စပရိန်မွေ့ယာတို့ ဆိုဖာတို့ရှိမှ အဆင်ပြေတာ၊ ကြမ်းပြင်မှာ ကြာကြာထိုင်လို့ မရဘူး အိပ်လို့မရဘူး၊ အဲဒီအတွက်ကြောင့် အိပ်ခန်းလေးပဲ အဆင်ပြေတယ်။



ပရိသတ်ကြီးကို ဘာများပြောချင်သေးလဲ။

ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တာရာယ်ကြီးတွေ အမြန်ဆုံး ပြီးဆုံးပါစေ။ စီးပွားရေးသမားတွေအနေနဲ့လည်း ကုန်ဈေးနှုန်းတွေ ထိန်းထားနိုင်ပြီး အားလုံးဘေးကင်းပြီး ကျန်းမာချမ်းသာနိုင်ပါစေ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။



နန္ဒာယမင်း မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com
ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ နေထိုင်ပါစေ အကောင်းဆုံးပြုမူ နေထိုင်တာ အကောင်းဆုံးဆိုတဲ့ အစ္စဏီ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)