444 ကြိမ် ကြည့်ရှု့ ပြီး
၂၀၂၃ မှာ ရေပန်းစားသော အိမ်တွင်းနံရံ ဒီဇိုင်းပြင်ဆင်မှုများ
[Unicode]
တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲတိုးတတ်လာတဲ့ ခေတ်ရေစီးကြောင်းထဲ လူတွေရဲ့စားဝတ်နေရေးတွေလည်း အပြောင်းအလဲတွေနောက် လိုက်ပါလာကြရပါတယ်။ လူတိုင်းအတွက် အရေးကြီးဆုံး အစိတ်အပိုင်းလည်း ဖြစ်တဲ့ နေရာထိုင်ခင်းနဲ့ အိုးအိမ်ပြင်ဆင်တည်ဆောက်မှုတွေမှာလည်း ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲမှုတွေဟာ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။
၂၀၂၃ မှာ ရေပန်းစားသော အိမ်တွင်းနံရံ ဒီဇိုင်းပြင်ဆင်မှုများ
အခုနှစ် ၂၀၂၃ ခုနှစ်မှာ နေအိမ်နဲ့ အိမ်ခန်းတွေ အပြင်အဆင်အတွက် ရေပန်းစားနေတဲ့ အရာတွေကလည်း အိမ်ခြံမြေဝါသနာရှင်တွေ၊ ပညာရှင်တွေအတွက် အသစ်အသစ်သောခံစားမှုတွေနဲ့ အပြောင်းအလဲတွေ ဖြစ်စေပါတယ်။ ဒီတော့ ၂၀၂၃ ခုနှစ်အတွက် အိမ်တွင်းခန်းအလှအပပြင်ဆင်မှုမှာ ရေပန်းစားနေတဲ့ နံရံအလှဖန်တီးပြင်ဆင်မှု၊ ရွေးချယ်မှုတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
နံရံတွေပေါ် အလှဆင်ခြင်းကို အနုပညာလက်ရာအဖြစ် အသုံးပြုပါ။
၂၀၂၃ မှာ ရေပန်းစားသော အိမ်တွင်းနံရံ ဒီဇိုင်းပြင်ဆင်မှုများ
၂၀၂၃ ခုနှစ်မှာ အိမ်အတွင်းခန်းနံရံတွေ အလှဆင်ခြင်းကို အနုပညာဖန်တီးမှု လက်ရာအဖြစ် အသုံးပြုလာကြတယ်လို့ သိရပါတယ်။ ထူးခြားတဲ့ အရောင်တွေနဲ့ ဒီဇိုင်းဖန်တီးခြင်း ဒါမှမဟုတ် နံရံတစ်ခုလုံးမှာ အနုပညာလက်ရာတွေနဲ့ ပေါင်းစပ်ပြီးတော့ အလှဆင်ခြင်း၊ နံရံကပ်စက္ကူတွေ ကပ်ခြင်း၊ ပန်းချီကားတွေချိတ်ဆွဲခြင်းတွေက အနုပညာဆန်တဲ့ ပတ်ဝန်းကျင်လေးမှာ နေထိုင်ရသလို ဖြစ်စေပါတယ်။
ကြီးမားတဲ့ နံရံကပ်ဒီဇိုင်းတွေ စမ်းသုံးကြည့်ပါ။
၂၀၂၃ မှာ ရေပန်းစားသော အိမ်တွင်းနံရံ ဒီဇိုင်းပြင်ဆင်မှုများ
နောက်ခံ နံရံဒီဇိုင်းတွေက အိမ်ခြံမြေအတွင်းခန်းအပြင်အဆင် ဒီဇိုင်းတည်ဆောက်မှုမှာ တစ်ကြော့ပြန်လည်ခေတ်စားရုံမက နံရံပန်းချီကားတွေနဲ့ အရွယ်အစားကြီးတဲ့ နံရံကပ်ပိုစတာတွေ အသုံးပြုခြင်းတွေလည်း ၂၀၂၃ ခုနှစ်မှာ ပြန်လည်အသုံးပြုလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ အိမ်ခြံမြေအတွင်းခန်းပြင်ဆင်တည်ဆောက်မှုထဲ အရောင်ပိုရင့်ပြီး ကြီးမားတဲ့ နောက်ခံ နံရံဒီဇိုင်းတွေကို ရွေးချယ်လာကြတယ်လို့ အိမ်ခြံမြေ ဒီဇိုင်နာ ဂ်နီဖာ ဟန္တာ က ပြောပြခဲ့ပါတယ်။ အိမ်ပိုင်ရှင်တွေက အိပ်ခန်းတွေမှာ အရောင်တွေ ပိုထည့်တာ၊ နံရံတွေမှာ ကြီးမားတဲ့ နောက်ခံပန်းချီတွေ ထည့်တာမျိုးတွေ ပိုပြီး အကြိုက်တွေ့လာတယ်လို့ သိရပါတယ်။
အပူပိုင်းဒေသဆန်တဲ့ ဒီဇိုင်းတွေထည့်ပါ။
 ၂၀၂၃ မှာ ရေပန်းစားသော အိမ်တွင်းနံရံ ဒီဇိုင်းပြင်ဆင်မှုများ
၂၀၂၃ ခုနှစ်မှာ အများဆုံးမြင်တွေ့ရတဲ့ ဒီဇိုင်းကတော့ အပူပိုင်းဒေသဆန်ဆန် ဖန်တီးမှုတွေ လုပ်လာကြတာ ပါပဲ။ အိမ်ခန်းတွေမှာ၊ ရုံးခန်းတွေနဲ့ စားသောက်ဆိုင်တွေ တော်တော်များများမှာ အပူပိုင်းဒေသဆန်တဲ့ အပြင်အဆင်တွေကို ပိုပြီး ရွေးချယ်လာကြပါတယ်။ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်တွေ၊ စိမ်းစိုပြီး အရွက်ဖား ဖားရှိတဲ့ အပင်တွေ ပါတဲ့ ပန်းချီကားတွေ၊ နံရံကပ်ပိုစတာတွေကို အိမ်ခန်းရဲ့ နံရံတွေမှာ ချိတ်ဆွဲခြင်းဖြင့် စိတ္ကို ကြည်လင်လန်းဆန်းစေပြီးတော့ နွေရာသီ အားလပ်ရက် အပန်းဖြေစေတဲ့ အငွေ့အသက် ဒီဇိုင်းတွေက စိတ်ကို ပျော်ရွှင်စေတဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။
ကမ္ဘာမြေကြီးနဲ့ တသားတည်းဖြစ်တဲ့ မြေကြီးအရောင်တွေကိုအသုံးပြုခြင်း။
၂၀၂၃ မှာ ရေပန်းစားသော အိမ်တွင်းနံရံ ဒီဇိုင်းပြင်ဆင်မှုများ
စိတ်နှလုံးနွေးထွေးတဲ့ ခံစားချက်ပေးတဲ့ မြေကြီးအရောင်ဟာ ၂၀၂၃ ခုနှစ်အတွက် နံရံဒီဇိုင်းတွေအဖြစ် အသုံးပြုလာပါတယ်။ နွေးထွေးတဲ့ အိမ်လေးတစ်လုံးအဖြစ် ဖန်တီးချင်တဲ့အခါ ခရင်မ်အရောင်၊ အညိုဖျော့၊ မြေကြီးအရောင်တွေ အသုံးပြုပေးတာမျိုး၊ ကမ္ဘာမြေကြီးနဲ့ ဆက်စပ်မှုရှိတဲ့ သဘာဝက ရလာတဲ့ သယံဇာ တွေက ကျောက်တုံးလေးတွေကို နေအိမ်မှာထားရှိတာမျိုးတွေက ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ပေးစွမ်းနိုင်ပြီးတော့ ဟန်ချက်ညီစေမှာဖြစ်ပါတယ်။
၂၀၂၃ မှာ ရေပန်းစားသော အိမ်တွင်းနံရံ ဒီဇိုင်းပြင်ဆင်မှုများ
အခုဖော်ပြပေးတဲ့ နည်းလမ်းတွေကတော့ ၂၀၂၃ မှာ ခေတ်စားနေတဲ့ အိမ်တွင်းအိမ်ခန်း နံရံအပြင်အဆင် ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ရေပန်းစားနေတဲ့ အပြင်အဆင်ဒီဇိုင်းလေးတွေ ရွေးချယ်အလှဆင်ပြီး မိမိအိမ်ကို ခေတ်နဲ့အညီ ခမ်းနားလှပအောင် ဖန်တီးနိုင်ဖို့ iMyanmarHouse.com ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)