ဗဟန်းမြို့နယ်

ဗဟန်းမြို့နယ်သည် အကျယ် ၈.၈၄ ကီလိုမီတာကျယ်ဝန်းပြီး စုစုပေါင်းရပ်ကွက် ၂၂ ခုဖြင့်ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည်။ မြို့နယ်၏မြောက်ဖက်တွင် ရန်ကင်းနှင့်မရမ်းကုန်းမြို့နယ်၊ အနောက်ဖက်တွင် စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်၊ တောင်ဖက်တွင် မင်္ဂလာတောင်ညွှန့်နှင့်ဒဂုံမြို့နယ် တို့ ထိဆက်လျက်ရှိသည် ။ ကိုလိုနီခေတ်ဦးကာလက ဗဟန်းမြို့နယ်သည် သစ်ပင်များ ၊ တောင်ကုန်းများဖြင့် ဖုံးလွှမ်းပြီး အလွန်စိမ်းလန်းသောနယ်မြေ တစ်ခု ဖြစ်ခဲ့ဖူးသည် ။ ယနေ့ခေတ်မှာတော့ မြို့ပြတိုက်တာ အဆောက်အဦးများ ၊ တိုက်ခန်းများလုံးချင်းအိမ်များကွန်ဒိုများ ၊ ရုံးခန်းဆိုင်ခန်းနှင့် ဂုံးကျော်တံတားများဖြင့်ပြည့်နက်နေပြီး လူနေထူထပ်စည်ကားသောမြို့ပြ တစ်ခုအဖြစ် ပြောင်းလဲရောက်ရှိခဲ့ပြီဖြစ်သည် ။ ဗဟန်း ရွှေဂုံတိုင်သည် လူသိများသောနေရာဖြစ်ပြီး ရွှေတိဂုံဘုရား အရှေ့ဘက်မ်ုခ်နှင့် အနီးကပ်ဆုံးတည်ရှိသော နေရာဖြစ်သည် ။ ယခင်က ရွှေဂုံတိုင် မီးပွိုင့်သည် ယာဉ်လမ်းကြောကြပ်သည့်နေရာအဖြစ်ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့အေးဘုရားလမ်းဖက်သို့ ဂုံးကျော်တံတား ဆောက်လုပ်ပြီးစီးခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုအနည်းငယ် ဖြေရှင်းနိုင်ခဲ့သည် ။ သို့သော် ရွှေဂုံတိုင်လမ်းမကြီးအတိုင်း တာမွေဖက်အသွားတွင် SSC ဆေးရုံကြီးရှေ့တွင် ဗဟန်းမြို့နယ်၏ ယာဉ်ပိတ်စို့မှုအရှိဆုံးနေရာတစ်ခုဖြစ်လာခဲ့သည် ။ ဗဟန်း ရွှေတောင်ကြားရပ်ကွက်နှင့် အင်းယားမြိုင်တို့သည် ရန်ကုန်မြို့၏ နာမည်ကြီး ရပ်ကွက်ဖြစ်သည် ။ အကြောင်းမှာ အဆိုပါရက်ကွက်တွင် နေထိုင်သူအများစုသည် မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ နှင့် နိုင်ငံကျော် အနုပညာရှင်အများဆုံး   နေထိုင်သည့်နေရာများဖြစ်သည် ။ အဆိုပါရပ်ကွက်တွင် လုံးချင်းအိမ်များကိုသာမြင်တွေ့ရမည်ဖြစ်ပြီး အိမ်တန်ဖိုး၏ ဈေးနှုန်းများသည့် သိန်းသောင်းချီ ၍ရှိသည် ။ ဗဟန်းသည် ရန်ကုန်မြို့တွင် တိုက်ခန်း နည်းပါးပြီး လုံးချင်းအိမ်နှင့်ကွန်ဒို များသောမြို့နယ်တစ်ခုဟုဆိုနိုင်သည်။ ရန်ကုန်မြို့၏အရေးပါသော အမျိုးသမီးစင်တာ ၊ SSC ဆေးရုံကြီးတို့တည်ရှိပြီး ထင်ရှားသော အဆောက်အဦးများနှင့်အထင်ကရများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ ခြောက်ထပ်ကြီးဘုရားနှင့်ငါးထပ်ကြီးဘုရား ၊ ကင်းဘဲလမ်းရှိ တိုင်းရင်းဆေးရုံ ၊ ဓမ္မဇောတိ တရားစခန်း ၊ ဒေါ်ခင်ကြည်ဆေးရုံ(ယခုဗဟန်းအမျိုးသမီးဆေးရုံ) တို့တည်ရှိသည် ။ အိမ်ခြံမြေဈေးကွက်အနေဖြင့် လုံးချင်းအိမ်များသည် ဈေးနှုန်းကြီးမြင့်သည့်အတွက်ကြောင့် အရောင်းအဝယ် နည်းပြီး နိုင်ငံခြားသာများကို ပြန်လည်ငှားရမ်းခြင်း ၊ ကုမ္ပဏီလုပ်ငန်းများအတွက် ပြန်လည်ငှားရမ်းမှုမျိုး နှင့် ကွန်ဒိုခန်းများ ငှားရမ်းမှုများ လည်းရှိသည် ။ ဗဟန်းမြို့နယ်တွင်း ရောင်းရန်၊ ငှားရန်ရှိသည့် အိမ်ခြံမြေစာရင်းများကိုလည်း iMyanmarHouse မှစည်းဖော်ပြပေးလိုက်ရပါသည် ။

ဗဟနျးရှိရောင်းရန်အိမ်ခြံမြေများ

ဗဟနျးရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)