874 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

[Unicode]

 

အခုဖော်ပြပေးမယ့် ဆောင်းပါးထဲမှာ မကြာခင်ရောက်လာတော့မယ့် ၂၀၂၄ ခုနှစ် နှစ်သစ်အတွက် အစွမ်းထက်တဲ့ ဖုန်းရွှေနည်းလမ်းကနေ အကြံပြုထားတဲ့ ကံကောင်းစေတဲ့ အရောင်ရွေးချယ်မှုတွေကို ရှာဖွေနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဖုန်းရွှေအစီအရင်က ဖော်ပြတဲ့ သက်ဝင်တဲ့ ကံကောင်းစေတဲ့ အရောင်တွေဟာ နဂါးနှစ်အတွက် လိုက်လျောညီထွေရှိပြီးတော့ အကန့်အသတ်မဲ့ ကြီးထွားအောင်မြင်ခြင်းတွေ လမ်းခင်းပေးနိုင်မယ်ဆိုရင်ကော စာဖတ်သူအနေနဲ့ ဝမ်းသာပျော်ရွှင်မလား။ နှစ်သက်သဘောကျမလား။

ဖုန်းရွှေဆိုတာ ရှေးတရုတ်အနုပညာရပ်တစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီအား သူတို့တွေရဲ့ ပတ်ဝန်းကျင်က စွမ်းအင်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် တွဲဖက်ပြီးလုပ်ဆောင်ပေးတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ရဲ့ အဓိကအချက်မှာ ကိုယ်ရေးကိုယ်တာနဲ့ ပြည့်စုံကြွယ်ဝတဲ့ ဘဝကို သိသိသာသာ သက်ရောက်မှုရှိဖို့ဖြစ်ကာ အရောင်ရွေးချယ်အသုံးပြုခြင်းတွေဟာလည်း အဲဒီအလေ့အကျင့်တွေထဲက တစ်ခုဖြစ်ပါတယ်။

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 


ဖုန်းရွှေနဲ့ အရောင်တွေရဲ့ ရောင်ပြန်ဟပ်မှု

ဖုန်းရွှေအစီအရင်က အကြံပြုပေးတဲ့ အရောင်တွေဟာ အလှအပဆိုင်ရာရွေးချယ်မှုတွေထက် ပိုမိုသာလွန်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင်တွေအတွက် သက်ဝင်တဲ့ အပြန်အလှန်သက်ရောက်မှုကို ကိုယ်စားပြုပါတယ်။ နောက်ပြီး တရုတ်ဖုန်းရွှေပညာရပ်ရဲ့ အရောင် အခြေခံသဘောတရားတွေဟာ စကြာဝဠာကြီးနဲ့လည်း မျှခြေမှာရှိတယ်ဆိုတာကို လေးလေးနက်နက် နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

 

ဖုန်းရွှေရဲ့ ရှေးခေတ်အလေ့အကျင့်လို့ လူသိများတဲ့ ဒြပ်ငါးပါးဆိုင်ရာ တရုတ်ရိုးရာသီအိုရီဟာ နက်နက်ရှိုင်းရှိုင်းကို ရောယှက်နေပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပတ်ဝန်းကျင်က စွမ်းအင်တွေနဲ့ ချိန်ညှိရာမှာ အဓိကကျတယ်လို့ ယူဆရတဲ့ ဖုန်းရွှေအရောင်ရွေးချယ်ခြင်းကလည်း အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွက် အရောင်တွေရဲ့ ဂုဏ်ရည်ကို နားလည်ခြင်းဖြင့် ကံကောင်းစေတဲ့ အရောင်တွေရဲ့ စွမ်းအင်တွေကို အသုံးချနိုင်ပါတယ်။ တရုတ်ရိုးရာယဉ်ကျေးမှုမှာ စံထားတဲ့ အရောင်က အနက်နဲ့ အနီဖြစ်ပြီး ပြိုင်ဘက်ကင်းတဲ့ အရောင်က အစိမ်း၊ အပြာနဲ့ အဖြူ၊ အလေးအနက်ရှိတဲ့အရောင်မှာ အဝါရောင်ဆိုပြီး ဖြစ်ပါတယ်။ ဒီအရောင်တွေဟာ အမြင်အာရုံကို ကိုယ်စားပြုခြင်းမျှသာဖြစ်ပြီး တရုတ်ရိုးရာ ရူပဗေဒ အခြေခံသဘောတရားတွေဖြစ်တဲ့ ရေ၊ မီး၊ သစ်သား၊ သတ္တုနဲ့ မြေကြီး စသဖြင့် သင်္ကေတတွေလည်း ဖြစ်ကြပါတယ်။

ဖုန်းရွှေရဲ့ အခြေခံသဘောတရားတွေကို ရှုမြင်ပြီး လာမယ့် ၂၀၂၄ ခုနှစ်အတွက် ကံကောင်းစေတဲ့ အရောင်တွေအကြောင်းကို အသေးစိတ်လေ့လာဖတ်ရှုကြရအောင်!

 

အနက်ရောင် (ရေ)

ရေရဲ့ ပျော့ပျောင်းမှုနဲ့ လိုက်လျောညီထွေရှိမှုတွေကို ကိုယ်စားပြုပြီး ဖုန်းရွှေမှာ အနက်ရောင်ဟာ ဉာဏ်ပညာနဲ့ ဆင်ခြင်ဉာဏ်ကို တိုးပွားစေတယ်လို့ယုံကြည်ကြပါတယ်။ ၂၀၂၄ ခုနှစ်မှာ အနက်ရောင်အရိပ်တွေ ပေါင်းစပ်ခြင်းဟာ အပြောင်းအလဲတွေကို အလွယ်တကူကျော်ဖြတ်နိုင်မယ့် အရာတစ်ခုဖြစ်လာနိုင်ပါတယ်။

 

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

 


အနီရောင် (မီး)

အနီရောင်ဟာ မီးဒြပ်စင်ကို ပုံဆောင်ပြီး တက်ကြွမှု၊ စိတ်အားထက်သန်မှုနဲ့ ချဲ့ထွင်ခြင်းတွေကို ဖော်ညွှန်ပေးပါတယ်။ ၂၀၂၄ ခုနှစ်မှာ အနီရောင်ကို အသုံးပြုခြင်းဟာ လူတစ်ဦးရဲ့ စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေပြီး ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက်တွေ အောင်မြင်မှုဆီကို ဦးတည်သွားနိုင်ပါတယ်။

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

 

 


သစ်သား

သစ်သားဟာ အစိမ်းရောင်နဲ့ အပြာရောင်ရောစပ်ထားတဲ့ သစ်သားဒြပ်စင်ကို ကိုယ်စားပြုပါတယ်။ မြစိမ်းရောင်ကို အလေးပေးထားပြီး ၂၀၂၄ ခုနှစ်မှာ သစ်သားဒြပ်စင်ကို ဆောင်ထားခြင်းဖြင့် သဘာဝနဲ့ ဆက်သွယ်မှုကို ပျိုးထောင်နိုင်ပြီး ကြီးမားတဲ့ စိတ်ဓာတ်ကို မွေးမြူနိုင်ပါတယ်။

 

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

 


အဖြူရောင် (သတ္တု)

 

အဖြူရောင်ဟာ သတ္တုကို ကိုယ်စားပြုပါတယ်။ ဖုန်းရွှေအစီအရင်မှာ သန့်ရှင်းမှု၊ ပြတ်သားမှုနဲ့ တိကျမှုတွေကို ကိုယ်စားပြုပါတယ်။ ၂၀၂၄ ခုနှစ်မှာ အဖြူရောင်နဲ့ ပေါင်းစပ်ခြင်းဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ ပရော်ဖက်ရှင်နယ် တိုးတက်မှုတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ရှင်းလင်းပြတ်သားမှု၊ အာရုံစူးစိုက်မှုတွေကို ဖိတ်ခေါ်နိုင်ပါတယ်။

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

 


အဝါရောင် ( ကမ္ဘာမြေ)

 

မြေကြီးဒြပ်စင်ကဲ့သို့ တည်ငြိမ်ခြင်း၊ အာဟာရပြည့်ဝခြင်းနဲ့ ယုံကြည်စိတ်ချရမှုကို ကိုယ်စားပြုပါတယ်။ ဖုန်းရွှေနည်းလမ်းမှာတော့ အဝါရောင်ဟာ နှစ်သက်ကျေနပ်ခြင်းရှိပြီး ၂၀၂၄ ခုနှစ်မှာ အဝါရောင်ကို အသုံးချခြင်းဖြင့် ဘဝရဲ့ အနိမ့်အမြင့်လှိုင်းတွေကြား တည်ငြိမ်စွာဖြတ်သန်းနိုင်မယ့် စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

အခုဖော်ပြပေးခဲ့တဲ့ အရောင်တွေကတော့ ဖုန်းရွှေပညာရပ်က ၂၀၂၄ ခုနှစ်အတွက် ကံကောင်းစေပြီး လိုက်လျောညီထွေဖြစ်စေမယ့် စွမ်းအင်ကို ဖိတ်ခေါ်နိုင်ကာ တစ်နှစ်တာ သာယာဝပြောခြင်းတွေ ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီ့အပြင် ၂၀၂၄ ခုနှစ်အတွက် ကံကောင်းစေတဲ့ အရောင်မှာ တရုတ်ရာသီခွင် သစ်သားနဂါးနှစ်နဲ့ လိုက်လျောညီထွေရှိတဲ့ ကြီးထွားမှု၊ ပြန်လည်မွေးဖွားမှု သဘာဝနဲ့ ဆက်စပ်နေတဲ့ မြစိမ်းရောင်ဖြစ်ပါတယ်။

 

ဖုန်းရွှေအရ ၂၀၂၄ အတွက် ကံကောင်းစေတဲ့ အရောင်များ..

 

ဒီတော့ မိမိအတွက် ကံကောင်းစေတဲ့ အရောင်တစ်ခုကို ရွေးချယ်ပြီး တစ်ကိုယ်ရေအသုံးအဆောင်တွေနဲ့ မိမိပတ်ဝန်းကျင် အပြင်အဆင်တွေမှာလည်း အရောင်လေးတွေကို သုံးစွဲနိုင်ပါသေးတယ်။ ဥပမာ - ဘီဒိုနဲ့ အဝတ်အစားလဲခန်း၊ အိမ်ခန်းအပြင်အဆင်၊ အလုပ်လုပ်ကိုင်တဲ့ နေရာ၊ အသုံးအဆောင်လေးတွေကို မိမိ အတွက် ကံကောင်းစေတဲ့ အရောင်တွေရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။

၂၀၂၄ ခုနစ် တစ်နှစ်တာအတွက် ကံကောင်းစေတဲ့ အရောင်တွေကို ရွေးချယ်အသုံးပြုခြင်းဟာ ဖုန်းရွှေရဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ အကြံပြုချက်အတိုင်း အချစ်၊ ပေါင်းသင်းဆက်ဆံရေး၊ အသက်မွေးဝမ်းကျောင်းပြုမှု၊ ချမ်းသာခြင်းနဲ့ ကျန်းမာရေးစသဖြင့် နယ်ပယ်အသီးသီးကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုဖော်ပြပေးခဲ့တဲ့ အရောင်ရွေးချယ်မှုနဲ့ မိမိအလိုရှိတဲ့ နှစ်သစ်တစ်နှစ်တာကို အကောင်းဆုံး ဖန်တီးနိုင်ပါစေလို့ ဆန္ဒပြုရင်း နှုတ်ဆက်လိုက်ပါတယ်။

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

ဖုန္းေ႐ႊအရ ၂၀၂၄ အတြက္ ကံေကာင္းေစတဲ့ အေရာင္မ်ား..

 


အခုေဖာ္ျပေပးမယ့္ ေဆာင္းပါးထဲမွာ မၾကာခင္ေရာက္လာေတာ့မယ့္ ၂၀၂၄ ခုႏွစ္ ႏွစ္သစ္အတြက္ အစြမ္းထက္တဲ့ ဖုန္းေ႐ႊနည္းလမ္းကေန အၾကံျပဳထားတဲ့ ကံေကာင္းေစတဲ့ အေရာင္ေ႐ြးခ်ယ္မႈေတြကို ႐ွာေဖြႏိုင္ပါတယ္။ ၂၀၂၄ ခုႏွစ္မွာ ဖုန္းေ႐ႊအစီအရင္က ေဖာ္ျပတဲ့ သက္ဝင္တဲ့ ကံေကာင္းေစတဲ့ အေရာင္ေတြဟာ နဂါးႏွစ္အတြက္ လိုက္ေလ်ာညီေထြ႐ွိၿပီးေတာ့ အကန္႔အသတ္မဲ့ ႀကီးထြားေအာင္ျမင္ျခင္းေတြ လမ္းခင္းေပးႏိုင္မယ္ဆိုရင္ေကာ စာဖတ္သူအေနနဲ႔ ဝမ္းသာေပ်ာ္႐ႊင္မလား။ ႏွစ္သက္သေဘာက်မလား။

ဖုန္းေ႐ႊဆိုတာ ေ႐ွးတ႐ုတ္အႏုပညာရပ္တစ္ခုျဖစ္ၿပီး လူတစ္ဦးခ်င္းစီအား သူတို႔ေတြရဲ႕ ပတ္ဝန္းက်င္က စြမ္းအင္ေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ တြဲဖက္ၿပီးလုပ္ေဆာင္ေပးတဲ့ အလုပ္ျဖစ္ပါတယ္။ ဒီအေလ့အက်င့္ရဲ႕ အဓိကအခ်က္မွာ ကိုယ္ေရးကိုယ္တာနဲ႔ ျပည့္စုံႂကြယ္ဝတဲ့ ဘဝကို သိသိသာသာ သက္ေရာက္မႈ႐ွိဖို႔ျဖစ္ကာ အေရာင္ေ႐ြးခ်ယ္အသုံးျပဳျခင္းေတြဟာလည္း အဲဒီအေလ့အက်င့္ေတြထဲက တစ္ခုျဖစ္ပါတယ္။


ဖုန္းေ႐ႊနဲ႔ အေရာင္ေတြရဲ႕ ေရာင္ျပန္ဟပ္မႈ

ဖုန္းေ႐ႊအစီအရင္က အၾကံျပဳေပးတဲ့ အေရာင္ေတြဟာ အလွအပဆိုင္ရာေ႐ြးခ်ယ္မႈေတြထက္ ပိုမိုသာလြန္ပါတယ္။ ကိုယ္ေရးကိုယ္တာနဲ႔ ပတ္ဝန္းက်င္မွာ႐ွိတဲ့ စြမ္းအင္ေတြအတြက္ သက္ဝင္တဲ့ အျပန္အလွန္သက္ေရာက္မႈကို ကိုယ္စားျပဳပါတယ္။ ေနာက္ၿပီး တ႐ုတ္ဖုန္းေ႐ႊပညာရပ္ရဲ႕ အေရာင္ အေျခခံသေဘာတရားေတြဟာ စၾကာဝဠာႀကီးနဲ႔လည္း မွ်ေျခမွာ႐ွိတယ္ဆိုတာကို ေလးေလးနက္နက္ နားလည္သေဘာ ေပါက္ဖို႔ လိုအပ္ပါတယ္။

ဖုန္းေ႐ႊရဲ႕ ေ႐ွးေခတ္အေလ့အက်င့္လို႔ လူသိမ်ားတဲ့ ျဒပ္ငါးပါးဆိုင္ရာ တ႐ုတ္႐ိုးရာသီအိုရီဟာ နက္နက္႐ိႈင္း႐ိႈင္းကို ေရာယွက္ေနပါတယ္။ လူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ပတ္ဝန္းက်င္က စြမ္းအင္ေတြနဲ႔ ခ်ိန္ညႇိရာမွာ အဓိကက်တယ္လို႔ ယူဆရတဲ့ ဖုန္းေ႐ႊအေရာင္ေ႐ြးခ်ယ္ျခင္းကလည္း အေျခခံအုတ္ျမစ္တစ္ခုျဖစ္ပါတယ္။

အထူးသျဖင့္ ၂၀၂၄ ခုႏွစ္အတြက္ အေရာင္ေတြရဲ႕ ဂုဏ္ရည္ကို နားလည္ျခင္းျဖင့္ ကံေကာင္းေစတဲ့ အေရာင္ေတြရဲ႕ စြမ္းအင္ေတြကို အသုံးခ်ႏိုင္ပါတယ္။ တ႐ုတ္႐ိုးရာယဥ္ေက်းမႈမွာ စံထားတဲ့ အေရာင္က အနက္နဲ႔ အနီျဖစ္ၿပီး ၿပိဳင္ဘက္ကင္းတဲ့ အေရာင္က အစိမ္း၊ အျပာနဲ႔ အျဖဴ၊ အေလးအနက္႐ွိတဲ့အေရာင္မွာ အဝါေရာင္ဆိုၿပီး ျဖစ္ပါတယ္။ ဒီအေရာင္ေတြဟာ အျမင္အာ႐ုံကို ကိုယ္စားျပဳျခင္းမွ်သာျဖစ္ၿပီး တ႐ုတ္႐ိုးရာ ႐ူပေဗဒ အေျခခံသေဘာတရားေတြျဖစ္တဲ့ ေရ၊ မီး၊ သစ္သား၊ သတၱဳနဲ႔ ေျမႀကီး စသျဖင့္ သေကၤတေတြလည္း ျဖစ္ၾကပါတယ္။

ဖုန္းေ႐ႊရဲ႕ အေျခခံသေဘာတရားေတြကို ႐ႈျမင္ၿပီး လာမယ့္ ၂၀၂၄ ခုႏွစ္အတြက္ ကံေကာင္းေစတဲ့ အေရာင္ေတြအေၾကာင္းကို အေသးစိတ္ေလ့လာဖတ္႐ႈၾကရေအာင္!

 

အနက္ေရာင္ (ေရ)

ေရရဲ႕ ေပ်ာ့ေပ်ာင္းမႈနဲ႔ လိုက္ေလ်ာညီေထြ႐ွိမႈေတြကို ကိုယ္စားျပဳၿပီး ဖုန္းေ႐ႊမွာ အနက္ေရာင္ဟာ ဉာဏ္ပညာနဲ႔ ဆင္ျခင္ဉာဏ္ကို တိုးပြားေစတယ္လို႔ယုံၾကည္ၾကပါတယ္။ ၂၀၂၄ ခုႏွစ္မွာ အနက္ေရာင္အရိပ္ေတြ ေပါင္းစပ္ျခင္းဟာ အေျပာင္းအလဲေတြကို အလြယ္တကူေက်ာ္ျဖတ္ႏိုင္မယ့္ အရာတစ္ခုျဖစ္လာႏိုင္ပါတယ္။


အနီေရာင္ (မီး)

အနီေရာင္ဟာ မီးျဒပ္စင္ကို ပုံေဆာင္ၿပီး တက္ႂကြမႈ၊ စိတ္အားထက္သန္မႈနဲ႔ ခ်ဲ႕ထြင္ျခင္းေတြကို ေဖာ္ၫႊန္ေပးပါတယ္။ ၂၀၂၄ ခုႏွစ္မွာ အနီေရာင္ကို အသုံးျပဳျခင္းဟာ လူတစ္ဦးရဲ႕ စိတ္အားထက္သန္မႈကို ျဖစ္ေပၚေစၿပီး ကိုယ္ေရးကိုယ္တာနဲ႔ ပေရာ္ဖက္႐ွင္နယ္ ရည္မွန္းခ်က္ေတြ ေအာင္ျမင္မႈဆီကို ဦးတည္သြားႏိုင္ပါတယ္။


သစ္သား

သစ္သားဟာ အစိမ္းေရာင္နဲ႔ အျပာေရာင္ေရာစပ္ထားတဲ့ သစ္သားျဒပ္စင္ကို ကိုယ္စားျပဳပါတယ္။ ျမစိမ္းေရာင္ကို အေလးေပးထားၿပီး ၂၀၂၄ ခုႏွစ္မွာ သစ္သားျဒပ္စင္ကို ေဆာင္ထားျခင္းျဖင့္ သဘာဝနဲ႔ ဆက္သြယ္မႈကို ပ်ိဳးေထာင္ႏိုင္ၿပီး ႀကီးမားတဲ့ စိတ္ဓာတ္ကို ေမြးျမဴႏိုင္ပါတယ္။


အျဖဴေရာင္ (သတၱဳ)

အျဖဴေရာင္ဟာ သတၱဳကို ကိုယ္စားျပဳပါတယ္။ ဖုန္းေ႐ႊအစီအရင္မွာ သန္႔႐ွင္းမႈ၊ ျပတ္သားမႈနဲ႔ တိက်မႈေတြကို ကိုယ္စားျပဳပါတယ္။ ၂၀၂၄ ခုႏွစ္မွာ အျဖဴေရာင္နဲ႔ ေပါင္းစပ္ျခင္းဟာ ပုဂၢိဳလ္ေရးဆိုင္ရာနဲ႔ ပေရာ္ဖက္႐ွင္နယ္ တိုးတက္မႈေတြအတြက္ မ႐ွိမျဖစ္ လိုအပ္တဲ့ ႐ွင္းလင္းျပတ္သားမႈ၊ အာ႐ုံစူးစိုက္မႈေတြကို ဖိတ္ေခၚႏိုင္ပါတယ္။


အဝါေရာင္ ( ကမ႓ာေျမ)

ေျမႀကီးျဒပ္စင္ကဲ့သို႔ တည္ၿငိမ္ျခင္း၊ အာဟာရျပည့္ဝျခင္းနဲ႔ ယုံၾကည္စိတ္ခ်ရမႈကို ကိုယ္စားျပဳပါတယ္။ ဖုန္းေ႐ႊနည္းလမ္းမွာေတာ့ အဝါေရာင္ဟာ ႏွစ္သက္ေက်နပ္ျခင္း႐ွိၿပီး ၂၀၂၄ ခုႏွစ္မွာ အဝါေရာင္ကို အသုံးခ်ျခင္းျဖင့္ ဘဝရဲ႕ အနိမ့္အျမင့္လိႈင္းေတြၾကား တည္ၿငိမ္စြာျဖတ္သန္းႏိုင္မယ့္ စြမ္းအင္ကို ေပးစြမ္းႏိုင္ပါတယ္။

အခုေဖာ္ျပေပးခဲ့တဲ့ အေရာင္ေတြကေတာ့ ဖုန္းေ႐ႊပညာရပ္က ၂၀၂၄ ခုႏွစ္အတြက္ ကံေကာင္းေစၿပီး လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ စြမ္းအင္ကို ဖိတ္ေခၚႏိုင္ကာ တစ္ႏွစ္တာ သာယာဝေျပာျခင္းေတြ ဖန္တီးႏိုင္ဖို႔ ျဖစ္ပါတယ္။ ဒီ့အျပင္ ၂၀၂၄ ခုႏွစ္အတြက္ ကံေကာင္းေစတဲ့ အေရာင္မွာ တ႐ုတ္ရာသီခြင္ သစ္သားနဂါးႏွစ္နဲ႔ လိုက္ေလ်ာညီေထြ႐ွိတဲ့ ႀကီးထြားမႈ၊ ျပန္လည္ေမြးဖြားမႈ သဘာဝနဲ႔ ဆက္စပ္ေနတဲ့ ျမစိမ္းေရာင္ျဖစ္ပါတယ္။

ဒီေတာ့ မိမိအတြက္ ကံေကာင္းေစတဲ့ အေရာင္တစ္ခုကို ေ႐ြးခ်ယ္ၿပီး တစ္ကိုယ္ေရအသုံးအေဆာင္ေတြနဲ႔ မိမိပတ္ဝန္းက်င္ အျပင္အဆင္ေတြမွာလည္း အေရာင္ေလးေတြကို သုံးစြဲႏိုင္ပါေသးတယ္။ ဥပမာ - ဘီဒိုနဲ႔ အဝတ္အစားလဲခန္း၊ အိမ္ခန္းအျပင္အဆင္၊ အလုပ္လုပ္ကိုင္တဲ့ ေနရာ၊ အသုံးအေဆာင္ေလးေတြကို မိမိ အတြက္ ကံေကာင္းေစတဲ့ အေရာင္ေတြေ႐ြးခ်ယ္ၿပီး အသုံးျပဳႏိုင္ပါတယ္။

၂၀၂၄ ခုနစ္ တစ္ႏွစ္တာအတြက္ ကံေကာင္းေစတဲ့ အေရာင္ေတြကို ေ႐ြးခ်ယ္အသုံးျပဳျခင္းဟာ ဖုန္းေ႐ႊရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြရဲ႕ အၾကံျပဳခ်က္အတိုင္း အခ်စ္၊ ေပါင္းသင္းဆက္ဆံေရး၊ အသက္ေမြးဝမ္းေက်ာင္းျပဳမႈ၊ ခ်မ္းသာျခင္းနဲ႔ က်န္းမာေရးစသျဖင့္ နယ္ပယ္အသီးသီးကို တိုးျမႇင့္ေပးႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အခုေဖာ္ျပေပးခဲ့တဲ့ အေရာင္ေ႐ြးခ်ယ္မႈနဲ႔ မိမိအလို႐ွိတဲ့ ႏွစ္သစ္တစ္ႏွစ္တာကို အေကာင္းဆုံး ဖန္တီးႏိုင္ပါေစလို႔ ဆႏၵျပဳရင္း ႏႈတ္ဆက္လိုက္ပါတယ္။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)