အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
2080 ကြိမ် ကြည့်ရှု့ပြီး

အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

သူမအိပ်စက်အနားယူသောအိပ်ခန်းမှာ ထူးခြားစွာ ပြင်ဆင်ထားခြင်း မရှိကြောင်း၊ ညဘက် အိပ်စက်ရာတွင် စိတ်ပေါ့ပါးစွာဖြင့် အနားယူနိုင်ရန်သာ ရည်ရွယ်ကြောင်း သိရပါသည်။ အိပ်ခန်းအတွင်းတွင် အရုပ်မျိုးစုံ ထားရှိထားကြောင်း၊ သူမအမေနှင့် တူသောကြောင့် သူမသည် အရုပ်အလွန် နှစ်သက်ကြောင်း၊ လက်ဆောင်ရသည့်အပြင် ကိုယ်တိုင်လည်း ဝယ်ယူလေ့ရှိကြောင်း၊ အိပ်ယာခင်းနှင့် ခေါင်းအုံးစွပ်များကို အရောင်မတူသော အပွင့်အခက်မပါသော ဗြောင်များကိုသာ သဘောကျ နှစ်သက်ကြောင်း ပြောသွားပါသည်။





သူမနေထိုင်ချင်သော သူမနှစ်သက်သော အိပ်ခန်းပုံစံကို စိတ်ကူးထဲတွင် ပုံဖော်ထားခြင်းများရှိကြောင်း၊ သူမအိပ်ခန်းထဲတွင် ထားရှိထားသော မိဘနှစ်ပါး၏ဓါတ်ပုံမှာ တန်ဖိုးအထားဆုံး ပစ္စည်းဖြစ်ကြောင်း၊ မိဘနှစ်ပါး ကို သူမအားငယ်တဲ့အချိန်များတွင် စကားပြောဖြစ်ကြောင်း သိရပါသည်။





သူမနေထိုင်သော ခြံထဲတွင် အမေရှိစဉ်က စိုက်ပျိုးခဲ့သော သဇင်ပန်းပင်များ၊ သစ်ခွပန်းပင်များ ဝေဆာစွာရှိကြောင်း၊ သူမကိုယ်တိုင်မှာ အပင်စိုက်ပျိုးခြင်းကို ဝါသနာမပါသော်လည်း သူမအသုံးပြုသော ဆေးပင်များကိုတော့ ကိုယ်တိုင်စိုက်ပျိုး ဖြစ်ပါသည်။သူမစိုက်ပျိုးသော ဆေးပင်များမှာ အသည်းရောဂါအတွက် နှင့် ကျောက်ကပ်ရောဂါအတွက် အသုံးဝင်သော ဆေးပင်များသာ ဖြစ်ပါသည်။





သူမသောက်သုံးသော ဆေးပင်များကြောင့် သူမ၏အသည်းနှင့် ကျောက်ကပ်ရောဂါ များစွာ သက်သာလာကြောင်း၊ သူမအမေ မရှိတော့သည့် နောက်ပိုင်းတွင် ပန်းပင်များကို သူမနှင့် အတူနေသော ကြီးဒေါ်ကသာ ဆက်လက် ပြုစုပျိုးထောင်ပေးကြောင်း ပြောပြပေးခဲ့ပါသည်။ သူမ၏ လက်တလော အနုပညာ လှုပ်ရှားမှုမှာ ဗီဒီယိုကားနှင့် စီးရီးတွဲများ ရိုက်ကူးလျှက် ရှိကြောင်း သိရပါသည်။
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)