641 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

[Unicode]

 


မကြာခင်ဆို ၂၀၂၃ ခုနှစ်ကို နှုတ်ဆက်ပြီး ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကြိုဆိုရပါတော့မယ်။ ပြီးဆုံးသွားတဲ့ တစ်နှစ်တာမှာ ဘယ်လိုအရာတွေမှာ ပျော်ရွှင်ခဲ့သလဲ။ ဘယ်လိုအရာတွေကို စိတ်ကျေနပ်အားရခဲ့သလဲ။ ဘယ်လို အောင်မြင်မှုတွေရခဲ့သလဲ။ ဘာတွေ သင်ယူခဲ့ရသလဲ။ စသဖြင့် အရေးကြီးတဲ့ အစိတ်အပိုင်းအတွက် တစ်နှစ်တာပြန်လည်သုံးသပ်ကြမှာဖြစ်သလို မိမိနေအိမ်မှာလည်းပဲ တစ်နှစ်တာလုံး ဘယ်လိုအချိန်ကုန်ဆုံးပြီး ဖြတ်သန်းခဲ့သလဲ။

အိမ်နဲ့ပတ်သက်ပြီးတော့ တစ်နှစ်တာလုံးမှာ ဘယ်လို စိတ်ကျေနပ်ပျော်ရွှင်ခဲ့ရတာ၊ ဘယ်လို စိတ်ကူးတွေ အကောင်အထည်ဖော်ခဲ့တာ၊ ဘာတွေဖြစ်ချင်ခဲ့တာ စသဖြင့်ရှိခဲ့ကြမှာပါ။ အခု သိပ်မကြာတော့မယ့် ရက်အတွင်း နှစ်သစ်တစ်ခုကို စတင်ရောက်လာပြီဆိုတော့ သင်တို့ရဲ့ မိသားစု အိမ်ဂေဟာလေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ရည်မှန်းချက်၊ ပန်းတိုင်၊ နှစ်သစ်ဆုံးဖြတ်ချက်တွေ ချကြမလဲ။ ဘာတွေ ပြင်ဆင်ပြီး နောက်ထပ် နှစ်သစ်တစ်နှစ်တာကို အကောင်းဆုံး ဖြတ်သန်းကြမလဲဆိုတဲ့ စိတ်ကူးကောင်း၊ အကြံဉာဏ်ကောင်း တွေကို အခု ဆောင်းပါးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?


နှစ်သစ်မှာ နေအိမ်နဲ့ပတ်သက်ပြီး ရည်မှန်းချက်၊ ပန်းတိုင်အသစ်တွေ ရှိပါတယ်။ အချိန်တွေများစွာမှာ မိမိတို့ တစ်ကိုယ်ရည်တိုးတက်မှုတင်မဟုတ်ပဲ အိမ်တွင်း၊ မိသားစုအတွင်း တိုးတက်မှုတွေကိုလည်း လိုလားတောင့်တ ကြပါတယ်။ တစ်နှစ်တာပြီးဆုံးလို့ တစ်နှစ်အသစ်စတင်တိုင်းမှာ ကြီးမားတဲ့ ပန်းတိုင်တွေကို အာရုံစိုက်လေ့ရှိပြီး ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်အောင်လို့ အိမ်ရှိ မိသားစုဝင်တွေအားလုံးက ကြိုးစားကြပါတယ်။

 

 

စွမ်းအင်အသုံးပြုမှုကို လျှော့ချပါ။


စွမ်းအင်အသုံးပြုမှုကို လျှော့ချရာမှာ အခန်းအတွင်းအသုံးမပြုတဲ့အခါ၊ ဒါမှမဟုတ် အလင်းရောင်မလိုအပ်တဲ့ အခါမျိုးတွေမှာ စွမ်းအင်လျှော့ချတဲ့အနေနဲ့ မီးခလုတ်တွေကို ပိတ်ထားပါ။ ရာသီဥတုအပြောင်းအလဲအပေါ် မူတည်ပြီးတော့ စွမ်းအင်ကို စနစ်တကျ အကျိုးရှိရှိ အသုံးပြုရာမှာ ဆောင်းတွင်းဘက် အနွေးဓာတ်လိုအပ်တဲ့အခါ ဘွိုင်လာတွေ ဖွင့်မယ့်အစား နေထွက်လာတဲ့အခါ နေရောင်ခြည်အနွေးဓာတ်ရအောင် ပြတင်းပေါက်များဖွင့်ထားပေးပါ။ နွေရာသီမှာ ပူပြင်းတဲ့အခါ အဲကွန်းလေဖွင့်ချိန် အခန်းပြတင်းပေါက်တွေကို လုံအောင်ပိတ်ထားခြင်းဖြင့် လေထုအပူချိန်ကို ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် ပလက်စတစ်၊ စက္ကူနဲ့ တခြားသော ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျနဲ့ တစ်ကြိမ်ထက် အကြိမ်ကြိမ် ပြန်လည်အသုံးချဖို့ ဆုံးဖြတ်ပါ။ အထက်ပါ နည်းလမ်းတွေက စွမ်းအင်ချွေတာရာရောက်သလို ငွေကြေးအသုံးပြုမှုလည်း လျော့ချရာရောက်ပါတယ်။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

 

အိမ်တွင်းလေထုအရည်အသွေးကို မြှင့်တင်ပါ။

 


မိမိအိမ်တွင်းမှာရှိတဲ့ လေထုအရည်အသွေးကို မြှင့်တင်ခြင်းဖြင့် လေထုသန့်စင်လာပြီး မိမိနဲ့ အတူ တစ်အိမ်သားလုံးရဲ့ ကျန်းမာရေးကို စောင့်ရှောက်ထိန်းသိမ်းရာရောက်ပါတယ်။ ဒီ့အတွက်ကြောင့် လေထုညစ်ညမ်းစေမယ့်အရာတွေဖြစ်တဲ့ အိမ်တွင်း ဆေးလိပ်သောက်ခြင်း၊ အမှိုက်သရိုက်များထားရှိခြင်း၊ ဖုန်မှုန့်နဲ့ အညစ်အကြေးများရှိခြင်း၊ မီးခိုးငွေ့နဲ့ အနံ့အသက်ကျန်တဲ့ ချက်ပြုတ်ပြင်ဆင်ခြင်းတွေရှိခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ရဲ့ လေထုညစ်ညမ်းမှုနဲ့ လေသန့်စင်မှု၊ အနံ့ဆိုးထွက်ခြင်းတွေကို ပြုပြင် ထိန်းသိမ်းသင့်ပါတယ်။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

 

ပြုပြင်မှုအားနည်းခြင်း၊ ကြာရှည်မထိန်းသိမ်းနိုင်ခြင်း။

 


နေအိမ်တွင်း တစ်နေရာရာ ပျက်စီးသွားတာ၊ ယိုယွင်း ယိုင်နဲ့လာတာမျိုးတွေမှာ အချိန်ကြာမြင့်သည့်တိုင်အောင် ပြုပြင်ခြင်းမရှိဘူးဆိုရင် ပိုပြီးတော့ ဆွေးမြေ့ပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အပျက်အစီးနဲ့ ဟောင်းနွမ်း နေတာကို ပြုပြင်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ခြောက်လ ၁ ခါ ဖြစ်ဖြစ် တစ်နှစ် ၁ ခါ ဖြစ်ဖြစ် နေအိမ် ပြုပြင်ထိန်းသိမ်းမှု၊ စစ်ဆေးမှုတွေ လုပ်ခြင်းက ပိုပြီးတော့ ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်။ တာရှည်ခံမယ့် အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး နေအိမ်မှာ ရင်းနှီးမြှုပ်နှံခြင်းကလည်း ရေရှည်အတွက် အကျိုးရှိစေပါတယ်။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

 

 

အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပါ။

 


နှိုးစက်တွေ၊ မီးသတ်သတိပေးခေါင်းလောင်းတွေ၊ အရေးပေါ်ထွက်ပေါက်တွေကို စစ်ဆေးခြင်းက မိမိ အတွက်သာမက မိသားစုဝင်တွေအားလုံးအတွက်ပါ အသက်အန္တရာယ်အတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ တစ်ကိုယ်ရည်အသုံးအဆောင်၊ တစ်ကိုယ်ရည်အရေးပေါ် အိတ်တွေကိုလည်း အမြဲဆောင်ထားပါ။ ဆေးဝါးနဲ့ အစိုအခြောက်၊ အရေးပေါ်လုံခြုံရေးပစ္စည်းတွေ အလွယ်တကူယူရလွယ်အောင်ထားပါ။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

 


အိမ်သန့်ရှင်းရေးနဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုကို ဖန်တီးရေးဆွဲထားပါ။

 


မိမိရဲ့ အိမ်ကို နှစ်သစ်ကစပြီး ဘယ်လိုမျိုး ပုံမှန် သန့်ရှင်းရေးလုပ်မလဲ။ ပြုပြင်ထိန်းသိမ်းမလဲ။ အိမ်ကို ပိုမိုလှပပြီး စိတ်ချမ်းသာစွာ နေထိုင်လို့ရအောင် ဖန်တီးကြမလဲဆိုတာတွေကို အစီအစဉ်ဆွဲပါ။ သန့်ရှင်းရေးပုံမှန်လုပ်ရမယ့်သူ၊ ပြုပြင်ထိန်းသိမ်းဖို့ ရောက်ပြီဆိုတဲ့ အချိန်၊ အိမ်ပြုပြင်ဖို့ ငွေကြေးဘဏ္ဍာရေး၊ အလုံးစုံထိန်းသိမ်း ပြုပြင်ခြင်းအတွက် ဝန်ဆောင်မှု စသဖြင့် အချက်အလက်တွေကို စုဆောင်းပြီး မိသားစုထဲက တာဝန်ရှိသူတွေကို ခွဲတမ်းတာဝန်တွေပေးပါ။ အိမ်တစ်အိမ်လုံးစာရဲ့ စိတ်ချမ်းသာပျော်ရွှင်မှုက မိသားစုဝင်အားလုံးနဲ့ သက်ဆိုင်ပါတယ်။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

 


အဝတ်အစားဘီဒို၊ စင်တန်းနဲ့ မီးဖိုချောင်က ကြောင်အိမ်၊ နံရံကပ် ဘီဒိုတွေကို သန့်ရှင်းပါ။

 


ပုံမှန်အားဖြင့် အဝတ်အစားဘီဒိုတွေနဲ့ သေတ္တာတွေကို တံခါးချပ် ပိတ်ချထားလိုက်ရင် ရှင်းလင်းသွားမယ်လို့ ထင်သယောင်ရှိပေမယ့် အိမ်တစ်အိမ်လုံးစာရဲ့ ညစ်ပတ်မှုနဲ့ အနံ့အသက်တွေက အဲဒီ နေရာတွေကနေလာပါတယ်။ ရှုပ်ပွနေတဲ့ အဝတ်အစားဘီဒိုတွေဟာ အင်းဆက်ပိုးမွှားနဲ့ ကပ်ပါးတွေ အိမ်ဖွဲ့နေထိုင်မယ့် နေရာတစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် မီးဖိုချောင်က အညစ်အကြေးနဲ့ အမှိုက်သရိုက်တွေမှာလည်း ဗိုင်းရပ်စ်တွေ ပေါက်ဖွားဖို့ အကောင်းဆုံးဖြစ်ပြီး ခြင်၊ ယင်နဲ့ ကြွက်တွေ လာဖို့ ဖိတ်ခေါ်ထားသလို ဖြစ်ပါတယ်။ အဝတ်အစားစင်တန်းတွေကြားက ခြင်တွေ ခိုအောင်းနေထိုင်နိုင်သလို စာအုပ်စင်တွေပေါ်က ဖုန်မှုန့်တွေ ကလည်း အသက်ရှူစနစ်အတွက် အတော်လေးကို ဒုက္ခပေးပါတယ်။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

 


အိမ်မှာ မလိုအပ်တဲ့အသုံးအဆောင်တွေကို ဖယ်ရှားပါ သို့မဟုတ် လိုအပ်နေသူတွေဆီ မျှဝေလိုက်ပါ။

 

အိမ်တိုင်းမှာရှိတတ်ပြီး တကယ်ကို ရှုပ်ပွတဲ့ အရာတွေကိုပြောပါဆိုရင် မလိုအပ်တော့ပေမယ့် မစွန့်ပစ်ရက်သေးတဲ့ ပစ္စည်းအဟောင်းတွေ၊ အသုံးမလိုတော့တဲ့ အရာတွေ ထားရှိတာပါပဲ။ ဘယ်လိုမှ သုံးလို့မရတော့တဲ့အဆုံး လုံးဝလွှင့်ပစ်လိုက်တာဖြစ်ဖြစ် အကယ်၍ အသုံးပြုလို့ရဦးမယ်ဆိုရင် လိုအပ်နေတဲ့ သူတွေဆီမျှဝေပေးလိုက်တာမျိုးတွေက အကျိုးရှိပါတယ်။ စွန့်ပစ်လိုက်တဲ့ ပစ္စည်းနေရာမှာ တခြားအသစ်တစ်ခုခု အစားထိုးအသုံးပြုလိုက်ခြင်းက စိတ်ချမ်းသာရာရပြီး အရာရာအသစ်ဖြစ်သွားလို့ စိတ်ကိုလည်း လန်းဆန်း တက်ကြွသွားစေမှာပါ။

 

နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ ချကြမလဲ ?

 

ကဲ .... ဒီလောက်ဆို နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အတွက် နေအိမ်တွေမှာ ဘယ်လိုရည်မှန်းချက်တွေ၊ ပန်းတိုင်တွေချမှတ်ပြီး ပြင်ဆင်နေထိုင်ကြမလဲဆိုတဲ့ အကြောင်းအရာလေးကို ဗဟုသုတရသွားလိမ့်မယ်လို့ ထင်ပါတယ်။ ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးကာလလေးကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

 
[Zawgyi]

 

ႏွစ္သစ္အတြက္ ေနအိမ္ေတြမွာ ဘယ္လိုရည္မွန္းခ်က္ေတြ ခ်ၾကမလဲ ?

 

မၾကာခင္ဆို ၂၀၂၃ ခုႏွစ္ကို ႏႈတ္ဆက္ၿပီး ၂၀၂၄ ခုႏွစ္ ႏွစ္သစ္ကို ႀကိဳဆိုရပါေတာ့မယ္။ ၿပီးဆုံးသြားတဲ့ တစ္ႏွစ္တာမွာ ဘယ္လိုအရာေတြမွာ ေပ်ာ္႐ႊင္ခဲ့သလဲ။ ဘယ္လိုအရာေတြကို စိတ္ေက်နပ္အားရခဲ့သလဲ။ ဘယ္လို ေအာင္ျမင္မႈေတြရခဲ့သလဲ။ ဘာေတြ သင္ယူခဲ့ရသလဲ။ စသျဖင့္ အေရးႀကီးတဲ့ အစိတ္အပိုင္းအတြက္ တစ္ႏွစ္တာျပန္လည္သုံးသပ္ၾကမွာျဖစ္သလို မိမိေနအိမ္မွာလည္းပဲ တစ္ႏွစ္တာလုံး ဘယ္လိုအခ်ိန္ကုန္ဆုံးၿပီး ျဖတ္သန္းခဲ့သလဲ။

အိမ္နဲ႔ပတ္သက္ၿပီးေတာ့ တစ္ႏွစ္တာလုံးမွာ ဘယ္လို စိတ္ေက်နပ္ေပ်ာ္႐ႊင္ခဲ့ရတာ၊ ဘယ္လို စိတ္ကူးေတြ အေကာင္အထည္ေဖာ္ခဲ့တာ၊ ဘာေတြျဖစ္ခ်င္ခဲ့တာ စသျဖင့္႐ွိခဲ့ၾကမွာပါ။ အခု သိပ္မၾကာေတာ့မယ့္ ရက္အတြင္း ႏွစ္သစ္တစ္ခုကို စတင္ေရာက္လာၿပီဆိုေတာ့ သင္တို႔ရဲ႕ မိသားစု အိမ္ေဂဟာေလးနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္လိုမ်ိဳး ရည္မွန္းခ်က္၊ ပန္းတိုင္၊ ႏွစ္သစ္ဆုံးျဖတ္ခ်က္ေတြ ခ်ၾကမလဲ။ ဘာေတြ ျပင္ဆင္ၿပီး ေနာက္ထပ္ ႏွစ္သစ္တစ္ႏွစ္တာကို အေကာင္းဆုံး ျဖတ္သန္းၾကမလဲဆိုတဲ့ စိတ္ကူးေကာင္း၊ အၾကံဉာဏ္ေကာင္း ေတြကို အခု ေဆာင္းပါးထဲမွာ ေဖာ္ျပေပးလိုက္ပါတယ္။


ႏွစ္သစ္မွာ ေနအိမ္နဲ႔ပတ္သက္ၿပီး ရည္မွန္းခ်က္၊ ပန္းတိုင္အသစ္ေတြ ႐ွိပါတယ္။ အခ်ိန္ေတြမ်ားစြာမွာ မိမိတို႔ တစ္ကိုယ္ရည္တိုးတက္မႈတင္မဟုတ္ပဲ အိမ္တြင္း၊ မိသားစုအတြင္း တိုးတက္မႈေတြကိုလည္း လိုလားေတာင့္တ ၾကပါတယ္။ တစ္ႏွစ္တာၿပီးဆုံးလို႔ တစ္ႏွစ္အသစ္စတင္တိုင္းမွာ ႀကီးမားတဲ့ ပန္းတိုင္ေတြကို အာ႐ုံစိုက္ေလ့႐ွိၿပီး ကတိကဝတ္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ေအာင္လို႔ အိမ္႐ွိ မိသားစုဝင္ေတြအားလုံးက ႀကိဳးစားၾကပါတယ္။

 

စြမ္းအင္အသုံးျပဳမႈကို ေလွ်ာ့ခ်ပါ။


စြမ္းအင္အသုံးျပဳမႈကို ေလွ်ာ့ခ်ရာမွာ အခန္းအတြင္းအသုံးမျပဳတဲ့အခါ၊ ဒါမွမဟုတ္ အလင္းေရာင္မလိုအပ္တဲ့ အခါမ်ိဳးေတြမွာ စြမ္းအင္ေလွ်ာ့ခ်တဲ့အေနနဲ႔ မီးခလုတ္ေတြကို ပိတ္ထားပါ။ ရာသီဥတုအေျပာင္းအလဲအေပၚ မူတည္ၿပီးေတာ့ စြမ္းအင္ကို စနစ္တက် အက်ိဳး႐ွိ႐ွိ အသုံးျပဳရာမွာ ေဆာင္းတြင္းဘက္ အေႏြးဓာတ္လိုအပ္တဲ့အခါ ဘြိဳင္လာေတြ ဖြင့္မယ့္အစား ေနထြက္လာတဲ့အခါ ေနေရာင္ျခည္အေႏြးဓာတ္ရေအာင္ ျပတင္းေပါက္မ်ားဖြင့္ထားေပးပါ။ ေႏြရာသီမွာ ပူျပင္းတဲ့အခါ အဲကြန္းေလဖြင့္ခ်ိန္ အခန္းျပတင္းေပါက္ေတြကို လုံေအာင္ပိတ္ထားျခင္းျဖင့္ ေလထုအပူခ်ိန္ကို ထိန္းထားႏိုင္ပါတယ္။ ဒါ့အျပင္ ပလက္စတစ္၊ စကၠဴနဲ႔ တျခားေသာ ျပန္လည္အသုံးျပဳလို႔ရတဲ့ ပစၥည္းေတြကိုလည္း စနစ္တက်နဲ႔ တစ္ႀကိမ္ထက္ အႀကိမ္ႀကိမ္ ျပန္လည္အသုံးခ်ဖို႔ ဆုံးျဖတ္ပါ။ အထက္ပါ နည္းလမ္းေတြက စြမ္းအင္ေခြၽတာရာေရာက္သလို ေငြေၾကးအသုံးျပဳမႈလည္း ေလ်ာ့ခ်ရာေရာက္ပါတယ္။

 

အိမ္တြင္းေလထုအရည္အေသြးကို ျမႇင့္တင္ပါ။


မိမိအိမ္တြင္းမွာ႐ွိတဲ့ ေလထုအရည္အေသြးကို ျမႇင့္တင္ျခင္းျဖင့္ ေလထုသန္႔စင္လာၿပီး မိမိနဲ႔ အတူ တစ္အိမ္သားလုံးရဲ႕ က်န္းမာေရးကို ေစာင့္ေ႐ွာက္ထိန္းသိမ္းရာေရာက္ပါတယ္။ ဒီ့အတြက္ေၾကာင့္ ေလထုညစ္ညမ္းေစမယ့္အရာေတြျဖစ္တဲ့ အိမ္တြင္း ေဆးလိပ္ေသာက္ျခင္း၊ အမိႈက္သ႐ိုက္မ်ားထား႐ွိျခင္း၊ ဖုန္မႈန္႔နဲ႔ အညစ္အေၾကးမ်ား႐ွိျခင္း၊ မီးခိုးေငြ႕နဲ႔ အနံ႔အသက္က်န္တဲ့ ခ်က္ျပဳတ္ျပင္ဆင္ျခင္းေတြ႐ွိျခင္း စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနအိမ္ရဲ႕ ေလထုညစ္ညမ္းမႈနဲ႔ ေလသန္႔စင္မႈ၊ အနံ႔ဆိုးထြက္ျခင္းေတြကို ျပဳျပင္ ထိန္းသိမ္းသင့္ပါတယ္။

 

ျပဳျပင္မႈအားနည္းျခင္း၊ ၾကာ႐ွည္မထိန္းသိမ္းႏိုင္ျခင္း။


ေနအိမ္တြင္း တစ္ေနရာရာ ပ်က္စီးသြားတာ၊ ယိုယြင္း ယိုင္နဲ႔လာတာမ်ိဳးေတြမွာ အခ်ိန္ၾကာျမင့္သည့္တိုင္ေအာင္ ျပဳျပင္ျခင္းမ႐ွိဘူးဆိုရင္ ပိုၿပီးေတာ့ ေဆြးေျမ့ပ်က္စီးသြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ အပ်က္အစီးနဲ႔ ေဟာင္းႏြမ္း ေနတာကို ျပဳျပင္ထိန္းသိမ္းဖို႔ အေရးႀကီးပါတယ္။ ေျခာက္လ ၁ ခါ ျဖစ္ျဖစ္ တစ္ႏွစ္ ၁ ခါ ျဖစ္ျဖစ္ ေနအိမ္ ျပဳျပင္ထိန္းသိမ္းမႈ၊ စစ္ေဆးမႈေတြ လုပ္ျခင္းက ပိုၿပီးေတာ့ ၾကာ႐ွည္ခံႏိုင္မွာျဖစ္ပါတယ္။ တာ႐ွည္ခံမယ့္ အရည္အေသြးေကာင္းတဲ့ ပစၥည္းေတြကို အသုံးျပဳၿပီး ေနအိမ္မွာ ရင္းႏွီးျမႇဳပ္ႏွံျခင္းကလည္း ေရ႐ွည္အတြက္ အက်ိဳး႐ွိေစပါတယ္။

 

အေရးေပၚ အေျခအေနအတြက္ ႀကိဳတင္ျပင္ဆင္ထားပါ။


ႏိႈးစက္ေတြ၊ မီးသတ္သတိေပးေခါင္းေလာင္းေတြ၊ အေရးေပၚထြက္ေပါက္ေတြကို စစ္ေဆးျခင္းက မိမိ အတြက္သာမက မိသားစုဝင္ေတြအားလုံးအတြက္ပါ အသက္အႏၲရာယ္အတြက္ အေရးအႀကီးဆုံးျဖစ္ပါတယ္။ တစ္ကိုယ္ရည္အသုံးအေဆာင္၊ တစ္ကိုယ္ရည္အေရးေပၚ အိတ္ေတြကိုလည္း အၿမဲေဆာင္ထားပါ။ ေဆးဝါးနဲ႔ အစိုအေျခာက္၊ အေရးေပၚလုံျခဳံေရးပစၥည္းေတြ အလြယ္တကူယူရလြယ္ေအာင္ ထားပါ။


အိမ္သန္႔႐ွင္းေရးနဲ႔ လုပ္႐ိုးလုပ္စဥ္တစ္ခုကို ဖန္တီးေရးဆြဲထားပါ။


မိမိရဲ႕ အိမ္ကို ႏွစ္သစ္ကစၿပီး ဘယ္လိုမ်ိဳး ပုံမွန္ သန္႔႐ွင္းေရးလုပ္မလဲ။ ျပဳျပင္ထိန္းသိမ္းမလဲ။ အိမ္ကို ပိုမိုလွပၿပီး စိတ္ခ်မ္းသာစြာ ေနထိုင္လို႔ရေအာင္ ဖန္တီးၾကမလဲဆိုတာေတြကို အစီအစဥ္ဆြဲပါ။ သန္႔႐ွင္းေရးပုံမွန္လုပ္ရမယ့္သူ၊ ျပဳျပင္ထိန္းသိမ္းဖို႔ ေရာက္ၿပီဆိုတဲ့ အခ်ိန္၊ အိမ္ျပဳျပင္ဖို႔ ေငြေၾကးဘ႑ာေရး၊ အလုံးစုံထိန္းသိမ္း ျပဳျပင္ျခင္းအတြက္ ဝန္ေဆာင္မႈ စသျဖင့္ အခ်က္အလက္ေတြကို စုေဆာင္းၿပီး မိသားစုထဲက တာဝန္႐ွိသူေတြကို ခြဲတမ္းတာဝန္ေတြေပးပါ။ အိမ္တစ္အိမ္လုံးစာရဲ႕ စိတ္ခ်မ္းသာေပ်ာ္႐ႊင္မႈက မိသားစုဝင္အားလုံးနဲ႔ သက္ဆိုင္ပါတယ္။


အဝတ္အစားဘီဒို၊ စင္တန္းနဲ႔ မီးဖိုေခ်ာင္က ေၾကာင္အိမ္၊ နံရံကပ္ ဘီဒိုေတြကို သန္႔႐ွင္းပါ။


ပုံမွန္အားျဖင့္ အဝတ္အစားဘီဒိုေတြနဲ႔ ေသတၱာေတြကို တံခါးခ်ပ္ ပိတ္ခ်ထားလိုက္ရင္ ႐ွင္းလင္းသြားမယ္လို႔ ထင္သေယာင္႐ွိေပမယ့္ အိမ္တစ္အိမ္လုံးစာရဲ႕ ညစ္ပတ္မႈနဲ႔ အနံ႔အသက္ေတြက အဲဒီ ေနရာေတြကေနလာပါတယ္။ ႐ႈပ္ပြေနတဲ့ အဝတ္အစားဘီဒိုေတြဟာ အင္းဆက္ပိုးမႊားနဲ႔ ကပ္ပါးေတြ အိမ္ဖြဲ႕ေနထိုင္မယ့္ ေနရာတစ္ခုျဖစ္လာပါတယ္။ ဒါ့အျပင္ မီးဖိုေခ်ာင္က အညစ္အေၾကးနဲ႔ အမိႈက္သ႐ိုက္ေတြမွာလည္း ဗိုင္းရပ္စ္ေတြ ေပါက္ဖြားဖို႔ အေကာင္းဆုံးျဖစ္ၿပီး ျခင္၊ ယင္နဲ႔ ႂကြက္ေတြ လာဖို႔ ဖိတ္ေခၚထားသလို ျဖစ္ပါတယ္။ အဝတ္အစားစင္တန္းေတြၾကားက ျခင္ေတြ ခိုေအာင္းေနထိုင္ႏိုင္သလို စာအုပ္စင္ေတြေပၚက ဖုန္မႈန္႔ေတြ ကလည္း အသက္႐ွဴစနစ္အတြက္ အေတာ္ေလးကို ဒုကၡေပးပါတယ္။


အိမ္မွာ မလိုအပ္တဲ့အသုံးအေဆာင္ေတြကို ဖယ္႐ွားပါ သို႔မဟုတ္ လိုအပ္ေနသူေတြဆီ မွ်ေဝလိုက္ပါ။

အိမ္တိုင္းမွာ႐ွိတတ္ၿပီး တကယ္ကို ႐ႈပ္ပြတဲ့ အရာေတြကိုေျပာပါဆိုရင္ မလိုအပ္ေတာ့ေပမယ့္ မစြန္႔ပစ္ရက္ေသးတဲ့ ပစၥည္းအေဟာင္းေတြ၊ အသုံးမလိုေတာ့တဲ့ အရာေတြ ထား႐ွိတာပါပဲ။ ဘယ္လိုမွ သုံးလို႔မရေတာ့တဲ့အဆုံး လုံးဝလႊင့္ပစ္လိုက္တာျဖစ္ျဖစ္ အကယ္၍ အသုံးျပဳလို႔ရဦးမယ္ဆိုရင္ လိုအပ္ေနတဲ့ သူေတြဆီမွ်ေဝေပးလိုက္တာမ်ိဳးေတြက အက်ိဳး႐ွိပါတယ္။ စြန္႔ပစ္လိုက္တဲ့ ပစၥည္းေနရာမွာ တျခားအသစ္တစ္ခုခု အစားထိုးအသုံးျပဳလိုက္ျခင္းက စိတ္ခ်မ္းသာရာရၿပီး အရာရာအသစ္ျဖစ္သြားလို႔ စိတ္ကိုလည္း လန္းဆန္း တက္ႂကြသြားေစမွာပါ။

ကဲ .... ဒီေလာက္ဆို ႏွစ္ေဟာင္းကုန္ဆုံးၿပီး ႏွစ္သစ္အတြက္ ေနအိမ္ေတြမွာ ဘယ္လိုရည္မွန္းခ်က္ေတြ၊ ပန္းတိုင္ေတြခ်မွတ္ၿပီး ျပင္ဆင္ေနထိုင္ၾကမလဲဆိုတဲ့ အေၾကာင္းအရာေလးကို ဗဟုသုတရသြားလိမ့္မယ္လို႔ ထင္ပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ ႏွစ္သစ္ကူးကာလေလးကို ျဖတ္သန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)