စင်္ကာပူရှိ ဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ စတီးလုပ်ငန်းရှင် သူဌေးကြီး Du Shuanghua က ကန်ဒေါ်လာ ၆၆၆ သန်းဖြင့် ဝယ်မည်

စင်္ကာပူရှိ ဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ စတီးလုပ်ငန်းရှင် သူဌေးကြီး Du Shuanghua က ကန်ဒေါ်လာ ၆၆၆ သန်းဖြင့် ဝယ်မည် - Property News in Myanmar from iMyanmarHouse.com
9 Oct 2023 10:05 am တွင် တင်ခဲ့သည်
714 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မှ စတီးလုပ်ငန်းရှင် သူဌေးကြီး Du Shuanghua သည် သူ၏ အိမ်ခြံမြေကုမ္ပဏီဖြစ်သော Glory Property Development မှတဆင့် စင်္ကာပူတွင် ရင်းနှီးမြှပ်နှံမှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

စင်္ကာပူမှ ဈေးဝယ်စင်တာလမ်းဖြစ်သော Orchard လမ်းရှိ သက်တမ်းအရင့်ဆုံး ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများတွင် ပါဝင်သည့် Far East Shopping Centre ကို စင်္ကာပူဒေါ်လာ သန်း ၉၁၀ (ကန်ဒေါ်လာ ၆၆ သန်း) ဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း စင်္ကာပူသတင်းမီဒီယာတို့တွင် ဖော်ပြသည်။

အဆိုပါ ဈေးဝယ်စင်တာကြီး အရောင်းအဝယ်အတွက် CBRE အိမ်ခြံမြေကုမ္ပဏီက အကျိုးဆောင်ပေး ထားသည်။

ဈေးဝယ်စင်တာ ကြမ်းခင်းဧရိယာကို ၂၀ ရာခိုင်နှုန်းတိုးချဲ့ရန် မြို့ပြပြန်လည်ဖွံ့ဖြိုးမှု အာဏာပိုင်အဖွဲ့ (URA) ထံ ခွင့်ပြုချက် တင်ပြထားကြောင်းလည်း Business Times သတင်းဌာနက ဖော်ပြသည်။

Far East Shopping Centre ကို ၁၉၇၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မြေအကျယ်အဝန်း စတုရန်းပေ ၃၆၀၀၀ ခန့်ရှိကာ ၉၉၉ နှစ် ဂရန်ရရှိထားပြီး ၁၅ ထပ် အဆောက်အအုံ ဖြစ်သည်။

ဈေးဝယ်စင်တာ၏ ဧရိယာ အကျယ်အဝန်းမှာ စတုရန်းပေ ၂၄၂၀၀၀ ခန့်ရှိပြီး ပထမ ၅ ထပ်တွင် လက်လီ အရောင်းဆိုင်ပေါင်း ၆၀၀ ခန့်ရှိကာ အပေါ် ၁၀ ထပ်တွင် ရုံးခန်းများ ရှိသည်။

URA မှ ခွင့်ပြုချက် ရမည်ဆိုလျှင် ဈေးဝယ်စင်တာ၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂၉၀၀၀၀ အထိ တိုးချဲ့ ဆောက်လုပ်နိုင်မည် ဖြစ်သည်။

ဝယ်လက်အနေဖြင့် ဈေးဝယ်စင်တာကို ရုံးခန်း ၊ ဟိုတယ်နှင့် လက်လီအရောင်းဆိုင် ကွန်ပလက်စ်အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ကြောင်း CBRE က ဖော်ပြသည်။

Du Shuanghua ၏ Bright Ruby Resources ကုမ္ပဏီ လက်အောက်ခံ အခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Ever Glory က စင်္ကာပူမှ စီးပွားရေး ရပ်ကွက်တွင် တည်ရှိသည့် ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို စင်္ကာပူ ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက်ပိုင်း ယခုဈေးဝယ်စင်တာကို ထပ်မံဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Bright Ruby Resources ကုမ္ပဏီ လက်အောက်ခံသည် လွန်ခဲ့သော ၁၀ စုနှစ်တစ်ခုခန့်က ဟိုတယ်နှင့် လက်လီအရောင်းဆိုင်နေရာဖြစ်ခဲ့သော Grand Park Orchard ဟိုတယ်ကိုလည်း စင်္ကာပူဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ ဖြင့် ဝယ်ယူခဲ့သည်။

ယင်းနောက်ပိုင်း အခန်း ၃၀၈ ခန်းပါ Pullman Orchard ဟိုတယ်အဖြစ် ပြောင်းလဲခဲ့ပြီး ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese Steel Tycoon Du Shuanghua To Buy Singapore Shopping Mall For $666 Million (forbes)

[Zawgyi]
















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service