ချမ်းသာရွှေမြေ ဆောက်လုပ်ရေး မှ ဒါရိုက်တာ ဒေါ်အေးအေးလတ် နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
8486 ကြိမ် ကြည့်ရှု့ ပြီး

ချမ်းသာရွှေမြေ ဆောက်လုပ်ရေး မှ ဒါရိုက်တာ ဒေါ်အေးအေးလတ် နှင့် အင်တာဗျူး

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

ချမ်းသာဆောက်လုပ်ရေးအနေဖြင့် ဆောက်လုပ်မှုများ ရှိခဲ့ပြီး နောက်ပိုင်းမှ ချမ်းသာရွှေမြေ အမည်ဖြင့် လုပ်ငန်းများ ထပ်မံတိုးချဲ့ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ချမ်းသာဆောက်လုပ်ရေးမှ ချမ်းသာဂုဏ်ရောင် ကွန်ဒိုမီနီယံ၊ ချမ်းသာပလာဇာ နှင့် အခြားသော ကွန်ဒိုပရောဂျက်များနှင့် အိမ်ရာစီမံကိန်းများကို အများအပြား ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။ဒါ့အပြင် မန္တလေးမြို့တွင် ကျွဲဆည်ကန် ကိုပါဆောက်လုပ် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ရန်ကုန်ဒဂုံအရှေ့ပိုင်းတွင်လည်း ချမ်းသာရွှေပြည် လုံးချင်းအိမ်ရာ စီမံကိန်းများ ဆောက်လုပ်လျှက် ရှိကြောင်း သိရှိရပါသည်။

ချမ်းသာရွှေမြေ ဆောက်လုပ်ရေး မှာတော့ လက်ရှိတွင် နေရာ၊ဒေသ၊ မြို့နယ်မရွေး အထပ်မြင့် တိုက်များဆောက်လုပ်လျှက် ရှိကြောင်း သိရှိရပါသည်။ ချမ်းသာရွှေမြေ ဆောက်လုပ်ရေး နှင့် နိုင်ငံတော်၏ မြို့ရွာအိုးအိမ်စီမံကိန်း တို့မှပူးပေါင်း ဆောက်လုပ်လျှက်ရှိသော ဧရာရတနာအိမ်ရာစီမံကိန်းကိုလည်း ဆောက်လုပ်အကောင်အထည် ဖော်လျှက်ရှိကြောင်း သိရှိရပါသည်။ဧရာရတနာ အိမ်ရာပရောဂျက်မှာလည်း တိုက်အလုံးရေ များပြားသောကြောင့် အခန်းအရေအတွက်မှာလည်း များစွာထွက်ရှိမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်မှ အရောင်းများစတင်ဖွင့်နေပြီ ဖြစ်ကြောင်း ပြောပြပေးခဲ့ပါသည်။

Engineering System အနေဖြင့်လည်း နိုင်ငံတကာမှ ဆောက်လုပ်ရေးကျွမ်းကျင် ပညာရှင်များနှင့်သာ ဆောက်လုပ်ထားသောကြောင့် တိုက်ခန်းများ၏ Quality များကိုစိတ်ချ ယုံကြည်စွာ ဝယ်ယူအားပေးနိုင်ကြောင်း သိရှိရပါသည်။ဧရာရတနာ အိမ်ရာကို လက်ရှိတွင် တစ်ခန်းကို သိန်း ၆၀၀ သတ်မှတ်ထားပြီး Payment system ကိုလည်း ၂နှစ်အတွင်း ပေးချေနိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ချမ်းသာရွှေ့မြေ ဆောက်လုပ်ရေး အနေဖြင့် မတ်လ ၂၆ နှင့် ၂၇ ရက်များတွင် iMyanmarHouse.com မှကြီးမှူးကျင်းပသော စင်္ကာပူနိုင်ငံတွင် (ဒုတိယအကြိမ်မြောက်) မြန်မာ့ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး တွင်ဝင်ရောက်ပြသ ရောင်းချမည်ဖြစ်ပြီး ဝယ်ယူအားပေးမည့် Customers များစိတ်ချစွာ ဝယ်ယူနိုင်ရန် ကုမ္မဏီ၏ခိုင်မာမှုများ၊ ရောင်းချမည့် တိုက်ခန်းများ၏ကြံ့ခိုင်မှုပိုင်းများကိုပါ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။ချမ်းသာရွှေမြေ ဆောက်လုပ်ရေးကို ဆက်သွယ်လိုလျှင်အမှတ်(၁) သော်ကကြီးလမ်း၊ မြခွာညိုအိမ်ရာ၊ သာကေတမြို့နယ်၊ ဖုန်း- ၉၆၀ ၁၈၂ ၃၀၀~၉၀၀ အထိဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)