သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး - Property News in Myanmar from iMyanmarHouse.com
3 May 2024 12:08 pm တွင် တင်ခဲ့သည်
635 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် သမီး ၂ ဦးအား ကျောင်းထားနိုင်ရန် လမ်းတကာ လှည့်လည်ဈေးရောင်းသော အမျိုးသမီးကြီး တစ်ဦး၏ သမီးနှစ်ဦးလုံးမှာ ထူးချွန်စွာ ပညာရေးဆုံးခန်းတိုင်ခဲ့ကြသည်။

အဆိုပါ အမျိုးသမီးကြီး၏ သမီး ကျန်းပင်ပင်သည် တရုတ်ပြည်အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ ဒါလျန်း နည်းပညာတက္ကသိုလ်တွင် PhD တန်းတက်ရောက်ခွင့် ရရှိထားသူဖြစ်သည်။

ကျန်းပင်ပင်က ပြောသည်မှာ မိမိသည် ရွာထဲတွင် 985 တက္ကသိုလ်စာရင်းဝင် တက္ကသိုလ်တစ်ခုသို့ ပထမဆုံး တက်ရောက်ခွင့်ရခဲ့သူဖြစ်ကြောင်း ပြောသည်။

(မှတ်ချက်။ 985 တက္ကသိုလ်စီမံကိန်းဟူသည်မှာ တရုတ်ပြည်တွင် တက္ကသိုလ်များ ကမ္ဘာ့အဆင့်မီရေး အကောင်အထည် ဖော်ခဲ့သော စီမံကိန်း ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် ရွေးချယ်ခံရသော တက္ကသိုလ် ၃၉ ခုသာ ရှိသည်။ တရုတ်သမ္မတ ကျန်ဇီမင်းက ပီကင်းတက္ကသိုလ်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတွင် တက္ကသိုလ်များ ကမ္ဘာ့အဆင့်မှီရေး စီမံကိန်း ဖော်ဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားခဲ့သည့် ၁၉၉၈ ခုနှစ်၊ မေလကို အစွဲပြုကာ တရုတ်ပြည်တွင် ရက်စွဲရေးသားမှုပုံစံအရ ၉၈/၅ ကို ရည်ညွှန်းပြီး 985 စီမံကိန်းဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။)

အဆိုပါ တက္ကသိုလ်များသို့ လျှောက်ထားသူများတွင် ၂ ရာခိုင်နှုန်းအောက်သာ ဝင်ခွင့်ရကြသည်။

ကျန်းပင်ပင်က ပြောသည်မှာ မိခင်ကြီးအား အလွန်ကျေးဇူးတင်ကြောင်း၊ မိမိပညာရေး အောင်မြင်မှုများကို ကြားရချိန်တွင် မိဘများမှာ မိမိအတွက် အလွန်ဂုဏ်ယူပြီး ညဘက်များပင် အိပ်မပျော်ခဲ့ကြောင်း ပြောသည်။

ကျန်းပင်ပင်၏ အစ်မမှာလည်း မဟာဘွဲ့ ရရှိထားသည်။

 

(မိဘများက သမီးများကို ပညာရေး ထိပ်တန်းအထိ ရောက်ရှိစေရန် အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့သည်။ ဓာတ်ပုံ-Weibo)

 

ညီမဖြစ်သူ ကျန်းပင်ပင်က ပြောသည်မှာ ၎င်းတို့ မိသားစုသည် တရုတ်ပြည်အလယ်ပိုင်း ဟီနန်ပြည်နယ် ကျေးလက်ဒေသတွင် ကြီးပြင်းခဲ့ကြကြောင်း၊ မိသားစုမှာ ဆင်းရဲပြီး ဖခင်မှာ မြို့ကြီးပြကြီးသို့ အလုပ်သွား လုပ်ရကြောင်း ပြောသည်။

မိခင်ကြီးမှာ မူလတန်းအဆင့်ဖြင့် ကျောင်းထွက်ခဲ့သူ ဖြစ်သည်။

လမ်းပေါ်တွင် ကန်စွန်းဥဖုတ် ရောင်းရင်း ဘဝကို ရပ်တည်ခဲ့သည်။

သူမက သမီး ၂ ဦးအား စာကြိုးစားရန် အမြဲပြောလေ့ရှိသည်။

ကျန်းပင်ပင်က ပြောသည်မှာ တခါတွင် မိမိတို့ မိသားစုမှာ အလွန်ဆင်းရဲ ကျပ်တည်းခဲ့ပြီး မိခင်ကြီးမှာ မိမိအတွက် ကျောင်းလခ ယွမ် ၃၀ (၄ ဒေါ်လာ) ကိုပင် မပေးနိုင်ခဲ့ကြောင်း ပြောသည်။

မိခင်ဖြစ်သူမှာ ရသမျှ ဝင်ငွေအားလုံးကို သမီးများ၏ ကျောင်းလခအတွက် စုဆောင်းခဲ့ပြီး သူကိုယ်တိုင်အတွက် အလွန်နည်းပါးစွာ သုံးစွဲခဲ့သည်။ သူ၏ မျက်မှန်မှာလည်း ၅ ယွမ်သာ ပေးရပြီး မှန်အကွဲအတိုင်း ဆက်လက်တပ်ဆင် အသုံးပြုနေခဲ့သည်။

ကျန်းပင်ပင်သည် ဇာတိမြို့ရှိ အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သော်လည်း ပညာသင်ဆုပေးသော အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုကိုသာ တက်ရောက်ခဲ့သည်။

စာကြိုးစားမည်ဟု ကတိပေးထားသည့်အတိုင်း ကျန်းပင်ပင်သည် လျောင်နင်းပြည်နယ်၊ ရှန်းယန်မြို့ရှိ Northeasten University တွင် ရူပဗေဒဖြင့် ဘွဲ့ရခဲ့သည်။

အဆိုပါ တက္ကသိုလ်မှာလည်း 985 စာရင်းဝင် ဖြစ်သည်။

ကျန်းပင်ပင်သည် တက္ကသိုလ်တက်ချိန်တွင် မိဘများ၏ ဝန်ထုပ်ဝန်ပိုး လျှော့ချပေးနိုင်ရန်အတွက် အချိန်ပိုင်း အလုပ်လုပ်ကာ ဝင်ငွေ ရှာခဲ့သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နည်းပြအဖြစ် အချိန်ပိုင်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ၁ နာရီလျှင် ယွမ် ၂၀၀ မှ ၃၀၀ ကြား (၂၈ ဒေါ်လာမှ ဒေါ်လာ ၄၀ ကြား) ရရှိခဲ့သည်။

မိဘများ၏ ဝင်ငွေမှာ ၁ ရက်လျှင် ယွမ် ၁၀၀ ခန့်ရကြောင်း ကျန်းပင်ပင်က ပြောသည်။

(သမီးများ၏ အနာဂတ် ကောင်းမွန်ရေးအတွက် ကျန်းပင်ပင်၏ မိခင်မှာ လမ်းဘေးတွင် ဈေးရောင်းခဲ့သည်။ ဓာတ်ပုံ-Weibo)

 

မိဘများ၏ ကျေးဇူးကို သိတတ်သော ကျန်းပင်ပင်က မိဘများအား အလည်အပတ်ခရီးများ ပို့ပေးခြင်း၊ အိမ်သို့ ပြန်ရောက်ချိန်တွင် မိခင်ကြီး၏ လမ်းဘေးဈေးရောင်းမှုကို ကူညီပေးခြင်းများ ပြုလုပ်လေ့ရှိသည်။

ကျန်းပင်ပင်က သူမ၏ Douyin အကောင့်တွင် ရေးသားဖော်ပြသည်မှာ “ကျွန်မဟာ မိဘတွေရဲ့ ပုခုံးပေါ်ကို တက်ရပ်ပြီး သူတို့ မတွေ့ဖူးခဲ့တဲ့ အပြောကျယ်တဲ့ ကမ္ဘာကြီးကို တွေ့ခွင့်ရခဲ့ပါတယ်”ဟု ရေးသားဖော်ပြ ထားသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Humble China street vendor makes sacrifices to support academically gifted daughters who gain PhD and master’s degree (scmp)

Photo Credit: Weibo

 

 

[Zawgyi]

သမီး (၂) ဦးကို ပါရဂူတန္းႏွင့္ မဟာဘြဲ႔မ်ားရသည္အထိ ကန္စြန္းဥဖုတ္ေရာင္းကာ လမ္းေဘးေစ်းသည္ဘဝျဖင့္ ေက်ာင္းထားေပးခဲ့ေသာ တရုတ္ျပည္က အမ်ဳိးသမီးၾကီး

 

တရုတ္ျပည္တြင္ သမီး ၂ ဦးအား ေက်ာင္းထားႏိုင္ရန္ လမ္းတကာ လွည့္လည္ေစ်းေရာင္းေသာ အမ်ဳိးသမီးၾကီး တစ္ဦး၏ သမီးႏွစ္ဦးလံုးမွာ ထူးခၽြန္စြာ ပညာေရးဆံုးခန္းတိုင္ခဲ့ၾကသည္။

အဆိုပါ အမ်ဳိးသမီးၾကီး၏ သမီး က်န္းပင္ပင္သည္ တရုတ္ျပည္အေရွ႕ေျမာက္ပိုင္း ေလ်ာင္နင္းျပည္နယ္ရွိ ဒါလ်န္း နည္းပညာတကၠသိုလ္တြင္ PhD တန္းတက္ေရာက္ခြင့္ ရရွိထားသူျဖစ္သည္။

က်န္းပင္ပင္က ေျပာသည္မွာ မိမိသည္ ရြာထဲတြင္ 985 တကၠသိုလ္စာရင္းဝင္ တကၠသိုလ္တစ္ခုသို႔ ပထမဆံုး တက္ေရာက္ခြင့္ရခဲ့သူျဖစ္ေၾကာင္း ေျပာသည္။

(မွတ္ခ်က္။ 985 တကၠသိုလ္စီမံကိန္းဟူသည္မွာ တရုတ္ျပည္တြင္ တကၠသိုလ္မ်ား ကမၻာ့အဆင့္မီေရး အေကာင္အထည္ ေဖာ္ခဲ့ေသာ စီမံကိန္း ျဖစ္သည္။ အဆုိပါ စီမံကိန္းအတြက္ ေရြးခ်ယ္ခံရေသာ တကၠသိုလ္ ၃၉ ခုသာ ရွိသည္။ တရုတ္သမၼတ က်န္ဇီမင္းက ပီကင္းတကၠသိုလ္၏ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ပြဲတြင္ တကၠသိုလ္မ်ား ကမၻာ့အဆင့္မွီေရး စီမံကိန္း ေဖာ္ေဆာင္မည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ထိုသို႔ ေျပာၾကားခဲ့သည့္ ၁၉၉၈ ခုႏွစ္၊ ေမလကို အစြဲျပဳကာ တရုတ္ျပည္တြင္ ရက္စြဲေရးသားမႈပံုစံအရ ၉၈/၅ ကို ရည္ညႊန္းျပီး 985 စီမံကိန္းဟု အမည္ေပးခဲ့ျခင္း ျဖစ္သည္။)

အဆိုပါ တကၠသိုလ္မ်ားသို႔ ေလွ်ာက္ထားသူမ်ားတြင္ ၂ ရာခိုင္ႏႈန္းေအာက္သာ ဝင္ခြင့္ရၾကသည္။

က်န္းပင္ပင္က ေျပာသည္မွာ မိခင္ၾကီးအား အလြန္ေက်းဇူးတင္ေၾကာင္း၊ မိမိပညာေရး ေအာင္ျမင္မႈမ်ားကို ၾကားရခ်ိန္တြင္ မိဘမ်ားမွာ မိမိအတြက္ အလြန္ဂုဏ္ယူျပီး ညဘက္မ်ားပင္ အိပ္မေပ်ာ္ခဲ့ေၾကာင္း ေျပာသည္။

က်န္းပင္ပင္၏ အစ္မမွာလည္း မဟာဘြဲ႔ ရရွိထားသည္။

(မိဘမ်ားက သမီးမ်ားကို ပညာေရး ထိပ္တန္းအထိ ေရာက္ရွိေစရန္ အလုပ္မ်ဳိးစံု လုပ္ကိုင္ခဲ့သည္။ ဓာတ္ပံု-Weibo)

ညီမျဖစ္သူ က်န္းပင္ပင္က ေျပာသည္မွာ ၎တို႔ မိသားစုသည္ တရုတ္ျပည္အလယ္ပိုင္း ဟီနန္ျပည္နယ္ ေက်းလက္ေဒသတြင္ ၾကီးျပင္းခဲ့ၾကေၾကာင္း၊ မိသားစုမွာ ဆင္းရဲျပီး ဖခင္မွာ ျမဳိ႕ၾကီးျပၾကီးသုိ႔ အလုပ္သြား လုပ္ရေၾကာင္း ေျပာသည္။

မိခင္ၾကီးမွာ မူလတန္းအဆင့္ျဖင့္ ေက်ာင္းထြက္ခဲ့သူ ျဖစ္သည္။

လမ္းေပၚတြင္ ကန္စြန္းဥဖုတ္ ေရာင္းရင္း ဘဝကို ရပ္တည္ခဲ့သည္။

သူမက သမီး ၂ ဦးအား စာၾကိဳးစားရန္ အျမဲေျပာေလ့ရွိသည္။

က်န္းပင္ပင္က ေျပာသည္မွာ တခါတြင္ မိမိတုိ႔ မိသားစုမွာ အလြန္ဆင္းရဲ က်ပ္တည္းခဲ့ျပီး မိခင္ၾကီးမွာ မိမိအတြက္ ေက်ာင္းလခ ယြမ္ ၃၀ (၄ ေဒၚလာ) ကိုပင္ မေပးႏိုင္ခဲ့ေၾကာင္း ေျပာသည္။

မိခင္ျဖစ္သူမွာ ရသမွ် ဝင္ေငြအားလံုးကို သမီးမ်ား၏ ေက်ာင္းလခအတြက္ စုေဆာင္းခဲ့ျပီး သူကိုယ္တုိင္အတြက္ အလြန္နည္းပါးစြာ သံုးစြဲခဲ့သည္။ သူ၏ မ်က္မွန္မွာလည္း ၅ ယြမ္သာ ေပးရျပီး မွန္အကြဲအတုိင္း ဆက္လက္တပ္ဆင္ အသံုးျပဳေနခဲ့သည္။

က်န္းပင္ပင္သည္ ဇာတိျမဳိ႕ရွိ အထက္တန္းေက်ာင္းသို႔ ဝင္ခြင့္ရခဲ့ေသာ္လည္း ပညာသင္ဆုေပးေသာ အသက္ေမြးဝမ္းေက်ာင္း ေက်ာင္းတစ္ခုကိုသာ တက္ေရာက္ခဲ့သည္။

စာၾကိဳးစားမည္ဟု ကတိေပးထားသည့္အတုိင္း က်န္းပင္ပင္သည္ ေလ်ာင္နင္းျပည္နယ္၊ ရွန္းယန္ျမဳိ႕ရွိ Northeasten University တြင္ ရူပေဗဒျဖင့္ ဘြဲ႔ရခဲ့သည္။

အဆိုပါ တကၠသိုလ္မွာလည္း 985 စာရင္းဝင္ ျဖစ္သည္။

က်န္းပင္ပင္သည္ တကၠသိုလ္တက္ခ်ိန္တြင္ မိဘမ်ား၏ ဝန္ထုပ္ဝန္ပိုး ေလွ်ာ့ခ်ေပးႏိုင္ရန္အတြက္ အခ်ိန္ပိုင္း အလုပ္လုပ္ကာ ဝင္ေငြ ရွာခဲ့သည္။ တကၠသိုလ္ဝင္တန္း စာေမးပြဲ နည္းျပအျဖစ္ အခ်ိန္ပိုင္းလုပ္ကိုင္ခဲ့ျခင္း ျဖစ္ျပီး ၁ နာရီလွ်င္ ယြမ္ ၂၀၀ မွ ၃၀၀ ၾကား (၂၈ ေဒၚလာမွ ေဒၚလာ ၄၀ ၾကား) ရရွိခဲ့သည္။

မိဘမ်ား၏ ဝင္ေငြမွာ ၁ ရက္လွ်င္ ယြမ္ ၁၀၀ ခန္႔ရေၾကာင္း က်န္းပင္ပင္က ေျပာသည္။

(သမီးမ်ား၏ အနာဂတ္ ေကာင္းမြန္ေရးအတြက္ က်န္းပင္ပင္၏ မိခင္မွာ လမ္းေဘးတြင္ ေစ်းေရာင္းခဲ့သည္။ ဓာတ္ပံု-Weibo)

မိဘမ်ား၏ ေက်းဇူးကို သိတတ္ေသာ က်န္းပင္ပင္က မိဘမ်ားအား အလည္အပတ္ခရီးမ်ား ပို႔ေပးျခင္း၊ အိမ္သို႔ ျပန္ေရာက္ခ်ိန္တြင္ မိခင္ၾကီး၏ လမ္းေဘးေစ်းေရာင္းမႈကို ကူညီေပးျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။

က်န္းပင္ပင္က သူမ၏ Douyin အေကာင့္တြင္ ေရးသားေဖာ္ျပသည္မွာ “ကၽြန္မဟာ မိဘေတြရဲ႕ ပုခံုးေပၚကို တက္ရပ္ျပီး သူတို႔ မေတြ႔ဖူးခဲ့တဲ့ အေျပာက်ယ္တဲ့ ကမၻာၾကီးကို ေတြ႔ခြင့္ရခဲ့ပါတယ္”ဟု ေရးသားေဖာ္ျပ ထားသည္။

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလး႐ွား အစ႐ွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Humble China street vendor makes sacrifices to support academically gifted daughters who gain PhD and master’s degree (scmp)

Photo Credit: Weibo

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service