701 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အိမ်မှာ ပျော်ရွှင်စရာတွေအမြဲတမ်းပိုင်ဆိုင်ရဖို့ ဖုန်းရွှေအကြံပြုချက်များ

 

[Unicode]

 

အိမ်တစ်လုံးရဲ့ အပြင်အဆင်နဲ့ ပစ္စည်းတွေ အထားအသို ဖွဲ့စည်းမှုဟာ နေအိမ်အတွက် အလုံးစုံပျော်ရွှင်မှု အပေါ် သက်ရောက်မှုရှိပါတယ်။ အိမ်မှာ နေထိုင်ကြတဲ့ မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းကို အပြုသဘောဆောင်ခြင်းတွေနဲ့ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ ကျန်းမာခြင်း၊ ကံကောင်းခြင်းတွေ ပေးနိုင်ဖို့ရာ နေအိမ်ရဲ့ဖွဲ့စည်းတည်ဆောက်မှုတွေက အရေးကြီးပါတယ်။

ဒီလို နေအိမ်တွေနဲ့ လူတွေကြား ကောင်းမွန်တဲ့ စွမ်းအင်တွေ အပြန်အလှန်စီးဆင်းစေဖို့ရာ ပေါင်းကူးတံတားအဖြစ် ရှေးခေတ်တရုတ်ရိုးရာ ဖုန်းရွှေနည်းလမ်းကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ နေအိမ်မှာ ဖုန်းရွှေအကြံပြုချက်တွေ လိုက်နာပြီး ပျော်ရွှင်စရာတွေ အမြဲတမ်းပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ရှုပ်ယှက်ခတ်နေတဲ့အရာတွေကို ရှင်းလင်းပစ်ပါ။

ဒဿနိက ဗေဒအရ ရှုပ်ပွပေကျံခြင်း၊ ပစ္စည်းတွေ ပြန့်ကျဲရှုပ်ပွနေခြင်းတွေက သင့်နေအိမ်ထဲ စွမ်းအင်စီးဆင်းမှုကို ဟန့်တားစေပါတယ်လို့ သိရပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အားထက်သန်မှု မရှိခြင်းတွေ ခံစားရပါက သင့်နေအိမ်ထဲ ချီ ( chi ) ဓာတ်စီးဆင်းမှုက အလွန်နှေးကွေးနေပါလိမ့်မယ်။

 

 

အိမ်မှာ ပျော်ရွှင်စရာတွေအမြဲတမ်းပိုင်ဆိုင်ရဖို့ ဖုန်းရွှေအကြံပြုချက်များ

 

အထူးသဖြင့် တံခါးတွေ၊ ခန်းမကျယ်တွေနဲ့ လူသွားလာများတဲ့ နေရာတွေမှာ ရှုပ်ယှက်ခတ်နေတာမျိုးတွေ မရှိအောင်၊ ရှင်းလင်းသန့်ရှင်းနေအောင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကောင်းတဲ့ စွမ်းအင်တွေ နေအိမ်ထဲကို အလွယ်တကူစီးဆင်းဝင်ရောက်လာနိုင်မှာပါ။

 

အသွားအလာ လမ်းကြောင်းကိုဖွင့်ထားပါ။

အခန်းအတွင်းနဲ့ ပတ်ပတ်လည်မှာ လူသွားလမ်းနဲ့ ဖြတ်သန်းသွားလာနိုင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ဖွင့်ထားခြင်းက နေအိမ်ထဲကောင်းမွန်တဲ့ စွမ်းအင်တွေ ဝင်ရောက်ဖို့ လွယ်ကူပါလိမ့်မယ်။ ဖုန်းရွှေနည်းလမ်းအရလည်း ဒီအတိုင်းပါပဲ။ ပိတ်ဆို့နေတာ၊ ကွယ်နေတာတွေက လမ်းကြောင်းအသွားအလာကို ပိတ်ဆို့ထားသလိုဖြစ်လို့ ချီ (chi) ဓာတ်ကိုလည်း ပိတ်စေပါတယ်။

 

 

အိမ်မှာ ပျော်ရွှင်စရာတွေအမြဲတမ်းပိုင်ဆိုင်ရဖို့ ဖုန်းရွှေအကြံပြုချက်များ

 

ဧည့်ခန်းမှာဆိုရင် ဆိုဖာကို ဝင်ပေါက်တည့်တည့် ကန့်လန့်ဖြတ် ပိတ်ထားတာမျိုး၊ ဝင်ပေါက်တည့်တည့်လိုနေရာမှာ အကန့်နဲ့ နံရံပိတ်ကာထားလိုက်တာမျိုးတွေက အရံအတားအဆီးဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ အသွားအလာ လမ်းကြောင်းကို ဖွင့်ထားခြင်းအားဖြင့် နေအိမ်ထဲ အကောင်းဓာတ်တွေဝင်ရောက်စီးဆင်းနိုင်ပြီး ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ ကြီးပွားတိုးတက်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

 


နွေးနွေးထွေးထွေးကြိုဆိုတဲ့ဝင်ပေါက်တစ်ခုကို ဖန်တီးပါ။

နေအိမ်တစ်အိမ်ရဲ့ အစဟာ ဝင်ပေါက်ပါပဲ။ ဝင်ပေါက်မှာကတည်းက မြင်လိုက်တာနဲ့ကို စိတ်နှလုံးကြည်နူးနွေး ထွေးသွားစေမယ့် ခံစားချက်လေးရအောင် လုပ်ထားပါ။ ဥပမာ - Welcome ဆိုတဲ့ ကြိုဆိုတဲ့ ဆိုင်းဘုတ်တွေ၊ အိမ်လေးထဲ ဝင်လာချင်စရာကောင်းအောင် ဝင်ပေါက်တံခါးမှာ လှပတဲ့ ပန်းပင်လေးတွေနဲ့ အလှဆင်ပစ္စည်း လေးတွေထားတာ၊ စိမ်းစိုတဲ့ သစ်ပင်လေးတွေ စိုက်ပျိုးတာ စတာတွေ လုပ်ထားနိုင်ပါတယ်။

အိမ်မှာ ပျော်ရွှင်စရာတွေအမြဲတမ်းပိုင်ဆိုင်ရဖို့ ဖုန်းရွှေအကြံပြုချက်များ

 

အိမ်ခန်းထဲမှာ ဆိုလည်း အလင်းရောင်ကောင်းကောင်းရပြီး သန့်ရှင်းသပ်ရပ်နေတဲ့ နေရာလေး၊ စိတ်ကို အမောပြေပြီး လန်းဆန်းသွားစေမယ့် အမွှေးအနံ့လေးတွေ၊ အပြုသဘောဆောင်တဲ့ ပန်းချီကားလေးတွေ၊ အလှဆင်ပစ္စည်းတွေ ထားရှိတာမျိုးတွေက နေအိမ်အတွက် အဖက်ဖက်က ကောင်းခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။

 

အိမ်မှာ ပျော်ရွှင်စရာတွေအမြဲတမ်းပိုင်ဆိုင်ရဖို့ ဖုန်းရွှေအကြံပြုချက်များ

 

ဖုန်းရွှေရဲ့ ကံကောင်းခြင်းသစ်ပင်တွေကို စိုက်ပျိုးပါ။


အပင်တွေက သဘာဝနဲ့ ပကတိ ဆက်စပ်မှုကို ပေးစွမ်းပြီး စွမ်းအင်နဲ့ လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ အိမ်မှာ အလင်းရောင်အသုံးပြုမှုနဲ့ ထိန်းသိမ်းနိုင်မှုစွမ်းရည်အပေါ် မူတည်ပြီးတော့ သင့်တော်တဲ့ အိမ်အတွင်း သစ်ပင်လေးတွေ စိုက်ပျိုးပြီး အလှဆင်ပေးပါ။ စိမ်းစိုတဲ့ သစ်ပင်တွေက လူ့စိတ်ကို လန်းဆန်းစေပြီးတော့ စိတ်ပိုင်းဆိုင်ရာကိုလည်း တည်ငြိမ်အေးချမ်းစေပါတယ်။

 

အိမ်မှာ ပျော်ရွှင်စရာတွေအမြဲတမ်းပိုင်ဆိုင်ရဖို့ ဖုန်းရွှေအကြံပြုချက်များ

 

ဖုန်းရွှေအစီအရင်မှာလည်းပဲ နေအိမ်တွင်းမှာ စိုက်ပျိုးသင့်တဲ့သစ်ပင်အမျိုးအစားတွေ၊ ကံကောင်းစေတယ်ဆိုတဲ့ အပင်လေးတွေကိုလည်း အကြံပြုဖော်ပြ ပေးထားပါတယ်။ အဆူးအချွန်ပါတဲ့ သစ်ပင်တွေအစား အဝိုင်းသဏ္ဍန်သစ်ရွက်လေးတွေ ပါတဲ့ အပင်အမျိုးအစားကို စိုက်ပျိုးလို့ ရသလို၊ အောက်ဆီဂျင် များများထုတ်ပေးမယ့် အပင်အမျိုးအစားတွေ၊ ထီပေါက်ပင်တို့လို့ နမိတ်ကောင်းစေတဲ့ သစ်ပင်တွေကို စိုက်ပျိုးလို့ရပါတယ်။


အခုဖော်ပြပေးခဲ့တဲ့ ဖုန်းရွှေရဲ့ နည်းလမ်းလေးတွေကို လိုက်နာပြီးတော့ iMyanmarHouse စာဖတ် ပရိသတ်ကြီးအတွက် နေအိမ်မှာ ပျော်ရွှင်ခြင်းတွေ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အိမ္မွာ ေပ်ာ္႐ႊင္စရာေတြအၿမဲတမ္းပိုင္ဆိုင္ရဖို႔ ဖုန္းေ႐ႊအၾကံျပဳခ်က္မ်ား

 

အိမ္တစ္လုံးရဲ႕ အျပင္အဆင္နဲ႔ ပစၥည္းေတြ အထားအသို ဖြဲ႕စည္းမႈဟာ ေနအိမ္အတြက္ အလုံးစုံေပ်ာ္႐ႊင္မႈ အေပၚ သက္ေရာက္မႈ႐ွိပါတယ္။ အိမ္မွာ ေနထိုင္ၾကတဲ့ မိသားစုဝင္တစ္ေယာက္ခ်င္းစီတိုင္းကို အျပဳသေဘာေဆာင္ျခင္းေတြနဲ႔ ေပ်ာ္႐ႊင္ဝမ္းေျမာက္ျခင္း၊ က်န္းမာျခင္း၊ ကံေကာင္းျခင္းေတြ ေပးႏိုင္ဖို႔ရာ ေနအိမ္ရဲ႕ဖြဲ႕စည္းတည္ေဆာက္မႈေတြက အေရးႀကီးပါတယ္။

ဒီလို ေနအိမ္ေတြနဲ႔ လူေတြၾကား ေကာင္းမြန္တဲ့ စြမ္းအင္ေတြ အျပန္အလွန္စီးဆင္းေစဖို႔ရာ ေပါင္းကူးတံတားအျဖစ္ ေ႐ွးေခတ္တ႐ုတ္႐ိုးရာ ဖုန္းေ႐ႊနည္းလမ္းကို လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက စတင္အသုံးျပဳခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီေတာ့ သင့္ရဲ႕ ေနအိမ္မွာ ဖုန္းေ႐ႊအၾကံျပဳခ်က္ေတြ လိုက္နာၿပီး ေပ်ာ္႐ႊင္စရာေတြ အၿမဲတမ္းပိုင္ဆိုင္ႏိုင္မယ့္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

႐ႈပ္ယွက္ခတ္ေနတဲ့အရာေတြကို ႐ွင္းလင္းပစ္ပါ။

ဒႆနိက ေဗဒအရ ႐ႈပ္ပြေပက်ံျခင္း၊ ပစၥည္းေတြ ျပန္႔က်ဲ႐ႈပ္ပြေနျခင္းေတြက သင့္ေနအိမ္ထဲ စြမ္းအင္စီးဆင္းမႈကို ဟန္႔တားေစပါတယ္လို႔ သိရပါတယ္။ ပင္ပန္းႏြမ္းနယ္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ စိတ္အားထက္သန္မႈ မ႐ွိျခင္းေတြ ခံစားရပါက သင့္ေနအိမ္ထဲ ခ်ီ ( chi ) ဓာတ္စီးဆင္းမႈက အလြန္ေႏွးေကြးေနပါလိမ့္မယ္။ အထူးသျဖင့္ တံခါးေတြ၊ ခန္းမက်ယ္ေတြနဲ႔ လူသြားလာမ်ားတဲ့ ေနရာေတြမွာ ႐ႈပ္ယွက္ခတ္ေနတာမ်ိဳးေတြ မ႐ွိေအာင္၊ ႐ွင္းလင္းသန္႔႐ွင္းေနေအာင္ထားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ ေကာင္းတဲ့ စြမ္းအင္ေတြ ေနအိမ္ထဲကို အလြယ္တကူစီးဆင္းဝင္ေရာက္လာႏိုင္မွာပါ။

 

အသြားအလာ လမ္းေၾကာင္းကိုဖြင့္ထားပါ။

အခန္းအတြင္းနဲ႔ ပတ္ပတ္လည္မွာ လူသြားလမ္းနဲ႔ ျဖတ္သန္းသြားလာႏိုင္တဲ့ လမ္းေၾကာင္းကို ႐ွင္း႐ွင္းလင္းလင္း ဖြင့္ထားျခင္းက ေနအိမ္ထဲေကာင္းမြန္တဲ့ စြမ္းအင္ေတြ ဝင္ေရာက္ဖို႔ လြယ္ကူပါလိမ့္မယ္။ ဖုန္းေ႐ႊနည္းလမ္းအရလည္း ဒီအတိုင္းပါပဲ။ ပိတ္ဆို႔ေနတာ၊ ကြယ္ေနတာေတြက လမ္းေၾကာင္းအသြားအလာကို ပိတ္ဆို႔ထားသလိုျဖစ္လို႔ ခ်ီ (chi) ဓာတ္ကိုလည္း ပိတ္ေစပါတယ္။ ဧည့္ခန္းမွာဆိုရင္ ဆိုဖာကို ဝင္ေပါက္တည့္တည့္ ကန္႔လန္႔ျဖတ္ ပိတ္ထားတာမ်ိဳး၊ ဝင္ေပါက္တည့္တည့္လိုေနရာမွာ အကန္႔နဲ႔ နံရံပိတ္ကာထားလိုက္တာမ်ိဳးေတြက အရံအတားအဆီးျဖစ္ေစပါတယ္။ ေကာင္းမြန္တဲ့ အသြားအလာ လမ္းေၾကာင္းကို ဖြင့္ထားျခင္းအားျဖင့္ ေနအိမ္ထဲ အေကာင္းဓာတ္ေတြဝင္ေရာက္စီးဆင္းႏိုင္ၿပီး က်န္းမာျခင္း၊ ေပ်ာ္႐ႊင္ျခင္း၊ ႀကီးပြားတိုးတက္ျခင္းေတြ ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။

 


ေႏြးေႏြးေထြးေထြးႀကိဳဆိုတဲ့ဝင္ေပါက္တစ္ခုကို ဖန္တီးပါ။

ေနအိမ္တစ္အိမ္ရဲ႕ အစဟာ ဝင္ေပါက္ပါပဲ။ ဝင္ေပါက္မွာကတည္းက ျမင္လိုက္တာနဲ႔ကို စိတ္ႏွလုံးၾကည္ႏူးေႏြး ေထြးသြားေစမယ့္ ခံစားခ်က္ေလးရေအာင္ လုပ္ထားပါ။ ဥပမာ - Welcome ဆိုတဲ့ ႀကိဳဆိုတဲ့ ဆိုင္းဘုတ္ေတြ၊ အိမ္ေလးထဲ ဝင္လာခ်င္စရာေကာင္းေအာင္ ဝင္ေပါက္တံခါးမွာ လွပတဲ့ ပန္းပင္ေလးေတြနဲ႔ အလွဆင္ပစၥည္း ေလးေတြထားတာ၊ စိမ္းစိုတဲ့ သစ္ပင္ေလးေတြ စိုက္ပ်ိဳးတာ စတာေတြ လုပ္ထားႏိုင္ပါတယ္။ အိမ္ခန္းထဲမွာ ဆိုလည္း အလင္းေရာင္ေကာင္းေကာင္းရၿပီး သန္႔႐ွင္းသပ္ရပ္ေနတဲ့ ေနရာေလး၊ စိတ္ကို အေမာေျပၿပီး လန္းဆန္းသြားေစမယ့္ အေမႊးအနံ႔ေလးေတြ၊ အျပဳသေဘာေဆာင္တဲ့ ပန္းခ်ီကားေလးေတြ၊ အလွဆင္ပစၥည္းေတြ ထား႐ွိတာမ်ိဳးေတြက ေနအိမ္အတြက္ အဖက္ဖက္က ေကာင္းျခင္းေတြကို ျဖစ္လာေစႏိုင္ပါတယ္။

 

ဖုန္းေ႐ႊရဲ႕ ကံေကာင္းျခင္းသစ္ပင္ေတြကို စိုက္ပ်ိဳးပါ။


အပင္ေတြက သဘာဝနဲ႔ ပကတိ ဆက္စပ္မႈကို ေပးစြမ္းၿပီး စြမ္းအင္နဲ႔ လန္းဆန္းမႈကို ေပးစြမ္းႏိုင္ပါတယ္။ အိမ္မွာ အလင္းေရာင္အသုံးျပဳမႈနဲ႔ ထိန္းသိမ္းႏိုင္မႈစြမ္းရည္အေပၚ မူတည္ၿပီးေတာ့ သင့္ေတာ္တဲ့ အိမ္အတြင္း သစ္ပင္ေလးေတြ စိုက္ပ်ိဳးၿပီး အလွဆင္ေပးပါ။ စိမ္းစိုတဲ့ သစ္ပင္ေတြက လူ႕စိတ္ကို လန္းဆန္းေစၿပီးေတာ့ စိတ္ပိုင္းဆိုင္ရာကိုလည္း တည္ၿငိမ္ေအးခ်မ္းေစပါတယ္။ ဖုန္းေ႐ႊအစီအရင္မွာလည္းပဲ ေနအိမ္တြင္းမွာ စိုက္ပ်ိဳးသင့္တဲ့သစ္ပင္အမ်ိဳးအစားေတြ၊ ကံေကာင္းေစတယ္ဆိုတဲ့ အပင္ေလးေတြကိုလည္း အၾကံျပဳေဖာ္ျပ ေပးထားပါတယ္။ အဆူးအခြၽန္ပါတဲ့ သစ္ပင္ေတြအစား အဝိုင္းသ႑န္သစ္႐ြက္ေလးေတြ ပါတဲ့ အပင္အမ်ိဳးအစားကို စိုက္ပ်ိဳးလို႔ ရသလို၊ ေအာက္ဆီဂ်င္ မ်ားမ်ားထုတ္ေပးမယ့္ အပင္အမ်ိဳးအစားေတြ၊ ထီေပါက္ပင္တို႔လို႔ နမိတ္ေကာင္းေစတဲ့ သစ္ပင္ေတြကို စိုက္ပ်ိဳးလို႔ရပါတယ္။


အခုေဖာ္ျပေပးခဲ့တဲ့ ဖုန္းေ႐ႊရဲ႕ နည္းလမ္းေလးေတြကို လိုက္နာၿပီးေတာ့ iMyanmarHouse စာဖတ္ ပရိသတ္ႀကီးအတြက္ ေနအိမ္မွာ ေပ်ာ္႐ႊင္ျခင္းေတြ ရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)