အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွင်းလျှောက်လွှာများ စတင်လက်ခံမည်ဖြစ်ပြီးတစ်သက်တာတွင် တစ်ကြိမ်သာကြုံရမည့် အခွင့်အလမ်းဖြစ်သောကြောင့် လက်မလွှတ်သင့်

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွင်းလျှောက်လွှာများ စတင်လက်ခံမည်ဖြစ်ပြီးတစ်သက်တာတွင် တစ်ကြိမ်သာကြုံရမည့် အခွင့်အလမ်းဖြစ်သောကြောင့် လက်မလွှတ်သင့် - Property News in Myanmar from iMyanmarHouse.com
1 Apr 2024 12:43 pm တွင် တင်ခဲ့သည်
11123 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာ့အထင်ကရမြို့ကြီးတစ်မြို့တွင် လူမနေသော နေအိမ်အလုံး ရာပေါင်းများစွာကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာမျှဖြင့် ရောင်းချပေးရန် စီစဉ်နေကြောင်း အင်္ဂလန်အခြေစိုက် The Sun သတင်းဌာနက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု၊ ဘာလ်တီမိုးမြို့ အုပ်ချုပ်ရေးအဖွဲ့က နေအိမ်များ ၁ ဒေါ်လာဖြင့် ရောင်းချပေးမည့် အစီအစဉ်ကို အတည်ပြုထားပြီး လာမည့်ရက်အနည်းငယ်အတွင်း လျှောက်လွှာများ စတင်လက်ခံသွားမည် ဖြစ်သည်။

သို့သော် စည်းကမ်းသတ်မှတ်ချက်များရှိသည်။

 

(ဘာလ်တီမိုးမြို့တွင် နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးရန် စီစဉ်နေသည်။ ဓာတ်ပုံ-Getty)

 

(နေအိမ်ပေါင်း ရာနှင့်ချီ၍ ရောင်းချပေးမည်ဖြစ်ပြီး လာမည့်ရက်အနည်းငယ်အတွင်း လျှောက်လွှာများ စတင် လက်ခံမည် ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

မြို့ကောင်စီက ပိုင်ဆိုင်သော လူမနေသည့်အိမ်လွတ်များကို ရောင်းချပေးမည့်အစီအစဉ်ဖြစ်သည်။

ဝယ်ယူမည့်သူတို့သည် အိုးအိမ်နှင့် အသိုက်အဝန်းဖွံ့ဖြိုးရေးဌာန (DHCD) က ထုတ်ပြန်ထားသော ဘဏ္ဍာရေး အခြေအနေရှိသူ ဖြစ်ရမည် ဖြစ်သည်။ နေအိမ်များကို ၁ ဒေါ်လာဖြင့် ဝယ်ယူမည့်သူများအနေဖြင့် ပြုပြင်မွမ်းမံမှုများလုပ်ရန်အတွက် အနည်းဆုံး ဒေါ်လာ ၉၀၀၀၀ ရှိကြောင်း သက်သေပြရမည်ဟု သတ်မှတ်ထားကြောင်း Fox Business သတင်းဌာနက ဖော်ပြသည်။

ထို့ကြောင့် ဝယ်ယူမည့်သူများအနေဖြင့် ဝယ်ယူပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရမည် ဖြစ်သည်။

လျှောက်ထားမှု လုပ်ငန်းစဉ်တွင် အချက်အလက်များ စိစစ်ခြင်း၊ ရာဇဝတ်မှု နောက်ကြောင်း စစ်ဆေးခြင်း၊ ကြွေးမြီနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရတို့က ပိုင်ဆိုင်မှုများ ထိန်းသိမ်းခံရမှု အခြေအနေများကို စစ်ဆေးသွားမည် ဖြစ်သည်။

အခြားသတ်မှတ်ချက်တစ်ခုမှာ နေအိမ်များကို လူနေရန်အတွက်သာ သတ်မှတ်ထားသည်။

DHCD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်မှာ ဘာလ်တီမိုးမြို့တွင် အိမ်လွတ်ပေါင်း ၁၃၅၀၀ ရှိနေမှုကို ဖြေရှင်း ရန် နည်းလမ်းတစ်ခုအနေဖြင့် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိအားဖြင့် နေအိမ်ပေါင်း အလုံး ၂၀၀ ရောင်းချပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် ထပ်မံရောင်းချပေးသွားမည် ဖြစ်သည်။

လျှောက်လွှာများကို ဧပြီလ ၁ ရက် (ယနေ့) တွင် စတင်လက်ခံမည်ဖြစ်ပြီး ဘာလ်တီမိုးတွင် နေထိုင်သူများကိုမူ ရက် ၉၀ ဦးစားပေး ဝယ်ယူခွင့်ပေးထားမည် ဖြစ်သည်။

နေအိမ်များကို ၁ ဒေါ်လာ သတ်မှတ်ထားသည်ဆိုသော်လည်း တစ်ဦးချင်းမဟုတ်သော ဝယ်ယူသူများမှာမူ ပိုမိုမြင့်မားသည့် ဈေးနှုန်းပေးဆောင်ရမည် ဖြစ်သည်။

ဝန်ထမ်း ၅၁ ဦးနှင့်အထက်ရှိသော အိမ်ခြံမြေ developer များနှင့် အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့များ ဝယ်ယူမည်ဆိုပါက အိမ်တစ်လုံးလျှင် ဒေါ်လာ ၃၀၀၀ ပေးရမည် ဖြစ်သည်။

ဝန်ထမ်း ၅၁ ဦးအောက်ရှိသော အကျိုးအမြတ်အတွက်မဟုတ်သည့်အဖွဲ့များ ဝယ်ယူမည်ဆိုလျှင် အိမ်တစ်လုံး လျှင် ဒေါ်လာ ၁၀၀၀ ပေးရမည် ဖြစ်သည်။

အချို့သော အိမ်ဝယ်သူများအတွက် အိမ်မွမ်းမံစရိတ် ဒေါ်လာ ၅၀၀၀၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း governing.com တွင် ဖော်ပြသည်။

 

(ဧပြီလ ၁ ရက်တွင် လျှောက်လွှာစတင်လက်ခံမည်ဖြစ်ပြီး နေအိမ်ပေါင်း အလုံး ၂၀၀ ကျော် စတင်ရောင်းချ ပေးမည် ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hundreds of homes are going on sale for just $1 – they’re already empty for move in and applications open in days (thesun)

Photo Credit: Getty

 

 

 

[Zawgyi]

အေမရိကန္ျပည္ ဘာလ္တီမိုးၿမိဳ႕႐ွိ ေနအိမ္ေပါင္း ၁၃၅၀၀ ကို အိမ္တစ္လုံးလွ်င္ ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးမည္၊ လာမည့္ရက္ပိုင္းအတြင္းေလွ်ာက္လႊာမ်ား စတင္လက္ခံမည္ျဖစ္ၿပီးတစ္သက္တာတြင္ တစ္ႀကိမ္သာၾကဳံရမည့္ အခြင့္အလမ္းျဖစ္ေသာေၾကာင့္ လက္မလႊတ္သင့္

 

ကမၻာ့အထင္ကရျမိဳ႕ၾကီးတစ္ျမိဳ႕တြင္ လူမေနေသာ ေနအိမ္အလံုး ရာေပါင္းမ်ားစြာကို အိမ္တစ္လံုးလွ်င္ ၁ ေဒၚလာမွ်ျဖင့္ ေရာင္းခ်ေပးရန္ စီစဥ္ေနေၾကာင္း အဂၤလန္အေျခစိုက္ The Sun သတင္းဌာနက ေဖာ္ျပသည္။

အေမရိကန္ျပည္ေထာင္စု၊ ဘာလ္တီမိုးျမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔က ေနအိမ္မ်ား ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးမည့္ အစီအစဥ္ကို အတည္ျပဳထားျပီး လာမည့္ရက္အနည္းငယ္အတြင္း ေလွ်ာက္လႊာမ်ား စတင္လက္ခံသြားမည္ ျဖစ္သည္။

သို႔ေသာ္ စည္းကမ္းသတ္မွတ္ခ်က္မ်ားရွိသည္။

(ဘာလ္တီမိုးျမိဳ႕တြင္ ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးရန္ စီစဥ္ေနသည္။ ဓာတ္ပံု-Getty)

(ေနအိမ္ေပါင္း ရာႏွင့္ခ်ီ၍ ေရာင္းခ်ေပးမည္ျဖစ္ျပီး လာမည့္ရက္အနည္းငယ္အတြင္း ေလွ်ာက္လႊာမ်ား စတင္ လက္ခံမည္ ျဖစ္သည္။ ဓာတ္ပံု-Getty)

ျမိဳ႕ေကာင္စီက ပိုင္ဆိုင္ေသာ လူမေနသည့္အိမ္လြတ္မ်ားကို ေရာင္းခ်ေပးမည့္အစီအစဥ္ျဖစ္သည္။

ဝယ္ယူမည့္သူတို႔သည္ အိုးအိမ္ႏွင့္ အသိုက္အဝန္းဖြ႔ံျဖိဳးေရးဌာန (DHCD) က ထုတ္ျပန္ထားေသာ ဘ႑ာေရး အေျခအေနရွိသူ ျဖစ္ရမည္ ျဖစ္သည္။ ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ဝယ္ယူမည့္သူမ်ားအေနျဖင့္ ျပဳျပင္မြမ္းမံမႈမ်ားလုပ္ရန္အတြက္ အနည္းဆံုး ေဒၚလာ ၉၀၀၀၀ ရွိေၾကာင္း သက္ေသျပရမည္ဟု သတ္မွတ္ထားေၾကာင္း Fox Business သတင္းဌာနက ေဖာ္ျပသည္။

ထို႔ေၾကာင့္ ဝယ္ယူမည့္သူမ်ားအေနျဖင့္ ဝယ္ယူျပီးေနာက္ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရမည္ ျဖစ္သည္။

ေလွ်ာက္ထားမႈ လုပ္ငန္းစဥ္တြင္ အခ်က္အလက္မ်ား စိစစ္ျခင္း၊ ရာဇဝတ္မႈ ေနာက္ေၾကာင္း စစ္ေဆးျခင္း၊ ေၾကြးျမီႏွင့္ စပ္လ်ဥ္းျပီး ျပည္ေထာင္စုအစိုးရ (သို႔မဟုတ္) ျပည္နယ္အစိုးရတို႔က ပိုင္ဆိုင္မႈမ်ား ထိန္းသိမ္းခံရမႈ အေျခအေနမ်ားကို စစ္ေဆးသြားမည္ ျဖစ္သည္။

အျခားသတ္မွတ္ခ်က္တစ္ခုမွာ ေနအိမ္မ်ားကို လူေနရန္အတြက္သာ သတ္မွတ္ထားသည္။

DHCD ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္မွာ ဘာလ္တီမိုးျမိဳ႕တြင္ အိမ္လြတ္ေပါင္း ၁၃၅၀၀ ရွိေနမႈကို ေျဖရွင္း ရန္ နည္းလမ္းတစ္ခုအေနျဖင့္ ယခုအစီအစဥ္ကို အေကာင္အထည္ေဖာ္ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

လက္ရွိအားျဖင့္ ေနအိမ္ေပါင္း အလံုး ၂၀၀ ေရာင္းခ်ေပးမည္ျဖစ္ျပီး ေနာက္ပိုင္းတြင္ ထပ္မံေရာင္းခ်ေပးသြားမည္ ျဖစ္သည္။

ေလွ်ာက္လႊာမ်ားကို ဧျပီလ ၁ ရက္ (ယေန႔) တြင္ စတင္လက္ခံမည္ျဖစ္ျပီး ဘာလ္တီမိုးတြင္ ေနထိုင္သူမ်ားကိုမူ ရက္ ၉၀ ဦးစားေပး ဝယ္ယူခြင့္ေပးထားမည္ ျဖစ္သည္။

ေနအိမ္မ်ားကို ၁ ေဒၚလာ သတ္မွတ္ထားသည္ဆိုေသာ္လည္း တစ္ဦးခ်င္းမဟုတ္ေသာ ဝယ္ယူသူမ်ားမွာမူ ပိုမိုျမင့္မားသည့္ ေစ်းႏႈန္းေပးေဆာင္ရမည္ ျဖစ္သည္။

ဝန္ထမ္း ၅၁ ဦးႏွင့္အထက္ရွိေသာ အိမ္ျခံေျမ developer မ်ားႏွင့္ အက်ဳိးအျမတ္အတြက္မဟုတ္ေသာ အဖြဲ႔မ်ား ဝယ္ယူမည္ဆိုပါက အိမ္တစ္လံုးလွ်င္ ေဒၚလာ ၃၀၀၀ ေပးရမည္ ျဖစ္သည္။

ဝန္ထမ္း ၅၁ ဦးေအာက္ရွိေသာ အက်ဳိးအျမတ္အတြက္မဟုတ္သည့္အဖြဲ႔မ်ား ဝယ္ယူမည္ဆိုလွ်င္ အိမ္တစ္လံုး လွ်င္ ေဒၚလာ ၁၀၀၀ ေပးရမည္ ျဖစ္သည္။

အခ်ဳိ႕ေသာ အိမ္ဝယ္သူမ်ားအတြက္ အိမ္မြမ္းမံစရိတ္ ေဒၚလာ ၅၀၀၀၀ ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း governing.com တြင္ ေဖာ္ျပသည္။

(ဧျပီလ ၁ ရက္တြင္ ေလွ်ာက္လႊာစတင္လက္ခံမည္ျဖစ္ျပီး ေနအိမ္ေပါင္း အလံုး ၂၀၀ ေက်ာ္ စတင္ေရာင္းခ် ေပးမည္ ျဖစ္သည္။ ဓာတ္ပံု-Getty)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Hundreds of homes are going on sale for just $1 – they’re already empty for move in and applications open in days (thesun)

Photo Credit: Getty

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service