487 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားချမ်းသာခြင်းတွေ ညို့ယူနိုင်မယ့် အိပ်ခန်းဖုန်းရွှေ


[Unicode]


တရုတ်ရှေးဟောင်း ရိုးရာဖုန်းရွှေအစီအစဉ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ဘဝမှာ အစစအရာရာ တိုးတက်ကြီးပွားခြင်းတွေကို ဖန်တီးနိုင်ခဲ့ကြတာက ဟိုးရှေးယခင်ခေတ် အချိန်တွေကတည်းက ဖြစ်ပါတယ်။ ဒီကနေ့ အထိ လိုက်နာလုပ်ဆောင်ကြတဲ့ နည်းလမ်းတွေမှာလည်း အကျိုးကျေးဇူးတွေ အများကြီး ပိုင်ဆိုင်ခွင့်ရလို့ ဖုန်းရွှေနည်းလမ်းဟာ အဖိုးမဖြတ်နိုင်တဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ဖုန်းရွှေနည်းလမ်းနဲ့ အစီအရင်မှာလည်းပဲ အသက်မွေးဝမ်းကျောင်း နဲ့ ကြီးပွားချမ်းသာခြင်းတွေကို ညို့ငင်ဆွဲယူနိုင်မယ့် အိပ်ခန်းဖွဲ့ အကြံဉာဏ်တွေဖြစ်ပါတယ်။ ဖုန်းရွှေပညာရှင်တွေက ဘယ်လို အကြံပေး ကြသလဲဆိုတာကို ဆက်လက်ဖတ်ရှုကြရအောင်!


အိပ်ခန်းထဲက အိပ်ရာကိုနေရာမှန်အောင်ချပါ။

 

အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားချမ်းသာခြင်းတွေ ညို့ယူနိုင်မယ့် အိပ်ခန်းဖုန်းရွှေ

 

 

သင့်အိပ်ခန်းထဲက အိပ်ရာကို ကောင်းမွန်တဲ့ စွမ်းအင်နဲ့ ကြွယ်ဝခြင်းတွေ ဖိတ်ခေါ်ဖို့ နေရာမှန်မှာ ထားဖို့သင့်ပါတယ်။ အိပ်ခန်းတံခါးဝကို ဖွင့်လိုက်တာနဲ့ တန်းပြီး မြင်နေရတဲ့ အနေအထားက မှန်ကန်တယ်လို့ ဖုန်းရွှေ နည်းလမ်းထဲမှာ ဖော်ပြထားပါတယ်။ တကယ့်အမှန်မှာဆိုရင် အိပ်ခန်းဆိုတဲ့ နေရာဟာ ကိုယ်လက်ခန္ဓာ စိတ်အပန်းဖြေခြင်း၊ အိပ်စက်အနားယူခြင်း၊ စိတ်အားတက်ကြွမှုတွေကို ပေးခြင်း၊ အသက်စွမ်းအား စီးဆင်းမှုကို အားပေးခြင်းနဲ့ ဒါတွေအားလုံးက အသက်မွေးဝမ်းကျောင်းနဲ့ ပရော်ဖက်ရှင်ဘဝကို အထောက်အကူဖြစ်စေပါတယ်။

သဘာဝအလင်းရောင် ရပါစေ။

 

အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားချမ်းသာခြင်းတွေ ညို့ယူနိုင်မယ့် အိပ်ခန်းဖုန်းရွှေ

 

မနက်ခင်း အိပ်ရာစောစောထပြီး နေရောင်ခြည်ကို ထိတွေ့ခံစားလိုက်ခြင်းက စိတ်ရောလူပါ လန်းဆန်းသွားစေပါတယ်။ သဘာဝက ပေးတဲ့ အလင်းရောင်က အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ပေးကြလို့ တစ်နေ့တာရဲ့ အစမှာ နေရောင်ခြည် အနွေးဓာတ်ကလေးနဲ့ မဖြစ်မနေ ထိတွေ့ပေးလိုက်ပါ။ သင့်ရဲ့ အိပ်ခန်းထဲကို ဝင်ရောက်လာတဲ့ နေရောင်ခြည် အနွေးဓာတ်ကလေးနဲ့ အိပ်ခန်းတစ်ခုလုံးကို အလင်းရောင်၊ ကောင်းမွန်တဲ့ စွမ်းအင်တွေ အပြည့်ဖြစ်နေပါစေ။

 

မသပ်မရပ်၊ ရှုပ်ပွနေခြင်းကို ရှောင်ပါ။

 

အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားချမ်းသာခြင်းတွေ ညို့ယူနိုင်မယ့် အိပ်ခန်းဖုန်းရွှေ

 

အထူးသဖြင့် အလုပ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ကုတင်အောက်ထဲ ထိုးထည့်ထားတာတွေ၊ အမှိုက်သရိုက် အညစ်အကြေးနဲ့ ဖုန်မှုန့်၊ အပျက်အစီးတွေကို အိပ်ခန်းထဲကနေ ဖယ်ရှားရှင်းလင်းသင့်ပါတယ်။ ညစ်ပတ် ပေရေနေတဲ့ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ကျန်းမာရေး၊ စိတ်စွမ်းအင် ဓာတ်သဘာဝကိုလည်း များစွာအနှောင့်အယှက်ပေးနိုင်ပါတယ်။ မိမိနေထိုင်တဲ့ပတ်ဝန်းကျင် နေရာထိုင်ခင်းလေးက ရှင်းလင်းသပ်ရပ်ပြီး မွှေးကြိုင်နေမယ်ဆိုရင် စိတ်ကော၊ လူကောလန်းဆန်း စေနိုင်ပါတယ်။ စိတ်လက် ပျော်ရွှင်နေမှ ကောင်းမွန်ခြင်းတွေဘဝထဲကို ဆွဲခေါ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။


အိပ်ခန်းထဲမှာ အလုပ်စားပွဲ မထားပါနဲ့။

 

အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားချမ်းသာခြင်းတွေ ညို့ယူနိုင်မယ့် အိပ်ခန်းဖုန်းရွှေ

 

သင်အိပ်စက်အနားယူတဲ့အခန်းမှာ ဖြစ်နိုင်ရင် အလုပ်စားပွဲကို မထားပါနဲ့။ အကယ်၍ ရှောင်လွှဲမရ ဘူးဆိုရင်တော့ စားပွဲပေါ် မရှင်းလင်းရသေးတဲ့ လုပ်လက်စ အလုပ်တွေ၊ စာရွက်စာတမ်းတွေ တောင်လို ပုံထားတာတွေ၊ တခြားငွေကြေး တောင်းခံလွှာ၊ ဘေလ်တွေ၊ စာရင်းတွေ မထားပါနဲ့။ ဒါမှ မဟုတ် မဖြစ်နေ ထားရမယ်ဆိုပါက အနားယူတဲ့ အိပ်ခန်းနဲ့ သီးခြား နေရာ ပိုင်းခြားကန့်သတ်လိုက်ပါ။ ကောဇောကြမ်းခင်း သီးခြားအသုံးပြုတာ၊ ခန်းစီး ကန့်လန့်ကာ အကွယ်ထားလိုက်တာမျိုးတွေလုပ်ပြီး အိပ်စက်ခြင်းကို ဘယ်လိုအခြေအနေမျိုးနဲ့မှ အနှောင့်အယှက်မဖြစ်အောင် ဖြစ်ပါတယ်။


အိပ်ခန်းထဲမှာ ရေမထားသင့်ပါဘူး။

 

အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားချမ်းသာခြင်းတွေ ညို့ယူနိုင်မယ့် အိပ်ခန်းဖုန်းရွှေ

 

ရေဟာ ဖုန်းရွှေနည်းလမ်းရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မှုအပေါ် အစွမ်းထက်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ စွမ်းအင်နှစ်ခုရှိပြီး တည်ငြိမ်အေးချမ်းမှုကို ပေးတာကြောင့် အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ အရည်အသွေးတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ရေဓာတ်ဟာ အဖိုဓာတ်ကို အလွန်အကျွံ ထုတ်ပေးတာကြောင့် အိပ်ခန်းထဲမှာ ရေဓာတ်ရှိနေခြင်းက ယေဘုယျအားဖြင့် စွမ်းအင်ဓာတ်သဘာဝကို ဖျက်စီးတတ်တဲ့သဘော သဘာဝရှိပါတယ်။ ဒါကြောင့်မို့လို့ ရုံးခန်းလိုနေရာမျိုးမှာဖြစ်ဖြစ်၊ အိမ်ရဲ့ မြောက်ဖက် အရပ်မှာဖြစ်ဖြစ် ရေကို ပုံဖော်ထားတဲ့ အနုပညာလက်ရာ၊ ရေတံခွန်အငယ်စား၊ ရေကန်ငယ်တွေ ထားရှိနိုင်ပါတယ်။ နေအိမ်ရဲ့ အိပ်ခန်းထဲမှာ ထားခြင်းကိုတော့ ရှောင်ရှားပါလို့ အကြံပြုပါတယ်။


မှန်ချပ်တွေကို ဂရုတစိုက် နေရာချပါ။

 

အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားချမ်းသာခြင်းတွေ ညို့ယူနိုင်မယ့် အိပ်ခန်းဖုန်းရွှေ

 

ကြေးမုံပြင်၊ မှန်ချပ်တွေဟာ အသက်မွေးဝမ်းကျောင်းနဲ့ ဖုန်းရွှေရဲ့ ကြီးပွားအောင်မြင်၊ တိုးတက်ခြင်းတို့နဲ့ ဆက်စပ်နေကာ တူညီတဲ့အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့က လူတစ်ယောက်ရဲ့ စွမ်းအင်ကို စုပ်ယူနိုင်တာကြောင့် အိပ်ယာရဲ့မျက်နှာချင်းဆိုင်နေရာ၊ တိုက်ရိုက်မြင်နေရတဲ့ နေရာတွေမှာ မထားသင့်ပါဘူး။ မှန်ချပ်တွေဟာ အိပ်ခန်းထဲမှာမထားရှိသင့်တဲ့ ရေဒြပ်စင်တွေနဲ့လည်း ဆက်စပ်နေပါတယ်။

ကဲ ဒီလောက်ဆိုရင် အခုဖော်ပြပေးတဲ့ နည်းလမ်းတွေကို လိုက်နာပြီး နေအိမ်ရဲ့ အိပ်ခန်းကနေ အသက်မွေးဝမ်းကျောင်းနဲ့ ကြီးပွားတိုးတက်ခြင်းတွေကို ဘယ်လို ခေါ်ဆောင်ရမလဲဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။ iMyanmarHouse စာဖတ်ပရိသတ်ကြီးလည်း ကြီးပွားတိုးတက်ခြင်းတွေ စံစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 


[Zawgyi]

 

အသက္ေမြးဝမ္းေက်ာင္းနဲ႔ ႀကီးပြားခ်မ္းသာျခင္းေတြ ညိဳ႕ယူႏိုင္မယ့္ အိပ္ခန္းဖုန္းေ႐ႊ

 

တ႐ုတ္ေ႐ွးေဟာင္း ႐ိုးရာဖုန္းေ႐ႊအစီအစဥ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၿပီး ဘဝမွာ အစစအရာရာ တိုးတက္ႀကီးပြားျခင္းေတြကို ဖန္တီးႏိုင္ခဲ့ၾကတာက ဟိုးေ႐ွးယခင္ေခတ္ အခ်ိန္ေတြကတည္းက ျဖစ္ပါတယ္။ ဒီကေန႔ အထိ လိုက္နာလုပ္ေဆာင္ၾကတဲ့ နည္းလမ္းေတြမွာလည္း အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ပိုင္ဆိုင္ခြင့္ရလို႔ ဖုန္းေ႐ႊနည္းလမ္းဟာ အဖိုးမျဖတ္ႏိုင္တဲ့ပညာရပ္တစ္ခုျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ ဖုန္းေ႐ႊနည္းလမ္းနဲ႔ အစီအရင္မွာလည္းပဲ အသက္ေမြးဝမ္းေက်ာင္း နဲ႔ ႀကီးပြားခ်မ္းသာျခင္းေတြကို ညိဳ႕ငင္ဆြဲယူႏိုင္မယ့္ အိပ္ခန္းဖြဲ႕ အၾကံဉာဏ္ေတြျဖစ္ပါတယ္။ ဖုန္းေ႐ႊပညာ႐ွင္ေတြက ဘယ္လို အၾကံေပး ၾကသလဲဆိုတာကို ဆက္လက္ဖတ္႐ႈၾကရေအာင္!


အိပ္ခန္းထဲက အိပ္ရာကိုေနရာမွန္ေအာင္ ခ်ပါ။

 

သင့္အိပ္ခန္းထဲက အိပ္ရာကို ေကာင္းမြန္တဲ့ စြမ္းအင္နဲ႔ ႂကြယ္ဝျခင္းေတြ ဖိတ္ေခၚဖို႔ ေနရာမွန္မွာ ထားဖို႔ သင့္ပါတယ္။ အိပ္ခန္းတံခါးဝကို ဖြင့္လိုက္တာနဲ႔ တန္းၿပီး ျမင္ေနရတဲ့ အေနအထားက မွန္ကန္တယ္လို႔ ဖုန္းေ႐ႊ နည္းလမ္းထဲမွာ ေဖာ္ျပထားပါတယ္။ တကယ့္အမွန္မွာဆိုရင္ အိပ္ခန္းဆိုတဲ့ ေနရာဟာ ကိုယ္လက္ခႏၶာ စိတ္ အပန္းေျဖျခင္း၊ အိပ္စက္အနားယူျခင္း၊ စိတ္အားတက္ႂကြမႈေတြကို ေပးျခင္း၊ အသက္စြမ္းအား စီးဆင္းမႈကို အားေပးျခင္းနဲ႔ ဒါေတြအားလုံးက အသက္ေမြးဝမ္းေက်ာင္းနဲ႔ ပေရာ္ဖက္႐ွင္ဘဝကို အေထာက္အ ကူျဖစ္ေစပါတယ္။

 

သဘာဝအလင္းေရာင္ ရပါေစ။

မနက္ခင္း အိပ္ရာေစာေစာထၿပီး ေနေရာင္ျခည္ကို ထိေတြ႕ခံစားလိုက္ျခင္းက စိတ္ေရာလူပါ လန္းဆန္းသြားေစပါတယ္။ သဘာဝက ေပးတဲ့ အလင္းေရာင္က အျပဳသေဘာေဆာင္တဲ့ စြမ္းအင္ေတြကို ထုတ္လႊတ္ေပးၾကလို႔ တစ္ေန႔တာရဲ႕ အစမွာ ေနေရာင္ျခည္ အေႏြးဓာတ္ကေလးနဲ႔ မျဖစ္မေန ထိေတြ႕ေပးလိုက္ပါ။ သင့္ရဲ႕ အိပ္ခန္းထဲကို ဝင္ေရာက္လာတဲ့ ေနေရာင္ျခည္ အေႏြးဓာတ္ကေလးနဲ႔ အိပ္ခန္းတစ္ခုလုံးကို အလင္းေရာင္၊ ေကာင္းမြန္တဲ့ စြမ္းအင္ေတြ အျပည့္ျဖစ္ေနပါေစ။

 

မသပ္မရပ္၊ ႐ႈပ္ပြေနျခင္းကို ေ႐ွာင္ပါ။

အထူးသျဖင့္ အလုပ္နဲ႔ပတ္သက္တဲ့ ပစၥည္းေတြကို ကုတင္ေအာက္ထဲ ထိုးထည့္ထားတာေတြ၊ အမိႈက္သ႐ိုက္ အညစ္အေၾကးနဲ႔ ဖုန္မႈန္႔၊ အပ်က္အစီးေတြကို အိပ္ခန္းထဲကေန ဖယ္႐ွား႐ွင္းလင္းသင့္ပါတယ္။ ညစ္ပတ္ ေပေရေနတဲ့ပတ္ဝန္းက်င္က လူတစ္ေယာက္ရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္သလို စိတ္က်န္းမာေရး၊ စိတ္စြမ္းအင္ ဓာတ္သဘာဝကိုလည္း မ်ားစြာအေႏွာင့္အယွက္ေပးႏိုင္ပါတယ္။ မိမိေနထိုင္တဲ့ပတ္ဝန္းက်င္ ေနရာထိုင္ခင္းေလးက ႐ွင္းလင္းသပ္ရပ္ၿပီး ေမႊးႀကိဳင္ေနမယ္ဆိုရင္ စိတ္ေကာ၊ လူေကာလန္းဆန္း ေစႏိုင္ပါတယ္။ စိတ္လက္ ေပ်ာ္႐ႊင္ေနမွ ေကာင္းမြန္ျခင္းေတြဘဝထဲကို ဆြဲေခၚေဆာင္လာႏိုင္မွာ ျဖစ္ပါတယ္။


အိပ္ခန္းထဲမွာ အလုပ္စားပြဲ မထားပါနဲ႔။

သင္အိပ္စက္အနားယူတဲ့အခန္းမွာ ျဖစ္ႏိုင္ရင္ အလုပ္စားပြဲကို မထားပါနဲ႔။ အကယ္၍ ေ႐ွာင္လႊဲမရ ဘူးဆိုရင္ေတာ့ စားပြဲေပၚ မ႐ွင္းလင္းရေသးတဲ့ လုပ္လက္စ အလုပ္ေတြ၊ စာ႐ြက္စာတမ္းေတြ ေတာင္လို ပုံထားတာေတြ၊ တျခားေငြေၾကး ေတာင္းခံလႊာ၊ ေဘလ္ေတြ၊ စာရင္းေတြ မထားပါနဲ႔။ ဒါမွ မဟုတ္ မျဖစ္ေန ထားရမယ္ဆိုပါက အနားယူတဲ့ အိပ္ခန္းနဲ႔ သီးျခား ေနရာ ပိုင္းျခားကန္႔သတ္လိုက္ပါ။ ေကာေဇာၾကမ္းခင္း သီးျခားအသုံးျပဳတာ၊ ခန္းစီး ကန္႔လန္႔ကာ အကြယ္ထားလိုက္တာမ်ိဳးေတြလုပ္ၿပီး အိပ္စက္ျခင္းကို ဘယ္လိုအေျခအေနမ်ိဳးနဲ႔မွ အေႏွာင့္အယွက္မျဖစ္ေအာင္ ျဖစ္ပါတယ္။


အိပ္ခန္းထဲမွာ ေရမထားသင့္ပါဘူး။

ေရဟာ ဖုန္းေ႐ႊနည္းလမ္းရဲ႕ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ တိုးတက္မႈအေပၚ အစြမ္းထက္တဲ့ သက္ေရာက္မႈေတြ ႐ွိပါတယ္။ စြမ္းအင္ႏွစ္ခု႐ွိၿပီး တည္ၿငိမ္ေအးခ်မ္းမႈကို ေပးတာေၾကာင့္ ေအာင္ျမင္တဲ့ အသက္ေမြးဝမ္းေက်ာင္းအတြက္ လိုအပ္တဲ့ အရည္အေသြးေတြကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒါေပမဲ့လည္း ေရဓာတ္ဟာ အဖိုဓာတ္ကို အလြန္အကြၽံ ထုတ္ေပးတာေၾကာင့္ အိပ္ခန္းထဲမွာ ေရဓာတ္႐ွိေနျခင္းက ေယဘုယ်အားျဖင့္ စြမ္းအင္ဓာတ္သဘာဝကို ဖ်က္စီးတတ္တဲ့သေဘာ သဘာဝ႐ွိပါတယ္။ ဒါေၾကာင့္မို႔လို႔ ႐ုံးခန္းလိုေနရာမ်ိဳးမွာျဖစ္ျဖစ္၊ အိမ္ရဲ႕ ေျမာက္ဖက္ အရပ္မွာျဖစ္ျဖစ္ ေရကို ပုံေဖာ္ထားတဲ့ အႏုပညာလက္ရာ၊ ေရတံခြန္အငယ္စား၊ ေရကန္ငယ္ေတြ ထား႐ွိႏိုင္ပါတယ္။ ေနအိမ္ရဲ႕ အိပ္ခန္းထဲမွာ ထားျခင္းကိုေတာ့ ေ႐ွာင္႐ွားပါလို႔ အၾကံျပဳပါတယ္။


မွန္ခ်ပ္ေတြကို ဂ႐ုတစိုက္ ေနရာခ်ပါ။

ေၾကးမုံျပင္၊ မွန္ခ်ပ္ေတြဟာ အသက္ေမြးဝမ္းေက်ာင္းနဲ႔ ဖုန္းေ႐ႊရဲ႕ ႀကီးပြားေအာင္ျမင္၊ တိုးတက္ျခင္းတို႔နဲ႔ ဆက္စပ္ေနကာ တူညီတဲ့အက်ိဳးေက်းဇူးေတြ အမ်ားႀကီး႐ွိပါတယ္။ ဒါေပမဲ့ သူတို႔က လူတစ္ေယာက္ရဲ႕ စြမ္းအင္ကို စုပ္ယူႏိုင္တာေၾကာင့္ အိပ္ယာရဲ႕မ်က္ႏွာခ်င္းဆိုင္ေနရာ၊ တိုက္႐ိုက္ျမင္ေနရတဲ့ ေနရာေတြမွာ မထားသင့္ပါဘူး။ မွန္ခ်ပ္ေတြဟာ အိပ္ခန္းထဲမွာမထား႐ွိသင့္တဲ့ ေရျဒပ္စင္ေတြနဲ႔လည္း ဆက္စပ္ေနပါတယ္။

ကဲ ဒီေလာက္ဆိုရင္ အခုေဖာ္ျပေပးတဲ့ နည္းလမ္းေတြကို လိုက္နာၿပီး ေနအိမ္ရဲ႕ အိပ္ခန္းကေန အသက္ေမြးဝမ္းေက်ာင္းနဲ႔ ႀကီးပြားတိုးတက္ျခင္းေတြကို ဘယ္လို ေခၚေဆာင္ရမလဲဆိုတာ သေဘာေပါက္ေလာက္ၿပီထင္ပါတယ္။ iMyanmarHouse စာဖတ္ပရိသတ္ႀကီးလည္း ႀကီးပြားတိုးတက္ျခင္းေတြ စံစားႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)