ပဲရစ်မြို့မှ အီဖဲလ်မျှော်စင်ကြီး ပုံတူကို ပြင်သစ်နိုင်ငံသားတစ်ဦးက မီးခြစ်ဆံပေါင်း ၇၀၀,၀၀၀ ကျော်ဖြင့် ၈ နှစ် ကြာ အချိန်ယူ ဆောက်လုပ်ခဲ့

ပဲရစ်မြို့မှ အီဖဲလ်မျှော်စင်ကြီး ပုံတူကို ပြင်သစ်နိုင်ငံသားတစ်ဦးက မီးခြစ်ဆံပေါင်း ၇၀၀,၀၀၀ ကျော်ဖြင့် ၈ နှစ် ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
13 Feb 2024 2:06 pm တွင် တင်ခဲ့သည်
559 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ရစ်ချတ် ပလော့ဒ်အမည်ရှိ ပြင်သစ်နိုင်ငံသားတစ်ဦးသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာကျော် အီဖဲလ်မျှော်စင် ကြီးအတိုင်း ၂၃ ဒသမ ၆ ပေရှိ ပုံတူကို မီးခြစ်ဆံပေါင်း ၇၀၆၉၀၀ ဖြင့် ၈ နှစ်ကြာ အချိန်ယူ ပြုလုပ်ခဲ့သည်။

သူ၏ ပုံတူမျှော်စင်သည် လက်ရှိကမ္ဘာ့စံချိန်တင်ထားသော ပုံတူမျှော်စင်ထက် ၂ ပေ ပိုမိုမြင့်မားသည်ဟု ဆိုသည်။

သို့သော် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ရစ်ချတ်ထံ အကြောင်းပြန်ခဲ့ ရာတွင် ရစ်ချတ်အသုံးပြုထားသော မီးခြစ်ဆံများမှာ အမျိုးအစား မှားယွင်းနေကြောင်း၊ ထိုမီးခြစ်ဆံမျိုးကို ဈေးကွက်တွင် ဝယ်ယူမရနိုင်ကြောင်း ၊ ထို့ကြောင့် ဂင်းနက်စ်ကမ္ဘာ့စံချိန်အတွက် အရည်အချင်းမမှီကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ ဒိုင်လူကြီးတွေက ကျွန်တော်ရဲ့ မျှော်စင်ကို အပြင်မှာ မမြင်ဘူးသေးဘဲ သူတို့ရဲ့ဆုံးဖြတ်ချက်ကို အကြောင်းကြားခဲ့ပါတယ်။”ဟု ၎င်းက ဖေ့ဘုတ်စ်တွင် ရေးသားခဲ့သည်။

ရစ်ချတ် ပလော့သည် ဒေသတွင်း အာဏာပိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးဖြစ်သည်။

ဂင်းနက်စ် ကမ္ဘာ့စံချိန်အဖွဲ့က ၎င်းအား ပြောခဲ့သည်မှာ မီးခြစ်ဆံများသည် ဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော အမျိုးအစားဖြစ်ရမည်ဖြစ်ပြီး ဖြတ်တောက်ခြင်း ၊ ပုံဖျက်ခြင်းများ လုပ်ဆောင်၍ မရကြောင်း ပြောခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒီမီးခြစ်ဆံတွေက ဈေးကွက်မှာ မရနိုင်တာကြောင့် မီးခြစ်ဆံနဲ့ ဆောက်လုပ်မှုအဖြစ် အရည်အသွေးမမှီဘူးလို့ ဂင်းနက်စ် စံချိန်အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်”ဟု ရစ်ချတ်က ပြောသည်။

“တုတ်ချောင်း ၇၀၆၉၀၀ တစ်ခုနဲ့ တစ်ခု ဆက်စပ်ထားတာသာဖြစ်ပြီး မီးခြစ်ဆံ မဟုတ်ဘူးလို့ သူတို့က ကျွန်တော့်ကို ပြောပါတယ်။”

ရစ်ချတ် ပလော့သည် စူပါမားကတ်မှ မီးခြစ်ဆံများ ဝယ်ကာ မီးခြစ်ဆံတစ်ခုချင်းစီရှိ ယမ်းများကို လက်ဖြင့် ဖယ်ရှားနေရခြင်းအား ငြီးငွေ့လာခဲ့သည်။

ထို့ကြောင့် ရစ်ချတ်က မီးခြစ်ဆံ ထုတ်လုပ်သူတစ်ဦးထံမှ မီးခြစ်ဆံခေါင်းမပါသော မီးခြစ်ဘူး ၃၃ ပေါင် ညှိုနှိုင်းဝယ်ယူခဲ့သည်။

အဆိုပါ မီးခြစ်ဆံများမှာ မျှော်စင်ဆောက်လုပ်ရာတွင် လွယ်ကူချောမွေ့သွားစေသော်လည်း ဈေးကွက်တွင် ဝယ်ယူ၍ မရသော အမျိုးအစားဖြစ်သောကြောင့် ဂင်းနက်စ်စံချိန်တင်လိုသည့် ရစ်ချတ်၏ အိပ်မက်ကို ချေမှုန်း ပစ်မည့်အရာ ဖြစ်လာခဲ့သည်။

ရစ်ချတ် ပလော့က ပြောသည်မှာ မီးခြစ်ဆံ ဝယ်ယူထားသည့် ဘောင်ချာများ၊ လွတ်လပ်သော လေ့လာသူတို့ ထံမှ သက်သေအထောက်အထားများက မိမိ၏ ကမ္ဘာ့စံချိန်တင်ရန် ကြိုးစားမှုမှာ စည်းမျဉ်းစည်းကမ်းဘောင် အတွင်းတွင် ရှိနေသည်ကို သက်သေပြနိုင်ကြောင်း ပြောသည်။

သို့သော် ရစ်ချတ်၏ ဂင်းနက်စ်စံချိန်အိပ်မက်မှာ အသက်ဝင်နေဆဲဖြစ်သည်ဟု ဆိုနိုင်သည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့က NBC သတင်းဌာနသို့ ရစ်ချတ်၏ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ပြောခဲ့သည်မှာ ရစ်ချတ်၏ ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်းမှုအပေါ် စာနာစိတ်ကင်းမဲ့စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ရာ ပြန်လည်သုံးသပ် စစ်ဆေး သွားမည်ဖြစ်ကြောင်း ပြောထားသည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့မှ စံချိန်မှတ်တမ်းများဆိုင်ရာ ဒါရိုက်တာ Mark McKinley က NBC သတင်းဌာနသို့ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ပြောသည်မှာ “ကျွန်တော်တို့ရဲ့ စံချိန်စီမံခန့်ခွဲရေးအဖွဲ့ဟာ ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားသူတိုင်းကို အခွင့်အရေးတန်းတူညီမျှရှိစေရေးအတွက် စေ့စေ့စပ်စပ် စစ်ဆေးရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် အခုတင်ပြလာတဲ့အပေါ်မှာတော့ နည်းနည်းလေး စာနာစိတ်ကင်းမဲ့မှုမျိုး ဖြစ်ခဲ့ဟန် ရပါတယ်”ဟု ပြောသည်။

လက်ရှိ ကမ္ဘာ့စံချိန်တင်ထားသူမှာ လက်ဘနွန်နိုင်ငံမှ Toufic Daher ဆိုသူဖြစ်ပြီး အမြင့် ၂၁ ဒသမ ၄ ပေရှိ သော အီဖဲလ်မျှော်စင်ပုံတူကို ၂၀၀၉ ခုနှစ်အတွင်း မီးခြစ်ဆံပေါင်း ၆ သန်းကို အသုံးပြုကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်။ နောက်ဆုံးသတင်းများအရ ဂင်းနက်စ် ကမ္ဘာ့စံချိန်အဖွဲ့က ရစ်ချတ်၏ အီဖဲလ်မျှော်စင်ပုံတူ ဆောက်လုပ်မှုကို လက်ခံလိုက်ကာ ကမ္ဘာ့စံချိန်တင်သူအဖြစ် သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း NBC သတင်းတစ်ရပ်တွင် ဖော်ပြသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

  Ref: Man who spent years building Eiffel Tower with 700K matchsticks may be denied world record for using wrong matches (yahoo)

Photo Credit: nbcnews

[Zawgyi]

ပဲရစ္ျမိဳ႕မွ အီဖဲလ္ေမွ်ာ္စင္ၾကီး ပံုတူကို ျပင္သစ္ႏိုင္ငံသားတစ္ဦးက မီးျခစ္ဆံေပါင္း ၇၀၀,၀၀၀ ေက်ာ္ျဖင့္ ၈ ႏွစ္ ၾကာ အခ်ိန္ယူ ေဆာက္လုပ္ခဲ့

ရစ္ခ်တ္ ပေလာ့ဒ္အမည္ရွိ ျပင္သစ္ႏိုင္ငံသားတစ္ဦးသည္ ျပင္သစ္ႏိုင္ငံ ပဲရစ္ျမဳိ႕ရွိ ကမၻာေက်ာ္ အီဖဲလ္ေမွ်ာ္စင္ ၾကီးအတိုင္း ၂၃ ဒသမ ၆ ေပရွိ ပံုတူကို မီးျခစ္ဆံေပါင္း ၇၀၆၉၀၀ ျဖင့္ ၈ ႏွစ္ၾကာ အခ်ိန္ယူ ျပဳလုပ္ခဲ့သည္။

သူ၏ ပံုတူေမွ်ာ္စင္သည္ လက္ရွိကမၻာ့စံခ်ိန္တင္ထားေသာ ပံုတူေမွ်ာ္စင္ထက္ ၂ ေပ ပိုမိုျမင့္မားသည္ဟု ဆိုသည္။

သို႔ေသာ္ ဂင္းနက္စ္ ကမၻာ့စံခ်ိန္မွတ္တမ္းအဖြဲ႔က ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ရစ္ခ်တ္ထံ အေၾကာင္းျပန္ခဲ့ ရာတြင္ ရစ္ခ်တ္အသံုးျပဳထားေသာ မီးျခစ္ဆံမ်ားမွာ အမ်ဳိးအစား မွားယြင္းေနေၾကာင္း၊ ထိုမီးျခစ္ဆံမ်ဳိးကို ေစ်းကြက္တြင္ ဝယ္ယူမရႏိုင္ေၾကာင္း ၊ ထို႔ေၾကာင့္ ဂင္းနက္စ္ကမၻာ့စံခ်ိန္အတြက္ အရည္အခ်င္းမမွီေၾကာင္း ေျပာၾကားခဲ့သည္ဟု ဆိုသည္။

“ဂင္းနက္စ္ ကမၻာ့စံခ်ိန္မွတ္တမ္းအဖြဲ႔ ဒိုင္လူၾကီးေတြက ကၽြန္ေတာ္ရဲ႕ ေမွ်ာ္စင္ကို အျပင္မွာ မျမင္ဘူးေသးဘဲ သူတို႔ရဲ႕ဆံုးျဖတ္ခ်က္ကုိ အေၾကာင္းၾကားခဲ့ပါတယ္။”ဟု ၎က ေဖ့ဘုတ္စ္တြင္ ေရးသားခဲ့သည္။

ရစ္ခ်တ္ ပေလာ့သည္ ေဒသတြင္း အာဏာပိုင္အဖြဲ႔တြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းတစ္ဦးျဖစ္သည္။

ဂင္းနက္စ္ ကမၻာ့စံခ်ိန္အဖြဲ႔က ၎အား ေျပာခဲ့သည္မွာ မီးျခစ္ဆံမ်ားသည္ ေစ်းကြက္တြင္ ဝယ္ယူရရွိႏိုင္ေသာ အမ်ဳိးအစားျဖစ္ရမည္ျဖစ္ျပီး ျဖတ္ေတာက္ျခင္း ၊ ပံုဖ်က္ျခင္းမ်ား လုပ္ေဆာင္၍ မရေၾကာင္း ေျပာခဲ့သည္ဟု ၎က ေျပာသည္။

“ဒီမီးျခစ္ဆံေတြက ေစ်းကြက္မွာ မရႏိုင္တာေၾကာင့္ မီးျခစ္ဆံနဲ႔ ေဆာက္လုပ္မႈအျဖစ္ အရည္အေသြးမမွီဘူးလို႔ ဂင္းနက္စ္ စံခ်ိန္အဖြဲ႔က ဆံုးျဖတ္ခဲ့ပါတယ္”ဟု ရစ္ခ်တ္က ေျပာသည္။

“တုတ္ေခ်ာင္း ၇၀၆၉၀၀ တစ္ခုနဲ႔ တစ္ခု ဆက္စပ္ထားတာသာျဖစ္ျပီး မီးျခစ္ဆံ မဟုတ္ဘူးလို႔ သူတို႔က ကၽြန္ေတာ့္ကို ေျပာပါတယ္။”

ရစ္ခ်တ္ ပေလာ့သည္ စူပါမားကတ္မွ မီးျခစ္ဆံမ်ား ဝယ္ကာ မီးျခစ္ဆံတစ္ခုခ်င္းစီရွိ ယမ္းမ်ားကို လက္ျဖင့္ ဖယ္ရွားေနရျခင္းအား ျငီးေငြ႔လာခဲ့သည္။

ထုိ႔ေၾကာင့္ ရစ္ခ်တ္က မီးျခစ္ဆံ ထုတ္လုပ္သူတစ္ဦးထံမွ မီးျခစ္ဆံေခါင္းမပါေသာ မီးျခစ္ဘူး ၃၃ ေပါင္ ညိႈႏိႈင္းဝယ္ယူခဲ့သည္။

အဆိုပါ မီးျခစ္ဆံမ်ားမွာ ေမွ်ာ္စင္ေဆာက္လုပ္ရာတြင္ လြယ္ကူေခ်ာေမြ႔သြားေစေသာ္လည္း ေစ်းကြက္တြင္ ဝယ္ယူ၍ မရေသာ အမ်ဳိးအစားျဖစ္ေသာေၾကာင့္ ဂင္းနက္စ္စံခ်ိန္တင္လိုသည့္ ရစ္ခ်တ္၏ အိပ္မက္ကို ေခ်မႈန္း ပစ္မည့္အရာ ျဖစ္လာခဲ့သည္။

ရစ္ခ်တ္ ပေလာ့က ေျပာသည္မွာ မီးျခစ္ဆံ ဝယ္ယူထားသည့္ ေဘာင္ခ်ာမ်ား၊ လြတ္လပ္ေသာ ေလ့လာသူတို႔ ထံမွ သက္ေသအေထာက္အထားမ်ားက မိမိ၏ ကမၻာ့စံခ်ိန္တင္ရန္ ၾကိဳးစားမႈမွာ စည္းမ်ဥ္းစည္းကမ္းေဘာင္ အတြင္းတြင္ ရွိေနသည္ကို သက္ေသျပႏိုင္ေၾကာင္း ေျပာသည္။

သို႔ေသာ္ ရစ္ခ်တ္၏ ဂင္းနက္စ္စံခ်ိန္အိပ္မက္မွာ အသက္ဝင္ေနဆဲျဖစ္သည္ဟု ဆိုႏိုင္သည္။

ဂင္းနက္စ္ကမၻာ့စံခ်ိန္အဖြဲ႔က NBC သတင္းဌာနသုိ႔ ရစ္ခ်တ္၏ ျဖစ္ရပ္ႏွင့္ စပ္လ်ဥ္း၍ ေျပာခဲ့သည္မွာ ရစ္ခ်တ္၏ ကမၻာ့စံခ်ိန္တင္ရန္ ၾကိဳးပမ္းမႈအေပၚ စာနာစိတ္ကင္းမဲ့စြာ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ႏိုင္ရာ ျပန္လည္သံုးသပ္ စစ္ေဆး သြားမည္ျဖစ္ေၾကာင္း ေျပာထားသည္။

ဂင္းနက္စ္ကမၻာ့စံခ်ိန္အဖြဲ႔မွ စံခ်ိန္မွတ္တမ္းမ်ားဆိုင္ရာ ဒါရိုက္တာ Mark McKinley က NBC သတင္းဌာနသုိ႔ ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က ေျပာသည္မွာ “ကၽြန္ေတာ္တို႔ရဲ႕ စံခ်ိန္စီမံခန္႔ခြဲေရးအဖြဲ႔ဟာ ဂင္းနက္စ္ကမၻာ့စံခ်ိန္တင္ဖုိ႔ ၾကိဳးစားသူတိုင္းကို အခြင့္အေရးတန္းတူညီမွ်ရွိေစေရးအတြက္ ေစ့ေစ့စပ္စပ္ စစ္ေဆးရမယ့္ တာဝန္ရွိပါတယ္။ ဒါေပမယ့္ အခုတင္ျပလာတဲ့အေပၚမွာေတာ့ နည္းနည္းေလး စာနာစိတ္ကင္းမဲ့မႈမ်ဳိး ျဖစ္ခဲ့ဟန္ ရပါတယ္”ဟု ေျပာသည္။

လက္ရွိ ကမၻာ့စံခ်ိန္တင္ထားသူမွာ လက္ဘႏြန္ႏိုင္ငံမွ Toufic Daher ဆိုသူျဖစ္ျပီး အျမင့္ ၂၁ ဒသမ ၄ ေပရွိ ေသာ အီဖဲလ္ေမွ်ာ္စင္ပံုတူကို ၂၀၀၉ ခုႏွစ္အတြင္း မီးျခစ္ဆံေပါင္း ၆ သန္းကို အသံုးျပဳကာ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

(မွတ္ခ်က္။ ေနာက္ဆံုးသတင္းမ်ားအရ ဂင္းနက္စ္ ကမၻာ့စံခ်ိန္အဖြဲ႔က ရစ္ခ်တ္၏ အီဖဲလ္ေမွ်ာ္စင္ပံုတူ ေဆာက္လုပ္မႈကို လက္ခံလိုက္ကာ ကမၻာ့စံခ်ိန္တင္သူအျဖစ္ သတ္မွတ္ေပးလိုက္ျပီျဖစ္ေၾကာင္း NBC သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man who spent years building Eiffel Tower with 700K matchsticks may be denied world record for using wrong matches (yahoo)

Photo Credit: nbcnews

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service