1244 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

 

[Unicode]


လူသားအဖြစ်နဲ့ ဘဝတစ်ခုရလာပြီဆိုရင် ချမ်းသာကြွယ်ဝခြင်းတွေ မပိုင်ဆိုင်ချင်ဘူးဆိုတဲ့ သူ မရှိပါဘူး။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်က ပြည့်စုံကြွယ်ဝနေတဲ့ ဘဝကို ပိုင်ဆိုင်ရချင်တဲ့ သူတွေချည်းပါပဲ။ ဒီလိုဆို ချမ်းသာကြွယ်ဝခြင်းတွေ ပိုင်ဆိုင်ရရှိဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာတွေက ရှေးယခင်ခေတ်တွေကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းပြီး လိုက်နာလာတဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ဖုန်းရွှေကလည်း ရှေးခေတ် တရုတ်ပြည်မှ စတင်ထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဆောင်ကြဉ်းလေ့ကျင့်ပေးတဲ့ ရှေးဟောင်းရိုးရာ အလေ့အကျင့်တွေ ဖြစ်ပါတယ်။

နေထိုင်တဲ့အရပ်၊ လုပ်ကိုင်တဲ့ နေရာ၊ တည်ရှိပုံတွေကို လိုက်ပြီး သဘာဝနဲ့ ညီညွတ်တဲ့ အခါ ကြွယ်ဝချမ်းသာခြင်း၊ ကံကောင်းခြင်းတွေကို ဖန်တီးပေးတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဖုန်းရွှေအစီအရင်က ဖော်ပြပေးတဲ့ နေအိမ်မှာ ချမ်းသာကြွယ်ဝခြင်းတွေရလာဖို့ အထိရောက်ဆုံး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်

 


ကြွယ်ဝခြင်းတွေဖန်တီးမယ့် နေရာတစ်ခုလုပ်ပါ။

 

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

 

Xun လို့ ခေါ်တဲ့ ပုံသဏ္ဌာန်တစ်ခုက ဖုန်းရွှေရဲ့ Shun Bagua မြေပုံဧရိယာတစ်ခုရှိပြီး သူက ကြွယ်ဝခြင်းတွေနဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။ သင့်နေအိမ်ရဲ့ ကြွယ်ဝခြင်းတွေဖန်တီးမယ့် နေရာတစ်ခုလုပ်တဲ့အခါ အိမ်ရဲ့ တံခါးဝ ဘယ်ဘက်ထောင့် နေရာကအသင့်တော်ဆုံးဖြစ်ပါတယ်။ အဲဒီ နေရာကို ချမ်းသာကြွယ်ဝခြင်း၊ ကံကောင်းခြင်းတွေ ဆောင်ကြဉ်ပေးနိုင်ဖို့ အလွယ်ကူဆုံး အသက်သွင်းတဲ့ နည်းလမ်းက စိမ်းလန်းတဲ့ အပင်တွေ ထားရှိပေးလိုက်တာပါပဲ။ Shun Bagua ဧရိယာနဲ့ ဆက်စပ်နေတဲ့ သစ်သားဒြပ်စင်ကြီးထွားမှုက အသစ်အသစ်သော အစပြုမှုတွေကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ကြွယ်ဝချမ်းသာမှုက ခရမ်းရောင်နဲ့လည်း ဆက်စပ်နေတာကြောင့် ခရမ်းရောင်တွေအများအပြားကို အလှဆင်ခြင်းဖြင့်လည်း ရနိုင်ပါတယ်။ Amethyst Crystal ဟာလည်း ချမ်းသာကြွယ်ဝခြင်းတွေကို ယူဆောင်ပေးနိုင်တဲ့ ရတနာတစ်ပါးဖြစ်လို့ နေအိမ်မှာ အလှဆင်နိုင်ပါတယ်။

 

ဖုန်းရွှေရဲ့ ငွေပင်စိုက်ပျိုးကြည့်ပါ။

 

 

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

(jade tree)

 

 

ဓနဥစ္စာနယ်ပယ်မှာ အပင်အမျိုးအစားတွေများစွာက သူ့နေရာနဲ့ သူ့ ဂုဏ်သတ္တိ အစွမ်းတွေ ရှိကြပေမယ့် တချို့ အထူးသဖြင့် ဖုန်းရွှေရဲ့ နည်းလမ်းထဲက ငွေပင်လို့ လူသိများကြတဲ့ အပင်တွေက စည်းစိမ်းချမ်းသာ ဥစ္စာပစ္စည်းတွေအများအပြားကို ဆောင်ကြဉ်ပေးလာနိုင်ပါတယ်။ Pilea Perpeomioide နဲ့ ကျောက်စိမ်းပင်တွေက အဲဒီငွေပင်တွေများစွာထဲက အပင်တချို့ ဖြစ်ပါတယ်။

 

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

(Pilea Perpeomioide)

 

အပင်နှစ်မျိုးစလုံးမှာတော့ ဒင်္ဂါးပုံသဏ္ဌာန်အရွယ်အစားတွေရှိကြတယ်။ ကျောက်စိမ်းပင်ကတော့ အဖိုးတန်တဲ့ ကျောက်စိမ်းတုံးနဲ့ ဆင်တူပါတယ်။ Pachira Aquatica ကို ငွေသစ်ပင်လို့လည်း ခေါ်တွင်ပြီး ကြွယ်ဝချမ်းသာမှုကို ခေါ်ဆိုဖို့ ဖုန်းရွှေရဲ့ အစီအရင်အဖြစ် အသုံးပြုလေ့ရှိပါတယ်။

 

 

 

အိမ်ရှေ့တံခါးကို အနီရောင်ခြယ်ပါ။

 

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

 

ဖုန်းရွှေအစီအရင်မှာ သင့်ရဲ့ အိမ်ရှေ့နေအိမ်တံခါးဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ အဲဒီ အိမ်ရှေ့ပင်မ တံခါးကနေ စတင်ပြီးတော့ စွမ်းအင်တွေနဲ့ အခွင့်အလမ်းတွေကို ရှာဖွေပေးနိုင်ပါတယ်။ ကောင်းမွန်ခြင်းတွေ ကြိုဆိုဖို့ ဖိတ်ခေါ်နိုင်ဖို့ အိမ်ရှေ့ အဝင်အဝ တံခါးတွေ တည်ဆောက်ရာမှာလည်း ဖုန်းရွှေ အစီအရင်ကို လိုက်နာပြီး ဖန်တီးနိုင်တယ်လို့ သိရပါတယ်။ အနီရောင်ဟာ ဖုန်းရွှေနည်းလမ်းမှာ ကောင်းမွန်တဲ့ အရောင်ဖြစ်ပြီး ကာကွယ်ပေးခြင်းနဲ့ အနုတ်လက္ခဏာဆောင်တဲ့ စွမ်းအင်ကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ အနီရောင်တံခါးပေါက်ဟာ ထင်းလင်းပြီး ကြီးမားတဲ့စွမ်းအင်၊ အာရုံစူးစိုက်မှု၊ အခွင့်အလမ်းကောင်းတွေများစွာကို ယူဆောင်လာနိုင်ပါတယ်။

 

 

စလင်းဝါကျောက်လေးတွေ ဆောင်ပါ။

 

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

 

စလင်းဝါကျောက်လေးတွေကို ချမ်းသာကြွယ်ဝခြင်းနဲ့ အခွင့်အလမ်းကောင်းတွေ ခေါ်ဆောင်တဲ့နေရာမှာ မကြာခဏအသုံးပြုကြလေ့ရှိပါတယ်။ ပြီးတော့ ယုံကြည်မှုရှိပြီး အကောင်းမြင်စိတ်ရဖို့ စွမ်းအင်ဓာတ်တွေ မြှင့်တင်တဲ့ အခါတွေမှာလည်း သုံးကြပါတယ်။ သင်က ကြွယ်ဝချမ်းသာခြင်းနဲ့ အလုပ်လုပ်တဲ့အခါ သင့်ကိုယ်သင် ဘယ်လို ခံစားရသလဲဆိုတာ ပြန်ကြည်ဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းတွေက ကြွယ်ဝချမ်းသာခြင်းကို သွားတဲ့ လမ်းခရီးမှာ ရည်မှန်းချက်တွေကို အထောက်အကူပေးမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ စလင်းဝါကျောက်တုံးလေးတွေ အသုံးပြုပြီးတော့ ချမ်းသာကြွယ်ဝခြင်းတွေကို လှုပ်နှိုး အသုံးချနိုင်ပါတယ်။ အလုပ်စားပွဲမှာလည်း စလင်းဝါ ကျောက်လေးတွေ ထားရှိခြင်းအားဖြင့် ချမ်းသာကြွယ်ဝခြင်း၊ အခွင့်အလမ်းကောင်းတွေ၊ အသက်မွေးဝမ်းကြောင်းမှာ အောင်မြင်မှုတွေကို ဖိတ်ခေါ်နိုင်ပါလိမ့်မယ်။

 

 

ဖုန်းရွှေရဲ့ ငွေခေါ်ဖားရုပ်လေးတွေ ထားပါ။

 

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

 

ငွေခေါ်ဖားအရုပ်တွေဟာ စည်းစိမ်ချမ်းသာနဲ့ ကြွယ်ဝမှုကို ဖိတ်ခေါ်ဖို့အတွက် ဖုန်းရွှေမှာ အသုံးပြုလေ့ရှိတဲ့ တရုတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာနဲ့ ဆက်နွယ်နေတဲ့အပြင် အသက်ရှည်ခြင်း၊ ဉာဏ်ပညာကိုလည်း ကိုယ်စားပြုပါတယ်။ တရုတ်ရိုးရာပုံပြင်တွေထဲမှာ ငွေခေါ်ဖားရုပ်လေး တွေနဲ့ပတ်သက်ပြီးတော့ ပုံပြင်တွေများစွာရှိပြီး ပါးစပ်ကနေ ငွေဒင်္ဂါးလေးတွေကို ထုတ်လုပ်တယ်လို့လည်း ဆိုကြပါတယ်။ ဖုန်းရွှေနည်းလမ်းတွေရဲ့ တိုးတက်လာမှုတွေအရ ငွေဖားတွေကို သတ္တု၊ ကျောက်စိမ်း ဒါမှ မဟုတ် တခြားကျောက်အမျိုးအစားတွေနဲ့လည်း လုပ်ပါတယ်။ ဒီငွေခေါ်ဖားအရုပ်လေးတွေကို ကြမ်းပြင်နဲ့ နိမ့်တဲ့ နေရာတွေမှာ မထားရှိပဲ မြင့်တဲ့နေရာ၊ သန့်ရှင်းတဲ့ နေရာမှာ ထားရှိသင့်ပါတယ်။ ဖားရုပ်လေးတွေက ငွေကြေးဥစ္စာတိုးပွားခြင်းကို ရည်ရွယ်တယ်လို့ သတ်မှတ်ပြီး မကြာခဏ သန့်ရှင်းရေးလုပ်တာ၊ အလေးအမြတ်ထားတာမျိုးတွေ လုပ်သင့်ပါတယ်။

 

 

လိမ္မော်သီးပန်းကန်တစ်လုံး ထားပါ။

 

နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေရဖို့ အထိရောက်ဆုံးဖုန်းရွှေအစီအရင်များ

 

တရုတ်ယဉ်ကျေးမှုမှာ လိမ္မော်သီးက ကံကောင်းခြင်းနဲ့ ချမ်းသာခြင်းရဲ့ သင်္ကေတ ဖြစ်ပါတယ်။ လိမ္မော်သီးဟာ တက်ကြွပြီး ခွန်အားကို မြှင့်တင်ပေးတဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ယန်း စွမ်းအင်က နေ့လယ်ခင်း နေရောင်လိုမျိုး တောက်ပပြီး အသက်ဝိဉာဉ်ကို မြဲမြံစေပါတယ်။ သင့်မီးဖိုချောင်ကောင်တာမှာ လိမ္မော်သီး သန့်သန့် တစ်ပန်းကန်ကို ထားရှိခြင်းအားဖြင့် နေအိမ်နဲ့ လူမှုဘဝမှာ ပိုမိုသာယာဝပြောမှုကို ဖန်တီးနိုင်ပြီး ရိုးရှင်းထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

ဒီလောက်ဆို နေအိမ်မှာ ကြွယ်ဝချမ်းသာခြင်းတွေ ပိုင်ဆိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းတွေကို သိရှိပြီး ဖြစ်ပြီလို့ ထင်ပါတယ်။ iMyanmarHouse.com ရဲ့ စာဖတ်ပရိသတ်ကြီးလည်း ကြွယ်ဝချမ်းသာခြင်းတွေ ပိုင်ဆိုင်ထားတဲ့ နေအိမ်တွေ ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေနအိမ္မွာ ႂကြယ္ဝခ်မ္းသာျခင္းေတြရဖို႔ အထိေရာက္ဆုံးဖုန္းေ႐ႊအစီအရင္မ်ား

 


လူသားအျဖစ္နဲ႔ ဘဝတစ္ခုရလာၿပီဆိုရင္ ခ်မ္းသာႂကြယ္ဝျခင္းေတြ မပိုင္ဆိုင္ခ်င္ဘူးဆိုတဲ့ သူ မ႐ွိပါဘူး။ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး အဖက္ဖက္က ျပည့္စုံႂကြယ္ဝေနတဲ့ ဘဝကို ပိုင္ဆိုင္ရခ်င္တဲ့ သူေတြခ်ည္းပါပဲ။ ဒီလိုဆို ခ်မ္းသာႂကြယ္ဝျခင္းေတြ ပိုင္ဆိုင္ရ႐ွိဖို႔ ဘာေတြ လုပ္ေဆာင္ရမလဲဆိုတာေတြက ေ႐ွးယခင္ေခတ္ေတြကတည္းက အဆင့္ဆင့္ လက္ဆင့္ကမ္းၿပီး လိုက္နာလာတဲ့ နည္းလမ္းေကာင္းေတြပဲ ျဖစ္ပါတယ္။ ဖုန္းေ႐ႊကလည္း ေ႐ွးေခတ္ တ႐ုတ္ျပည္မွ စတင္ထားတဲ့ သဘာဝပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္ေအာင္ ေဆာင္ၾကဥ္းေလ့က်င့္ေပးတဲ့ ေ႐ွးေဟာင္း႐ိုးရာ အေလ့အက်င့္ေတြ ျဖစ္ပါတယ္။

ေနထိုင္တဲ့အရပ္၊ လုပ္ကိုင္တဲ့ ေနရာ၊ တည္႐ွိပုံေတြကို လိုက္ၿပီး သဘာဝနဲ႔ ညီၫြတ္တဲ့ အခါ ႂကြယ္ဝခ်မ္းသာျခင္း၊ ကံေကာင္းျခင္းေတြကို ဖန္တီးေပးတာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ဖုန္းေ႐ႊအစီအရင္က ေဖာ္ျပေပးတဲ့ ေနအိမ္မွာ ခ်မ္းသာႂကြယ္ဝျခင္းေတြရလာဖို႔ အထိေရာက္ဆုံး နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္


ႂကြယ္ဝျခင္းေတြဖန္တီးမယ့္ ေနရာတစ္ခုလုပ္ပါ။

Xun လို႔ ေခၚတဲ့ ပုံသဏၭာန္တစ္ခုက ဖုန္းေ႐ႊရဲ႕ Shun Bagua ေျမပုံဧရိယာတစ္ခု႐ွိၿပီး သူက ႂကြယ္ဝျခင္းေတြနဲ႔ သက္ဆိုင္တယ္လို႔ သိရပါတယ္။ သင့္ေနအိမ္ရဲ႕ ႂကြယ္ဝျခင္းေတြဖန္တီးမယ့္ ေနရာတစ္ခုလုပ္တဲ့အခါ အိမ္ရဲ႕ တံခါးဝ ဘယ္ဘက္ေထာင့္ ေနရာကအသင့္ေတာ္ဆုံးျဖစ္ပါတယ္။ အဲဒီ ေနရာကို ခ်မ္းသာႂကြယ္ဝျခင္း၊ ကံေကာင္းျခင္းေတြ ေဆာင္ၾကဥ္ေပးႏိုင္ဖို႔ အလြယ္ကူဆုံး အသက္သြင္းတဲ့ နည္းလမ္းက စိမ္းလန္းတဲ့ အပင္ေတြ ထား႐ွိေပးလိုက္တာပါပဲ။ Shun Bagua ဧရိယာနဲ႔ ဆက္စပ္ေနတဲ့ သစ္သားျဒပ္စင္ႀကီးထြားမႈက အသစ္အသစ္ေသာ အစျပဳမႈေတြကို ကိုယ္စားျပဳပါတယ္။ ဒါ့အျပင္ ႂကြယ္ဝခ်မ္းသာမႈက ခရမ္းေရာင္နဲ႔လည္း ဆက္စပ္ေနတာေၾကာင့္ ခရမ္းေရာင္ေတြအမ်ားအျပားကို အလွဆင္ျခင္းျဖင့္လည္း ရႏိုင္ပါတယ္။ Amethyst Crystal ဟာလည္း ခ်မ္းသာႂကြယ္ဝျခင္းေတြကို ယူေဆာင္ေပးႏိုင္တဲ့ ရတနာတစ္ပါးျဖစ္လို႔ ေနအိမ္မွာ အလွဆင္ႏိုင္ပါတယ္။

 

ဖုန္းေ႐ႊရဲ႕ ေငြပင္စိုက္ပ်ိဳးၾကည့္ပါ။

ဓနဥစၥာနယ္ပယ္မွာ အပင္အမ်ိဳးအစားေတြမ်ားစြာက သူ႕ေနရာနဲ႔ သူ ့ ဂုဏ္သတၱိ အစြမ္းေတြ ႐ွိၾကေပမယ့္ တခ်ိဳ႕ အထူးသျဖင့္ ဖုန္းေ႐ႊရဲ႕ နည္းလမ္းထဲက ေငြပင္လို႔ လူသိမ်ားၾကတဲ့ အပင္ေတြက စည္းစိမ္းခ်မ္းသာ ဥစၥာပစၥည္းေတြအမ်ားအျပားကို ေဆာင္ၾကဥ္ေပးလာႏိုင္ပါတယ္။ Pilea Perpeomioide နဲ႔ ေက်ာက္စိမ္းပင္ေတြက အဲဒီေငြပင္ေတြမ်ားစြာထဲက အပင္တခ်ိဳ႕ ျဖစ္ပါတယ္။ အပင္ႏွစ္မ်ိဳးစလုံးမွာေတာ့ ဒဂၤါးပုံသဏၭာန္အ႐ြယ္အစားေတြ႐ွိၾကတယ္။ ေက်ာက္စိမ္းပင္ကေတာ့ အဖိုးတန္တဲ့ ေက်ာက္စိမ္းတုံးနဲ႔ ဆင္တူပါတယ္။ Pachira Aquatica ကို ေငြသစ္ပင္လို႔လည္း ေခၚတြင္ၿပီး ႂကြယ္ဝခ်မ္းသာမႈကို ေခၚဆိုဖို႔ ဖုန္းေ႐ႊရဲ႕ အစီအရင္အျဖစ္ အသုံးျပဳေလ့႐ွိပါတယ္။

 

အိမ္ေ႐ွ႕တံခါးကို အနီေရာင္ျခယ္ပါ။

ဖုန္းေ႐ႊအစီအရင္မွာ သင့္ရဲ႕ အိမ္ေ႐ွ႕ေနအိမ္တံခါးဟာ အေရးႀကီးတဲ့ အစိတ္အပိုင္းေတြထဲကတစ္ခုျဖစ္ပါတယ္။ အဲဒီ အိမ္ေ႐ွ႕ပင္မ တံခါးကေန စတင္ၿပီးေတာ့ စြမ္းအင္ေတြနဲ႔ အခြင့္အလမ္းေတြကို ႐ွာေဖြေပးႏိုင္ပါတယ္။ ေကာင္းမြန္ျခင္းေတြ ႀကိဳဆိုဖို႔ ဖိတ္ေခၚႏိုင္ဖို႔ အိမ္ေ႐ွ႕ အဝင္အဝ တံခါးေတြ တည္ေဆာက္ရာမွာလည္း ဖုန္းေ႐ႊ အစီအရင္ကို လိုက္နာၿပီး ဖန္တီးႏိုင္တယ္လို႔ သိရပါတယ္။ အနီေရာင္ဟာ ဖုန္းေ႐ႊနည္းလမ္းမွာ ေကာင္းမြန္တဲ့ အေရာင္ျဖစ္ၿပီး ကာကြယ္ေပးျခင္းနဲ႔ အႏုတ္လကၡဏာေဆာင္တဲ့ စြမ္းအင္ကို ေျပာင္းလဲေပးမွာ ျဖစ္ပါတယ္။ အနီေရာင္တံခါးေပါက္ဟာ ထင္းလင္းၿပီး ႀကီးမားတဲ့စြမ္းအင္၊ အာ႐ုံစူးစိုက္မႈ၊ အခြင့္အလမ္းေကာင္းေတြမ်ားစြာကို ယူေဆာင္လာႏိုင္ပါတယ္။

 

စလင္းဝါေက်ာက္ေလးေတြ ေဆာင္ပါ။

စလင္းဝါေက်ာက္ေလးေတြကို ခ်မ္းသာႂကြယ္ဝျခင္းနဲ႔ အခြင့္အလမ္းေကာင္းေတြ ေခၚေဆာင္တဲ့ေနရာမွာ မၾကာခဏအသုံးျပဳၾကေလ့႐ွိပါတယ္။ ၿပီးေတာ့ ယုံၾကည္မႈ႐ွိၿပီး အေကာင္းျမင္စိတ္ရဖို႔ စြမ္းအင္ဓာတ္ေတြ ျမႇင့္တင္တဲ့ အခါေတြမွာလည္း သုံးၾကပါတယ္။ သင္က ႂကြယ္ဝခ်မ္းသာျခင္းနဲ႔ အလုပ္လုပ္တဲ့အခါ သင့္ကိုယ္သင္ ဘယ္လို ခံစားရသလဲဆိုတာ ျပန္ၾကည္ဖို႔ အေရးႀကီးပါတယ္။ ယုံၾကည္မႈ႐ွိျခင္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားျခင္းေတြက ႂကြယ္ဝခ်မ္းသာျခင္းကို သြားတဲ့ လမ္းခရီးမွာ ရည္မွန္းခ်က္ေတြကို အေထာက္အကူေပးမွာျဖစ္ပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ စလင္းဝါေက်ာက္တုံးေလးေတြ အသုံးျပဳၿပီးေတာ့ ခ်မ္းသာႂကြယ္ဝျခင္းေတြကို လႈပ္ႏိႈး အသုံးခ်ႏိုင္ပါတယ္။ အလုပ္စားပြဲမွာလည္း စလင္းဝါ ေက်ာက္ေလးေတြ ထား႐ွိျခင္းအားျဖင့္ ခ်မ္းသာႂကြယ္ဝျခင္း၊ အခြင့္အလမ္းေကာင္းေတြ၊ အသက္ေမြးဝမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြကို ဖိတ္ေခၚႏိုင္ပါလိမ့္မယ္။

 

ဖုန္းေ႐ႊရဲ႕ ေငြေခၚဖား႐ုပ္ေလးေတြ ထားပါ။

ေငြေခၚဖားအ႐ုပ္ေတြဟာ စည္းစိမ္ခ်မ္းသာနဲ႔ ႂကြယ္ဝမႈကို ဖိတ္ေခၚဖို႔အတြက္ ဖုန္းေ႐ႊမွာ အသုံးျပဳေလ့႐ွိတဲ့ တ႐ုတ္သေကၤတတစ္ခုျဖစ္ပါတယ္။ စည္းစိမ္ဥစၥာနဲ႔ ဆက္ႏြယ္ေနတဲ့အျပင္ အသက္႐ွည္ျခင္း၊ ဉာဏ္ပညာကိုလည္း ကိုယ္စားျပဳပါတယ္။ တ႐ုတ္႐ိုးရာပုံျပင္ေတြထဲမွာ ေငြေခၚဖား႐ုပ္ေလး ေတြနဲ႔ပတ္သက္ၿပီးေတာ့ ပုံျပင္ေတြမ်ားစြာ႐ွိၿပီး ပါးစပ္ကေန ေငြဒဂၤါးေလးေတြကို ထုတ္လုပ္တယ္လို႔လည္း ဆိုၾကပါတယ္။ ဖုန္းေ႐ႊနည္းလမ္းေတြရဲ႕ တိုးတက္လာမႈေတြအရ ေငြဖားေတြကို သတၱဳ၊ ေက်ာက္စိမ္း ဒါမွ မဟုတ္ တျခားေက်ာက္အမ်ိဳးအစားေတြနဲ႔လည္း လုပ္ပါတယ္။ ဒီေငြေခၚဖားအ႐ုပ္ေလးေတြကို ၾကမ္းျပင္နဲ႔ နိမ့္တဲ့ ေနရာေတြမွာ မထား႐ွိပဲ ျမင့္တဲ့ေနရာ၊ သန္႔႐ွင္းတဲ့ ေနရာမွာ ထား႐ွိသင့္ပါတယ္။ ဖား႐ုပ္ေလးေတြက ေငြေၾကးဥစၥာတိုးပြားျခင္းကို ရည္႐ြယ္တယ္လို႔ သတ္မွတ္ၿပီး မၾကာခဏ သန္႔႐ွင္းေရးလုပ္တာ၊ အေလးအျမတ္ထားတာမ်ိဳးေတြ လုပ္သင့္ပါတယ္။

 

လိေမၼာ္သီးပန္းကန္တစ္လုံး ထားပါ။

တ႐ုတ္ယဥ္ေက်းမႈမွာ လိေမၼာ္သီးက ကံေကာင္းျခင္းနဲ႔ ခ်မ္းသာျခင္းရဲ႕ သေကၤတ ျဖစ္ပါတယ္။ လိေမၼာ္သီးဟာ တက္ႂကြၿပီး ခြန္အားကို ျမႇင့္တင္ေပးတဲ့ အရင္းအျမစ္တစ္ခုလည္း ျဖစ္ပါတယ္။ ယန္း စြမ္းအင္က ေန႔လယ္ခင္း ေနေရာင္လိုမ်ိဳး ေတာက္ပၿပီး အသက္ဝိဉာဥ္ကို ၿမဲျမံေစပါတယ္။ သင့္မီးဖိုေခ်ာင္ေကာင္တာမွာ လိေမၼာ္သီး သန္႔သန္႔ တစ္ပန္းကန္ကို ထား႐ွိျခင္းအားျဖင့္ ေနအိမ္နဲ႔ လူမႈဘဝမွာ ပိုမိုသာယာဝေျပာမႈကို ဖန္တီးႏိုင္ၿပီး ႐ိုး႐ွင္းထိေရာက္တဲ့ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

ဒီေလာက္ဆို ေနအိမ္မွာ ႂကြယ္ဝခ်မ္းသာျခင္းေတြ ပိုင္ဆိုင္ဖို႔ အထိေရာက္ဆုံးနည္းလမ္းေတြကို သိ႐ွိၿပီး ျဖစ္ၿပီလို႔ ထင္ပါတယ္။ iMyanmarHouse.com ရဲ႕ စာဖတ္ပရိသတ္ႀကီးလည္း ႂကြယ္ဝခ်မ္းသာျခင္းေတြ ပိုင္ဆိုင္ထားတဲ့ ေနအိမ္ေတြ ဖန္တီးႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)