201 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

သင့်အိမ်တွင် ဖုန်းရွှေကောင်း ဖန်တီးနည်း

[Unicode]

 

သင့်အိမ်မှာ ကောင်းမွန်တဲ့ဖုန်းရွှေကို ပြုစုပျိုးထောင်ဖို့ရာ ဘယ်က စတင်ရမယ်ဆိုတာကို မသိဖြစ်နေနိုင်ပါတယ်။ ဘယ်အခန်းတွေနဲ့ စတင်သင့်ပါသလဲ? အခန်းသစ်ဆိုရင် ဘယ်လိုပုံစံနဲ့ စတင်မလဲ ဒါမှမဟုတ် အကယ်၍ အခန်းက အလှဆင်ပြီးသားဆိုရင် ဘယ်လိုပုံစံနဲ့ စတင်မလဲ? ဖုန်းရွှေမှာ ဘာတွေ မလုပ်သင့်ဘူးလဲ?


သင့်ဘဝကို ပိုမိုဟန်ချက်ညီစေရေးအတွက် သင့်နေရာကို ဖုန်းရွှေနည်းလမ်းဖြင့် အလှဆင်ဖို့ ဖုန်းရွှေအခြေခံမူများနဲ့ စံနှုန်းတွေက သင့်ကို စေ့ဆော်ပေးနိုင်ပါတယ်။

ဒါကြောင့် သင့်အိမ်ရဲ့ အခန်းတိုင်းမှာ ကောင်းမွန်တဲ့ ဖုန်းရွှေဖန်တီးဖို့ မရှိမဖြစ်လိုအပ်တဲ့ အဆင့်ကိုးချက်ကို ဖော်ပြလိုက်ပါတယ်။

 

၁။ ဝင်ပေါက်ဧရိယာကို တောက်ပစေပါ

ဖုန်းရွှေမှာ အိမ်ဝင်ပေါက်ဟာ သင့်အိမ်နဲ့ သင့်ဘဝထဲသို့ စွမ်းအင်ဝင်ရောက်ပုံကို ကိုယ်စားပြုပါတယ်။ အိမ်ရှေ့တံခါးဟာ သက်ရှိဇီဝရုပ်တွေကို ခွန်အားပေးတဲ့ သက်စောင့်ဓာတ် 'ချီစွမ်းအင်' ရဲ့ပါးစပ်ဖြစ်ပါတယ်။ သင့်အိမ်မှာ ကောင်းတဲ့ ဖုန်းရွှေ ဖန်တီးလိုတဲ့အခါ ဝင်ပေါက်က ပထမဆုံးနေရာဖြစ်ပါတယ်။

အညစ်အကြေးမှန်သမျှကို အမှိုက်ရှင်းပြီး ဖယ်ရှားခြင်းဖြင့် စတင်ပါ။ အိမ်ရှေ့တံခါးဝမှာ ပစ္စည်းတွေ အများကြီး စုပုံနေတတ်ပါတယ်။
ဗလာကျင်းနေဖို့ မလိုပေမဲ့လည်း ရှင်းရှင်းလင်းလင်းရှိပါစေ။

ပြီးနောက် ၎င်းဧရိယာကို သန့်ရှင်းရေးလုပ်ပါ။ ဖယ်ရှားခြင်း/ပေါင်းထည့်ခြင်းဖြင့် ယင်းနေရာအား ပိုမိုကျယ်ဝန်းစေပြီး ဆွဲဆောင်မှုဖြစ်စေနိုင်ခြင်းရှိမရှိ ကြည့်လိုက်ပါ။ မလိုတာတွေ ရှင်းထုတ်ခြင်းက သင့်အိမ်ထဲသို့ စွမ်းအင်များ စုဆောင်းစုဆောင်းဖို့ နေရာတစ်ခု ဖန်တီးပေးပါတယ်။ စွမ်းအင်ကို ပိတ်ဆို့ခြင်းက ဖုန်းရွှေတွင် မလုပ်သင့်တဲ့ မရှိမဖြစ်အရာများထဲမှ တစ်ခုဖြစ်ပါတယ်။

ဝင်ပေါက်နေရာကို အလင်းရောင်ကောင်းစွာရပြီး တောက်ပနေပါစေ။ အလင်းရောင်ထည့်ပါ၊ အလင်းရစေတဲ့ မီးချောင်း မီးသီးတွေ လဲပါ။

 

သင့်အိမ်တွင် ဖုန်းရွှေကောင်း ဖန်တီးနည်း

 

 

 

၂။ ပြတင်းပေါက်များကို သန့်ရှင်းစေပါ

ပြတင်းပေါက်တွေဟာ အိမ်ရှိ လူကြီးတွေရဲ့ မျက်လုံးတွေကို ကိုယ်စားပြုပါတယ်။ ကလေးတွေအတွက်ကျ သူတို့ရဲ့အသံဖြစ်ပါတယ်။ သင့်အိမ်မှာ ကောင်းမွန်တဲ့ ဖုန်းရွှေ ဖန်တီးဖို့ သင့်ပြတင်းပေါက်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ ကြည်လင်သန့်ရှင်းတဲ့ ပြတင်းပေါက်တွေဟာ နေရောင်ခြည်ပိုမိုရရှိစေပါတယ်။

နေရောင်ခြည်ဟာ သဘာဝအတိုင်း စွမ်းအင်ပေးပြီး သင့်ကို နိုးကြားစေပါတယ်။ နေရောင်ခြည်ဟာ သင်မြင်ရတဲ့ အရာဝတ္ထုအားလုံးကို အရောင်အသွေးနဲ့ တက်ကြွစွာ ပုံဖော်ပေးပါတယ်။ အလင်းရောင် ပိုရတဲ့အခါ အလင်းရောင်က အိမ်အား ပိုမိုကျယ်ဝန်းစေပြီး တက်ကြွစေပါတယ်။ သန့်ရှင်းတဲ့ပြတင်းပေါက်တွေဟာ သင့်ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို အရောင်အသွေး၊ ရှင်းလင်းပြတ်သားမှုနဲ့ တိကျမှုအရှိဆုံးဖြင့် မြင်နိုင်ဖို့ ကူညီပေးပါတယ်။

ရိုးရိုးရှလကာရည်၊ ရေနဲ့ ဆီအနည်းငယ်ရောစပ်ထားတဲ့အရည် ဒါမှမဟုတ် အိမ်လုပ်သန့်စင်ဆေးတွေကို အသုံးပြုသန့်ရှင်းနိုင်ပါတယ်။

 

သင့်အိမ်တွင် ဖုန်းရွှေကောင်း ဖန်တီးနည်း

 

 

၃။ တံခါးများကို ဂရုပြုပါ

ဖုန်းရွှေမှာ တံခါးတွေက သင့်အသံနဲ့ ဆက်သွယ်မှုကို ကိုယ်စားပြုပါတယ်။ တံခါးတွေဟာ သင့်ဘဝထဲကို အခွင့်အလမ်းများ ဝင်ရောက်လာနိုင်တဲ့ တံခါးပေါက်တွေဖြစ်ပါတယ်။ သင့်ရဲ့တံခါးတွေဟာ သင့်ရဲ့အာရုံစိုက်မှုကို နည်းနည်းခံယူထိုက်ပါတယ်။

သတိထားစရာ နှစ်ခုရှိပါတယ်။ ပထမဦးစွာ သင့်တံခါးအားလုံးဟာ အနည်းဆုံး 90 ဒီဂရီအထိ ဖွင့်လို့ရတာ သေချာပါစေ။ တံခါးနောက်မှာ ရှုပ်ပွမနေအောင်လည်း ဂရုစိုက်ပါ၊ တံခါးကမပျက်ပေမဲ့ ရှုပ်ပွနေရင်လည်း ဖွင့်လို့ရမှာမဟုတ်ပါဘူး။ ဒီပိတ်ဆို့ခြင်းက သင်ဟာ ဘဝရဲ့အခွင့်အရေးတွေကို အစိတ်အပိုင်းတစ်ခုသာ ရရှိနိုင်တယ်လို့ ဆိုလိုပါတယ်။

ပတ္တာတွေက လှုပ်နေခြင်းမရှိကြောင်းလည်း သေချာပါစေ။ တံခါးကို ကောင်းစွာပိတ်နိုင်ပြီး သက်သောင့်သက်သာရှိမှုရှိမရှိကိုလည်း စစ်ဆေးပါ။ ဒီအသေးစိတ်အချက်အားလုံးက သင့်ထံ စွမ်းအင် ဘယ်လိုရောက်ရှိသွားတယ်ဆိုတာအပေါ် သက်ရောက်မှုရှိပါတယ်။ သင့်အနေနဲ့ စွမ်းအင် စီးဆင်းမှုကို အတတ်နိုင်ဆုံး ချောမွေ့စေချင်မှာပါ။

 


၄။ အထက်စီး၊ အသာစီးရနေသော အနေအထား


ဒီအနေအထားကို သင့်အိပ်ရာ၊ စားပွဲနဲ့ မီးဖိုရဲ့တည်နေရာတွေမှာ အသုံးချပါ။

အိပ်ရာက သင့်ကို ကိုယ်စားပြုပါတယ်။ စားပွဲခုံက သင့်အသက်မွေးဝမ်းကျောင်းကို ကိုယ်စားပြုပါတယ်။ ပြီးတော့ မီးဖိုက သင့်ရဲ့ချမ်းသာမှုကို ကိုယ်စားပြုပါတယ်။ ဒီနေရာတွေမှာ သင်ရှိနေတဲ့အခါ တံခါးနှင့် တိုက်ရိုက်တစ်ပြေးတည်း မဟုတ်တာ သေချာပါစေ။

ဥပမာ- အိပ်ရာပေါ်မှာ လဲလျောင်းရင်း စားပွဲခုံမှာထိုင်ရင်း ဒါမှမဟုတ် မီးဖိုမှာ ချက်ပြုတ်နေရင်း တံခါးကို ကြည့်တဲ့အခါ တန်းမြင်မနေရသင့်ဘဲ ထောင့်ဖြတ် ဒါမှမဟုတ် ထောင့်ချိုးအနေအထားတစ်ခုခု ဖြစ်သင့်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး အမိန့်ပေးကွပ်ကဲတဲ့အနေအထားမှာ ရှိနေတဲ့အခါ အပြုသဘောဆောင်တဲ့ စွမ်းအင်နဲ့ အကောင်းဆုံး အခွင့်အလမ်းတွေ ကို ရရှိဖို့ နေရာတစ်ခုဖြစ်ပါတယ်။

 

သင့်အိမ်တွင် ဖုန်းရွှေကောင်း ဖန်တီးနည်း

 

 

၅။ သင့်လမ်းကြောင်းရှိ အတားအဆီးများကို ဖယ်ရှားပါ


သင့်အိမ်မှတဆင့် သင့်ရဲ့နေ့စဉ်လမ်းကို ကောင်းစွာကြည့်ရှုပါ။ ဒါက သင့်ရဲ့ ဖုန်းရွှေဟင်းလင်းပြင်အခင်းအကျင်းပါ။ အိပ်ရာကနေထပြီး အိမ်အပြင် တံခါးအပြင်ဘက်ကို လျှောက်သွားတဲ့အခါ ကိုယ်လျှောက်လှမ်းတဲ့လမ်းကို ကြည့်ပါ။ အိမ်ပြန်ရောက်တဲ့အခါ၊ ညစာချက်ပြီး အိပ်ရာဝင်တဲ့အခါတွေမှာလည်း အလားတူလုပ်ဆောင်ပါ။

သင်နဲ့မလိုက်ဖက်တော့တဲ့ အဝတ်အစားတွေနဲ့ ရောနေတဲ့ ဗီရို ၊ စူးရှသော အလင်းရောင်နဲ့ တွေ့ကြုံရတဲ့အခါ ၊ အမြဲတစေ ကပ်နေတဲ့ တံခါးကို အဖွင့်အပိတ်လုပ်ရတဲ့အခါ ၊ ရှုပ်ပွနေတဲ့ စင်္ကြံကို ဖြတ်ရတဲ့အခါတွေဟာ အတားအဆီးတစ်ခုဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအတားအဆီးတွေ စုပြုံလာပြီး သင့်အတွက် ပြဿနာတွေ ဖန်တီးလာနိုင်ပါတယ်။ ဒါကို အိမ်တစ်လုံးအတွက် မကောင်းသော ဖုန်းရွှေလို့ ယူဆနိုင်ပါတယ်။

 

သင့်အိမ်တွင် ဖုန်းရွှေကောင်း ဖန်တီးနည်း

 

၆။ ကျယ်ဝန်းပါစေ


သင့်ဘဝ ပိုမိုကျယ်ဝန်းလာအောင် သင်ဘယ်လိုလုပ်မလဲ? သင့်အိမ်နဲ့ စတင်ပါ။ ရုပ်ပိုင်းဆိုင်ရာ နေရာကို ရှာပါ- အံဆွဲ၊ အခန်း၊ ရေခဲသေတ္တာထောင့်၊ စားပွဲခုံ—အရွယ်အစားက အရေးမကြီးပါဘူး—မလိုအပ်တော့တဲ့အရာတွေကို လွှတ်လိုက်ပါ။ တစ်ခုခုကို လွှတ်လိုက်တဲ့အခါ၊ အသစ်အသစ်သော အခွင့်အလမ်းသစ်ကို ဖိတ်ခေါ်ဖို့ရာ နေရာလွတ်တစ်ခု ဖန်တီးလိုက်တာပါ။ အသစ်သစ်တွေ စတင်ဖို့ ပျိုးထောင်ဖို့ မွေးမြူဖို့ အမြဲဆန္ဒရှိပါ။

 

သင့်အိမ်တွင် ဖုန်းရွှေကောင်း ဖန်တီးနည်း


၇။ အမွှေးနံ့သာ

နှစ်သက်ရာ အမွှေးနံ့သာဆီ/အရည်ဖြင့် နေအိမ်အနှံ့ ပက်ဖျန်းပေးပါ။ သင်ကိုယ်တိုင်းလည်း သန့်သန့်ရှင်းရှင်းနဲ့ အနံ့အသက်ကောင်းအောင် ဂရုစိုက်ပါ။


၈။ အပင်စိုက်ပါ

ဖုန်းရွှေမှာ အပင်တွေက သက်စောင့်ဓာတ်ကို ပေါင်းစပ်ပေးပါတယ်။ ဘာကိုဆိုလိုတာပါလဲ? သက်ရှိ ဖန်လုံအိမ် အပင်တွေဟာ သဘာဝနဲ့ ချိတ်ဆက်ပြီး သင့်အိမ်ထဲသို့ တက်ကြွမှုကို ယူဆောင်ပေးပါတယ်။ စိမ်းလန်းတဲ့အပင်တွေဟာ သင့်အိမ်အတွက် လတ်ဆတ်တဲ့ အော်ဂဲနစ်အစိမ်းရောင်ဖျော်ရည်နဲ့တူပါတယ်—၎င်းတို့က လတ်ဆတ်မှုနဲ့ တက်ကြွမှုကို မိတ်ဆက်ပေးပါတယ်။ စိမ်းလန်းစိုပြေတဲ့ အပင်တွေဟာ အိမ်အတွက် အဓိကကျတဲ့ ဖုန်းရွှေပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။

မှတ်သားထားရမယ့် အရေးကြီးဆုံးအချက်မှာ သင်ဂရုစိုက်နိုင်တဲ့ အပင်တွေကို ရှာဖွေဖို့နဲ့၊ နေရာနဲ့ သင့်လျော်တဲ့ အပင်တွေကို ရှာဖွေဖို့ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ သင့်အိမ်ရဲ့အလင်းရောင်ရရှိမှုအခြေအနေကို ထည့်သွင်းစဉ်းစားပါ။

 

သင့်အိမ်တွင် ဖုန်းရွှေကောင်း ဖန်တီးနည်း

 

၉။ ကျေးဇူးဆပ်ပါ

သင့်အိမ်ကို ကျေးဇူးဆပ်ပါ။ သင့်အိမ်က သင့်ရဲ့အမိုးအကာပါပဲ။ သင့်အိမ်က သင့်အား အနားယူ၊ အစာစား၊ ဆင်နွှဲဖို့ နေရာတစ်ခုအဖြစ်နဲ့ အခြားအရာများစွာကို ပေးပါတယ်။ သင့်အိမ်ကို ကျေးဇူးဆပ်ရမယ့်ပုံက ရိုးရှင်းပါတယ်။ သင့်အိမ်ကို နှိမ့်ချသောနှလုံးသားဖြင့် "ကျေးဇူးတင်ပါတယ်" ဟုပြောပေးပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

သင့္အိမ္တြင္ ဖုန္းေ႐ႊေကာင္း ဖန္တီးနည္း

 


သင့္အိမ္မွာ ေကာင္းမြန္တဲ့ဖုန္းေ႐ႊကို ျပဳစုပ်ိဳးေထာင္ဖို႔ရာ ဘယ္က စတင္ရမယ္ဆိုတာကို မသိျဖစ္ေနႏိုင္ပါတယ္။ ဘယ္အခန္းေတြနဲ႔ စတင္သင့္ပါသလဲ? အခန္းသစ္ဆိုရင္ ဘယ္လိုပုံစံနဲ႔ စတင္မလဲ ဒါမွမဟုတ္ အကယ္၍ အခန္းက အလွဆင္ၿပီးသားဆိုရင္ ဘယ္လိုပုံစံနဲ႔ စတင္မလဲ? ဖုန္းေ႐ႊမွာ ဘာေတြ မလုပ္သင့္ဘူးလဲ?


သင့္ဘဝကို ပိုမိုဟန္ခ်က္ညီေစေရးအတြက္ သင့္ေနရာကို ဖုန္းေ႐ႊနည္းလမ္းျဖင့္ အလွဆင္ဖို႔ ဖုန္းေ႐ႊအေျခခံမူမ်ားနဲ႔ စံႏႈန္းေတြက သင့္ကို ေစ့ေဆာ္ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ သင့္အိမ္ရဲ႕ အခန္းတိုင္းမွာ ေကာင္းမြန္တဲ့ ဖုန္းေ႐ႊဖန္တီးဖို႔ မ႐ွိမျဖစ္လိုအပ္တဲ့ အဆင့္ကိုးခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

 

၁။ ဝင္ေပါက္ဧရိယာကို ေတာက္ပေစပါ

ဖုန္းေ႐ႊမွာ အိမ္ဝင္ေပါက္ဟာ သင့္အိမ္နဲ႔ သင့္ဘဝထဲသို႔ စြမ္းအင္ဝင္ေရာက္ပုံကို ကိုယ္စားျပဳပါတယ္။ အိမ္ေ႐ွ႕တံခါးဟာ သက္႐ွိဇီဝ႐ုပ္ေတြကို ခြန္အားေပးတဲ့ သက္ေစာင့္ဓာတ္ 'ခ်ီစြမ္းအင္' ရဲ႕ပါးစပ္ျဖစ္ပါတယ္။ သင့္အိမ္မွာ ေကာင္းတဲ့ ဖုန္းေ႐ႊ ဖန္တီးလိုတဲ့အခါ ဝင္ေပါက္က ပထမဆုံးေနရာျဖစ္ပါတယ္။

အညစ္အေၾကးမွန္သမွ်ကို အမိႈက္႐ွင္းၿပီး ဖယ္႐ွားျခင္းျဖင့္ စတင္ပါ။ အိမ္ေ႐ွ႕တံခါးဝမွာ ပစၥည္းေတြ အမ်ားႀကီး စုပုံေနတတ္ပါတယ္။
ဗလာက်င္းေနဖို႔ မလိုေပမဲ့လည္း ႐ွင္း႐ွင္းလင္းလင္း႐ွိပါေစ။

ၿပီးေနာက္ ၎ဧရိယာကို သန္႔႐ွင္းေရးလုပ္ပါ။ ဖယ္႐ွားျခင္း/ေပါင္းထည့္ျခင္းျဖင့္ ယင္းေနရာအား ပိုမိုက်ယ္ဝန္းေစၿပီး ဆြဲေဆာင္မႈျဖစ္ေစႏိုင္ျခင္း႐ွိမ႐ွိ ၾကည့္လိုက္ပါ။ မလိုတာေတြ ႐ွင္းထုတ္ျခင္းက သင့္အိမ္ထဲသို႔ စြမ္းအင္မ်ား စုေဆာင္းစုေဆာင္းဖို႔ ေနရာတစ္ခု ဖန္တီးေပးပါတယ္။ စြမ္းအင္ကို ပိတ္ဆို႔ျခင္းက ဖုန္းေ႐ႊတြင္ မလုပ္သင့္တဲ့ မ႐ွိမျဖစ္အရာမ်ားထဲမွ တစ္ခုျဖစ္ပါတယ္။

ဝင္ေပါက္ေနရာကို အလင္းေရာင္ေကာင္းစြာရၿပီး ေတာက္ပေနပါေစ။ အလင္းေရာင္ထည့္ပါ၊ အလင္းရေစတဲ့ မီးေခ်ာင္း မီးသီးေတြ လဲပါ။

 

၂။ ျပတင္းေပါက္မ်ားကို သန္႔႐ွင္းေစပါ

ျပတင္းေပါက္ေတြဟာ အိမ္႐ွိ လူႀကီးေတြရဲ႕ မ်က္လုံးေတြကို ကိုယ္စားျပဳပါတယ္။ ကေလးေတြအတြက္က် သူတို႔ရဲ႕အသံျဖစ္ပါတယ္။ သင့္အိမ္မွာ ေကာင္းမြန္တဲ့ ဖုန္းေ႐ႊ ဖန္တီးဖို႔ သင့္ျပတင္းေပါက္ေတြကို ပုံမွန္သန္႔႐ွင္းေရးလုပ္ပါ။ ၾကည္လင္သန္႔႐ွင္းတဲ့ ျပတင္းေပါက္ေတြဟာ ေနေရာင္ျခည္ပိုမိုရ႐ွိေစပါတယ္။

ေနေရာင္ျခည္ဟာ သဘာဝအတိုင္း စြမ္းအင္ေပးၿပီး သင့္ကို ႏိုးၾကားေစပါတယ္။ ေနေရာင္ျခည္ဟာ သင္ျမင္ရတဲ့ အရာဝတၳဳအားလုံးကို အေရာင္အေသြးနဲ႔ တက္ႂကြစြာ ပုံေဖာ္ေပးပါတယ္။ အလင္းေရာင္ ပိုရတဲ့အခါ အလင္းေရာင္က အိမ္အား ပိုမိုက်ယ္ဝန္းေစၿပီး တက္ႂကြေစပါတယ္။ သန္႔႐ွင္းတဲ့ျပတင္းေပါက္ေတြဟာ သင့္ပတ္ဝန္းက်င္႐ွိ ကမ႓ာႀကီးကို အေရာင္အေသြး၊ ႐ွင္းလင္းျပတ္သားမႈနဲ႔ တိက်မႈအ႐ွိဆုံးျဖင့္ ျမင္ႏိုင္ဖို႔ ကူညီေပးပါတယ္။

႐ိုး႐ိုး႐ွလကာရည္၊ ေရနဲ႔ ဆီအနည္းငယ္ေရာစပ္ထားတဲ့အရည္ ဒါမွမဟုတ္ အိမ္လုပ္သန္႔စင္ေဆးေတြကို အသုံးျပဳသန္႔႐ွင္းႏိုင္ပါတယ္။

 

၃။ တံခါးမ်ားကို ဂ႐ုျပဳပါ

ဖုန္းေ႐ႊမွာ တံခါးေတြက သင့္အသံနဲ႔ ဆက္သြယ္မႈကို ကိုယ္စားျပဳပါတယ္။ တံခါးေတြဟာ သင့္ဘဝထဲကို အခြင့္အလမ္းမ်ား ဝင္ေရာက္လာႏိုင္တဲ့ တံခါးေပါက္ေတြျဖစ္ပါတယ္။ သင့္ရဲ႕တံခါးေတြဟာ သင့္ရဲ႕အာ႐ုံစိုက္မႈကို နည္းနည္းခံယူထိုက္ပါတယ္။

သတိထားစရာ ႏွစ္ခု႐ွိပါတယ္။ ပထမဦးစြာ သင့္တံခါးအားလုံးဟာ အနည္းဆုံး 90 ဒီဂရီအထိ ဖြင့္လို႔ရတာ ေသခ်ာပါေစ။ တံခါးေနာက္မွာ ႐ႈပ္ပြမေနေအာင္လည္း ဂ႐ုစိုက္ပါ၊ တံခါးကမပ်က္ေပမဲ့ ႐ႈပ္ပြေနရင္လည္း ဖြင့္လို႔ရမွာမဟုတ္ပါဘူး။ ဒီပိတ္ဆို႔ျခင္းက သင္ဟာ ဘဝရဲ႕အခြင့္အေရးေတြကို အစိတ္အပိုင္းတစ္ခုသာ ရ႐ွိႏိုင္တယ္လို႔ ဆိုလိုပါတယ္။

ပတၱာေတြက လႈပ္ေနျခင္းမ႐ွိေၾကာင္းလည္း ေသခ်ာပါေစ။ တံခါးကို ေကာင္းစြာပိတ္ႏိုင္ၿပီး သက္ေသာင့္သက္သာ႐ွိမႈ႐ွိမ႐ွိကိုလည္း စစ္ေဆးပါ။ ဒီအေသးစိတ္အခ်က္အားလုံးက သင့္ထံ စြမ္းအင္ ဘယ္လိုေရာက္႐ွိသြားတယ္ဆိုတာအေပၚ သက္ေရာက္မႈ႐ွိပါတယ္။ သင့္အေနနဲ႔ စြမ္းအင္ စီးဆင္းမႈကို အတတ္ႏိုင္ဆုံး ေခ်ာေမြ႕ေစခ်င္မွာပါ။


၄။ အထက္စီး၊ အသာစီးရေနေသာ အေနအထား


ဒီအေနအထားကို သင့္အိပ္ရာ၊ စားပြဲနဲ႔ မီးဖိုရဲ႕တည္ေနရာေတြမွာ အသုံးခ်ပါ။

အိပ္ရာက သင့္ကို ကိုယ္စားျပဳပါတယ္။ စားပြဲခုံက သင့္အသက္ေမြးဝမ္းေက်ာင္းကို ကိုယ္စားျပဳပါတယ္။ ၿပီးေတာ့ မီးဖိုက သင့္ရဲ႕ခ်မ္းသာမႈကို ကိုယ္စားျပဳပါတယ္။ ဒီေနရာေတြမွာ သင္႐ွိေနတဲ့အခါ တံခါးႏွင့္ တိုက္႐ိုက္တစ္ေျပးတည္း မဟုတ္တာ ေသခ်ာပါေစ။

ဥပမာ- အိပ္ရာေပၚမွာ လဲေလ်ာင္းရင္း စားပြဲခုံမွာထိုင္ရင္း ဒါမွမဟုတ္ မီးဖိုမွာ ခ်က္ျပဳတ္ေနရင္း တံခါးကို ၾကည့္တဲ့အခါ တန္းျမင္မေနရသင့္ဘဲ ေထာင့္ျဖတ္ ဒါမွမဟုတ္ ေထာင့္ခ်ိဳးအေနအထားတစ္ခုခု ျဖစ္သင့္တာပဲျဖစ္ပါတယ္။


ဒီလိုမ်ိဳး အမိန္႔ေပးကြပ္ကဲတဲ့အေနအထားမွာ ႐ွိေနတဲ့အခါ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္နဲ႔ အေကာင္းဆုံး အခြင့္အလမ္းေတြ ကို ရ႐ွိဖို႔ ေနရာတစ္ခုျဖစ္ပါတယ္။

 

၅။ သင့္လမ္းေၾကာင္း႐ွိ အတားအဆီးမ်ားကို ဖယ္႐ွားပါ


သင့္အိမ္မွတဆင့္ သင့္ရဲ႕ေန႔စဥ္လမ္းကို ေကာင္းစြာၾကည့္႐ႈပါ။ ဒါက သင့္ရဲ႕ ဖုန္းေ႐ႊဟင္းလင္းျပင္အခင္းအက်င္းပါ။ အိပ္ရာကေနထၿပီး အိမ္အျပင္ တံခါးအျပင္ဘက္ကို ေလွ်ာက္သြားတဲ့အခါ ကိုယ္ေလွ်ာက္လွမ္းတဲ့လမ္းကို ၾကည့္ပါ။ အိမ္ျပန္ေရာက္တဲ့အခါ၊ ညစာခ်က္ၿပီး အိပ္ရာဝင္တဲ့အခါေတြမွာလည္း အလားတူလုပ္ေဆာင္ပါ။

သင္နဲ႔မလိုက္ဖက္ေတာ့တဲ့ အဝတ္အစားေတြနဲ႔ ေရာေနတဲ့ ဗီ႐ို ၊ စူး႐ွေသာ အလင္းေရာင္နဲ႔ ေတြ႕ၾကဳံရတဲ့အခါ ၊ အၿမဲတေစ ကပ္ေနတဲ့ တံခါးကို အဖြင့္အပိတ္လုပ္ရတဲ့အခါ ၊ ႐ႈပ္ပြေနတဲ့ စႀကႍကို ျဖတ္ရတဲ့အခါေတြဟာ အတားအဆီးတစ္ခုျဖစ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒီအတားအဆီးေတြ စုျပဳံလာၿပီး သင့္အတြက္ ျပႆနာေတြ ဖန္တီးလာႏိုင္ပါတယ္။ ဒါကို အိမ္တစ္လုံးအတြက္ မေကာင္းေသာ ဖုန္းေ႐ႊလို႔ ယူဆႏိုင္ပါတယ္။

 

၆။ က်ယ္ဝန္းပါေစ


သင့္ဘဝ ပိုမိုက်ယ္ဝန္းလာေအာင္ သင္ဘယ္လိုလုပ္မလဲ? သင့္အိမ္နဲ႔ စတင္ပါ။ ႐ုပ္ပိုင္းဆိုင္ရာ ေနရာကို ႐ွာပါ- အံဆြဲ၊ အခန္း၊ ေရခဲေသတၱာေထာင့္၊ စားပြဲခုံ—အ႐ြယ္အစားက အေရးမႀကီးပါဘူး—မလိုအပ္ေတာ့တဲ့အရာေတြကို လႊတ္လိုက္ပါ။ တစ္ခုခုကို လႊတ္လိုက္တဲ့အခါ၊ အသစ္အသစ္ေသာ အခြင့္အလမ္းသစ္ကို ဖိတ္ေခၚဖို႔ရာ ေနရာလြတ္တစ္ခု ဖန္တီးလိုက္တာပါ။ အသစ္သစ္ေတြ စတင္ဖို႔ ပ်ိဳးေထာင္ဖို႔ ေမြးျမဴဖို႔ အၿမဲဆႏၵ႐ွိပါ။


၇။ အေမႊးနံ႔သာ

ႏွစ္သက္ရာ အေမႊးနံ႔သာဆီ/အရည္ျဖင့္ ေနအိမ္အႏွံ႔ ပက္ဖ်န္းေပးပါ။ သင္ကိုယ္တိုင္းလည္း သန္႔သန္႔႐ွင္း႐ွင္းနဲ႔ အနံ႔အသက္ေကာင္းေအာင္ ဂ႐ုစိုက္ပါ။


၈။ အပင္စိုက္ပါ

ဖုန္းေ႐ႊမွာ အပင္ေတြက သက္ေစာင့္ဓာတ္ကို ေပါင္းစပ္ေပးပါတယ္။ ဘာကိုဆိုလိုတာပါလဲ? သက္႐ွိ ဖန္လုံအိမ္ အပင္ေတြဟာ သဘာဝနဲ႔ ခ်ိတ္ဆက္ၿပီး သင့္အိမ္ထဲသို႔ တက္ႂကြမႈကို ယူေဆာင္ေပးပါတယ္။ စိမ္းလန္းတဲ့အပင္ေတြဟာ သင့္အိမ္အတြက္ လတ္ဆတ္တဲ့ ေအာ္ဂဲနစ္အစိမ္းေရာင္ေဖ်ာ္ရည္နဲ႔တူပါတယ္—၎တို႔က လတ္ဆတ္မႈနဲ႔ တက္ႂကြမႈကို မိတ္ဆက္ေပးပါတယ္။ စိမ္းလန္းစိုေျပတဲ့ အပင္ေတြဟာ အိမ္အတြက္ အဓိကက်တဲ့ ဖုန္းေ႐ႊပစၥည္းေတြထဲက တစ္ခုျဖစ္ပါတယ္။

မွတ္သားထားရမယ့္ အေရးႀကီးဆုံးအခ်က္မွာ သင္ဂ႐ုစိုက္ႏိုင္တဲ့ အပင္ေတြကို ႐ွာေဖြဖို႔နဲ႔၊ ေနရာနဲ႔ သင့္ေလ်ာ္တဲ့ အပင္ေတြကို ႐ွာေဖြဖို႔ျဖစ္ပါတယ္။ ဥပမာအားျဖင့္၊ သင့္အိမ္ရဲ႕အလင္းေရာင္ရ႐ွိမႈအေျခအေနကို ထည့္သြင္းစဥ္းစားပါ။

၉။ ေက်းဇူးဆပ္ပါ

သင့္အိမ္ကို ေက်းဇူးဆပ္ပါ။ သင့္အိမ္က သင့္ရဲ႕အမိုးအကာပါပဲ။ သင့္အိမ္က သင့္အား အနားယူ၊ အစာစား၊ ဆင္ႏႊဲဖို႔ ေနရာတစ္ခုအျဖစ္နဲ႔ အျခားအရာမ်ားစြာကို ေပးပါတယ္။ သင့္အိမ္ကို ေက်းဇူးဆပ္ရမယ့္ပုံက ႐ိုး႐ွင္းပါတယ္။ သင့္အိမ္ကို ႏွိမ့္ခ်ေသာႏွလုံးသားျဖင့္ "ေက်းဇူးတင္ပါတယ္" ဟုေျပာေပးပါ။

 

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)