468 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

 

[Unicode]


အိမ်တစ်အိမ်ရဲ့ဧည့်ခန်းနေရာဟာ ချစ်ခင်ရသူတွေ၊ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ တစ်ဦးနဲ့ တစ်ဦး တွေ့ဆုံ နှုတ်ဆက် စကားပြောဖို့၊ အေးဆေး အနားယူဖို့၊ အပန်းဖြေဖို့နဲ့ လူမှုဆက်ဆံရေး၊ အားလပ်ချိန်တွေ အများဆုံးကုန်ဆုံးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

 

ဒါပေမဲ့ ညစ်ပတ်ပေရေပြီး သန့်ရှင်းမှု မရှိတဲ့ ဧည့်ခန်းက စိတ်ညစ်ညူးမှုနဲ့ စိတ်မရွှင်လန်းမှုတွေဖြစ်စေနိုင်ပါတယ်။ ရှေးဟောင်းတရုတ်ရိုးရာ ဖုန်းရွှေနည်းလမ်းရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပြီးတော့ ဂရုတစိုက်ပြင်ဆင်ထားတဲ့ ဧည့်ခန်းလေးဟာ ငြိမ်းချမ်းပြီး ကောင်းမွန်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကာ အိမ်ပိုင်ရှင်တွေများစွာက လိုက်နာကျင့်သုံးကြပါတယ်။ ဖုန်းရွှေဟာ လူတွေရဲ့ ပတ်ဝန်းကျင်နဲ့ သူတို့တွေရဲ့ ဓာတ်သဘာဝတွေပေါင်းစပ်ပြီးတော့ လိုက်လျောညီထွေမှုရှိတဲ့ နေရာထိုင်ခင်းပုံစံ အခင်းအကျင်းတွေ ပြင်ဆင်စေပြီးတော့ ကောင်းမွန်ခြင်းတွေကို သယ်ဆောင်လာပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းရွှေနည်းလမ်း အကြံပြုချက်တွေကို လိုက်နာပြီးတော့ နေအိမ်ရဲ့ ဧည့်ခန်းလေးကို ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်

 

 

ပြတင်းတံခါးကို ဆိုဖာရဲ့ နောက်ကျောပေးပြီး ပိတ်ထားသလို မထားမိပါစေနဲ့

 

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

ဖုန်းရွှေရဲ့ နည်းလမ်းအကြံပြုချက်အရ ပြတင်းတံခါးပေါက် အဝင်အဝတွေကို ဆိုဖာနောက်ကျောဖက်ပိတ်ပြီး ထားခြင်းက ပြဿနာတွေ၊ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် အိမ်တွင်းနဲ့ အပြင်ဘက် စွမ်းအင်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေရုံမက သင်နဲ့ သင့်မိသားစု၊ ဧည့်သည်တွေရဲ့ ပြတင်းတံခါး မြင်ကွင်းကို ကွယ်သလိုဖြစ်စေပါတယ်။ အပြင်ဘက် ရှုခင်း ဒါမှ မဟုတ် သဘာဝရှုခင်းတွေဟာ သင်ကိုယ်တိုင်ကော၊ တခြားအိမ်သူအိမ်သားတွေအားလုံးအတွက်ပါ စွမ်းအင် ဓာတ်သဘာဝအရ ကောင်းမွန်ခြင်းတွေ ဖိတ်ခေါ်နိုင်ပါတယ်။ ဒါ့အပြင် ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်ဘက်မှာ မှန်တစ်ချပ်ထားခြင်းအားဖြင့်လည်း သင့်အိမ် ဧည့်ခန်းရဲ့ မြင်ကွင်းမှာ အပြင်ဘက်က သဘာဝမြင်ကွင်းကို ရောင်ပြန်ထင်ဟပ်စေပြီး နှစ်သက်စရာကောင်းပါတယ်။

 

 

အိမ်ရှေ့တံခါးချပ်ကို မြင်သာမှုရှိပါစေ။

 

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

အိမ်ရှေ့ တံခါးမကြီးဟာ အိမ်ရဲ့ အဝင်အထွက်အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တာမို့လို့ ထင်သာမြင်သာရှိသင့်ပါတယ်။ လူတွေက အိမ်ခန်း၊ ရုံးခန်းနဲ့ အခန်းတစ်နေရာရာကို ရောက်တဲ့အခါ တံခါးချပ် တွေ အလွယ်တကူ မမြင်နိုင်ဘူးဆိုရင် စိုးရိမ်ကြောက်လန့်လာတတ်ကြပါတယ်။ အဝင်အထွက်လွယ်ကူလို့ဖြစ်စေ၊ အရေးပေါ် အခြေအနေတစ်ခုခု ကြုံလာတဲ့အခါ အလျင်အမြန်ထွက်နိုင်ဖို့ ဖြစ်စေ တံခါးပေါက်ကြီးတွေကို မြင်သာစေပြီး လမ်းမှာ ဘယ်လိုအတားအဆီးတွေမှ မရှိအောင် ဂရုစိုက်သင့်ပါတယ်။

 

ကော်ဖီစားပွဲလေးတွေမှာ ဒင်္ဂါးစေ့၊ ခရစ္စတယ် စေ့ ခွက်လေးတွေထားရှိပါ။

 

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

ခရစ္စတယ်လုံးလေးတွေ၊ ဒင်္ဂါးပြားလေးတွေ၊ ကျောက်တုံးလေးတွေက ချမ်းသာကြွယ်ဝမှုကို ဆောင်ပါတယ်။ ချမ်းသာကြွယ်ဝမှု ပန်းကန်လုံးလို့ ခေါ်ကြပြီး အဲဒီပန်းကန်လုံးလေးတွေကို ကော်ဖီစားပွဲလေးတွေမှာ ထားရှိခြင်း အားဖြင့် နေအိမ်ထဲကို ချမ်းသာကြွယ်ဝမှုတွေ ခေါ်ဆောင်လာနိုင်ပါတယ်။ တချို့သော လာဘ်ခေါ် ပစ္စည်းတွေ၊ အလှဆင် ပရိဘောဂတွေ၊ မရှိဘူးဆိုရင်တောင် အဲဒီ ဒင်္ဂါးစေ့ ပြားလေးတွေ ပန်းကန်လုံးလေးထဲ ထည့်ပြီးတော့ အလွယ်တကူ လာဘ်ခေါ်နိုင်ပါတယ်။ ဒီလိုဆိုရင် ချမ်းသာကြွယ်ဝမှု၊ ငွေကြေးစည်းစိမ်တွေ ပေါပေါများများ စွဲဆောင်ခေါ်ယူနိုင်ပါတယ်။

 

Positive Energy လေးတွေ ရတဲ့ ဓာတ်ပုံလေးတွေ၊ ပန်းချီကားလေးတွေ ချိတ်ဆွဲပါ

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

 အပြုသဘောဆောင်တဲ့၊ အကောင်းဘက်ကိုသွားတဲ့ ဓာတ်ပုံလေးတွေ၊ ပန်းချီကားလေးတွေက သင့်ရဲ့ ဧည့်ခန်းထဲ ကောင်းမွန်တဲ့ စွမ်းအင်တွေကို ညှို့ငင်စွဲဆောင်နိုင်ပါတယ်။ စိတ်နှလုံး ဆွတ်ပျံ့ဖွယ် ရှုခင်းပုံတွေ၊ ပြုံးပျော်ရွှင်နေတဲ့ လူတွေရဲ့ ဓာတ်ပုံတွေက ဧည့်ခန်းနေရာတွေမှာ စိတ်ကြည်လင်လန်းဆန်းမှုတွေကို ပေးစွမ်းနိုင်ပါတယ်။

အထူးသဖြင့် စွမ်းအင်အတွက် လှုံ့ဆော်ပေးမယ့် ဘယ်လိုအနုပညာလက်ရာမျိုးမဆို ဧည့်ခန်းရဲ့ အလှကို ပံ့ပိုးပေးနိုင်သလို ကောင်းမွန်တဲ့ စွမ်းအင်တွေ ဖန်တီးပေးနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မကောင်းတဲ့ ပုံရိပ်တွေ၊ အရိပ်အယောင်နဲ့ စွမ်းအင် ဖြစ်စေမယ့် ပန်းချီကားတွေ၊ ရုပ်ပုံတွေကို ရှောင်ပါ။

 

ဖုန်းရွှေအစီအစဉ်နဲ့ သန့်ရှင်းသပ်ရပ်တဲ့ နေရာထိုင်ခင်းစီစဉ်ပါ

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

 အိမ်တွင်းအိမ်ပြင် အလှပြင်ဆင်ခြင်းနဲ့ပတ်သက်လာရင် ဦးဆုံး အကြံပေးချက်ကတော့ သန့်ရှင်းသပ်ရပ်တဲ့ နေရာထိုင်ခင်းလေးတစ်ခု စီစဉ်ပါလို့ ပြောချင်ပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ ဧည့်ခန်းလေးက အိမ်ရဲ့ ကျက်သရေ တိုးပွားခြင်းတွေ၊ စိတ်နှလုံး ကြည်နူးငြိမ်းချမ်းခြင်းတွေ၊ မင်္ဂလာရှိခြင်းတွေကို ဆောင်ပါတယ်။ ဒါကြောင့်မို့လို့ အိမ်ရဲ့ခရာအကျဆုံး ဧည့်ခန်းလေးကို သန့်ရှင်းသပ်ရပ်စွာ ထားဖို့ မဖြစ်မနေ လုပ်ရပါလိမ့်မယ်။

နှစ်အတော်ကြာ အသုံးမဝင်တဲ့ ပစ္စည်းအဟောင်းတွေ၊ အပျက်အဆီးတွေ ဖယ်ရှားပါ။ စုဆောင်းသိမ်းဆည်းသင့်တဲ့ ပစ္စည်းတွေ၊ ဖယ်ရှားစွန့်ပစ်သင့်တဲ့ပစ္စည်းတွေကို ဧည့်ခန်းကနေ ဖယ်ရှားလိုက်ခြင်းအားဖြင့် ရှင်းလင်းသွားပြီး နေရာကျယ်ကျယ်လည်း ရလာနိုင်ပါတယ်။ နေရာထိုင်ခင်းတွေ ရှင်းလင်းသွားတဲ့အလျောက် စိတ်ခံစားချက်တွေလည်း ရှင်းရှင်းလင်းလင်းနဲ့ စိတ်ကြည်လင်မှုကို ခံစားရနိုင်ပါတယ်။

 

ဖုန်းရွှေရဲ့ အခြေခံအကျဆုံး ဒြပ်စင်ငါးခုကို အသုံးချပါ

 

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

နေအိမ်အတွင်းပိုင်း အလှဆင်ပြင်ဆင်မှုမှာ ဖုန်းရွှေရဲ့ နည်းလမ်းတွေအသုံးချမယ်ဆိုရင် ဒြပ်စင်ငါးခုဖြစ်တဲ့ သစ်သား၊ ရေ၊ မီး၊ မြေကြီးနဲ့ သတ္တု တို့ကို ပေါင်းစပ်ပြီး ပြင်ဆင်လို့ ရနိုင်ပါတယ်။ သစ်သားဒြပ်စင်ဟာ တီထွင်ဖန်တီးမှုနဲ့ ကြီးထွားမှုကို ရည်ရွယ်ပါတယ်။

- နေအိမ်မှာ သစ်သားဒြပ်စင်ကို အသုံးပြုခြင်းအားဖြင့် လိုက်လျောညီထွေမှုရှိပြီးတော့ အေးဆေးတည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။

- ရေဒြပ်စင်ဟာ စိတ်ဝိဉာဉ်ရေးရာနဲ့ ငြိမ်းချမ်းမှုကို ဖန်တီးပေးနိုင်ပါတယ်။ သင့်ဧည့်ခန်းမှာ ငါးကန် ဒါမှမဟုတ် ရေတံခွန်ငယ်ကို ထားခြင်းအားဖြင့် အေးဆေးတည်ငြိမ်မှုကို ရစေပါတယ်။

 

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!

 

- မီးဓာတ်ကတော့ စိတ်အားထက်သန်မှုနဲ့ ခေါင်းဆောင်နိုင်မှုတွေကို ကိုယ်စားပြုပါတယ်။ မီးဟာ နေအိမ်ကို နွေးထွေးစေပြီးတော့ ရဲရင့်တက်ကြွစေပါတယ်။

- မြေကြီးဓာတ်ဟာ ခိုင်ခံ့မှုကို ပေးပါတယ်။ အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။ ကမ္ဘာမြေအရောင်တွေမှာ အညိုရောင်၊ သဲ ၊ အသားရောင်နဲ့ အစိမ်းရောင်တို့ ပါဝင်ပါတယ်။

- သတ္တုဓာတ်ဟာ ရှင်းလင်းပြတ်သားမှုကို ကိုယ်စားပြုပါတယ်။

 

ဧည့်ခန်းလေးကို ဖုန်းရွှေဖြင့် ပြီးပြည့်စုံစေကြမယ်!


ဒီလောက်ဆိုရင် နေအိမ်ဧည့်ခန်းတစ်ခန်းကို ဘယ်လိုမျိုး သပ်သပ်ရပ်ရပ်နဲ့ လှလှပပပြင်ဆင်မလဲ။ ဖုန်းရွှေနည်းလမ်းလိုက်နာပြီးတော့ ဧည့်ခန်းထဲက ကျက်သရေမင်္ဂလာတိုးပွားခြင်းတွေနဲ့ ကောင်းမွန်တဲ့ စွမ်းအင်တွေ စွဲဆောင်ယူနိုင်မလဲဆိုတာကို သိပြီးလောက်ပြီ ထင်ပါတယ်။ လှပပြီး သန့်ရှင်းသပ်ရပ်တဲ့ ဧည့်ခန်းလေးကို ပြင်ဆင်ပြီး ကောင်းခြင်းအဖြာဖြာကို နေအိမ်ထဲ ဖိတ်ခေါ်ဝင်ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ဧည့္ခန္းေလးကို ဖုန္းေ႐ႊျဖင့္ ၿပီးျပည့္စုံေစၾကမယ္!

 

အိမ္တစ္အိမ္ရဲ႕ဧည့္ခန္းေနရာဟာ ခ်စ္ခင္ရသူေတြ၊ မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြ တစ္ဦးနဲ႔ တစ္ဦး ေတြ႕ဆုံ ႏႈတ္ဆက္ စကားေျပာဖို႔၊ ေအးေဆး အနားယူဖို႔၊ အပန္းေျဖဖို႔နဲ႔ လူမႈဆက္ဆံေရး၊ အားလပ္ခ်ိန္ေတြ အမ်ားဆုံးကုန္ဆုံးတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။

ဒါေပမဲ့ ညစ္ပတ္ေပေရၿပီး သန္႔႐ွင္းမႈ မ႐ွိတဲ့ ဧည့္ခန္းက စိတ္ညစ္ညဴးမႈနဲ႔ စိတ္မ႐ႊင္လန္းမႈေတြျဖစ္ေစႏိုင္ပါတယ္။ ေ႐ွးေဟာင္းတ႐ုတ္႐ိုးရာ ဖုန္းေ႐ႊနည္းလမ္းရဲ႕ လမ္းၫႊန္ခ်က္ေတြကို လိုက္နာၿပီးေတာ့ ဂ႐ုတစိုက္ျပင္ဆင္ထားတဲ့ ဧည့္ခန္းေလးဟာ ၿငိမ္းခ်မ္းၿပီး ေကာင္းမြန္တဲ့ စြမ္းအင္ေတြကို ေပးစြမ္းႏိုင္တယ္လို႔ ယုံၾကည္ကာ အိမ္ပိုင္႐ွင္ေတြမ်ားစြာက လိုက္နာက်င့္သုံးၾကပါတယ္။ ဖုန္းေ႐ႊဟာ လူေတြရဲ႕ ပတ္ဝန္းက်င္နဲ႔ သူတို႔ေတြရဲ႕ ဓာတ္သဘာဝေတြေပါင္းစပ္ၿပီးေတာ့ လိုက္ေလ်ာညီေထြမႈ႐ွိတဲ့ ေနရာထိုင္ခင္းပုံစံ အခင္းအက်င္းေတြ ျပင္ဆင္ေစၿပီးေတာ့ ေကာင္းမြန္ျခင္းေတြကို သယ္ေဆာင္လာေပးမွာ ျဖစ္ပါတယ္။ ဒီေတာ့ ဖုန္းေ႐ႊနည္းလမ္း အၾကံျပဳခ်က္ေတြကို လိုက္နာၿပီးေတာ့ ေနအိမ္ရဲ႕ ဧည့္ခန္းေလးကို ဘယ္လိုျပင္ဆင္ၾကမလဲ ဆိုတဲ့အေၾကာင္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္

 

ျပတင္းတံခါးကို ဆိုဖာရဲ႕ ေနာက္ေက်ာေပးၿပီး ပိတ္ထားသလို မထားမိပါေစနဲ႔

ဖုန္းေ႐ႊရဲ႕ နည္းလမ္းအၾကံျပဳခ်က္အရ ျပတင္းတံခါးေပါက္ အဝင္အဝေတြကို ဆိုဖာေနာက္ေက်ာဖက္ပိတ္ၿပီး ထားျခင္းက ျပႆနာေတြ၊ မလိုလားအပ္တဲ့ အ႐ႈပ္အေထြးေတြ ျဖစ္ေစပါတယ္။ ဒါ့အျပင္ အိမ္တြင္းနဲ႔ အျပင္ဘက္ စြမ္းအင္စီးဆင္းမႈကို အေႏွာင့္အယွက္ျဖစ္ေစ႐ုံမက သင္နဲ႔ သင့္မိသားစု၊ ဧည့္သည္ေတြရဲ႕ ျပတင္းတံခါး ျမင္ကြင္းကို ကြယ္သလိုျဖစ္ေစပါတယ္။ အျပင္ဘက္ ႐ႈခင္း ဒါမွ မဟုတ္ သဘာဝ႐ႈခင္းေတြဟာ သင္ကိုယ္တိုင္ေကာ၊ တျခားအိမ္သူအိမ္သားေတြအားလုံးအတြက္ပါ စြမ္းအင္ ဓာတ္သဘာဝအရ ေကာင္းမြန္ျခင္းေတြ ဖိတ္ေခၚႏိုင္ပါတယ္။ ဒါ့အျပင္ ျပတင္းေပါက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ဘက္မွာ မွန္တစ္ခ်ပ္ထားျခင္းအားျဖင့္လည္း သင့္အိမ္ ဧည့္ခန္းရဲ႕ ျမင္ကြင္းမွာ အျပင္ဘက္က သဘာဝျမင္ကြင္းကို ေရာင္ျပန္ထင္ဟပ္ေစၿပီး ႏွစ္သက္စရာေကာင္းပါတယ္။

 

အိမ္ေ႐ွ႕တံခါးခ်ပ္ကို ျမင္သာမႈ႐ွိပါေစ။

အိမ္ေ႐ွ႕ တံခါးမႀကီးဟာ အိမ္ရဲ႕ အဝင္အထြက္အတြက္ အေရးအႀကီးဆုံး အစိတ္အပိုင္းတစ္ခုျဖစ္တာမို႔လို႔ ထင္သာျမင္သာ႐ွိသင့္ပါတယ္။ လူေတြက အိမ္ခန္း၊ ႐ုံးခန္းနဲ႔ အခန္းတစ္ေနရာရာကို ေရာက္တဲ့အခါ တံခါးခ်ပ္ ေတြ အလြယ္တကူ မျမင္ႏိုင္ဘူးဆိုရင္ စိုးရိမ္ေၾကာက္လန္႔လာတတ္ၾကပါတယ္။ အဝင္အထြက္လြယ္ကူလို႔ျဖစ္ေစ၊ အေရးေပၚ အေျခအေနတစ္ခုခု ၾကဳံလာတဲ့အခါ အလ်င္အျမန္ထြက္ႏိုင္ဖို႔ ျဖစ္ေစ တံခါးေပါက္ႀကီးေတြကို ျမင္သာေစၿပီး လမ္းမွာ ဘယ္လိုအတားအဆီးေတြမွ မ႐ွိေအာင္ ဂ႐ုစိုက္သင့္ပါတယ္။

 

ေကာ္ဖီစားပြဲေလးေတြမွာ ဒဂၤါးေစ့၊ ခရစၥတယ္ ေစ့ ခြက္ေလးေတြထား႐ွိပါ။

ခရစၥတယ္လုံးေလးေတြ၊ ဒဂၤါးျပားေလးေတြ၊ ေက်ာက္တုံးေလးေတြက ခ်မ္းသာႂကြယ္ဝမႈကို ေဆာင္ပါတယ္။ ခ်မ္းသာႂကြယ္ဝမႈ ပန္းကန္လုံးလို႔ ေခၚၾကၿပီး အဲဒီပန္းကန္လုံးေလးေတြကို ေကာ္ဖီစားပြဲေလးေတြမွာ ထား႐ွိျခင္း အားျဖင့္ ေနအိမ္ထဲကို ခ်မ္းသာႂကြယ္ဝမႈေတြ ေခၚေဆာင္လာႏိုင္ပါတယ္။ တခ်ိဳ႕ေသာ လာဘ္ေခၚ ပစၥည္းေတြ၊ အလွဆင္ ပရိေဘာဂေတြ၊ မ႐ွိဘူးဆိုရင္ေတာင္ အဲဒီ ဒဂၤါးေစ့ ျပားေလးေတြ ပန္းကန္လုံးေလးထဲ ထည့္ၿပီးေတာ့ အလြယ္တကူ လာဘ္ေခၚႏိုင္ပါတယ္။ ဒီလိုဆိုရင္ ခ်မ္းသာႂကြယ္ဝမႈ၊ ေငြေၾကးစည္းစိမ္ေတြ ေပါေပါမ်ားမ်ား စြဲေဆာင္ေခၚယူႏိုင္ပါတယ္။

 

Positive Energy ေလးေတြ ရတဲ့ ဓာတ္ပုံေလးေတြ၊ ပန္းခ်ီကားေလးေတြ ခ်ိတ္ဆြဲပါ

အျပဳသေဘာေဆာင္တဲ့၊ အေကာင္းဘက္ကိုသြားတဲ့ ဓာတ္ပုံေလးေတြ၊ ပန္းခ်ီကားေလးေတြက သင့္ရဲ႕ ဧည့္ခန္းထဲ ေကာင္းမြန္တဲ့ စြမ္းအင္ေတြကို ညိႇဳ႕ငင္စြဲေဆာင္ႏိုင္ပါတယ္။ စိတ္ႏွလုံး ဆြတ္ပ်ံ႕ဖြယ္ ႐ႈခင္းပုံေတြ၊ ျပဳံးေပ်ာ္႐ႊင္ေနတဲ့ လူေတြရဲ႕ ဓာတ္ပုံေတြက ဧည့္ခန္းေနရာေတြမွာ စိတ္ၾကည္လင္လန္းဆန္းမႈေတြကို ေပးစြမ္းႏိုင္ပါတယ္။

အထူးသျဖင့္ စြမ္းအင္အတြက္ လႈံ႕ေဆာ္ေပးမယ့္ ဘယ္လိုအႏုပညာလက္ရာမ်ိဳးမဆို ဧည့္ခန္းရဲ႕ အလွကို ပံ့ပိုးေပးႏိုင္သလို ေကာင္းမြန္တဲ့ စြမ္းအင္ေတြ ဖန္တီးေပးႏိုင္ပါတယ္။ ဆန္႔က်င္ဘက္အေနနဲ႔ မေကာင္းတဲ့ ပုံရိပ္ေတြ၊ အရိပ္အေယာင္နဲ႔ စြမ္းအင္ ျဖစ္ေစမယ့္ ပန္းခ်ီကားေတြ၊ ႐ုပ္ပုံေတြကို ေ႐ွာင္ပါ။

 

ဖုန္းေ႐ႊအစီအစဥ္နဲ႔ သန္႔႐ွင္းသပ္ရပ္တဲ့ ေနရာထိုင္ခင္းစီစဥ္ပါ

အိမ္တြင္းအိမ္ျပင္ အလွျပင္ဆင္ျခင္းနဲ႔ပတ္သက္လာရင္ ဦးဆုံး အၾကံေပးခ်က္ကေတာ့ သန္႔႐ွင္းသပ္ရပ္တဲ့ ေနရာထိုင္ခင္းေလးတစ္ခု စီစဥ္ပါလို႔ ေျပာခ်င္ပါတယ္။ သန္႔႐ွင္းသပ္ရပ္တဲ့ ဧည့္ခန္းေလးက အိမ္ရဲ႕ က်က္သေရ တိုးပြားျခင္းေတြ၊ စိတ္ႏွလုံး ၾကည္ႏူးၿငိမ္းခ်မ္းျခင္းေတြ၊ မဂၤလာ႐ွိျခင္းေတြကို ေဆာင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အိမ္ရဲ႕ခရာအက်ဆုံး ဧည့္ခန္းေလးကို သန္႔႐ွင္းသပ္ရပ္စြာ ထားဖို႔ မျဖစ္မေန လုပ္ရပါလိမ့္မယ္။

ႏွစ္အေတာ္ၾကာ အသုံးမဝင္တဲ့ ပစၥည္းအေဟာင္းေတြ၊ အပ်က္အဆီးေတြ ဖယ္႐ွားပါ။ စုေဆာင္းသိမ္းဆည္းသင့္တဲ့ ပစၥည္းေတြ၊ ဖယ္႐ွားစြန္႔ပစ္သင့္တဲ့ပစၥည္းေတြကို ဧည့္ခန္းကေန ဖယ္႐ွားလိုက္ျခင္းအားျဖင့္ ႐ွင္းလင္းသြားၿပီး ေနရာက်ယ္က်ယ္လည္း ရလာႏိုင္ပါတယ္။ ေနရာထိုင္ခင္းေတြ ႐ွင္းလင္းသြားတဲ့အေလ်ာက္ စိတ္ခံစားခ်က္ေတြလည္း ႐ွင္း႐ွင္းလင္းလင္းနဲ႔ စိတ္ၾကည္လင္မႈကို ခံစားရႏိုင္ပါတယ္။

 

ဖုန္းေ႐ႊရဲ႕ အေျခခံအက်ဆုံး ျဒပ္စင္ငါးခုကို အသုံးခ်ပါ


ေနအိမ္အတြင္းပိုင္း အလွဆင္ျပင္ဆင္မႈမွာ ဖုန္းေ႐ႊရဲ႕ နည္းလမ္းေတြအသုံးခ်မယ္ဆိုရင္ ျဒပ္စင္ငါးခုျဖစ္တဲ့ သစ္သား၊ ေရ၊ မီး၊ ေျမႀကီးနဲ႔ သတၱဳ တို႔ကို ေပါင္းစပ္ၿပီး ျပင္ဆင္လို႔ ရႏိုင္ပါတယ္။ သစ္သားျဒပ္စင္ဟာ တီထြင္ဖန္တီးမႈနဲ႔ ႀကီးထြားမႈကို ရည္႐ြယ္ပါတယ္။

- ေနအိမ္မွာ သစ္သားျဒပ္စင္ကို အသုံးျပဳျခင္းအားျဖင့္ လိုက္ေလ်ာညီေထြမႈ႐ွိၿပီးေတာ့ ေအးေဆးတည္ၿငိမ္မႈကို ေပးစြမ္းႏိုင္ပါတယ္။

- ေရျဒပ္စင္ဟာ စိတ္ဝိဉာဥ္ေရးရာနဲ႔ ၿငိမ္းခ်မ္းမႈကို ဖန္တီးေပးႏိုင္ပါတယ္။ သင့္ဧည့္ခန္းမွာ ငါးကန္ ဒါမွမဟုတ္ ေရတံခြန္ငယ္ကို ထားျခင္းအားျဖင့္ ေအးေဆးတည္ၿငိမ္မႈကို ရေစပါတယ္။

- မီးဓာတ္ကေတာ့ စိတ္အားထက္သန္မႈနဲ႔ ေခါင္းေဆာင္ႏိုင္မႈေတြကို ကိုယ္စားျပဳပါတယ္။ မီးဟာ ေနအိမ္ကို ေႏြးေထြးေစၿပီးေတာ့ ရဲရင့္တက္ႂကြေစပါတယ္။

- ေျမႀကီးဓာတ္ဟာ ခိုင္ခံ့မႈကို ေပးပါတယ္။ အာ႐ုံစူးစိုက္မႈ အားေကာင္းေစပါတယ္။ ကမ႓ာေျမအေရာင္ေတြမွာ အညိဳေရာင္၊ သဲ ၊ အသားေရာင္နဲ႔ အစိမ္းေရာင္တို႔ ပါဝင္ပါတယ္။

သတၱဳဓာတ္ဟာ ႐ွင္းလင္းျပတ္သားမႈကို ကိုယ္စားျပဳပါတယ္။


ဒီေလာက္ဆိုရင္ ေနအိမ္ဧည့္ခန္းတစ္ခန္းကို ဘယ္လိုမ်ိဳး သပ္သပ္ရပ္ရပ္နဲ႔ လွလွပပျပင္ဆင္မလဲ။ ဖုန္းေ႐ႊနည္းလမ္းလိုက္နာၿပီးေတာ့ ဧည့္ခန္းထဲက က်က္သေရမဂၤလာတိုးပြားျခင္းေတြနဲ႔ ေကာင္းမြန္တဲ့ စြမ္းအင္ေတြ စြဲေဆာင္ယူႏိုင္မလဲဆိုတာကို သိၿပီးေလာက္ၿပီ ထင္ပါတယ္။ လွပၿပီး သန္႔႐ွင္းသပ္ရပ္တဲ့ ဧည့္ခန္းေလးကို ျပင္ဆင္ၿပီး ေကာင္းျခင္းအျဖာျဖာကို ေနအိမ္ထဲ ဖိတ္ေခၚဝင္ေရာက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)