အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
2369 ကြိမ် ကြည့်ရှု့ပြီး

အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

အိမ်စဆောက်ထဲက နိမ့်ရင် အသက်ရှုကျပ်လို့ အမြင့်ကို သူများတွေထပ် တစ်တောင်လောက် ပိုမြင့်အောင် ဆောက်ဖို့ပြောခဲ့တယ်။ စဆောက်ထဲက ဘုရားခန်းက အစသူမစိတ်ကြိုက် တည်ဆောက်ခဲ့တယ်။ အိမ်က နှစ်ထပ်ခွဲ အပေါ်မှာဆို ခေါင်မိုးမလုပ်ပဲ ဘိလပ်မြေ လောင်းခိုင်းထားတာပါ။

ဆေးသုတ်တာမှာ အဝါသုတ်ပြီးမှ ချစ်စနိုးဦး(အနုပညာရှင်)က အဖြူရောင် မကြိုက်ဘူးလား၊ အဖြူလေး သုတ်ပါလားဆိုတာနဲ့ ပြောင်းသုတ်ဖြစ်တယ်။



အိမ် Decoration ကို ခင်လေးနွယ် (အနုပညာရှင်) က ကိုယ်တိုင် ခန်းစီးလိုက်ကာလေးတွေ ရွေးပေးတယ်။အိမ်တစ်အိမ်ရဲ့ အဓိကနေရာ တစ်ခုဖြစ်တဲ့ ဧည့်ခန်းဟာ လိုက်ကာတွေ၊ ဆိုဖာတွေ၊ မီးဆိုင်းလေးတွေကို မီးခိုးရောင်နဲ့ အဖြူရောင် ရောစပ်ထားတာလေးတွေ ဆင်တူ အလှဆင်ထားတာက သူမရဲ့ စိတ်ကြိုက် ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။



ဗုဒ္ဓ္ဓဘာသာဝင်တို့ရဲ့ နေအိမ်မှာ အဓိက နေရာတစ်ခုဖြစ်တဲ့ ဘုရားခန်းကို သူမကိုယ်တိုင် စီစဉ်ဆောင်ရွက် ထားတာပါ။မြတ်စွာဘုရား သက်ရှိထင်ရှား ရှိသကဲ့သို့ ကိုးကွယ်ဆည်းကပ်တယ်။ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ ကြုံရလည်း ဘုရားခန်းကို ဝင်လိုက်တာနဲ့ အေးချမ်းမှုကို ခံစားရပါတယ်။ ဒီဘုရားခန်းထဲမှာ အနန္တောအနန္တ ငါးပါးကို ရှစ်ခိုးတယ်။ သရဏဂုံ အမြဲရွတ်ဖြစ်တယ်။ အဓိဌာန်ဝင်တာတွေ လည်း အမြဲလုပ်ဖြစ်ပါတယ်။



သူမရဲ့ Facebook အကောင့်မှာလည်း တခြားသူတွေပါရွတ်ဖတ်ဖြစ်စေရန် ရည်ရွယ်ပြီး အမြဲတင်ပေးဖြစ်ပါတယ်လို့ ပြောသွားပါတယ်။ တချို့ အရာတွေကတော့ ခုချိန်ထိ သူမ အမေဆီက သင်ယူနေရဆဲပဲဖြစ်တယ်။ခုလို အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ သူမကိုယ်တိုင် လုပ်ကိုင်တာတွေ များလာပါတယ်။ အရင်ကထက် ပိုပြီး ဘုရားတရားတွေ လုပ်ဖြစ်လာပါတယ်လို့ ပြောသွားပါတယ်။
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)