ရန်ကုန်-မန္တလေး အမြန်လမ်းကို နိုင်ငံတကာအဆင့် အဝေးပြေးကားလမ်းမအဖြစ် အဆင့်မြှင့်တင်ရန် ကုမ္ပဏီများဖိတ်ခေါ်မည်

ရန်ကုန်-မန္တလေး အမြန်လမ်းကို နိုင်ငံတကာအဆင့် အဝေးပြေးကားလမ်းမအဖြစ် အဆင့်မြှင့်တင်ရန် ကုမ္ပဏီများဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
4 Mar 2020 12:02 pm တွင် တင်ခဲ့သည်
9343 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ရန်ကုန်-မန္တလေး အမြန်လမ်းကို နိုင်ငံတကာ အဝေးပြေးလမ်းမကဲ့သို့ အဆင့်မြှင့်တင်ရေး စိတ်ဝင်စားသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

လက်ရှိအချိန်တွင် ဝန်ကြီးဌာနက တာဝန်ယူပြုပြင်နေရပြီး ကုန်ကျစရိတ်များ၍ ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) ခေါ်ဖို့ရှိတယ်။ လမ်းကြီးကို အဆင့်မြှင့်တင်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဖို့ရှိတယ်။အဲဒီအပေါ် မူတည်ပြီး မကြာခင်မှာ ပေါ်လာဖို့ရှိတယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိတွင် ထိုအမြန်လမ်း နိုင်လွန်ကတ္တရာခင်းခြင်းကို ဝန်ကြီးဌာနက ဆောင်ရွက်နေပြီး ကုန်ကျစရိတ်များ၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရန် စီစဉ်ခြင်း ဖြစ်သည်။

ထိုစီမံကိန်းသည် ကန်ဒေါ် လာ သန်း ၉၆၀ ကျော်တန်ဖိုးရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက်ရန်စီစဉ်ထားကြောင်း အစိုးရ၏ စီမံကိန်းဘဏ်တွင် ဖော်ပြထားသည်။

ထိုလမ်းကြီး အဆင့်မြှင့်တင်ရန် ပထမအကြိမ် ဖိတ်ခေါ်ရာတွင် ပြည်တွင်းကုမ္ပဏီများသာ လျှောက်ထားသဖြင့် စီမံကိန်းကို ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုထားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းကို လေးလမ်းသွားလမ်းမအဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်ဟု ဦးဟန်ဇော်က ဆိုသည်။ ထိုလမ်းမကြီးသည် မိုင် ၄၀၀ ခန့်ရှည်လျားပြီး ရန်ကုန်- နေပြည်တော်နှင့် မန္တလေးမြို့တို့ သို့ ချိတ်ဆက်ထားသည်။

ရန်ကုန်-ပဲခူးလမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်ထားပြီး မိုင် ၄၀ ခန့်ရှိသည်။ ကျန်လမ်းပိုင်းကို အဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်လေ့လာရန် ရှိသည်ဟု အစိုးရ၏ စီမံကိန်းဘဏ်တွင် ကြေညာထားသည်။

ထိုလမ်းမသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမြန်လမ်းဖြစ်ပြီး ပို့ဆောင်ရေးကွန်ရက် အဓိက သွေးကြောဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ရန္ကုန္-မႏၲ​ေလး အျမန္လမ္းကို ႏိုင္ငံတကာအဆင့္ အ​ေဝး​ေျပးကားလမ္းမအျဖစ္ အဆင့္ျမႇင့္တင္ရန္ ကုမၸဏီမ်ားဖိတ္​ေခၚမည္

 

ရန္ကုန္-မႏၲေလး အျမန္လမ္းကို ႏိုင္ငံတကာ အ​ေဝး​ေျပးလမ္းမကဲ့သို႔ အဆင့္ျမႇင့္တင္ေရး စိတ္ဝင္စားသည့္ ကုမၸဏီမ်ားကို ဖိတ္ေခၚရန္ရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ဝန္ႀကီးဌာနက တာဝန္ယူျပဳျပင္​ေနရၿပီး ကုန္က်စရိတ္မ်ား၍ ပုဂၢလိကကုမၸဏီမ်ားကို ဖိတ္​ေခၚရန္စီစဥ္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

‘‘စိတ္ဝင္စားမႈ ေဖာ္ျပလႊာ (EOI) ေခၚဖို႔ရွိတယ္။ လမ္းႀကီးကို အဆင့္ျမႇင့္တင္ဖို႔ စိတ္ဝင္စားတဲ့ ကုမၸဏီေတြကို ဖိတ္ေခၚဖို႔ရွိတယ္။အဲဒီအေပၚ မူတည္ၿပီး မၾကာခင္မွာ ေပၚလာဖို႔ရွိတယ္’’ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

လက္ရွိတြင္ ထိုအျမန္လမ္း ႏိုင္လြန္ကတၱရာခင္းျခင္းကို ဝန္ၾကီးဌာနက ေဆာင္႐ြက္ေနၿပီး ကုန္က်စရိတ္မ်ား၍ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚရန္ စီစဥ္ျခင္း ျဖစ္သည္။

ထိုစီမံကိန္းသည္ ကန္ေဒၚ လာ သန္း ၉၆၀ ေက်ာ္တန္ဖိုးရွိၿပီး ၂၀၂၀-၂၁ ဘ႑ာႏွစ္မွ ၂၀၂၄-၂၅ ဘ႑ာႏွစ္အတြင္း အၿပီး ေဆာင္႐ြက္ရန္စီစဥ္ထားေၾကာင္း အစိုးရ၏ စီမံကိန္းဘဏ္တြင္ ေဖာ္ျပထားသည္။

ထိုလမ္းႀကီး အဆင့္ျမႇင့္တင္ရန္ ပထမအႀကိမ္ ဖိတ္ေခၚရာတြင္ ျပည္တြင္းကုမၸဏီမ်ားသာ ေလွ်ာက္ထားသျဖင့္ စီမံကိန္းကို ရပ္ဆိုင္းျခင္းျဖစ္သည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ဆိုထားသည္။ ရန္ကုန္-မႏၲေလး အျမန္လမ္းကို ေလးလမ္းသြားလမ္းမအျဖစ္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ထားသည္ဟု ဦးဟန္ေဇာ္က ဆိုသည္။ ထိုလမ္းမႀကီးသည္ မိုင္ ၄၀၀ ခန႔္ရွည္လ်ားၿပီး ရန္ကုန္- ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕တို႔ သို႔ ခ်ိတ္ဆက္ထားသည္။

ရန္ကုန္-ပဲခူးလမ္းပိုင္းကို အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) အကူအညီျဖင့္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ထားၿပီး မိုင္ ၄၀ ခန႔္ရွိသည္။ က်န္လမ္းပိုင္းကို အဆင့္ျမႇင့္တင္ေရး ေလ့လာဆန္းစစ္ေလ့လာရန္ ရွိသည္ဟု အစိုးရ၏ စီမံကိန္းဘဏ္တြင္ ေၾကညာထားသည္။

ထိုလမ္းမသည္ ျမန္မာႏိုင္ငံ၏ တစ္ခုတည္းေသာ အျမန္လမ္းျဖစ္ၿပီး ပို႔ေဆာင္ေရးကြန္ရက္ အဓိက ေသြးေၾကာျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service