အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ - Property News in Myanmar from iMyanmarHouse.com
8 Apr 2024 11:45 am တွင် တင်ခဲ့သည်
3699 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဤဆောင်းပါးတွင် အခြေချနေထိုင်သူပါမစ် (Residence Permit) ရရှိရန် အလွယ်ကူဆုံး ၅ နိုင်ငံအကြောင်းကို ဆွေးနွေးဖော်ပြသွားပါမည်။
(မှတ်ချက်။ အခြေချနေထိုင်သူနှင့် နိုင်ငံသား ရရှိမှုတို့အကြား ကွဲပြားချက် ရှိပါသည်။ နိုင်ငံသားမှာ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးနှင့် အကာအကွယ်များ ရရှိထားပြီး အခြေချနေထိုင်သူမှာမူ သက်ဆိုင်ရာနိုင်ငံတစ်ခုခုတွင် အခြေချနေထိုင်သူတို့ လိုက်နာရမည့် စည်းမျဉ်းများနှင့်အညီ နေထိုင်ခွင့်ပေးခြင်းဖြစ်ပြီး ယာယီနှင့် အမြဲတမ်းနေထိုင်ခွင့်ပေးခြင်း ၂ မျိုး ရှိသည်။)
(၅။ အာရပ်စော်ဘွားများ ပြည်ထောင်စု)
အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ပြည်ပမှ အခြေချနေထိုင်သူများ အလွန်များပြားသောနိုင်ငံဖြစ်ပြီး ရင်းနှီးမြှုုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို အမြဲစွဲဆောင်နေသောနိုင်ငံဖြစ်သည်။
နိုင်ငံသားအဖြစ် ပေးအပ်ခြင်းမရှိသော်လည်း အခြေချနေထိုင်သူအဖြစ် လျှောက်ထားနိုင်သည်။
အများပြည်သူအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံ ခြင်းနှင့် ကုမ္ပဏီဖွဲ့စည်းကာ ရင်းနှီးမြှုပ်နှံခြင်းတို့ဖြင့် အခြေချနေထိုင်သူအဖြစ် လျှောက်ထား ရရှိန်ိုင်သည်။
စီးပွားရေးလုပ်ငန်းတစ်ခုတွင် အာရပ်ငွေ ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၁၃၅,၀၀၀) ရင်းနှီးမြှုပ်နှံလျှင် အခြေချ နေထိုင်သူအဖြစ် လျှောက်ထားနိုင်သည်။
လျှောက်ထားမှု ကြာမြင့်ချိန်မှာ တစ်လခန့် ဖြစ်သည်။
(၄။ လတ်ဗီးယား)
ဥရောပတွင် လတ်ဗီးယား၌ အခြေချနေထိုင်သူ လျှောက်ထားမှုမှာ အမြန်ဆုံးနှင့် ဈေးအသက်သာဆုံး ဖြစ်သည်။
လတ်ဗီးယားရှိ ကုမ္ပဏီတစ်ခုတွင် ယူရို ၆၀,၀၀၀ (ကန်ဒေါ်လာ ၆၅,၄၀၀) ရင်းနှီးမြှုပ်နှံရုံမျှဖြင့် Residency လျှောက်ထားနိုင်သည်။
လျှောက်ထားမှုကြာချိန်မှာ ၁ လမှ ၃ လ ဖြစ်ပြီး ၅ နှစ်အထိ နေထိုင်နိုင်သည်။
(၃။ သြစထရီးယား )
ဖွံဖြိုးပြီးနိုင်ငံများတွင် ပါဝင်သော သြစထရီးယားသည် ရင်းနှီးမြှုပ်နှံသူများကို Residency ခွင့်ပြုပေးသည်။
လျှောက်ထားလိုသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘဏ်စာရင်းတွင် ယူရို ၄၀,၀၀၀ (ကန်ဒေါ်လာ ၄၃,၆၀၀) ရှိရမည် ဖြစ်သည်။
ထို့အပြင် သြစထရီးယားတွင် အမြဲနေထိုင်မည့်နေအိမ် [အပိုင် (သို့မဟုတ်) အငှား] ရှိကြောင်း အထောက်အထား ပြရမည် ဖြစ်သည်။
ယင်းအပြင် ကျန်းမာရေးအာမခံ ထားရှိမှု ၊ ဂျာမန်စကားကျွမ်းကျင်ကြောင်း အထောက်အထား စာရွက်စာတမ်း များ ပြသရမည် ဖြစ်သည်။ လျှောက်ထားမှု ကြာချိန်မှာ ၁ လမှ ၃ လ ဖြစ်သည်။
(၂။ ထိုင်းနိုင်ငံ)
ထိုင်းနိုင်ငံတွင် အခြေချနေထိုင်လိုသော ရင်းနှီမြှုပ်နှံသူများအတွက် Elite Residency Program ရှိသည်။
အဆိုပါ အစီအစဉ်တွင် ရွေးချယ်စရာ Gold, Platinum, Diamond နှင့် Reserve မန်ဘာဟု ၄ မျိုးရှိသည်။
Gold ကဒ်အတွက် အနည်းဆုံး ဘတ်ငွေ ၉၀၀,၀၀၀ (ကန်ဒေါ်လာ ၂၆,၀၀၀) ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။
အဆိုပါ ပရိုဂရမ်များတွင် နေထိုင်ခွင့် ၅ နှစ်ပေးပြီး လျှောက်ထားရန် ကြာမြင့်ချိန်မှာ ၁ လမှ ၂ လဖြစ်သည်။
(၁။ မွန်တီနီဂရိုး)
စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံများတွင် ပါဝင်သော မွန်တီနီဂရိုး၏ အစိုးရသည် ရင်းနှီးမြှုပ်နှံသူ များနှင့် လူတော်များအား Residency ပေးကာ စွဲဆောင်လျက်ရှိသည်။
မည်မျှရင်းနှီးမြှုပ်နှံရမည်ဟု တန်ဖိုးသတ်မှတ်ထားခြင်းမရှိသော်လည်း အိမ်ခြံမြေဝယ်ယူခြင်း (သို့မဟုတ်) တရားဝင်လုပ်ငန်းတစ်ခုခုတွင် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။
နိုင်ငံတစ်ဝန်း ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ စီးပွားရေးအတွက် ရုံးခန်းနေရာ ငှားရမ်းခြင်း (သို့မဟုတ်) ဝယ်ယူခြင်း၊ လူနေအိမ်ခြံမြေ ငှားရမ်းခြင်း (သို့မဟုတ်) ဝယ်ယူခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။
မွန်တီနီဂရိုးတွင် ကုမ္ပဏီတစ်ခု တစ်နှစ်တာ လည်ပတ်စရိတ်မှာ ယူရို ၃,၀၀၀ (ကန်ဒေါ်လာ ၃,၂၄၀ ခန့် ရှိသည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 5 Easiest Countries to get a Residence Permit (insidermoney)
[Zawgyi]
အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ပြည်ပမှ အခြေချနေထိုင်သူများ အလွန်များပြားသောနိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို အမြဲစွဲဆောင်နေသောနိုင်ငံဖြစ်သည်။
အများပြည်သူအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံ ခြင်းနှင့် ကုမ္ပဏီဖွဲ့စည်းကာ ရင်းနှီးမြှုပ်နှံခြင်းတို့ဖြင့် အခြေချနေထိုင်သူအဖြစ် လျှောက်ထား ရရှိနိုင်သည်။
(၄။ လတ်ဗီးယား)
(၃။ သြစထရီးယား )
(၂။ ထိုင်းနိုင်ငံ)
(၁။ မွန်တီနီဂရိုး)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
mya-villa
shwe-wutthmone
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service