မန်းမြန်မာ ဆောက်လုပ်ရေး(မန္တလေး) မှ ဥက္ကဌ ဦးသန်းဝင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း - Property Interview from iMyanmarHouse.com
4446 ကြိမ် ကြည့်ရှု့ ပြီး

မန်းမြန်မာ ဆောက်လုပ်ရေး(မန္တလေး) မှ ဥက္ကဌ ဦးသန်းဝင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

မန်းမြန်မာ ဆောက်လုပ်ရေးကို ၁၉၉၃ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ နှစ်(၂၀)ကျော် ကာလအတွင်းတွင် ဆောက်လုပ်ရေး စီမံကိန်းများစွာ တည်ဆောက်ခဲ့ကြောင်း သိရပါသည်။

ယခုအခါ မန်းမြန်မာ ပလာဇာ နှင့် (၂၅)ထပ် ကွန်ဒိုမီနီယံကို တည်ဆောက်ပြီးစီးပြီး လက်ရှိတွင် ဖွင့်လှစ်ထားကြောင်း၊ မန္တလေးမြို့မှာ ယခင်ထက် ပိုမိုဖွံ့ဖြိုးလာကာ အထပ်မြင့် အိမ်ရာများ ထွန်းကား လာသောကြောင့် ထပ်မံတိးချဲ့ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ပြောသွားပါသည်။

လူနေအိမ်များတည်ဆောက်ခြင်းအပြင် အစိုးရဝန်ကြီးဌာနများ နှင့် လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အိမ်ရာစီမံကိန်းများမှာ အမျိုးအစားအလိုက် ကွဲပြားခြားနားကြောင်း၊ ယခုအခါတွင် တန်ဖိုးနည်းအိမ်ရာ စိမံကိန်းများ၊ အငှားအိမ်ရာစီမံကိန်းများမှာ အကျိုးပြုလုပ်ငန်း အနေဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့၏ ဆောက်လုပ်ရေး ဈေးကွက်အခြေအနေသည် အလွန်ကွာခြားကြောင်း မန္တလေးမြို့သည်လည်း တချိန်တွင် ရန်ကုန်မြို့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ထင်မြင်ယူဆကြောင်း ပြောသွားပါသည်။ မန်းမြန်မာဆောက်လုပ်ရေး အနေဖြင့် ဝယ်သူများစိတ်ကျေန်ပမှုရစေရန် အတတ်နိုင်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)