အဖြူရောင်အိမ်လှလှလေးကို ကြိုက်တယ်ဆိုတဲ့ ရွှေမှုံရတီ - Celebrity Interview on Property from iMyanmarHouse.com
3712 ကြိမ် ကြည့်ရှု့ပြီး

အဖြူရောင်အိမ်လှလှလေးကို ကြိုက်တယ်ဆိုတဲ့ ရွှေမှုံရတီ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

တတ်သစ်စ သရုပ်ဆောင် ရွှေမှုံရတီနှင့် တွေ့ဆုံရတဲ့ အခိုက်အတန့်လေးမှာ သူမနေထိုင်ဖို့ ရွေးမယ်ဆိုရင် ဘယ်လိုပုံစံ၊ ဘယ်လိုအခန်း အပြင်အဆင်ကို သိရအောင် လေ့လာစေခဲ့ပုံကလေးအရ သူမ အကြိုက်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။



မေး။ ။ ညီမအနေနဲ့ ဘယ်လိုအိမ်ပုံစံမျိုးလေးကို ကြိုက်နှစ်သက်လဲ။



ဖြေ။ ။ ခြံနဲ့ဝန်းနဲ့ နေရတဲ့ပုံစံမျိုး၊ ပုံစံလေးကရှင်းရှင်းလင်းလင်းနဲ့ မျက်စိအေးမည့် အိမ်ပုံစံမျိုးလေး ကြိုက်နှစ်သက်ပါတယ်။



မေး။ ။အခုလက်ရှိနေထိုင်နေတဲ့ အိမ်ကိုရော ညီမလေးစိတ်ကြိုက်ဖြစ်လားပေါ့နော်။



ဖြေ။ ။ အခုနေတဲ့အိမ်လေးကို အရမ်းကြိုက်ပါတယ်။ အိမ်ရဲ့အပြင်အဆင်ကို သေသေချာချာအချိန်ယူပြီး စိတ်ကြိုက်ပြင်ဆင်ထားတာပေါ့နော်။ အဓိကကတော့ ဘုရားခန်းနဲ့ အိပ်ခန်းကိုအကြိုက်ဆုံးပါပဲ။



မေး။ ။အိမ်ရဲ့အရှေ့ပိုင်းအပြင်အဆင်ကရော ဘယ်လိုပုံစံမျိုးလေးကြိုက်လဲ ညီမလေး။



ဖြေ။ ။ အိမ်တစ်ခုလုံးကို အဖြူရောင်လေးသုတ်ပြီး ရိုးရှင်းတဲ့ပုံစံမျိုးလေးကို သဘောကျတယ်။ အမြင်က ရှုပ်ရှက်ခက်နေတာမျိုး မကြိုက်ဘူး။



မေး။ ။ အခန်းဒီဇိုင်းကရော ညီမအနေနဲ့ ဘယ်လိုပုံစံမျိုးလေးကို ကြိုက်လဲ။



ဖြေ။ ။ စိတ်ကူးယဉ် ဆန်ဆန်လေးကိုကြိုက်တယ်။ ပါကေးပြားလေးတွေကအစ သေချာဂရုစိုက်လုပ်ထားတယ်။ စိတ်ရှုပ်တာတော့ မကြိုက်ဘူး။ အိမ်ဆိုတာ အလုပ်ကပြန်လာတာနဲ့ အေးဆေးအပန်းဖြေ အနားယူနိုင်မယ့် နေရာလေ။ အဲဒီတော့ အေးချမ်းတဲ့နေအိမ်မျိုးကို သဘောကျတယ်။



မေး။ ။ ညီမလေးက အိမ်ကိုအဖြူလေး ကြိုက်တယ်ဆိုတာကရော။



ဖြေ။ ။ အဖြူလေးက ရိုးရှင်းတယ်လေ။ ဒါပေမယ့် လှပဖို့ဆိုရင် အခြားအရောင်တွေလေးတွေစပ်တာဆိုတော့ အဖြူနဲ့မပြီးပေမယ့် အဖြူရောင်ကို ပေါ်စေတဲ့အိမ်မျိုးကို သဘောကျတယ်။



မေး။ ။ အိမ်ရှေ့ရဲ့အပြင်အဆင်ကရော။



ဖြေ။ ။ ခြံဝန်းကျယ်ကိုအိမ်မှာ ပန်းပင်လေးတွေအလှအပ စိုက်ပျိုးပြီး စိမ်းစိုနေတာမျိုးပေါ့။



မေး။ ။ ညီမလေး လတ်တလော ဘာတွေလုပ်နေလဲ။



ဖြေ။ ။ အခုက ကားတွေရိုက်နေပါတယ်။ ကျရာဇာတ်ကို ပီပြင်အောင် သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကြောင့် ရပ်တည်နေရတာပါ။



နန္ဒာယမင်း (iMyanmarHouse.com) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
အဖြူရောင်အိမ်လှလှလေးကို ကြိုက်တယ်ဆိုတဲ့ ရွှေမှုံရတီ - Celebrity Interview on Property from iMyanmarHouse.com
အဖြူရောင်အိမ်လှလှလေးကို ကြိုက်တယ်ဆိုတဲ့ ရွှေမှုံရတီ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)