အရောင်လွင်တဲ့ အိမ်ဖြူလေးတွေကို ကြိုက်တဲ့ ဟဲလေး - Celebrity Interview on Property from iMyanmarHouse.com
1318 ကြိမ် ကြည့်ရှု့ပြီး

အရောင်လွင်တဲ့ အိမ်ဖြူလေးတွေကို ကြိုက်တဲ့ ဟဲလေး

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အိမ်ဆိုရင် သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်၊ လေးထောင့်စပ်စပ်နဲ့အရောင်လွင်တဲ့ အိမ်ဖြူလေး တွေကိုနှစ်သက်တယ် ဆိုတဲ့ အဆိုတော်သီချင်းရေး ဆရာ ဟဲလေးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။



အစ်ကိုအခုလတ်တလောလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါအုံးရှင့်။

အစ်ကိုအခုလတ်တလောဆိုရင်တော့ ပြည်သူ့အချစ်တော် ခွေထွက်ထားတယ်။ အဲဒီအခွေပြင်ဆင်တာပဲ ၁ နှစ်ခွဲလောက် ကြာတယ်။ အထွေအထူး အခက်အခဲမျိုးတော့ မရှိဘူး။ သူ့နေရာနဲ့သူ အခက်အခဲကတော့ ရှိခဲ့ပါတယ်။



အစ်ကိုဒီအခွေထွက်ဖို့ ပြင်ဆင်ချိန်မှာရော ဘယ်လိုအမှတ်တရမျိုး ရှိခဲ့သလဲရှင့်။

ဒီအခွေထွက်ဖို့ ပြင်ဆင်ချိန်မှာတော့ အမှတ်တရတွေ လူပင်ပန်းတာတွေ စိတ် ပင်ပန်းတာတွေတော့ ရှိတယ်။ ဒါပေမဲ့ အဓိကအနေနဲ့ ပြောချင်တာ အမှတ်တရ အဖြစ်ဆုံးကတော့ သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်တဲ့ရေဘေးနဲ့ ကြုံတာပါပဲ။ ကိုယ့် ပရိသတ်တွေ ပြည်သူတွေ နစ်နာတာ ကိုယ်ဖြစ်နေသလိုပါပဲ။ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ အလှူခံဖို့၊ လှူဖို့အစီအစဉ် တွေရှိပါတယ်။ အခုဖြစ်ရပ်ဟာ ဒီခွေထွက် တဲ့အချိန်မှာဖြစ်တဲ့ အမှတ်တရပါပဲ။



အခုလို သဘာဝဘေးအန္တရာယ်မျိုးတွေ ကြုံလာရတဲ့အခါ ဘယ်လိုနေထိုင်မှုပုံစံ ရွေးချယ်သင့်တယ်လို့ စဉ်းစားမိတာရှိ သလား ရှင့်။

အခုလိုသဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံလာရတော့ အဖေ ကို အရမ်းကျေးဇူးတင်တယ်။ အဖေက အစ်ကိုထက် အမြော် အမြင်ရှိတယ်။ အခုဆို ရပ်ကွက်ထဲက အိမ်တချို့ ရေ၀င်တာတောင် အစ်ကိုတို့က အေးဆေးပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ အစ်ကိုအိမ် ဆောက်တော့ အဖေက မြေကြီးကို သိန်း ၇၀ ထိဖို့ပစ်တာ၊ အဲဒီတုန်းက သားအဖတွေ စကားတွေတောင် ထများတော့မလို့၊ အခုတော့ အဖေအမြော်အမြင်ရှိလို့ စိတ်ချမ်းသာစွာနေရတာ၊ ရေလေးနည်းနည်းဝင်ရင်တောင် အိမ်မှာအရမ်းကသီပါတယ်။ တစ်အိမ်လုံးမြှုပ်တာဆိုတော့ ကိုယ်ချင်းစာပါတယ်။ အခုနေတဲ့ အိမ်လေးက အဆင်ပြေပါတယ်။



အစ်ကို့အတွက် မိသားစုတွေ စုံလင်စွာ နေရတဲ့ အိမ်လေးက ဘယ်လောက်အရေးပါသလဲရှင့်။

မိသားစုစုံလင်စွာ နေရတဲ့ အိမ်လေးက ချစ်မြတ်နိုးဖို့ကောင်း ပါတယ်။ အစ်ကိုက မိသားစုချစ်မြတ်နိုး အောင်လည်း နေထိုင်ပါ တယ်။ မိသားစုအတွက်လည်း အချိန်ကို တက်နိုင်သမျှ များများ ပေးနိုင်အောင်ကြိုးစားပါတယ်။ အိမ်ဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ အပိုင်းတစ်ခုလိုလည်း ပြောလို့ရပါတယ်။



အစ်ကို့အနေနဲ့ရော ဘယ်လိုအိမ်မျိုးကို ကြိုက်နှစ်သက်သလဲရှင့်။

အိမ်ဆိုရင်တော့ တတ်နိုင်တဲ့ အင်အားနဲ့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဆောက်နိုင်မယ်ဆို မဆိုးပါဘူး။ ဘယ်သူ မဆို အကောင်းကြိုက်ကြတာပဲလေ၊ ဒါပေမဲ့ ကိုယ်နိုင်တဲ့ဝန်နဲ့ စိတ်ကျေနပ်မှု ရှိမယ်ဆို ရပါပြီ။



အစ်ကို့စိတ်ကူးအိမ်မက်ထဲက အိမ်လေးက ဘယ်လိုမျိုးလေးလဲ ပြောပြပေးပါအုံး။

အစ်ကိုက ခေတ်ဆန်တာကြိုက်တယ်။ old model မကြိုက်ဘူး။ အရောင်ဆိုလည်း လွင့်လွင့်လေးကြိုက်တယ်။ အိမ်ဆိုရင် လေးထောင့်စပ်စပ်၊ မှန်တွေအများကြီးနဲ့ ပေါ့ အခုလက်ရှိနေတဲ့အိမ် ကို အတတ်နိုင်ဆုံးတော့ တူညီအောင်လုပ်ထားပါတယ်။ စိတ် ကူးထဲကအတိုင်းဆို ငွေမလိုက်နိုင်ဘူး။



အစ်ကို့အိမ်ရဲ့ ဘယ်နေရာကို ကြိုက်နှစ်သက်ဆုံးလဲ၊ အထပ်မြင့် ကိုရော ကြိုက်ရဲ့လားရှင့်။

အစ်ကိုရဲ့ အိမ်ထဲမှာ studio အခန်းကို အကြိုက်ဆုံးပဲ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာအားလုံးကလည်း ဒီအခန်းထဲမှာရှိလို့ လေ၊ အထပ်မြင့်ကိုတော့ ၃ ထက်လောက်ပဲ ကြိုက်တယ်။



အခုလိုဖြေကြားပေးတာအလွန်ပဲ ကျေးဇူးတင်ပါတယ်ရှင်



နန္ဒာယမင်း ( iMyanmarHouse.com) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
အရောင်လွင်တဲ့ အိမ်ဖြူလေးတွေကို ကြိုက်တဲ့ ဟဲလေး - Celebrity Interview on Property from iMyanmarHouse.com
အရောင်လွင်တဲ့ အိမ်ဖြူလေးတွေကို ကြိုက်တဲ့ ဟဲလေး - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)