497 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ကြီးပွားချမ်းသာခြင်းတွေယူဆောင်လာမယ့် ဖုန်းရွှေကို စတင်လေ့လာသူတွေဖတ်ဖို့

 

[Unicode]

လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ ဘဝတွေဆီ တိုးတက်ခြင်းတွေ၊ ကြီးပွားချမ်းသာခြင်းတွေ၊ လာဘ်လာဘ ပေါများခြင်းတွေ ယူဆောင်လာပေးတဲ့ တရုတ်ရှေးဟောင်းရိုးရာ ဖုန်းရွှေ ပညာရပ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကနေ ဒီကနေ့အထိ ကျော်ကြားနေပြီး လိုက်နာကျင့်သုံးတဲ့သူတွေ များစွာလည်း ရှိနေပါတယ်။

ဖုန်းရွှေနည်းလမ်းတွေက သင့်ရဲ့ ဘဝ၊ သင့်ရဲ့ မိသားစု၊ နေအိမ်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကောင်းမွန်တဲ့ အပြောင်းအလဲ၊ ကံကောင်းခြင်းတွေ၊ ငွေကြေးဥစ္စာတွေ သယ်ဆောင်လာပေးမယ်ဆိုရင် ဒီပညာရပ်တွေကို လေ့လာသင်ယူချင်စိတ် ဖြစ်လာမှာလား။ အခု ဒီလို ကောင်းခြင်းအဖြာဖြာ ဖန်တီးပေးနိုင်တဲ့ ဖုန်းရွှေပညာရပ်နဲ့ ပတ်သက်ပြီးတော့ အခုမှစပြီး လေ့လာသင်ယူချင်တဲ့သူတွေ၊ လိုက်နာကျင့်သုံးချင်တဲ့သူတွေအတွက် ဗဟုသုတ နဲ့ နည်းလမ်းကောင်း၊ သင်ခန်းစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဖုန်းရွှေပညာရပ်မှာ သိမှတ်ထားသင့်တဲ့ ဒြပ်စင်ငါးခုရှိပါတယ်။ အဲဒါတွေက သင့်ရဲ့ အနီးတစ်ဝိုက်၊ သင့်ကမ္ဘာကို ဘယ်လို သက်ရောက်နိုင်တယ်ဆိုတာ လေ့လာရှာဖွေမှုတွေ ပြုလုပ်ပါ။ ဒြပ်စင်ငါးခုထဲမှာ မြေကြီး၊ သတ္တု၊ ရေ၊ သစ်သားနဲ့ မီး ဆိုပြီး ရှိပါတယ်။

မြေကြီးဓာတ် ကမ္ဘာမြေကို ကိုယ်စားပြုတယ်ဆိုတဲ့ မြေကြီး ဒြပ်စင်ကတော့ မိမိကိုယ်ကိုယ် ဂရုစိုက်မှု၊ နယ်နိမိတ် တွေပိုင်းခြားခြင်းနဲ့ အာဟာရပြည့်ဝမှုတို့နဲ့ ဆက်စပ်နေပါတယ်။ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အညိုရောင်တို့လို မြေသားအရောင်တွေအပြင် လေးထောင့်ကျကျ ပစ္စည်းတွေ၊ လေးလံတဲ့ အရာဝတ္တုတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ သင့်ရဲ့ အိမ်မှာ မြေကြီးဓာတ်ထည့်ဖို့ဆို အဝါရောင် လေးထောင့်ကော်ဇော ဒါမှ မဟုတ် စတုဂံသဏ္ဌာန် စားပွဲခုံတို့ကို ထားနိုင်ပါတယ်။

သတ္တု ဒြပ်စင်ဟာ ပျော်ရွှင်ခြင်း၊ လှပခြင်း၊ တိကျမှု အရည်အသွေးတွေရှိပါတယ်။ အဖြူရောင်၊ မီးခိုးရောင်နဲ့ သတ္တုရောင်တွေ အပြင် စက်ဝိုင်းပုံသဏ္ဌာန် တွေက သတ္တုဒြပ်စင်ကို ကိုယ်စားပြုပါတယ်။ သင့်ရဲ့ အနီးတစ်ဝိုက် သင့်ရဲ့ ကမ္ဘာထဲကို သတ္တုဒြပ်စင်ကို ထားရှိဖို့ဆို အဝိုင်း ဒါမှ မဟုတ် ပေါ့ပါးတဲ့ အရာဝတ္တု ပစ္စည်းလေးတွေ ထားရှိပါ။
ရေဓာတ်ဟာ နက်နဲတဲ့ ဉာဏ်ပညာကို ကိုယ်စားပြုပြီး ကမ္ဘာမြေပြင်၊ တခြားသော သူတွေနဲ့လည်း ဆက်စပ်မှုရှိပါ တယ်။ အနက်ရောင်၊ နက်ပြာရောင်နဲ့ လှိုင်းတွန့်ပုံစံ ချိတ်ဆက်မှုတွေရှိပါတယ်။ သင့်ရဲ့ နေအိမ်မှာ ရေဒြပ်စင်အ တွက် ရေပန်းဒါမှ မဟုတ် ရေပါတဲ့ ဓာတ်ပုံတွေ၊ ပန်းချီကားတွေ ချိတ်ဆွဲနိုင်ပါတယ်။

သစ်သားဒြပ်စင်ဟာ ကြီးထွားခြင်း၊ ကုစားခြင်း၊ တက်ကြွခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။ အစိမ်းရောင်၊ အပြာ ရောင်နဲ့ စိမ်းပြာရောင်တို့ရှိပြီး အစိမ်းရောင် အပင်တွေ နေအိမ်မှာထားပေးခြင်းက အထူးကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မီးဓာတ် မီးဒြပ်စင်ဟာ စိတ်အားထက်သန်ခြင်း၊ လှုံ့ဆော်နိုင်မှုနဲ့ မြင်နိုင်စွမ်းကို ကိုယ်စားပြုပါတယ်။ အနီရောင်၊ လိမ္မော် ရောင်တောက်တောက်နဲ့ မီးတောက်တို့လိုမျိုးသဏ္ဌာန်ရှိပါတယ်။ အလင်းတိုင်တွေ၊ မီးအိမ်နဲ့ မီးသီးတွေ က နေအိမ်မှာ ထားရှိသင့်တဲ့ မီးဒြပ်စင်တွေပါပဲ။

ဒြပ်စင်တွေအကြောင်း ဗဟုသုတမျှဝေပြီးတဲ့နောက်တော့ ဖုန်းရွှေနည်းလမ်းအရ နေအိမ်တွေရဲ့ ပြင်ဆင်ထားရှိ မှု၊ အပြင်အဆင်တွေအကြောင်းကို ထပ်မံဖော်ပြပေးသွားပါမယ်။

 

အခန်းပြင်ဆင်ထားရှိမှု အကြံပြုချက်များ ....

 


(ဝင်ပေါက်)

 

ကြီးပွားချမ်းသာခြင်းတွေယူဆောင်လာမယ့် ဖုန်းရွှေကို စတင်လေ့လာသူတွေဖတ်ဖို့


ဝင်ပေါက်ဆိုတာ ကောင်းမွန်ခြင်းစွမ်းအင်ဝင်ရောက်လာနိုင်အောင် ကြိုဆိုတဲ့နေရာဖြစ်ပါတယ်။ အိမ်ရဲ့ အပြင်ဘက်ကနေ လူတွေမြင်နိုင်မယ့် နေရာဖြစ်တာကြောင့် ဝင်ပေါက်ကို သန့်ရှင်းပြီး ရှုပ်ပွမနေအောင်ထားပါ။ အိမ်ရှေ့တံခါးကို အလွယ်တကူမြင်နိုင်အောင် ရှာရလွယ်အောင် ထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး အိမ်ရဲ့ ဝင်ပေါက်က အတားအဆီး ကင်းကင်းနဲ့ ဖြောင့်ဖြူးဖို့လည်း လိုအပ်ကာ ကောင်းမွန်ခြင်းတွေ အလွယ်တကူဝင်ရောက်လာဖို့အတွက် ဖြစ်ပါတယ်။


(ဧည့်ခန်း)

 

ကြီးပွားချမ်းသာခြင်းတွေယူဆောင်လာမယ့် ဖုန်းရွှေကို စတင်လေ့လာသူတွေဖတ်ဖို့

 

ဧည့်ခန်းဆိုတဲ့ နေရာဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ သင့်ရဲ့ ချစ်ခင်သူတွေ စုဝေးပြီး နားနေတဲ့ နေရာဖြစ်တာကြောင့် သက်တောင့်သက်သာရှိဖို့ ပြင်ဆင်သင့်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ နေရာလေးမှာ ထိုင်ခုံလေးတွေ၊ စိတ်နှလုံးအေးချမ်းပြီး စိတ်ကိုကြည်လင်စေမယ့် အမွှေးနံ့နဲ့ ပန်းပင်လေးတွေ၊ ပန်းချီကားလေးတွေ၊ ရေတံခွန်နဲ့ လာဘ်ခေါ် အရုပ်လေးတွေ ထားနိုင်ပါတယ်။


(မီးဖိုချောင်)

 

ကြီးပွားချမ်းသာခြင်းတွေယူဆောင်လာမယ့် ဖုန်းရွှေကို စတင်လေ့လာသူတွေဖတ်ဖို့

 

မီးဖိုချောင်ဟာ အာဟာရပြည့်ဝမှုကို ကိုယ်စားပြုတာကြောင့် နေအိမ်တစ်လုံးအတွက် အရေးကြီးတဲ့နေရာဖြစ်ပါ တယ်။ မီးဖိုချောင်ကို ဖုန်းရွှေနည်းလမ်းလိုက်နာပြီး တိုးတက်စေမယ့် နည်းလမ်းကောင်းကတော့ ရေခဲသေတ္တာ အအေးခန်းတွေကို သန့်ရှင်းသပ်ရပ်အောင် ထားစေတာပဲဖြစ်ပါတယ်။ သက်တမ်းကုန်သွားတဲ့ အစားအသောက်၊ အကြွင်းအကျန်၊ ပလတ်စတစ်နဲ့ ဘူးအခွံတွေ သိမ်းဆည်းထားမိပြီလား။ အသုံးမဝင်တော့သည့်တိုင်အောင် သိမ်းဆည်းထားတဲ့ အရာတွေ ရှိနေပြီလား။ ဒီလိုဆိုရင် အဲဒီ အကျိုးမဖြစ်တော့တဲ့ ပစ္စည်းတွေ၊ အစားအသောက်တွေကို ရှင်းလင်းပစ်ဖို့၊ ရေခဲသေတ္တာသန့်ရှင်းရေးလုပ်ပစ်ဖို့ လိုအပ်ပါတယ်။


(ရေချိုးခန်း)

 

ကြီးပွားချမ်းသာခြင်းတွေယူဆောင်လာမယ့် ဖုန်းရွှေကို စတင်လေ့လာသူတွေဖတ်ဖို့

 

ရေချိုးခန်းတွေမှာ အညစ်အကြေးနဲ့ အညှိတက်ခြင်းတွေ၊ ရေမြောင်းနဲ့ မသန့်စင်တဲ့ အရာတွေ ရှိနေမယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ စွမ်းအင်တွေ စီးဆင်းဝင်ရောက်ဖို့ရာ အတားအဆီးဖြစ်စေပါတယ်။ အဲဒီလိုမျိုး ကောင်း မွန်တဲ့ ဓာတ်တွေ၊ ကောင်းမွန်တဲ့စွမ်းအင်တွေ ဝင်ရောက်ခြင်းကို တားဆီးတာ လျှော့ချဖို့ဆို ရေချိုးခန်းတံခါးနဲ့ အိမ်သာ ထိုင်ခုံတွေကို တတ်နိုင်သမျှ ပိတ်ထားဖို့ လိုအပ်ပါတယ်။ ရေဟာ ဖုန်းရွှေ အစီအရင်မှာ စည်းစိမ်ဥစ္စာနဲ့ ငွေကြေးစီးဆင်းမှုကို ကိုယ်စားပြုတာကြောင့် ငွေတွေ စီးဆင်းဖို့ ဒီနည်းလမ်းကို လိုက်နာသင့်ပါတယ်။

 
(အိပ်ခန်း)

 

ကြီးပွားချမ်းသာခြင်းတွေယူဆောင်လာမယ့် ဖုန်းရွှေကို စတင်လေ့လာသူတွေဖတ်ဖို့

 

အိပ်ခန်းကတော့ လူတစ်ယောက်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခု ဖြစ်တာမို့လို့ အိပ်ခန်း အထားအသိုကိုလည်း ဂရုစိုက်ပါ။ ပထမ ဦးစွာ အိပ်ခန်းကို ဖုန်းရွှေနည်းလမ်းနဲ့ အိမ်ရဲ့ သင့်တော်မယ့် နေရာမှာ ရွေးပြီးထားပါ။ အနားယူအိပ်စက်ခြင်းက အားအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်တာမို့လို့ အိပ်စက်နားနေချိန်မှာ အနှောင့်အယှက်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းတွေ မရှိပါစေနဲ့။ သန့်ရှင်းသပ်ရပ်ပြီး စိတ်ငြိမ်းချမ်းစေတဲ့၊ သက်တောင့်သက်သာဖြစ်စေမယ့် အိပ်ခန်းမျိုးကို တည်ဆောက်သင့်ပါတယ်။


ကဲ .... ဒီလောက်ဆို အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းတွေက ဖုန်းရွှေအစီအရင်တွေကို အခုမှ စပြီး လေ့လာမယ့် သူတွေအတွက် အခြေခံဗဟုသုတလေးတွေပဲဖြစ်ပါတယ်။ ဖုန်းရွှေနည်းလမ်း၊ အစီအရင်တွေကို လိုက်နာပြီး ပြည့်စုံကြွယ်ဝတဲ့ ဘဝကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ႀကီးပြားခ်မ္းသာျခင္းေတြယူေဆာင္လာမယ့္ ဖုန္းေ႐ႊကို စတင္ေလ့လာသူေတြဖတ္ဖို႔

 

လူတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းရဲ႕ ဘဝေတြဆီ တိုးတက္ျခင္းေတြ၊ ႀကီးပြားခ်မ္းသာျခင္းေတြ၊ လာဘ္လာဘ ေပါမ်ားျခင္းေတြ ယူေဆာင္လာေပးတဲ့ တ႐ုတ္ေ႐ွးေဟာင္း႐ိုးရာ ဖုန္းေ႐ႊ ပညာရပ္ဆိုတာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းကေန ဒီကေန႔အထိ ေက်ာ္ၾကားေနၿပီး လိုက္နာက်င့္သုံးတဲ့သူေတြ မ်ားစြာလည္း ႐ွိေနပါတယ္။

ဖုန္းေ႐ႊနည္းလမ္းေတြက သင့္ရဲ႕ ဘဝ၊ သင့္ရဲ႕ မိသားစု၊ ေနအိမ္၊ ပတ္ဝန္းက်င္အသိုင္းအဝိုင္းမွာ ေကာင္းမြန္တဲ့ အေျပာင္းအလဲ၊ ကံေကာင္းျခင္းေတြ၊ ေငြေၾကးဥစၥာေတြ သယ္ေဆာင္လာေပးမယ္ဆိုရင္ ဒီပညာရပ္ေတြကို ေလ့လာသင္ယူခ်င္စိတ္ ျဖစ္လာမွာလား။ အခု ဒီလို ေကာင္းျခင္းအျဖာျဖာ ဖန္တီးေပးႏိုင္တဲ့ ဖုန္းေ႐ႊပညာရပ္နဲ႔ ပတ္သက္ၿပီးေတာ့ အခုမွစၿပီး ေလ့လာသင္ယူခ်င္တဲ့သူေတြ၊ လိုက္နာက်င့္သုံးခ်င္တဲ့သူေတြအတြက္ ဗဟုသုတ နဲ႔ နည္းလမ္းေကာင္း၊ သင္ခန္းစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ဖုန္းေ႐ႊပညာရပ္မွာ သိမွတ္ထားသင့္တဲ့ ျဒပ္စင္ငါးခု႐ွိပါတယ္။ အဲဒါေတြက သင့္ရဲ႕ အနီးတစ္ဝိုက္၊ သင့္ကမ႓ာကို ဘယ္လို သက္ေရာက္ႏိုင္တယ္ဆိုတာ ေလ့လာ႐ွာေဖြမႈေတြ ျပဳလုပ္ပါ။ ျဒပ္စင္ငါးခုထဲမွာ ေျမႀကီး၊ သတၱဳ၊ ေရ၊ သစ္သားနဲ႔ မီး ဆိုၿပီး ႐ွိပါတယ္။

ေျမႀကီးဓာတ္ ကမ႓ာေျမကို ကိုယ္စားျပဳတယ္ဆိုတဲ့ ေျမႀကီး ျဒပ္စင္ကေတာ့ မိမိကိုယ္ကိုယ္ ဂ႐ုစိုက္မႈ၊ နယ္နိမိတ္ ေတြပိုင္းျခားျခင္းနဲ႔ အာဟာရျပည့္ဝမႈတို႔နဲ႔ ဆက္စပ္ေနပါတယ္။ အဝါေရာင္၊ လိေမၼာ္ေရာင္နဲ႔ အညိဳေရာင္တို႔လို ေျမသားအေရာင္ေတြအျပင္ ေလးေထာင့္က်က် ပစၥည္းေတြ၊ ေလးလံတဲ့ အရာဝတၱဳေတြနဲ႔ ဆက္စပ္မႈ ႐ွိပါတယ္။ သင့္ရဲ႕ အိမ္မွာ ေျမႀကီးဓာတ္ထည့္ဖို႔ဆို အဝါေရာင္ ေလးေထာင့္ေကာ္ေဇာ ဒါမွ မဟုတ္ စတုဂံသဏၭာန္ စားပြဲခုံတို႔ကို ထားႏိုင္ပါတယ္။

သတၱဳ ျဒပ္စင္ဟာ ေပ်ာ္႐ႊင္ျခင္း၊ လွပျခင္း၊ တိက်မႈ အရည္အေသြးေတြ႐ွိပါတယ္။ အျဖဴေရာင္၊ မီးခိုးေရာင္နဲ႔ သတၱဳေရာင္ေတြ အျပင္ စက္ဝိုင္းပုံသဏၭာန္ ေတြက သတၱဳျဒပ္စင္ကို ကိုယ္စားျပဳပါတယ္။ သင့္ရဲ႕ အနီးတစ္ဝိုက္ သင့္ရဲ႕ ကမ႓ာထဲကို သတၱဳျဒပ္စင္ကို ထား႐ွိဖို႔ဆို အဝိုင္း ဒါမွ မဟုတ္ ေပါ့ပါးတဲ့ အရာဝတၱဳ ပစၥည္းေလးေတြ ထား႐ွိပါ။
ေရဓာတ္ဟာ နက္နဲတဲ့ ဉာဏ္ပညာကို ကိုယ္စားျပဳၿပီး ကမ႓ာေျမျပင္၊ တျခားေသာ သူေတြနဲ႔လည္း ဆက္စပ္မႈ႐ွိပါ တယ္။ အနက္ေရာင္၊ နက္ျပာေရာင္နဲ႔ လိႈင္းတြန္႔ပုံစံ ခ်ိတ္ဆက္မႈေတြ႐ွိပါတယ္။ သင့္ရဲ႕ ေနအိမ္မွာ ေရျဒပ္စင္အ တြက္ ေရပန္းဒါမွ မဟုတ္ ေရပါတဲ့ ဓာတ္ပုံေတြ၊ ပန္းခ်ီကားေတြ ခ်ိတ္ဆြဲႏိုင္ပါတယ္။

သစ္သားျဒပ္စင္ဟာ ႀကီးထြားျခင္း၊ ကုစားျခင္း၊ တက္ႂကြျခင္းေတြနဲ႔ သက္ဆိုင္ပါတယ္။ အစိမ္းေရာင္၊ အျပာ ေရာင္နဲ႔ စိမ္းျပာေရာင္တို႔႐ွိၿပီး အစိမ္းေရာင္ အပင္ေတြ ေနအိမ္မွာထားေပးျခင္းက အထူးေကာင္းမြန္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

မီးဓာတ္ မီးျဒပ္စင္ဟာ စိတ္အားထက္သန္ျခင္း၊ လႈံ႕ေဆာ္ႏိုင္မႈနဲ႔ ျမင္ႏိုင္စြမ္းကို ကိုယ္စားျပဳပါတယ္။ အနီေရာင္၊ လိေမၼာ္ ေရာင္ေတာက္ေတာက္နဲ႔ မီးေတာက္တို႔လိုမ်ိဳးသဏၭာန္႐ွိပါတယ္။ အလင္းတိုင္ေတြ၊ မီးအိမ္နဲ႔ မီးသီးေတြ က ေနအိမ္မွာ ထား႐ွိသင့္တဲ့ မီးျဒပ္စင္ေတြပါပဲ။
ျဒပ္စင္ေတြအေၾကာင္း ဗဟုသုတမွ်ေဝၿပီးတဲ့ေနာက္ေတာ့ ဖုန္းေ႐ႊနည္းလမ္းအရ ေနအိမ္ေတြရဲ႕ ျပင္ဆင္ထား႐ွိ မႈ၊ အျပင္အဆင္ေတြအေၾကာင္းကို ထပ္မံေဖာ္ျပေပးသြားပါမယ္။

အခန္းျပင္ဆင္ထား႐ွိမႈ အၾကံျပဳခ်က္မ်ား ....


ဝင္ေပါက္


ဝင္ေပါက္ဆိုတာ ေကာင္းမြန္ျခင္းစြမ္းအင္ဝင္ေရာက္လာႏိုင္ေအာင္ ႀကိဳဆိုတဲ့ေနရာျဖစ္ပါတယ္။ အိမ္ရဲ႕ အျပင္ဘက္ကေန လူေတြျမင္ႏိုင္မယ့္ ေနရာျဖစ္တာေၾကာင့္ ဝင္ေပါက္ကို သန္႔႐ွင္းၿပီး ႐ႈပ္ပြမေနေအာင္ထားပါ။ အိမ္ေ႐ွ႕တံခါးကို အလြယ္တကူျမင္ႏိုင္ေအာင္ ႐ွာရလြယ္ေအာင္ ထားဖို႔ လိုအပ္ပါတယ္။ ေနာက္ၿပီး အိမ္ရဲ႕ ဝင္ေပါက္က အတားအဆီး ကင္းကင္းနဲ႔ ေျဖာင့္ျဖဴးဖို႔လည္း လိုအပ္ကာ ေကာင္းမြန္ျခင္းေတြ အလြယ္တကူဝင္ေရာက္လာဖို႔အတြက္ ျဖစ္ပါတယ္။


ဧည့္ခန္း

ဧည့္ခန္းဆိုတဲ့ ေနရာဟာ မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ သင့္ရဲ႕ ခ်စ္ခင္သူေတြ စုေဝးၿပီး နားေနတဲ့ ေနရာျဖစ္တာေၾကာင့္ သက္ေတာင့္သက္သာ႐ွိဖို႔ ျပင္ဆင္သင့္ပါတယ္။ သက္ေတာင့္သက္သာ႐ွိတဲ့ ေနရာေလးမွာ ထိုင္ခုံေလးေတြ၊ စိတ္ႏွလုံးေအးခ်မ္းၿပီး စိတ္ကိုၾကည္လင္ေစမယ့္ အေမႊးနံ႔နဲ႔ ပန္းပင္ေလးေတြ၊ ပန္းခ်ီကားေလးေတြ၊ ေရတံခြန္နဲ႔ လာဘ္ေခၚ အ႐ုပ္ေလးေတြ ထားႏိုင္ပါတယ္။


မီးဖိုေခ်ာင္

မီးဖိုေခ်ာင္ဟာ အာဟာရျပည့္ဝမႈကို ကိုယ္စားျပဳတာေၾကာင့္ ေနအိမ္တစ္လုံးအတြက္ အေရးႀကီးတဲ့ေနရာျဖစ္ပါ တယ္။ မီးဖိုေခ်ာင္ကို ဖုန္းေ႐ႊနည္းလမ္းလိုက္နာၿပီး တိုးတက္ေစမယ့္ နည္းလမ္းေကာင္းကေတာ့ ေရခဲေသတၱာ အေအးခန္းေတြကို သန္႔႐ွင္းသပ္ရပ္ေအာင္ ထားေစတာပဲျဖစ္ပါတယ္။ သက္တမ္းကုန္သြားတဲ့ အစားအေသာက္၊ အႂကြင္းအက်န္၊ ပလတ္စတစ္နဲ႔ ဘူးအခြံေတြ သိမ္းဆည္းထားမိၿပီလား။ အသုံးမဝင္ေတာ့သည့္တိုင္ေအာင္ သိမ္းဆည္းထားတဲ့ အရာေတြ ႐ွိေနၿပီလား။ ဒီလိုဆိုရင္ အဲဒီ အက်ိဳးမျဖစ္ေတာ့တဲ့ ပစၥည္းေတြ၊ အစားအေသာက္ေတြကို ႐ွင္းလင္းပစ္ဖို႔၊ ေရခဲေသတၱာသန္႔႐ွင္းေရးလုပ္ပစ္ဖို႔ လိုအပ္ပါတယ္။


ေရခ်ိဳးခန္း

ေရခ်ိဳးခန္းေတြမွာ အညစ္အေၾကးနဲ႔ အညႇိတက္ျခင္းေတြ၊ ေရေျမာင္းနဲ႔ မသန္႔စင္တဲ့ အရာေတြ ႐ွိေနမယ္ဆိုရင္ ဒါဟာ ေကာင္းမြန္တဲ့ စြမ္းအင္ေတြ စီးဆင္းဝင္ေရာက္ဖို႔ရာ အတားအဆီးျဖစ္ေစပါတယ္။ အဲဒီလိုမ်ိဳး ေကာင္း မြန္တဲ့ ဓာတ္ေတြ၊ ေကာင္းမြန္တဲ့စြမ္းအင္ေတြ ဝင္ေရာက္ျခင္းကို တားဆီးတာ ေလွ်ာ့ခ်ဖို႔ဆို ေရခ်ိဳးခန္းတံခါးနဲ႔ အိမ္သာ ထိုင္ခုံေတြကို တတ္ႏိုင္သမွ် ပိတ္ထားဖို႔ လိုအပ္ပါတယ္။ ေရဟာ ဖုန္းေ႐ႊ အစီအရင္မွာ စည္းစိမ္ဥစၥာနဲ႔ ေငြေၾကးစီးဆင္းမႈကို ကိုယ္စားျပဳတာေၾကာင့္ ေငြေတြ စီးဆင္းဖို႔ ဒီနည္းလမ္းကို လိုက္နာသင့္ပါတယ္။


အိပ္ခန္း

အိပ္ခန္းကေတာ့ လူတစ္ေယာက္အတြက္ အေရးႀကီးတဲ့ အစိတ္အပိုင္းေတြထဲက တစ္ခု ျဖစ္တာမို႔လို႔ အိပ္ခန္း အထားအသိုကိုလည္း ဂ႐ုစိုက္ပါ။ ပထမ ဦးစြာ အိပ္ခန္းကို ဖုန္းေ႐ႊနည္းလမ္းနဲ႔ အိမ္ရဲ႕ သင့္ေတာ္မယ့္ ေနရာမွာ ေ႐ြးၿပီးထားပါ။ အနားယူအိပ္စက္ျခင္းက အားအင္ေတြကို ျပန္လည္ျဖည့္တင္းႏိုင္တာမို႔လို႔ အိပ္စက္နားေနခ်ိန္မွာ အေႏွာင့္အယွက္နဲ႔ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ျခင္းေတြ မ႐ွိပါေစနဲ႔။ သန္႔႐ွင္းသပ္ရပ္ၿပီး စိတ္ၿငိမ္းခ်မ္းေစတဲ့၊ သက္ေတာင့္သက္သာျဖစ္ေစမယ့္ အိပ္ခန္းမ်ိဳးကို တည္ေဆာက္သင့္ပါတယ္။


ကဲ .... ဒီေလာက္ဆို အခုေဖာ္ျပေပးလိုက္တဲ့ နည္းလမ္းေတြက ဖုန္းေ႐ႊအစီအရင္ေတြကို အခုမွ စၿပီး ေလ့လာမယ့္ သူေတြအတြက္ အေျခခံဗဟုသုတေလးေတြပဲျဖစ္ပါတယ္။ ဖုန္းေ႐ႊနည္းလမ္း၊ အစီအရင္ေတြကို လိုက္နာၿပီး ျပည့္စုံႂကြယ္ဝတဲ့ ဘဝကို ဖန္တီးႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)