572 ကြိမ် ကြည့်ရှု့ ပြီး

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့

 

[Unicode]


မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ YADANAR BON ဂရန်မြေကွက်များအရောင်းပြပွဲကို ၂၀၂၄ ခုနှစ် မတ်လ (၉) ရက်နှင့် (၁၀) ရက်နေ့များတွင် မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ၄၇ လမ်းနှင့် ၄၈ လမ်းကြား ၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့ရှိ ရတနာပုံအဆင့်မြင့်လူနေရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့

အရောင်းပြပွဲအတွင်း ဝယ်ယူအားပေးခဲ့ကြသူများအနက် ပထမဦးဆုံးဝယ်ယူသူ(၅)ဦး အတွက် Up to 20% Discount၊ ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၁၀) နှစ်အရစ်ကျတို့ဖြင့် ရောင်းချပေးအပ်ခဲ့သည်။

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်သည် မန္တလေး မနော်ဟရီလမ်းပြီးလျှင် ဒုတိယအစည်ကားဆုံးလမ်းဖြစ်သည့် မဉ္ဇူလမ်း (၁၁၄ လမ်း)နှင့် မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးကို ဆက်သွယ်ချိတ်ဆက်ထားသော ၄၈-လမ်းမကြီးတို့ဆုံရာအချက်အချာနေရာတွင်တည်ရှိသည်။ ပုဂ္ဂလိကအမည်ပေါက် နှစ် (၃၀) ဂရန်မြေပေါ်တွင် ဝယ်ယူသူအမည်ပေါက်လျှောက်ထားနိုင်သည့် ပိုင်ဆိုင်မှုခိုင်မာသည့်ဂရန်မြေကွက်များဖြစ်သည်။

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့

ပေ (၄၀x၆၀)၊ ပေ (၄၀x၆၈)၊ ပေ (၄၀x၇၀) အကျယ်မြေကွက်များကို ဝယ်/ရောင်းဈေး (အခြေခံဈေး)ဖြင့် ရရှိနိုင်သည်။ပတ်ဝန်းကျင်တွင် အိမ်ကြီးအိမ်ကောင်းများ ဈေးများ၊ ကျောင်းများနှင့် နီးပြီး ရပ်ကွက်သန့်သည့်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများသာမက လူနေ/ဆိုင်ဖွင့်တွဲဖက်အသုံးပြုနိုင်သည်။

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့

မန္တလေးမြို့တွင် မြေတန်ဖိုးအဆမတန်မြင့်တက်နေသည့်အချိန်တွင် သင့်တင့်သောဈေးနှုန်းဖြင့် မြေပိုင်ဆိုင်နိုင်ခြင်း၊ပတ်ဝန်းကျင်တွင် အိမ်ကြီးအိမ်ကောင်းများ ဈေးများ၊ ကျောင်းများနှင့် နီးပြီး ရပ်ကွက်သန့်သည့်အတွက် ရင်းနှီးမြှုပ်နှံလိုသူများသာမက နေထိုင်သူများအတွက်ပါအဆင်ပြေခြင်း၊ ပိုင်ဆိုင်မှုခိုင်မာပြီး ဂရန်အမည်ပေါက်လျှောက်ထားနိုင်ခြင်း၊ ချက်ချင်းဝယ် ချက်ချင်းအိမ်ဆောက် မြေလက်ရောက်အပ်ပေးမည့်မြေကွက်များဖြစ်ခြင်းတို့ကြောင့် အမြန်ဆုံးဝယ်ယူထားသင့်သည်။

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့

“အခုပွဲမှာ ရောင်းချပေးခဲ့တဲ့ YADANAR BON ဂရန်မြေကွက်တွေကို နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာဈေးကြီးကိုတည်ထောင်ထားတဲ့ Developer ကနေ YADANAR BON Real Estate အမည်နဲ့ အဆင့်မြင့်လူနေရပ်ကွက်အဖြစ်ဖော်ဆောင်ထားတာပါ။ဒါကြောင့် ရာနှုန်းပြည့်ယုံကြည်စွာဝယ်ယူနိုင်ပြီးတော့ မန္တလေးမှာမြေပိုင်ချင်တဲ့သူတွေလည်း အတော်အများများလာရောက်ဝယ်ယူအားပေးခဲ့ကြပါတယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။

YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

[Zawgyi]


 







 

iMyanmarHouse.com




အခြား အိမ်ခြံမြေ ပွဲစဉ်များ

Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)