လော့စ်အိန်ဂျလိတွင် ကိုယ်ပိုင်ဘုရားကျောင်းပါသော စံအိမ်တစ်လုံး ကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

လော့စ်အိန်ဂျလိတွင် ကိုယ်ပိုင်ဘုရားကျောင်းပါသော စံအိမ်တစ်လုံး ကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Jan 2024 11:02 am တွင် တင်ခဲ့သည်
461 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် ကိုယ်ပိုင်ဘုရားကျောင်းအဆောက်အအုံတစ်ခု သီးခြားပါသော စံအိမ်တစ်လုံး ကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

လော့စ်အိန်ဂျလိမြို့ Brentwood Park အရပ်တွင် တည်ရှိပြီး ခြံဝန်းအကျယ် ၁ ဒသမ ၄ ဧက ကျယ်ဝန်းသည်။

စပိန်ကိုလိုနီ ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ထားပြီး ဧည့်ဂေဟာအိမ်တစ်လုံးနှင့် ရေကူးကန်ဘေးအိမ်တို့လည်း ပါဝင်သည်။

 

 

ဤစံအိမ်ကို ကာလကြာရှည် ပိုင်ဆိုင်ခဲ့သော Helen နှင့် David G.Price တို့က ၂၀၀၄ ခုနှစ်ခန့်တွင် ဘုရားကျောင်းကို ဖြည့်စွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့စုံတွဲသည် အသက်အရွယ် ကြီးမြင့်ချိန်တွင် ဘာသာတရားကို အလွန်ကိုင်းရှိုင်းလာခဲ့ကြကြောင်း Helen ၏ ပထမအိမ်ထောင်မှ ရသော သားတစ်ဦးဖြစ်သည့် Craig McDonald က ပြောသည်။

မစ်ရှင်ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ဘုရားကျောင်းကို ဆောက်လုပ်ထားပြီး မိမိတို့ လည်ပတ်အချိန်ဖြုန်းရန် နှင့် ပညာလေ့လာရန် နေရာဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

David G.Price (ကွယ်လွန်) သည် American Golf Corp ကို တည်ထောင်ခဲ့သူ ဖြစ်သည်။

 

 

American Golf Corp သည် ၁၉၇၀ ပြည့်လွန်ကာလများအတွင် ဂေါက်ကွင်းများကို စီမံကွပ်ကဲမှုများ လုပ်ဆောင်ခဲ့သည်။

နောက်ပိုင်းတွင် ညီအစ်ကိုကုမ္ပဏီဖြစ်သော National Golf Properties ကို တည်ထောင်ခဲ့ပြီး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ကြောင်း McDonald က ပြောသည်။

 

 

(ပင်မစံအိမ်မှာ ၁၉၂၈ ခုနှစ် ဝန်းကျင်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဧည့်ဂေဟာအိမ်၊ ရေကူးကန်ဘေးအိမ်နှင့် ပန်းအိုးများ ထားသိုရာအိမ်တစ်လုံးတို့လည်း ပါဝင်သည်။ ဓာတ်ပုံ-Christopher Amitrano)

 

 

နှစ်ပေါင်းများစွာကာလအတွင်း ခြံကွက် ၃ ခု ဝယ်ယူပေါင်းစည်းထားခြင်းဖြစ်ကြောင်း McDonald က ပြောသည်။

အိမ်ခြံမြေမှတ်တမ်းများအရ စံအိမ်ကို ၁၉၉၉ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

၂၀၀၀ ပြည့်နှစ်တွင် ကပ်လျက်ခြံကွက်ကို ကန်ဒေါ်လာ ၃ ဒသမ ၂၇ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် တတိယခြံကွက်ကို ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် ဆက်လက်ဝယ်ယူခဲ့သည်။

 

 

ယင်းနောက် ရှိရင်းစွဲအဆောက်အအုံများကို ဖြိုချခဲ့ပြီး ဘုရားကျောင်း၊ အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာအိမ်တို့ အပြင် အဆောက်အအုံများစွာ ဆောက်လုပ်ခဲ့သည်။

ဧည့်ဂေဟာအိမ်နှင့် ရေကူးကန်ဘေးအိမ်တို့ကို အမိုးပါစင်္ကြန်လမ်းတစ်ခုဖြင့် ဆက်သွယ်ထားသည်။

ရေကူးကန်ဘေးအိမ်တွင် ဧည့်ခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သည်။

ဘုရားကျောင်းတွင် ပန်းအိုးများထားသိုသည့် အဆောက်အအုံနှင့် ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ရှိသည်။

ပင်မစံအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ကား ၃ စင်းဆန့် ဂိုဒေါင်တို့ ပါဝင်သည်။

 

(စံအိမ်ကို ကာလကြာရှည်ပိုင်ဆိုင်ထားသူမှာ ခရစ်ယာန်များဖြစ်ပြီး မစ်ရှင် ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဘုရားကျောင်းကို ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Christopher Amitrano)

 

 

(ခြံဝန်းအတွင်း ရေကူးကန်၊ လူသွားလမ်းများ၊ ရေတံခွန်များနှင့် သံလွင်ပင်များ ပါဝင်သည်။ ဓာတ်ပုံ- Christopher Amitrano)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Your Prayers Have Been Answered: L.A. Home With Its Own Chapel Asks $38.5 Million (wsj)

Photo Credit: Christopher Amitrano

 

 

[Zawgyi]

ေလာ့စ္အိန္ဂ်လိတြင္ ကိုယ္ပိုင္ဘုရားေက်ာင္းပါေသာ စံအိမ္တစ္လံုး ကန္ေဒၚလာ ၃၈ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ကိုယ္ပိုင္ဘုရားေက်ာင္းအေဆာက္အအံုတစ္ခု သီးျခားပါေသာ စံအိမ္တစ္လံုး ကန္ေဒၚလာ ၃၈ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ေလာ့စ္အိန္ဂ်လိျမဳိ႕ Brentwood Park အရပ္တြင္ တည္ရွိျပီး ျခံဝန္းအက်ယ္ ၁ ဒသမ ၄ ဧက က်ယ္ဝန္းသည္။

စပိန္ကုိလိုနီ ရီဗိုက္ဗယ္လ္ ဗိသုကာဟန္ျဖင့္ ၁၉၂၈ ခုႏွစ္တြင္ ေဆာက္လုပ္ထားျပီး ဧည့္ေဂဟာအိမ္တစ္လံုးႏွင့္ ေရကူးကန္ေဘးအိမ္တို႔လည္း ပါဝင္သည္။

ဤစံအိမ္ကို ကာလၾကာရွည္ ပိုင္ဆိုင္ခဲ့ေသာ Helen ႏွင့္ David G.Price တို႔က ၂၀၀၄ ခုႏွစ္ခန္႔တြင္ ဘုရားေက်ာင္းကို ျဖည့္စြက္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

၎တို႔စံုတြဲသည္ အသက္အရြယ္ ၾကီးျမင့္ခ်ိန္တြင္ ဘာသာတရားကို အလြန္ကိုင္းရိႈင္းလာခဲ့ၾကေၾကာင္း Helen ၏ ပထမအိမ္ေထာင္မွ ရေသာ သားတစ္ဦးျဖစ္သည့္ Craig McDonald က ေျပာသည္။

မစ္ရွင္ရီဗိုက္ဗယ္လ္ ဗိသုကာဟန္ျဖင့္ ဘုရားေက်ာင္းကို ေဆာက္လုပ္ထားျပီး မိမိတုိ႔ လည္ပတ္အခ်ိန္ျဖဳန္းရန္ ႏွင့္ ပညာေလ့လာရန္ ေနရာျဖစ္ခဲ့ေၾကာင္း ၎ကေျပာသည္။

David G.Price (ကြယ္လြန္) သည္ American Golf Corp ကို တည္ေထာင္ခဲ့သူ ျဖစ္သည္။

American Golf Corp သည္ ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္ ေဂါက္ကြင္းမ်ားကို စီမံကြပ္ကဲမႈမ်ား လုပ္ေဆာင္ခဲ့သည္။

ေနာက္ပိုင္းတြင္ ညီအစ္ကိုကုမၸဏီျဖစ္ေသာ National Golf Properties ကို တည္ေထာင္ခဲ့ျပီး အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီတစ္ခုျဖစ္ေၾကာင္း McDonald က ေျပာသည္။

(ပင္မစံအိမ္မွာ ၁၉၂၈ ခုႏွစ္ ဝန္းက်င္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ဧည့္ေဂဟာအိမ္၊ ေရကူးကန္ေဘးအိမ္ႏွင့္ ပန္းအိုးမ်ား ထားသိုရာအိမ္တစ္လံုးတို႔လည္း ပါဝင္သည္။ ဓာတ္ပံု-Christopher Amitrano)

ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ျခံကြက္ ၃ ခု ဝယ္ယူေပါင္းစည္းထားျခင္းျဖစ္ေၾကာင္း McDonald က ေျပာသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ စံအိမ္ကို ၁၉၉၉ ခုႏွစ္တြင္ ကန္ေဒၚလာ ၅ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ေၾကာင္း ေဖာ္ျပသည္။

၂၀၀၀ ျပည့္ႏွစ္တြင္ ကပ္လ်က္ျခံကြက္ကို ကန္ေဒၚလာ ၃ ဒသမ ၂၇ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ၂၀၀၄ ခုႏွစ္တြင္ တတိယျခံကြက္ကို ကန္ေဒၚလာ ၂ ဒသမ ၄ သန္းျဖင့္ ဆက္လက္ဝယ္ယူခဲ့သည္။

ယင္းေနာက္ ရွိရင္းစြဲအေဆာက္အအံုမ်ားကို ျဖိဳခ်ခဲ့ျပီး ဘုရားေက်ာင္း၊ အိပ္ခန္း ၂ ခန္းပါ ဧည့္ေဂဟာအိမ္တို႔ အျပင္ အေဆာက္အအံုမ်ားစြာ ေဆာက္လုပ္ခဲ့သည္။

ဧည့္ေဂဟာအိမ္ႏွင့္ ေရကူးကန္ေဘးအိမ္တို႔ကို အမိုးပါစၾကၤန္လမ္းတစ္ခုျဖင့္ ဆက္သြယ္ထားသည္။

ေရကူးကန္ေဘးအိမ္တြင္ ဧည့္ခန္းႏွင့္ မီးဖိုေဆာင္တို႔ ပါဝင္သည္။

ဘုရားေက်ာင္းတြင္ ပန္းအိုးမ်ားထားသိုသည့္ အေဆာက္အအံုႏွင့္ ကား ၂ စင္းဆန္႔ ကားဂိုေဒါင္တို႔ ရွိသည္။

ပင္မစံအိမ္တြင္ အိပ္ခန္း ၄ ခန္းႏွင့္ ကား ၃ စင္းဆန္႔ ဂိုေဒါင္တို႔ ပါဝင္သည္။

(စံအိမ္ကို ကာလၾကာရွည္ပိုင္ဆိုင္ထားသူမွာ ခရစ္ယာန္မ်ားျဖစ္ျပီး မစ္ရွင္ ရီဗိုက္ဗယ္လ္ဗိသုကာဟန္ျဖင့္ ဘုရားေက်ာင္းကို ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-Christopher Amitrano)

 

(ျခံဝန္းအတြင္း ေရကူးကန္၊ လူသြားလမ္းမ်ား၊ ေရတံခြန္မ်ားႏွင့္ သံလြင္ပင္မ်ား ပါဝင္သည္။ ဓာတ္ပံု- Christopher Amitrano)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Ref: Your Prayers Have Been Answered: L.A. Home With Its Own Chapel Asks $38.5 Million (wsj)

Photo Credit: Christopher Amitrano

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service