ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တတ်သလား။

ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တတ်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
3 Feb 2024 12:46 pm တွင် တင်ခဲ့သည်
751 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ငယ်ငယ်က ခေါက်ဆွဲပြုတ်တွေ စားပြီဆိုရင် လူကြီးတွေက မစားရဘူး။ ဆံပင်တွေ ဖြူမယ်ဆိုပြီး ဆူတာခံရဖူးမှာပါ။ ကြီးလာတော့လည်း ညဘက်စားစရာမရှိရင် ခေါက်ဆွဲပြုတ်ပဲ စားရတာပါပဲ။ အဲ့လိုစားတိုင်းလည်း လူကြီးတွေဆူသလို ဆံပင်ဖြူမှာလားဆိုပြီး ကြောက်ကြောက်နဲ့ စားရတာာပေါ့။ တကယ်ပဲ ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တာလား။

ဆံပင်ဖြူရတဲ့ အကြောင်းရင်း

ခေါက်ဆွဲပြုတ်အကြောင်း မပြောခင် ဆံပင်ဖြူရတဲ့ အကြောင်းကို အရင်ဆုံး ပြောပြပါ့မယ်။ အဲ့တာမှ ခေါက်ဆွဲပြုတ်နဲ့ ဆိုင်မဆိုင် တွေးကြည့်လို့ ရမှာပါ။

အသက်ကြီးလာရင် ဆံပင်ဖြူတာက မထူးခြားပေမယ့် အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေပြီဆိုရင်တော့ အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အရွယ်မတိုင်ခင် ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေကတော့....

မျိုးဗီဇ

ကိုယ့်မိဘတွေ၊ မောင်နှမတွေက ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရင် ကိုယ့်မှာလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူနိုင်ခြေ ရှိပါတယ်။

စိတ်ဖိစီးမှုများတာ

စိတ်ဖိစီးမှုများတဲ့အခါ ဆံပင်ရဲ့ ရောင်ခြယ်ပစ္စည်းကို ဖြစ်စေတဲ့ ဆဲလ်တွေ ပျက်စီးတာကြောင့် စောစောစီးစီး ဆံပင်ဖြူနိုင်ပါတယ်။

Autoimmune ရောဂါတွေ

ခုခံအားတုံ့ပြန်မှု မမှန်တဲ့ရောဂါတွေ (ဥပမာ ဆံပင်ကျွတ်တဲ့ Alopeciaတို့၊ ခရုသင်း) မှာ ခုခံအားက ဆံပင် ကို တိုက်ခိုက်တဲ့အတွက် ဆံပင်တွေ ဖြူလာတာပါ။

သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ဟော်မုန်း များလွန်းတာ၊ နည်းလွန်းတာတွေက အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဖြစ်စေနိုင်ပါတယ်။

အာဟာရချို့တဲ့တာ

ဗီတာမင် B6၊ ဗီတာမင် B12၊ ဘိုင်အိုတင်၊ ဗီတာမင် ဒီ၊ ဗီတာမင် အီး စတာတွေ ချို့တဲ့တာက အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာချက်တစ်ခုမှာ ဗီတာမင် D3၊ ဗီတာမင် B12နဲ့ ကော့ပါးတွေ ချို့တဲ့တာက ဆံပင်ဖြူစေတယ်လို့ ဆိုပါတယ်။

၂၀၁၆က အိန္ဒိယက ၂၅နှစ်အောက် လူငယ်တွေမှာ လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာလည်း Ferritin (ကိုယ်ထဲမှာ သိမ်းဆည်းတဲ့ သံဓာတ်ပုံစံ)၊ ဗီတာမင် B12နဲ့ ကောင်းတဲ့ HDL ကိုလက်စထရောတွေ နည်းတဲ့လူငယ်တွေမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို တွေ့ရပါတယ်။

  ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက အရွယ်မတိုင်ခင် ဆံပင်ဖြူတာနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်သောက်တာကြောင့် ဆံပင်မွေးညှင်းအိတ်တွေဆီ သွေးလည်ပတ်မှု နည်းသွားတာ၊ သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် မွေးညှင်းအိတ်လေးတွေ ပျက်စီးပြီး ဆံပင်ဖြူတာ ဖြစ်တတ်ပါတယ်။

ဒါဆို ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေတတ်လား ဆိုရင် ...

ခေါက်ဆွဲပြုတ်စားရုံနဲ့တော့ ဆံပင်ဖြူတာမျိုး မရှိပါဘူး။ ခေါက်ဆွဲပြုတ်တွေက ဆံပင်ကို တိုက်ရိုက်ဖြူစေတာမျိုး မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးတော့ ဆက်စပ်မှု ရှိပါတယ်။

ခေါက်ဆွဲပြုတ်တွေက စားကောင်းတယ်ဆိုပေမယ့် အာဟာရတန်ဖိုး နည်းပါးပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ခေါက်ဆွဲခြောက်နဲ့ အရသာမှုန့်ထုပ်တွေပဲ ပါပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ မပါပါဘူး။

ဒါကြောင့် ခေါက်ဆွဲခြောက်တွေကို ခဏခဏစားမယ်ဆိုရင် တခြားအာဟာရရှိတာတွေ မစားဖြစ်ဘဲ ဆံပင်ဖြူတာနဲ့ ဆက်စပ်နေတဲ့ ဗီတာမင်တွေ ချို့တဲ့လာတာပါ။ ဒါဆိုရင်တော့ ဆံပင်ဖြူနိုင်ပါတယ်။

ဒါဆို ခေါက်ဆွဲပြုတ်တွေကို စိတ်ချလက်ချ စားလို့ ရပြီပေါ့။

ခေါက်ဆွဲပြုတ်စားတာ ဆံပင်မဖြူဘူးဆိုပြီး ခဏခဏတော့ မစားသင့်ပါဘူး။ ခဏခဏ စားရင် ခုနကပြောသလို ရေရှည်မှာ အာဟာရချို့တဲ့ပြီး ဆံပင်ဖြူလာမှာပါ။

ဗီတာမင်တွေ ချို့တဲ့တာက ဆံပင်ဖြူတာတင် မဟုတ်ဘဲ တခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ဒါ့ပြင် အဆီများ၊ အငန်များတဲ့အတွက် ခဏခဏစားမယ်ဆိုရင် အဝလွန်တာ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ခေါက်ဆွဲပြုတ်တွေ အစားများပြီး ဆံပင်ဖြူနေပြီဆိုရင်

ခေါက်ဆွဲပြုတ်တွေ အစားများပြီး ဆံပင်ဖြူနေပြီဆိုရင် ခေါက်ဆွဲပြုတ်စားတာကို ခဏရပ်လိုက်ပါ။ အာဟာရပြည့်ဝပြီး ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို ပြန်စားပါ။ နေ့စဉ် အသီးအရွက် အသားငါး ပါအောင်စားပါ။ လိုအပ်ရင် ဗီတာမင်အစုံပါတဲ့ အားဆေးတစ်မျိုး မှီဝဲပါ။

ကံကောင်းတာက အာဟာရချို့တဲ့လို့ ဆံပင်ဖြူတာက အာဟာရပြန်ပြည့်လာရင် နဂိုဆံပင်အရောင်ပြန်ရနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဖြူလက်စနဲ့ မထူးပါဘူး ဆက်စားမယ်ဆိုတာမျိုး မလုပ်ဖို့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ေခါက္ဆြဲျပဳတ္ေတြက ဆံပင္ျဖဴေစ တတ္သလား။

ငယ္ငယ္က ေခါက္ဆြဲျပဳတ္ေတြ စားၿပီဆိုရင္ လူႀကီးေတြက မစားရဘူး။ ဆံပင္ေတြ ျဖဴမယ္ဆိုၿပီး ဆူတာခံရဖူးမွာပါ။ ႀကီးလာေတာ့လည္း ညဘက္စားစရာမ႐ွိရင္ ေခါက္ဆြဲျပဳတ္ပဲ စားရတာပါပဲ။ အဲ့လိုစားတိုင္းလည္း လူႀကီးေတြဆူသလို ဆံပင္ျဖဴမွာလားဆိုၿပီး ေၾကာက္ေၾကာက္နဲ႔ စားရတာာေပါ့။ တကယ္ပဲ ေခါက္ဆြဲျပဳတ္ေတြက ဆံပင္ျဖဴေစ တာလား။

ဆံပင္ျဖဴရတဲ့ အေၾကာင္းရင္း

ေခါက္ဆြဲျပဳတ္အေၾကာင္း မေျပာခင္ ဆံပင္ျဖဴရတဲ့ အေၾကာင္းကို အရင္ဆုံး ေျပာျပပါ့မယ္။ အဲ့တာမွ ေခါက္ဆြဲျပဳတ္နဲ႔ ဆိုင္မဆိုင္ ေတြးၾကည့္လို႔ ရမွာပါ။

အသက္ႀကီးလာရင္ ဆံပင္ျဖဴတာက မထူးျခားေပမယ့္ အသက္ငယ္ငယ္ေလးနဲ႔ ဆံပင္ျဖဴေနၿပီဆိုရင္ေတာ့ အနည္းနဲ႔ အမ်ားေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ရပါတယ္။

အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴရတဲ့ အေၾကာင္းရင္းေတြကေတာ့....

မ်ိဳးဗီဇ

ကိုယ့္မိဘေတြ၊ ေမာင္ႏွမေတြက ငယ္ငယ္ေလးနဲ႔ ဆံပင္ျဖဴရင္ ကိုယ့္မွာလည္း အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴႏိုင္ေျခ ႐ွိပါတယ္။

စိတ္ဖိစီးမႈမ်ားတာ

စိတ္ဖိစီးမႈမ်ားတဲ့အခါ ဆံပင္ရဲ႕ ေရာင္ျခယ္ပစၥည္းကို ျဖစ္ေစတဲ့ ဆဲလ္ေတြ ပ်က္စီးတာေၾကာင့္ ေစာေစာစီးစီး ဆံပင္ျဖဴႏိုင္ပါတယ္။

Autoimmune ေရာဂါေတြ

ခုခံအားတုံ႔ျပန္မႈ မမွန္တဲ့ေရာဂါေတြ (ဥပမာ ဆံပင္ကြၽတ္တဲ့ Alopeciaတို႔၊ ခ႐ုသင္း) မွာ ခုခံအားက ဆံပင္ ကို တိုက္ခိုက္တဲ့အတြက္ ဆံပင္ေတြ ျဖဴလာတာပါ။

သိုင္း႐ြိဳက္ေရာဂါ

သိုင္း႐ြိဳက္ေဟာ္မုန္း မ်ားလြန္းတာ၊ နည္းလြန္းတာေတြက အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာကို ျဖစ္ေစႏိုင္ပါတယ္။

အာဟာရခ်ိဳ႕တဲ့တာ

ဗီတာမင္ B6၊ ဗီတာမင္ B12၊ ဘိုင္အိုတင္၊ ဗီတာမင္ ဒီ၊ ဗီတာမင္ အီး စတာေတြ ခ်ိဳ႕တဲ့တာက အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာကို ျဖစ္ေစႏိုင္ပါတယ္။ ေလ့လာခ်က္တစ္ခုမွာ ဗီတာမင္ D3၊ ဗီတာမင္ B12နဲ႔ ေကာ့ပါးေတြ ခ်ိဳ႕တဲ့တာက ဆံပင္ျဖဴေစတယ္လို႔ ဆိုပါတယ္။

၂၀၁၆က အိႏၵိယက ၂၅ႏွစ္ေအာက္ လူငယ္ေတြမွာ လုပ္ခဲ့တဲ့ ေလ့လာခ်က္ေတြမွာလည္း Ferritin (ကိုယ္ထဲမွာ သိမ္းဆည္းတဲ့ သံဓာတ္ပုံစံ)၊ ဗီတာမင္ B12နဲ႔ ေကာင္းတဲ့ HDL ကိုလက္စထေရာေတြ နည္းတဲ့လူငယ္ေတြမွာ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာကို ေတြ႕ရပါတယ္။

ေဆးလိပ္ေသာက္တာ

ေဆးလိပ္ေသာက္တာက အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴတာနဲ႔ ဆက္စပ္ေနပါတယ္။ ေဆးလိပ္ေသာက္တာေၾကာင့္ ဆံပင္ေမြးညႇင္းအိတ္ေတြဆီ ေသြးလည္ပတ္မႈ နည္းသြားတာ၊ သူ႕မွာပါတဲ့ ဓာတုပစၥည္းေတြေၾကာင့္ ေမြးညႇင္းအိတ္ေလးေတြ ပ်က္စီးၿပီး ဆံပင္ျဖဴတာ ျဖစ္တတ္ပါတယ္။

ဒါဆို ေခါက္ဆြဲျပဳတ္ေတြက ဆံပင္ျဖဴေစ တတ္လား ဆိုရင္ ...

ေခါက္ဆြဲျပဳတ္စား႐ုံနဲ႔ေတာ့ ဆံပင္ျဖဴတာမ်ိဳး မ႐ွိပါဘူး။ ေခါက္ဆြဲျပဳတ္ေတြက ဆံပင္ကို တိုက္႐ိုက္ျဖဴေစတာမ်ိဳး မဟုတ္ေပမယ့္ သြယ္ဝိုက္ၿပီးေတာ့ ဆက္စပ္မႈ ႐ွိပါတယ္။

ေခါက္ဆြဲျပဳတ္ေတြက စားေကာင္းတယ္ဆိုေပမယ့္ အာဟာရတန္ဖိုး နည္းပါးပါတယ္။ ေခါက္ဆြဲေျခာက္ထုပ္ေတြထဲမွာ ေခါက္ဆြဲေျခာက္နဲ႔ အရသာမႈန္႔ထုပ္ေတြပဲ ပါၿပီး ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရေတြ မပါပါဘူး။

ဒါေၾကာင့္ ေခါက္ဆြဲေျခာက္ေတြကို ခဏခဏစားမယ္ဆိုရင္ တျခားအာဟာရ႐ွိတာေတြ မစားျဖစ္ဘဲ ဆံပင္ျဖဴတာနဲ႔ ဆက္စပ္ေနတဲ့ ဗီတာမင္ေတြ ခ်ိဳ႕တဲ့လာတာပါ။ ဒါဆိုရင္ေတာ့ ဆံပင္ျဖဴႏိုင္ပါတယ္။

ဒါဆို ေခါက္ဆြဲျပဳတ္ေတြကို စိတ္ခ်လက္ခ် စားလို႔ ရၿပီေပါ့။ ေခါက္ဆြဲျပဳတ္စားတာ ဆံပင္မျဖဴဘူးဆိုၿပီး ခဏခဏေတာ့ မစားသင့္ပါဘူး။ ခဏခဏ စားရင္ ခုနကေျပာသလို ေရ႐ွည္မွာ အာဟာရခ်ိဳ႕တဲ့ၿပီး ဆံပင္ျဖဴလာမွာပါ။

ဗီတာမင္ေတြ ခ်ိဳ႕တဲ့တာက ဆံပင္ျဖဴတာတင္ မဟုတ္ဘဲ တျခားက်န္းမာေရးျပႆနာေတြကိုပါ ျဖစ္ေစႏိုင္ပါတယ္။

ဒါ့ျပင္ အဆီမ်ား၊ အငန္မ်ားတဲ့အတြက္ ခဏခဏစားမယ္ဆိုရင္ အဝလြန္တာ၊ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳတို႔လို နာတာ႐ွည္ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

ေခါက္ဆြဲျပဳတ္ေတြ အစားမ်ားၿပီး ဆံပင္ျဖဴေနၿပီဆိုရင္

ေခါက္ဆြဲျပဳတ္ေတြ အစားမ်ားၿပီး ဆံပင္ျဖဴေနၿပီဆိုရင္ ေခါက္ဆြဲျပဳတ္စားတာကို ခဏရပ္လိုက္ပါ။ အာဟာရျပည့္ဝၿပီး ဗီတာမင္ႂကြယ္ဝတဲ့ အစားအစာေတြကို ျပန္စားပါ။ ေန႔စဥ္ အသီးအ႐ြက္ အသားငါး ပါေအာင္စားပါ။ လိုအပ္ရင္ ဗီတာမင္အစုံပါတဲ့ အားေဆးတစ္မ်ိဳး မွီဝဲပါ။

ကံေကာင္းတာက အာဟာရခ်ိဳ႕တဲ့လို႔ ဆံပင္ျဖဴတာက အာဟာရျပန္ျပည့္လာရင္ နဂိုဆံပင္အေရာင္ျပန္ရႏိုင္ပါတယ္။ ဒါေၾကာင့္ ဆံပင္ျဖဴလက္စနဲ႔ မထူးပါဘူး ဆက္စားမယ္ဆိုတာမ်ိဳး မလုပ္ဖို႔ လိုပါတယ္။

ေခါက္ဆြဲျပဳတ္စားတာနဲ႔ ပတ္သက္ၿပီး သိခ်င္တာေတြ ႐ွိရင္လည္း ေအာက္ကမွတ္ခ်က္ဆိုတဲ့ေနရာမွာ ေမးျမန္းခဲ့ႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service